Oo Myo

Oo Myo

Share

10.7.1996

16/11/2023

🎓ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။
👉လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

✅ ၁။ ချီတုံချတုံ ဖြစ်ခြင်း (၁၃%)

ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

✅ ၂။ အချိန်ဆွဲခြင်း (၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။

✅ ၃။ ကောက်ရိုးမီး အကျင့် (၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။

✅ ၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း (၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။
အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

✅ ၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း (၆%)

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

✅ ၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း (၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

✅ ၇။ ဆင်ခြေများလွန်းခြင်း (၂၂ %)

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

✅ ၈။ သင်ယူရန် ငြင်းဆန်ခြင်း (၁၁ %)
သင်ယူတယ်ဆိုတာ ပင်ပန်းရပါတယ်။
အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။

သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။
၀တ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။

11/11/2023

💪ကျရှုံးချိန်မှာ ခေါင်းမော့ပါ။
☑ ကြိုးစားချိန်မှာ နှုတ်လုံပါ။
☑ အောင်မြင်ချိန်မှာ မာန်ချပါ။
☑ ပြည့်ဝချိန်မှာ မျှဝေပါ။
☑ ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ။
☑ ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။
☑ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။

♦ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။
လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။

♦ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘာလို့လဲလို့ မေးခွန်းထုတ်မနေဘဲ ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။

♦ရည်မှန်းချက်တွေပျက်ရင် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။
ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ ရည်မှန်းချက်တွေမပျက်ပါစေနဲ့။

♦ အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့် တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။

♦မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။
ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။

♦မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ။သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။

♦ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို အချိန်ကုန်ခံမနေပါနဲ့။ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။

♦လူကိုမကြည့်နဲ့.မူကိုကြည့်။ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။အပြောမကြည့်နဲ့. မနောကိုကြည့်။

♦အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ အဓိပ္ပါယ် ဟာ လွဲမှားနေအုံးမှာပါ။

♦☑♦☑♦☑♦☑♦☑

Photos from TL Carbon Cleaning Service's post 06/11/2023
06/11/2023

တချို့ပတ်သက်မှုတွေက
ကိုယ် ...
ကောင်းနေတုန်းမှာပဲ
သာယာချောမွေ့တာ

ကိုယ်ပေါက်ကွဲလိုက်တဲ့အချိန်ကျရင်
ကိုယ်ဘယ်လောက်သည်းခံခဲ့တာ
ပြီးတော့ ...
ကိုယ်ဘယ်လောက် ကောင်းပေးခဲ့တာဆိုတာတွေ
ရှိမနေတော့ဘူး ။

သူတို့အမြင်မှာ
ကိုယ်ဟာ ...
လူဆိုးတစ်ယောက်လို့ပဲ
ထင်နေတော့တာ ။

#ကျေးကို

06/11/2023

ဟုတ်လား...?

06/11/2023

တိတ်"နေလိုက်...🙊

06/11/2023

လူ စိတ်

01/11/2023
12/10/2023

👉ဘရိတ်ဆာဗို လဲသင့်နေပြီလား?

မော်တော်ကားဘရိတ်စနစ်မှာ အသုံးပြုထားတဲ့ ဘရိတ်ဆာဗို ( ခေါ်) ဘရိတ်ဘုစတာ (Brake Booster) ဆိုတာ အင်ဂျင်မှ လေဟာနယ် (Vacuum) သို့မဟုတ် Vacuum Pump မှ လေဟာနယ် (အနုတ်ဖိအား - စုပ်ယူအား) ကို ယူပြီး ဘရိတ်ခြေနင်းအားကို ဆပွားပေးကာ ဘရိတ်နင်းရ သက်သာအောင် ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။

ဘရိတ်ဆာဗို ကောင်းစွာအလုပ်လုပ်တဲ့အခါ ဘရိတ်နင်းရတာ သက်တောင့်သက်သာရှိပြီး ဘရိတ်ဆာဗို မကောင်းတဲ့အခါ ဘရိတ်နင်းရတာ မာမာကြီးဖြစ်နေတတ်ပါတယ်။

ဘရိတ်ဆာဗိုက ကားစက်နှိုးမှသာစတင်အလုပ်တာ ဖြစ်ပါတယ်။

ဒါကြောင့် ကားစက်မနှိုးဘဲ ဘရိတ်နင်းရင်လည်း ဘရိတ်မာနေမှာ ဖြစ်ပါတယ်။

ဘရိတ်ဆာဗိုအတွင်းမှာ ဒိုင်ယာဖရမ် (Diagram)၊ စပရိန်း (Spring)၊ ပလိတ်ပြား (Fulcrum Plate) စသည်တို့ဖြင့်ဖွဲ့စည်းထားပြီး အင်ဂျင်မှ လေဟာနယ် (Vacuum) ကိုယူကာ ဘရိတ်ခြေနင်းအားကို ဆပွားတိုးစေတာဖြစ်ပါတယ်။

ဒီဇယ်အင်ဂျင်အတွက် လေဟာနယ်ကို Vacuum Pump (ဘေကန်ပန့်) မှရယူပြီး ဓါတ်ဆီအင်ဂျင်အတွက် လေဟာနယ်ကို အင်ဂျင်အင်းလပ်မဂနီဖိုးမှ ရယူပါတယ်။

ဒါကြောင့် ဘရိတ်ဆာဗိုမှာ အင်းလပ်မဂနီဖိုး (သို့) ဘေကန်ပန့်နှင့်ဆက်သွယ်ထားတဲ့ လေပိုက်ပါရှိတာဖြစ်ပါတယ်။

