Shwe Yee Business

Shwe Yee Business

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Yee Business, Health/Beauty, 42nd Street, Mandalay.

19/10/2025

🔸ပင်လယ်ကို ဖြတ်ရင် လှိုင်း မကြောက်ရဘူး။

🔸တောင်ကို တက်ရင် အမြင့် မကြောက်ရဘူး။

🔸တောကို တိုးရင် ဆူး မကြောက်ရဘူး။

🔸အောင်မြင်ချင်ရင် ပင်ပန်းမှာကို မကြောက်ရဘူး။

🔸ဒီလို မကြောက်သင့်တာကို မကြောက်တာကို သတ္တိ လို့ခေါ်တယ်။

🔸ကြိုးစားတာချင်းလည်းတူတယ်၊ အရည်အချင်းလည်း တူတယ်ဆိုရင် သတ္တိ ရှိတဲ့သူက ရှေ့ပိုရောက်တာပဲ။

🔸ဒါကြောင့်
ခက်ခဲမှာလည်း မကြောက်နဲ့။ ပင်ပန်းမှာလည်း မကြောက်နဲ့။

🔸ကျရှုံးမှာလည်း မကြောက်နဲ့။ တစ်ယောက်တည်းဆိုလည်း တစ်ယောက်တည်းပဲပေါ့ မကြောက်နဲ့။

🔸 ကူညီသူမရှိမှာလည်း မကြောက်နဲ့။
ဒီလို မကြောက်တတ်တဲ့အခါ ရှေ့ကိုတိုးဖို့ သတ္တိတွေ အလိုလို ရှိလာလိမ့်မယ်။

🔸အောင်မြင်ချင်တဲ့ လူငယ်တိုင်းရဲ့ စိတ်ထဲမှာ မြဲမြဲ မှတ်ထားရမှာက

ကြောက်နေသရွေ့ နောက်မှာ နေရမယ်ဆိုတာပဲ။


#မူရင်းစာရေးသူအားလေးစားစွာဖြင့်❤️

15/10/2025

တစ်ကျပ်တန်သူကို တစ်ကျပ်ဖိုးပဲပြော
တစ်ရာတန်သူကိုမှ တစ်ရာဖိုးပြောရတယ်..။

တစ်ကျပ်ပဲတန်သူကို တစ်ရာဖိုးသွားပြောရင်
သူတို့မတွေးနိုင် မမှတ်နိုင်တာကြောင့်
ခေါင်းထဲမရောက်ပါဘူး။

ဒါကိုလက်မခံပဲ တစ်ရာဖိုးကို မင်းဆက်ပြောနေရင်တော့ လက်မခံနိုင်တဲ့သူ့အတွက်
စိတ်ပင်ပမ်းလာပြီး မင်းကိုကျေးဇူးမတင်ဘဲ
ပိုစိတ်ညစ် ပိုစိတ်ရှုပ်လာလိမ့်မယ်။

လူတိုင်းကို အများကြီးလည်း ပေးလို့မရသလို
မင်းအများကြီးပြောလို့လည်း မရဘူး..။
သူတို့လက်မခံနိုင်တဲ့အခါ
မင်းကိုယ်တိုင်လည်း ပင်ပမ်းရလိမ့်မယ်။

လူတိုင်းဟာ အခွင့်အရေးတွေ ရလာဒ်ကောင်းတွေ
စေတနာတွေနဲ့ ထိုက်တန်တယ်ဆိုပေမယ့်
တစ်ချို့လူတွေက ဒါကို လက်မခံနိုင်ကြဘူး။
ဒါကြောင့် အများကြီးမပြောပါနဲ့
အများကြီးမပေးပါနဲ့
သူတို့နဲ့ ထိုက်တန်တာပဲပေးပါ။

ချစ်ခြင်းအားဖြင့် NMW

Photos from Shwe Yee Business's post 23/09/2025

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တဲ့
စိတ်ဓာတ် မွေးဖို့လိုတယ်။
လောကမှာ အလုပ်တစ်ခုကို
စွဲစွဲမြဲမြဲလုပ်ရတာ အခက်ဆုံးပဲ။

