Life Queen Cosmetics By Khaing Zin Wai

Life Queen Cosmetics By Khaing Zin Wai

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Life Queen Cosmetics By Khaing Zin Wai, Beauty, cosmetic & personal care, Adree Corner of 60&133 Mandalay, Mandalay.

13/01/2024

ချစ်တတ်တဲ့နှလုံးသားရှိတဲ့သူတွေ အသဲပေးခဲ့နော်

10/01/2024

မိသားစုဆိုတာ

07/01/2024

လိုအပ်တယ်

07/01/2024

(1)စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်ပြီး
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

(2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

(3)ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု
အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။

(4)တခါတလေ ငိုစရာရှိရင်
လူမရှိတဲ့ တနေရာသွားပြီး
အော်ငိုပစ်လိုက်ပါ
ငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင်
မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

(5)တခါတလေ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ
ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

(6)အဆင်မပြေရင်လည်း
အဆင်ပြေသလိုနေပါ..
တချို့ကျတော့ ကြိုးစားပေမယ့်
အဆင်မပြေပြန်ဘူး...
မကြိုးစားပဲ ထိုင်နေရင်
ပိုအဆင်မပြေဖြစ်သွားကြတယ်။

(7)ထပ်ပြီး ကြိုးစားပါ
လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ
ဖြစ်လာနိုင်ပါတယ်။

(8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။

(9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

(10)လောကမှာ နားမလည်တဲ့
အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။

(11)အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါ
ကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင်
ကိုယ်သင်းနံ့မွှေးနေမှာပါ။

(12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမှန်တရားဆိုတာ တစ်နေ့နေ့
တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

(13)အမှား ရှိခဲ့တိုင်းလည်း
အပြစ် မဟုတ်ပါဘူး...
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို
အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။

အဓိက အမှားတွေကို သင်ခန်းစာအဖြစ်
ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့
အမှားထဲမှာ တဝဲဝဲလည်းမနေတတ်ဖို့ပဲလိုတယ်။

(14)လူလူချင်းစာနာတတ်သူ..
စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ
တစ်ဦးဖြစ်အောင် ကြိုးစားပါ။

(15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ
အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

(16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့်
ရင်ခွင်လေးတစ်စုံရှိနေဖို့တော့ လိုတယ်။

(17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တကယ့်စိတ်ရင်းနဲ့ပြောပါ။

(18)"ဆောရီး"ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(19)ချမ်းသာတဲ့သူငယ်ချင်း
အပေါင်းအသင်း ရှိဖို့မလို့ဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ်
သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။

(20)သူငယ်ချင်းကောင်း
မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်း ဖို့ကတော့ အဓိကပဲ
သူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူ့တစ်ပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။

04/01/2024

♥️♥️♥️

02/01/2024

ဘ၀ဆိုတာ တိုတယ် ကလေးရဲ့ ...

အဲ့ဒီတိုပါတယ်ဆိုတဲ့
ဘ၀မှာ
မပျော်စရာတွေ များနေတော့
ပိုဆိုးတာပေါ့ ကလေးရယ်

အရီအပြုံးတွေ ရှိမနေတော့တဲ့
မင်းမျက်နှာကို
ငေးကြည့်နေရတာ
တကယ်တမ်းကျတော့
မွန်းကျပ်တယ်...

ဘယ်အရာက ပျော်စေမလဲဆိုတဲ့
မေးခွန်းတွေကို
အဖြေရှာကြည့်တဲ့အခါ

တချို့အရာတွေက
ကိုယ်ကိုယ်တိုင် လက်လှမ်းမမှီတဲ့
အရပ်မှာ ရှိနေတာရယ်
တချို့အချိန်တွေမှာ
ကိုယ်ကိုယ်တိုင် ရှိနေပေးဖို့
ခက်နေတာတွေပေါ့

အခြေအနေကြောင့်ဆိုတဲ့
စကားတွေ
ထပ်ခါထပ်ခါ
သုံးရတာတွေကို တဖြေးဖြေး မုန်းလာမိတယ် ။

အဆင်မပြေဘူးဆိုတဲ့အခါလေ
ရီချင် ရီနေလိုက်နော်
ငိုချင် ငိုချလိုက်တော့

အများကြီး သိမ်းထားမနေနဲ့တော့
ပြီးတော့
အများကြီးမြိုသိပ်ထားပြီး
ဘာမှ မဖြစ်ဘူးဆိုတဲ့ စကားကြီးပဲ
သုံးမနေနဲ့တော့

