Mandalay Blood Heroes

Mandalay Blood Heroes

Share

We save and care for you! Life is blood & Blood is life.

27/09/2024

အခုလာမည့် စနေ၊ တနင်္ဂနွေ မှာ
အိုသွေး (0+) အလှူရှင်ရှိပါတယ်။
မန်းလေးက သွေးလိုသူများဆက်သွယ်ပေးပါ။
Messenger ဆက်သွယ်ပါ။

Photos from Mandalay Blood Heroes 's post 06/09/2024

၁၅ ကြိမ်မြောက်သွေးလှူဒါန်းပေးပါသော ကိုမျိုးမင်း ငျန်းမာ ၊ ချမ်းသာ ၊ ဘေးရန်တွေကင်း၍ လိုအင်ဆန္ဒတွေပြည့်ဝပါစေ။
Mandalay Blood Hero အသင်းရဲ့ leader , member လည်းဖြစ် ၊ အသင်းအတွက် အမြဲဂုဏ်ယူပါတယ်။
4.9.2024

Photos from Mandalay Blood Heroes 's post 22/07/2024

40 times blood donation (သွေးလှူအကြိမ် ၄၀မြောက်)
I have donated my blood 40 times and it is my very first time doing my blood in a foreign country Thailand. Wherever you live be kind, helpful , generous and always represents your home country image❤️♥️♥️
ညီလေး Saw Thet Naing Oo နဲ့ မမြော်လင့်၊ မစည်စဉ်ထားပဲ လှူဖြစ်ခဲ့တဲ့ မြတ်သော သွေးကုသိုလ်အလှူ။
နတ် လူ သာဓုခေါ်နိုင်ပါစေ။

Photos from Mandalay Blood Heroes 's post 13/06/2024

ယနေ့ မွေးလူနာအတွက် သွေးလှူပေးတဲ့အမ ကို အထူးကျေးဇူးတင်ပါတယ် 😊😊😊

သွေးလှူရှင်အမလဲ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ အလှူရေစက်လက်နဲ့မကွာ ဒိ့ထက်ပို လှူဒါန်းနိုင်သူ ဖြစ်ပါစေဗျာ ♥

ကျတော် တတ်နိုင်တဲ့ဘက်က သွေးအလှူရှင်ကိုရော အရေးပေါ်သွေးလိုအပ်နေတဲ့ မွေးလူနာအတွက်ရော ကူညီပေးခွင့်ရတဲ့အတွက် အများကြီး ပီတိဖြစ်ရတယ်

#ဘဝမှာအဓိပ္ပါယ်ရှိစွာပဲရှင်သန်မယ်

13 - June - 2024

Photos from Mandalay Blood Heroes 's post 08/06/2024

ကျနော်တို့ Mandalay Blood Heroes co-founder Ko Myo Min နဲ့ သွေးလှူရှင် ကျေးဇူးတင်ပါသည်။
ဒီနေ့ အရေးပေါ် "O" သွေး လိုနေတဲ့ လူနာအတွက် ကူညီ ပြီး သွေး ရှာနေတဲ့အချိန်မှာ စိတ်အားတတ်ကြွစွာနဲ့ လှူပါမယ် ဆိုတဲ့ ညီလေး အတွက် အစစ အရာရာ အားလုံး ကူညီစီစဥ်ပေးခဲ့ပြီး ပီတိဖြစ်ရတဲ့နေ့လေး ♥♥♥

ကိုယ့်ရဲ့ သွေးသား နဲ့ တစ်စုံတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်လိုက်တယ်ဆိုတဲ့ ခံစားချက်က ဘာနဲ့မှမတူဘူး ဆိုတာကို ကိုယ့်ခလေးတွေကို သိစေချင်တဲ့ ဆန္ဒ လေး တချို့တဝက် ပြည့်တယ်ပေါ့ 😘😘😘

♥♥ သွေးလှူခွင့်ရဖို့ ဆိုတာ ကျန်းမာပြီး ရောဂါ ကင်းရှင်းတဲ့သူ အသက်ပြည့်ပြီး သူ ပေါင်ချိန် ၊ သွေး သတ်မှတ်ချက်ပြည့်မီသူ ၊ အသက် 55 နှစ်အောက်ရှိသူ စတဲ့ အချက်တွေကိုက်ညီမှ သာ လှူဒါန်းခွင့်ရတာမို့ တတ်နိုင်သမျှ ကိုယ့်ရဲ့ မွန်မြတ်သန့်စင်တဲ့ သွေးနဲ့ အသက်ကယ်နိုင်ဖို့ လှူဒါန်းကြပါလို့ 😊