လူအများစုက လိုက်လုပ်နိုင်ကြမှာ
မဟုတ်တဲ့အတွက်၊ နေ့စဉ် စိတ်ပါပါ၊ မပါပါ
တိုးတက်နိုင်တာက ကိုယ့်ရဲ့ Superpower
ဖြစ်လာလိမ့်မယ်။

ဘယ်သူနဲ့မှ ပြိုင်စရာမလိုဘူး၊
လူအထင်ကြီးလောက်အောင်
လုပ်ပြစရာ မလိုဘူး။

အရေးကြီးတာ ဆင်ခြေတွေ ပေးမနေဘဲ
အချိန်မှန်မှန်ပေါ်လာဖို့နဲ့
ပင်ပန်းနေရင်တောင်၊ စိတ်ပျက်နေရင်တောင်၊
ဘယ်သူ့မှ ကိုယ့်ကို မချီးကျူးရင်တောင်၊
လောကကြီးကို နာကျည်းနေရင်တောင်
နေ့စဉ် လုပ်စရာရှိတာကို မပျက်မကွက်
အားစိုက်ထုတ်နိုင်ဖို့ လိုတယ်။

ခိုင်မာတဲ့ အုတ်မြစ်‌ချပြီးရင်
အမြင့်ဆုံးရောက်ဖို့ အရမ်းလွယ်တယ်
တစ်ခုခုကို စတင်လိုက်ရင်
ရှေ့ဆက်တိုးတက်ဖို့ အရှိန်စရလာလိမ့်မယ်။

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်
လုပ်နိုင်တဲ့အခါ ကိုယ့်ကိုကိုယ်လည်း
အောင်မြင်မူ အိပ်မက်တွေနဲ့ ထိုက်တန်တယ်ဆိုတာ
ယုံကြည်မူရှိရှိနဲ့ ကြိုးစားလာပါလိမ့်မယ်။

🅲🆁🅴🅳🅸🆃 #ဆရာအောင်သင်း

12/09/2025

လူ့ဘဝဆိုတာ..
ရေနွေးကြမ်းတစ်ခွက်နဲ့တူတယ်
ခါးသက်ရာက ချိုမြိန်တယ်
လူ့ဘဝက
တစ်သက်လုံးခါးသီးနေမှာမဟုတ်ဘူး
ခါးသီးပီးနောက် ချိုမြိန်မှာပါပဲ

Card # #

01/09/2025

▪️မေတ္တာဆိုတာ အေးချမ်းတယ်လေ...
ဘယ်လောက်ပေးတယ်ဆိုတာထက် ကိုယ်ပေးတဲ့ မေတ္တာကြောင့် တစ်ဖက်လူ အေးချမ်းနေဖို့ပါပဲ...

▪️ကိုယ့်ကြောင့် တဖက်လူ စိတ်ချမ်းသာတယ်ဆိုရင် ကိုယ်တိုင်လည်း အေးချမ်းပါတယ်...

▪️ရခဲလှတဲ့ လူ့ဘဝမှာ လူပီသအောင်နေခြင်းက မြင့်မြတ်ခြင်းတစ်ခုပါပဲ...

▪️နေ့ရက်တိုင်းမှာ ကောင်းမှုကုသိုလ် မလုပ်လိုက်ရလို့ ဆိုပြီးစိတ်မပျက်ပါနဲ့ ကိုယ့်အတွက်ကြောင့်နဲ့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဆင်းရဲခြင်း၊ဒုက္ခမရောက်ခြင်းကလည်း ကုသိုလ်တစ်ခုပါ...