ရန်ဖြစ်ချင်လို့ဆိုတဲ့ စကားလေးနဲ့
ပေါက်ကွဲလို့ရတယ်
ငိုချင်လို့ဆိုတဲ့ စကားနဲ့
မျက်ရည်ကျလို့လဲ ရတယ်
ဟာသပြောပြဆိုတဲ့ စကားနဲ့
ပျော်လာမလားဆိုပြီး ဂျီကျလို့လဲ ရတယ် ။

ဘ၀ဆိုတာ တိုတယ်ကလေးရဲ့
အဓိက မင်းပျော်နေဖို့ပဲ လိုတာ ။

#ကျေးကို

02/01/2024

ဘယ်လောက်ကောင်းလိုက်တဲ့ Life Queen shampoo /conditioner လည်း

02/01/2024

🙏🙏🙏

30/12/2023

အစက အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေရဲ့ အဆုံးသတ်လေးက ကြေကွဲစရာလေးဖြစ်သွားတာ😭

Photos from Life Queen Cosmetics By Khaing Zin Wai's post 29/12/2023

လူတိုင်းရဲ့ မရှိမဖြစ်လေးနော်
ဆောင်းဝင်ပီ ဆိုတာနဲ့ သူလေးက အလိုအပ်ဆုံးဆိုတာ ပိုသိလာတယ်
ဆိုးလိုက်တိုင်း ကိုယ့်နှုတ်ခမ်းလေးကို ကိုက်စားချင်လောက်အောင် စိုစိုဖူးဖူးလေးနဲ့
လှနေရော

ကိုယ့်လို နှုတ်ခမ်းကွဲနေသူတွေဆို ဘာပြောမလည်း ညရောက်တာနဲ့ မျက်နှာသစ်ပီး
Lip balm လေးစိုး မနက်ဆို နှုတ်ခမ်းကွဲတာလေးက ပျောက်

1ဗူးဆိုရင်လည်း အမုန်းဆိုးနေရလို့ ပေးရတဲ့priceနဲ့ ကိုယ်ရလိုက်တဲ့qualityနဲ့အရမ်းတန်နေလို့ ကိုယ်တွေဆိ 1ဗူးကို နှစ်ဝက်လောက်ဆိုးရတယ်

29/12/2023

စိတ်ထားလှအောင်အမြဲနေပါ။♥️

လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ် ချောနေတယ်ဆိုရင် .....
အဲ့ဒီလူက စိတ်ထားကောင်းတယ်။

ဖြူစင်တယ်။ ရိုးသားတယ်။

ဘဝကိုပျော်ပျော်နေတတ်တယ်။
ပွင့်လင်းတယ်။

အဓိက စိတ်ထားကောင်းပြီး စိတ်ကကြည်ကြည်လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က ရုပ်ရည်ကိုပိုနုပျိုစေတာပါ။

ကိုယ်အသက်ထက်များစွာအရွယ်တင်ပြီး နုပျိုတဲ့သူတွေက ကောက်ကျစ်တာတွေမရှိဘူး။

သဘောကြတဲ့သူဆိုသဘောကြမယ်။သဘောမကျတဲ့သူဆိုဝေးဝေးကရှောင်လိုက်မယ်။

ကိုယ့်ကြောင့် နစ်နာမှာ.ထိခိုက်မှာ မလိုလားကြဘူး။

ရယ်မောရင် အားရပါးရရယ်တတ်တယ်။

ရင့်ကျက်ပေမယ့်......တစ်ခါတစ်ရံကလေးဆန်တယ်။

တော်တော်များများအရွယ်တင်နုပျိုစေတဲ့သူတွေက စိတ်သဘောထားအင်မတန်ကောင်းတယ်။.

ပျော်ပျော်နေတတ်တာများပါတယ်။

အဲ့ဒီတော့..အရွယ်တင်နုပျိုချင်ရင်
စိတ်ထားလှအောင်အမြဲနေပါ

Edit::;;;;
ကိုယ်လည်းကြိုးစားရဦးမယ်🥰🥰🥰
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

27/12/2023

ဘဝဆိုတာ

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Adree Corner Of 60&133 Mandalay
Mandalay