8 - June - 2024

06/06/2024

0+ အိုသွေးလိုနေလို့ပါခမျာ။
လှူနိုင်သူ သွေးလှူရှင်များ ဆက်သွယ်ပေးပါခမျာ။ ကျေးဇူးတင်ပါသည်။ တည်နေရာ မန္တလေး။

28/05/2024

သူဌေးဖြစ်ချင်ရင် ဒါတွေ ရှောင်ပါ

၁။ တီဗွီကြည့်ပြီး အချိန်ကုန်မခံပါနဲ့။
သူဌေးတွေက ဘယ်တော့မှ ရုပ်မြင်သံကြားအစီအစဉ်တွေ၊ ဇာတ်လမ်းတွေကြည့်ပြီး
အချိန်ကုန် မခံကြပါဘူး။
တီဗွီကြည့်မယ့်အစား စာအုပ်တွေပဲ ဖတ်နေလေ့ရှိပါတယ်။
Elon Musk ကနေ Warren Buffett အထိ နာမည်ကျော် လုပ်ငန်းရှင်သူဌေးတွေအားလုံးဟာ
တစ်နေ့တာရဲ့အချိန်တော်တော်များများကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးတတ်ကြပါတယ်။
စာဖတ်တဲ့နေရာမှာလည်း အပျော်ဖတ်စာပေတွေထက် ပညာရမယ့်၊ တိုးတက်မှု တစ်စုံတစ်ရာ
ရရှိနိုင်မယ့် စာအုပ် စာပေတွေကိုပဲ ဖတ်လေ့ရှိပါတယ်။

၂။ ဘယ်တော့မှ တစ်ဦးတည်း သီးခြားခွဲထွက်မနေပါနဲ့။
သူဌေးတွေအားလုံးက လူမှုဆက်ဆံရေးကောင်းကြသူတွေချည်းပဲ ဖြစ်ပါတယ်။
သူတို့ဟာ အမြဲတမ်းလိုလို မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံပြီး
စကားစမြည်ပြောနေလေ့ရှိပါတယ်။
ဒီလို့ လူမှုဆက်ဆံရေးကောင်းမွန်တာဟာ အောင်မြင်မှုရဲ့ သော့ချက်ဖြစ်တယ် ဆိုတာကို
သူတို့တွေက သေချာသိရှိထားကြပြီး သူတို့ရဲ့ လူမှုကွန်ယက်ကို တိုးချဲ့နိုင်ဖို့ အားထည့်ကြပါတယ်။

၃။ အပိုတွေလျှောက် မတွေးပါနဲ့။
အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းဟာ သူတို့ရဲ့ပင်ကိုယ် သိစိတ်ကို ယုံကြည်စွာအသုံးပြုလေ့ရှိပြီး
အများကြီး လျှောက်တွေးလေ့မရှိပါဘူး။
( အကျိုးဆက်တွေကိုသေချာမသုံးသပ်တာမျိုးကို ဆိုလိုတာတော့ မဟုတ်ပါဘူး )
ဆင်ခြင်သုံးသပ်မှုတွေနဲ့ အချိန်ကုန် မခံတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
လုပ်ဆောင်ရမယ့် အရာတွေကိုသေချာ ဆင်ခြင် သုံးသပ်ပြီးပြီ ဆိုတာနဲ့
လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး လုပ်စရာရှိတာတွေကို စတင်လုပ်ဆောင်ကြပါတယ်။
ဘယ်တော့မှ နောက်ပြန်လှည့်ကြည့်လေ့မရှိပါဘူး။

၄။ တကယ် ရင်မဆိုင်ကြည့်ပဲ အရှုံးမပေးပါနဲ့။
သူဌေးတွေအားလုံးဟာ ဒုက္ခရောက်လာချိန်မှာ ဘယ်တော့မှ အရှုံးပေးဖို့မစဉ်းစားတတ်ကြပါဘူး။
ကျရှုံးမှုတွေ အဆင်မပြေမှုတွေ အားလုံးကို ဇွဲရှိရှိနဲ့ ကျော်ဖြတ်ကြပါတယ်။
လုပ်ငန်းရှင်အများစုဟာ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေ၊ မိသားစု၀င်တွေရဲ့
ဝေဖန်ပြစ်တင်မှုတွေ ခံရလေ့ရှိပေမယ့် လက်မလျှော့တတ်ကြပါဘူး။
အောင်မြင်သူအစစ်တွေက ဘယ်တော့မှ နောက်ကောက်ကျ မကျန်နေခဲ့ပါဘူး။