▪️ဒါကြောင့် ဘဝမှာ စာနာတတ်ပြီး လူပီသတဲ့စိတ်ရှိရင် ဘယ်နေရာရောက်ရောက်စိတ်ချမ်းသာပါတယ်...crd # # # #

22/08/2025

🌼စိတ်ချမ်းသာဖို့ လိုရင်းပါ

အသိအမြင်မှန်အောင်လုပ်ရမယ်

အခြေအနေကောင်းလို့ စိတ်ချမ်းသာတာ ရှိတယ်၊
အသိအမြင်မှန်လို့ စိတ်ချမ်းသာတာ ရှိတယ်။

အခြေအနေဆိုတာ ~ ကိုယ်လိုသလို မရနိုင်ဘူး၊
အပြောင်းအလဲ မြန်တယ်။

အသိအမြင်က ~ ကိုယ့်ပေါ်မှာ မူတည်တယ်၊
အပြောင်းအလဲ မမြန်ဘူး။

အသိအမြင် တကယ်မှန်ရင် ပြောင်းဖို့ မလိုဘူး။
ဒါကြောင့် … စိတ်တကယ်ချမ်းသာချင်တယ် ဆိုရင်
အသိအမြင်မှန်အောင် လုပ်ရမယ်။

စိတ်ချမ်းသာမှုကို ဘာနဲ့မှ မလဲဘူးလို့ သိသိမှတ်မှတ် ဆုံးဖြတ်ထားဖို့ လိုတယ်။

သဘောထားမှန်ဖို့အရေးကြီးတယ်
ဘဝမှာ အရေးအကြီးဆုံးအရာဟာ ဘာလဲ လို့ မေးရင်…
သဘောထား နဲ့ အမြင် မှန်ဖို့ အရေးအကြီးဆုံးပဲလို့
ဖြေချင်ပါတယ်။

ပညာ ဘယ်လောက်တတ်တတ်၊ ငွေကြေး ဘယ်လောက် ချမ်းသာချမ်းသာ သဘောထားနဲ့ အမြင် မှားနေရင် ~ စိတ်ချမ်းသာမှု မရနိုင်ဘူး။

အရေးအကြီးဆုံးအချက်က ကိုယ့်သဘောထားကို
ကိုယ် ပြင်လို့ ရတယ်ဆိုတာပဲ။

အရပ်ရှည်အောင် လုပ်လို့မရဘူး၊
အသားဖြူအောင် လုပ်လို့မရဘူး၊
ဒါပေမယ့် သဘောထားမှန်အောင် လုပ်လို့ရတယ်၊

စိတ်ရှည်အောင် လုပ်လို့ရတယ်၊
စိတ်ထားဖြူအောင် လုပ်လို့ရတယ်။

အတိတ်ကို ပြင်လို့မရဘူး၊
ဒါပေမယ့် သဘောထားမှန်ရင် ~
အနာဂါတ်ကို အကောင်းဆုံးဖြစ်အောင် လုပ်လို့ရတယ်။

ပတ်ဝန်းကျင် အခြေအနေကို ကိုယ်လိုသလို မပြင်နိုင်ဘူး၊
ဒါပေမဲ့ အဲဒီအခြေအနေတွေကို ဘယ်လို သဘောထားမယ် ဆိုတာတော့ ကိုယ့်အပေါ်မှာ မူတည်ပါတယ်။
ကိုယ့်သဘောထားကိုကိုယ် ရွေးနိုင်တယ်၊၊
ကိုယ်တကယ် ပြင်လို့ရတာ ကိုယ့်သဘောထားပဲ၊
ဒီတခုပဲ ကိုယ်ပိုင်တယ်။

ကိုယ့်ဘဝ အဆင်ပြေမှုဟာကိုယ့် သဘောထားပေါ်မှာ 90% တည်ပါတယ်။
ဒါကြောင့် အဆင်ပြေချင်ရင် ~ ကိုယ့်သဘောထားကို ကိုယ် တာဝန်ယူရမယ်။