ဒီဆောင်းပါးလေးမှာ ဘရိတ်ဆာဗိုမကောင်းဘူးဆိုတာ သိနိူင်တဲ့ အချက်တွေနဲ့ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

🔸(၁) ဘရိတ်ခြေနင်းမာခြင်း –

စက်နှိုးထားချိန် ဘရိတ်ခြေနင်းကို နင်းရတာ ပေါ့ပါးနေတာက ဘရိတ်ဆာဗိုကြောင့်ဖြစ်ပါတယ်။
ဘရိတ်ဆာဗိုမကောင်းတဲ့အခါ ဘရိတ်ခြေနင်း နင်းရတာ မာနေမှာဖြစ်ပါတယ်။
ဘရိတ်ခြေနင်းမာနေတာက တခြားအကြောင်းအရာတွေကြောင့်ဖြစ်နိူင်သလို ဘရိတ်ဆာဗိုမကောင်းတာကတော့ အများဆုံးဖြစ်တတ်တဲ့ ပြစ်ချက်တခုဘဲ ဖြစ်ပါတယ်။

ဒါကြောင့် ဘရိတ်ဆာဗာလေပိုက်ပြုတ်နေတာလား (သို့) ဘရိတ်ဆာဗို မကောင်းတာလားဆိုတာကို သေချာစစ်ဆေးပေးသင့်ပါတယ်။

🔸(၂) ဘရိတ်ခြေနင်း မြင့်တက်နေခြင်း –

ဘရိတ်ခြေနင်း နင်းရတာ မာနေတဲ့အပြင် ခြေနင်းအရမ်းမြင့်တက်နေတယ်ဆိုရင်လည်း ဘရိတ်ဆာဗိုမှာ ပြစ်ချက်ရှိနေတာ ဖြစ်နိူင်ပါတယ်။ ဘရိတ်ခြေနင်းမာပြီး ခြေနင်းမြင့်တက်နေပြီဆိုရင် ဘရိတ်စနစ်ကို ချက်ချင်းစစ်ဆေးပြုပြင်သင့်တာဖြစ်ပါတယ်။

🔸(၃) ဘရိတ်မိနောက်ကျခြင်း –

အတားအဆီးတခုခုကြောင့် ဘရိတ်ခြေနင်းကို နင်းလိုက်တဲ့အခါ နင်းတဲ့အားပေါ်မူတည်ပြီး ဘရိတ်မိစေတာဖြစ်ပေမယ့် ဘရိတ်ဖမ်းမိတဲ့အချိန်က လိုတာထက်ပိုကြာနေပြီဆိုရင် (ဘရိတ်မိ နောက်ကျခြင်း) လည်းဘရိတ်ဆာဗိုမှာ ပြစ်ချက်ရှိနေတာ ဖြစ်နိူင်ပါတယ်။
ဘရိတ်မိနောက်ကျခြင်းက ကားအက်ဆီးဒင့်ဖြစ်စေနိူ်င်တာကြောင့် ဘရိတ်စနစ်ကို ချက်ချင်းစစ်ဆေးသင့်ပါတယ်။

🔸(၄) အင်ဂျင်စလိုးမငြိမ်ခြင်း (System Too Lean) –

ဓါတ်ဆီအင်ဂျင်တွေအတွက် ဘရိတ်ဆာဗိုကြောင့် အင်ဂျင်စလိုးမငြိမ်ဘူးလို့ဆိုရင် ထူးဆန်းနေပါလိမ့်မယ်။
ဒါပေမယ့် ဒါက တကယ့်လက်တွေ့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြစ်ချက်တခုဖြစ်ပါတယ်။
အင်ဂျင်ရဲ့ အင်းလပ်မဂနီးဖိုးနဲ့ ဘရိတ်ဆာဗိုကိုလေပိုက်တခုနှင့်ချိတ်ဆက်ထားတာကြောင့် ဘရိတ်ဆာဗိုထဲက ဒိုင်ယာဖရမ်ဆီးလ် ပေါက်သွားတဲ့အခါ အဲ့ဒီနေရာမှ လေများအင်ဂျင်ထဲကိုဝင်ရောက်နိူင်တာကြောင့် ဆီလေအချိုးမညီမျှမှုဖြစ်ကာ System Too Lean ဆိုတဲ့ပြစ်ချက်ကုဒ်နှင့်အတူ အင်ဂျင်ချက်မီးလင်းခြင်း၊ စလိုးမငြိမ်ခြင်းတို့ကို ဖြစ်စေနိူင်ပါတယ်။

အထက်ပါဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ ဘရိတ်ဆာဗိုမှာ ပြစ်ချက်ရှိနေရင် အဖြစ်အများဆုံးပြစ်ချက်တွေဘဲဖြစ်ပါတယ်။

ဘရိတ်စနစ်ဆိုတာ ကားတစ်စီးအတွက် အရေးကြီးဆုံးစနစ်တခုဖြစ်တာကြောင့် ဘရိတ်စနစ်မှာပါဝင်တဲ့ ဘရိတ်ဆာဗိုပြစ်ချက်ရှိနေတယ်ဆိုရင် ချက်ချင်းစစ်ဆေးပြုပြင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ကူးယူးမျှဝေဖော်ပြပါသည်။
Credit: Khayan tharlay
မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါသည်။

27/09/2023

အားလုံးပဲ မင်္ဂလာပါ 🙏
ဘေးရန် အန္တရာယ်ကင်းဝေးကြပါစေ #

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Mandalay