၅။ အားကစားလုပ်ဖို့ မမေ့ပါနဲ့။
ချမ်းသာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တိုင်းဟာ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တတ်ကြပါတယ်။
သူတို့အတွက် မနက်ခင်းလေ့ကျင့်ခန်းလုပ်တာဟာ နေ့စဉ် လုပ်ငန်းဆောင်တာတွေ အတွက်
အာရုံစူးစိုက်နိုင်ပြီး၊ လုပ်ငန်းပြီးမြောက်မှုကို တိုးတက်လာစေဖို့ အကျိုးသက်ရောက်မှု
ရှိတယ်ဆိုတာကို နားလည်ကြပါတယ်။

၆။ အိပ်ရာထနောက်မကျပါနဲ့။
အောင်မြင်တဲ့သူ အများစုဟာ မနက်စောစော အိပ်ရာ ထတတ်ကြသူတွေချည်းပဲဖြစ်ပါတယ်။
သူတို့ဟာ ဘယ်တော့မှ အိပ်ရာထဲမှာကွေးနေပြီး အလုပ်နောက်ကျခံတဲ့အထဲမှာ မပါကြပါဘူး။

၇။ မပျင်းပါနဲ့။
အောင်မြင်သူ အများစုဟာ သူတို့ပတ်၀န်းကျင်မှာလေ့လာစရာ အခွင့်အလမ်းတွေအမြဲတမ်းရှိနေတာကို
သိကြတဲ့အတွက် ပျင်းနေတယ်ဆိုတာ မရှိပါဘူး။
ထိုင်ပြီး ပျင်းနေမယ့်အစား မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံဖို့၊ သင်တန်းတွေတက်ဖို့၊ စာအုပ်တွေဖတ်ဖို့၊
စသဖြင့် အရည်အချင်းနဲ့ အသိပညာ ဗဟုသုတေတြ တိုးလာဖို့ကိုပဲ အမြဲအားထုတ်နေတတ်ကြပါတယ်။
သန်းကြွယ် ကုဋေ့ကြွယ်သော
သူဌေးကြီးများ ဖြစ်ကြပါစေခင်ဗျား . . ။
Crd #

Photos from Mandalay Blood Heroes 's post 24/04/2024

ညီလေး Sai Winna Htun ရဲ့ ၂၃နှစ်ပြည့် ၊ ငါးစို့ကျောင်းတိုက် ညစာအလှူ။ Mandalay Blood Heroes အသင်းဝင် ညီလေး သွေးလည်းလှူ ၊ စေတနာ သဒ္ဒါထက်သန်းစွာနဲ့ လိုအပ်တဲ့နေရာလေးတွေအတွက် အဟာရဒါနပြုပေးလို့ သာဓုခေါ်ပါတယ် ညီလေး။ Happy Birthday.

Photos from Mandalay Blood Heroes 's post 19/04/2024

14 times blood donation with Mandalay Blood Heroes and Myatparami teams. Thank you so much dear Ko Myo Min that you donated blood many times and we are so proud of you and saying Sadu.
(19/4/2024)

Photos from Mandalay Blood Heroes 's post 07/03/2024

7.March.2024
Blood donors
Ko Hein Htet Zaw
Ko Sai Htet Wai Yan
Ma Khaing Nandar Htet
Thank you so much and we really appreciated your kindness.
သာဓု သာဓု သာဓုပါ။

Photos from Mandalay Blood Heroes 's post 05/03/2024

ပထမဆုံးအကြိမ် သွေးလှူဒါန်းသော ညီလေး Sai Wanna Tun ကျေးဇူးတင်ပါတယ်၊ ဗဟိုအမျိုးသ္မီးဆေးရုံ မွေးလူနာ overbleeding ဖြစ်နေတဲ့ လူနာအတွက် ကုသိုလ်တွေအများကြီးရပါတယ်။
ပထမအကြိမ်ဆိုတော့ စိတ်လှုပ်ရှာနေတဲ့ညီလေးကို သွေးလှူရတဲ့ကောင်းကြိုး၊ သွေးလှူရခြင်းအခြားအကြောင်းရာတွေကိုပါရှင်းပြအားပေးခဲ့ပါတယ်။
သာဓုခေါ်ပါတယ်ညီလေး။

Photos from Mandalay Blood Heroes 's post 04/03/2024

4.3.2024
Blood donor Ko SOE Paing , we deeply want to say thank you for donating your blood for the patient with our association.

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Mandalay
Mandalay