ဆရာတော်ဦးဇောတိက-(မဟာမြိုင်တောရ ,)
Crd

10/08/2025

🙏🙏🙏

22/07/2025

👍👍👍

Photos from Shwe Yee Business's post 15/07/2025

မပျော်ရွှင်သလို ခံစားရတဲ့အခါ
တွေးနေတဲ့အတွေးကို ထိန်းချုပ်ပါ ။

မနေ့ကနဲ့ မနက်ဖြန်ရဲ့ကြားက
ပူပန်တွေးတောမူကို ရပ်တန့်ထားလိုက်ပါ ။

စိတ်ထဲ ကသိကအောက်နဲ့
သည်းခံခဲ့လိုက်ရတဲ့ ကိစ္စအတွက်လည်း
လွှတ်ချထားလိုက်ပါ ။

ကိုယ့်ကို သိမ်ငယ်စေတဲ့
ရပ်ဝန်းတွေကို ရှောင်ပါ ။

ကိုယ့်ကို စိတ်အားငယ်စေတဲ့
အရာမှန်သမျှ ဥပေက္ခာပြုလိုက်ပါ ။

ဘယ်သူမှ အနားမှာရှိမနေပေးဘူးဆိုပြီး
ဝမ်းနည်းမနေပါနဲ့ . . . ကိုယ့်အတွက် ကိုယ်ရှိပါ ။
လူတိုင်းက သူ့ဒုက္ခနဲ့ သူ ရှိကြပါတယ် ။

ပျော်ရွှင်မှုဆိုတာ ကိုယ့်အတွေးကနေစပြီး
ကိုယ့်ဆီမှာပဲ ရှိတာပါ . . . ။

မတွေးသင့်တာတွေကို မတွေးနဲ့ ။
လွှတ်ချသင့်တာတွေကို လွှတ်ချ ၊
ဥပေက္ခာပြုရမှာကို ပြုလိုက်ပါ ။

လေးလံစေတဲ့ အရာတွေ
မရှိတော့တဲ့အခါ ပျော်ရွှင်မှုဟာလည်း
ရောက်လာပါလိမ့်မယ် ။

credit to original🌷

08/07/2025

● လူအသိုင်းအဝိုင်း အပေါ်မှာ
စေတနာထားတယ်၊ မေတ္တာထားတယ်၊
ကောင်းစေချင်တယ်ဆိုရင်
ကိုယ့်ကိုယ်ကို ပိုပြီးတော့ ကောင်းတဲ့လူ
ဖြစ်အောင် ကြိုးစားပါ။
သတိနဲ့နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။

အဲဒီလိုဆိုရင် ကိုယ့်ကိုယ်ကို
ကောင်းအောင်လုပ်ရာလည်း ရောက်တယ်၊
လောကကြီးကို
ကောင်းအောင်လုပ်ရာလည်း ရောက်သွားတယ်။
ပြီးတော့
မြတ်စွာဘုရားကိုလည်းပဲ
အကောင်းဆုံးနည်းနဲ့
ကျေးဇူးဆပ်ရာ ရောက်သွားပြီ။

● လောကကြီးကို
တကယ်ကောင်းစေချင်တယ်ဆိုရင်
သတိနဲ့နေတဲ့ အလေ့အကျင့် လုပ်ပါ။
သတိနဲ့နေလာရင် ကိုယ့်ကိုယ်ကို
အများကြီး သိလာလိမ့်မယ်။
ကိုယ့်စိတ်ကို အများကြီး သိလာမှသာ
သူတစ်ပါးစိတ်ထဲ ဘယ်လိုခံစားနေရသလဲ
ဆိုတာ နဲနဲ သိလာပါလိမ့်မယ်။
အဲဒီလိုလူမှသာ
ကိုယ့်အကျိုးရော၊ အများအကျိုးပါ
မထိခိုက်အောင် လုပ်နိုင်တယ်။

ဒါ့အပြင်
ကိုယ့်အကျိုးရော၊ အများအကျိုးရော
ကြီးကြီးမားမား ဖြစ်ပေါ်လာအောင်
အကျိုးကို ဆောင်ရွက်နိုင်တယ်။
ဒါကြောင့်
အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင်
သတိ, သမာဓိ, ဉာဏ်ပညာ ရှိဖို့လိုတယ်။

🙏ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)🙏
■ သတိနဲ့ ကိုယ့်စိတ်ကိုကိုယ် သိ/
တွေးမိတိုင်း ပျော်တယ် ■

08/07/2025
06/07/2025

တောင်ကြီး ဖဝါးအောက်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


42nd Street
Mandalay
05031

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00