CATKIN Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CATKIN Myanmar, Beauty, cosmetic & personal care, Mandalay.
12/05/2025
ပျိုမေတို့ရေ ...များစွာသောအကြောင်းကြောင်းကြောင့် CATKINပစ္စည်းများအားဖြန့်ဖြူးရောင်းချခြင်းကိုယာယီရပ်ဆိုင်းမည်ဖြစ်ပါသဖြင့် လက်ကျန်ပစ္စည်းများကို Up To 60%ထိရောင်းချပေးသွားမည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါတယ်ရှင် 😔
CATKINကိုအစဉ်တစိုက်အားပေးကြသောပျိုမေတို့ကိုလဲကျေးဇူးအထူးပင်တင်ရှိပါသည်ရှင်
*While supplies last*
01/01/2025
အရောင်တော့လှတယ် ဒါပေမယ့် ဆိုးပြီးရင် နှုတ်ခမ်းတွေ မဲပြီး ကျန်ခဲ့တယ်ဆိုရင်တော့ CATKIN Lipstick ပြောင်းသုံးဖို့ လိုပြီပေါ့ 💜
CATKIN Lipstick တွေထဲက မရှိမဖြစ်ဆောင်ထားသင့်တဲ့ color way နှစ်မျိုးကို တိုးတိုးလေး ပြောပြမယ်...
✨Bright ဖြစ်ချင်သူတွေအတွက် Code 128 💄
✨ Chic and Classic ဖြစ်ချင်သူတွေအတွက်က Code 137 💄
CATKIN Lipstick လေးတွေက Moisturizing effect ပါလို့ နှုတ်ခမ်းသားခြောက်မသွားတဲ့အပြင် ဖျက်လိုက်ရင်တောင် နှုတ်ခမ်းသားလေးက စိုစိုအိအိနဲ့ ကတ္တီပါသားလေးလိုကျန်နေခဲ့စေလို့ Catkinians လေးတွေအသဲစွဲပဲလေ ...
Long Lasting ဖြစ်တာ Light Weight ဖြစ်တာတွေကြောင့်လည်း နှုတ်ခမ်းနီဆိုးထားပြီးရင် နေရထိုင်ရခက်တာမျိုးနဲ့ ခဏခဏ touch up လုပ်နေရတာ
မကြိုက်တဲ့သူလေးတွေအတွက် သိပ်ကို အဆင်ပြေသောပဲနော်✨
ကဲ ဆိုးရမယ့် ကိုကိုမရှိတဲ့ Catkinians လေးတွေ CATKIN Lipstick နဲ့ ဆိုးချင်တိုင်းဆိုးလိုက်တော့ 😉
29/12/2024
တစ်နှစ်လုံးပင်ပန်းလာတဲ့ ကိုယ့်ကိုကိုယ် ဒီတစ်ကြိမ်တော့ ဂုဏ်ပြုလိုက်ရအောင် Catkinians လေးတို့ရေ...
CATKIN Products တွေထဲက လူကြိုက်အများဆုံးitemsတွေကို 2024 ကို နှုတ်ဆက်တဲ့အနေနဲ့ Up to 50% Discount နဲ့ ရနိုင်မယ့် Year End Promotion အစီအစဉ်ရှိနေပြီနော်...
ကဲ ဒါဆို နှစ်သစ်မှာ ယုံကြည်မှုရှိရှိနဲ့ ပိုလှနိုင်ဖို့အတွက် CATKIN products တွေကို ဇန်နဝါရီလ ၅ရက်နေ့ မတိုင်ခင် အမြန်ဆုံး ပြေးဝယ်ထားလိုက်ပါဦး…
%
27/12/2024
ဒီ ၂ ရောင်နဲ့ဆို အဆုံးအစမရှိ လှပစ်ရဲဖို့ပဲလိုပါတယ်💜
CATKIN Blush ဆိုတာ တစ်မျိုးဝယ်ထားရုံနဲ့ Highlighter ရော၊ Blush အနေနဲ့ပါ နှစ်မျိုးသုံးလို့ရတာကြောင့် Catkinians လေးတွေ သိပ်သိပ်ကြိုက်ကြတဲ့ series တစ်ခုပေါ့...
အခုမိတ်ဆက်ပေးမယ့် Color Way နှစ်ခုကလည်း အမိုက်စားပဲ...
🧡နုနုလေးနဲ့ လင်းတာကို ကြိုက်ရင် CATKIN Blush C04 ကိုရွေး...🤎ရင့်ကျက်တဲ့အသွင်နဲ့ ပိုပြီး Dark ဖြစ်တာကို လိုချင်ရင် CATKIN Blush C05 ကိုသာသုံး...
ချွေးစိုခံ၊ရေစိုခံတာကတော့ CATKIN Blush ရဲ့ ပြောစရာမလိုတဲ့ အားသာချက်ပဲဆိုတော့ အရောင်သစ်လေးတွေနဲ့ Catkinians လေးတွေ အဆုံးအစမရှိ လှပစ်လိုက်ဖို့ပဲ လိုတော့တယ်နော် ✨
25/12/2024
ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်း၊ ကံကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကူးကာလကို ရရှိပိုင်ဆိုင်ကြပါစေလို့ CATKIN Myanmar မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
Wishing everyone a Merry Christmas and a Happy New Year! May your holidays be full of love and laughter, and may 2025 bring you all the success and happiness you deserve. 🎄✨
#2025
17/12/2024
ညှို့ဓါတ်အပြည့်နဲ့ စွဲဆောင်မှုရှိတဲ့ မျက်ဝန်းလေးတစ်စုံအတွက် CATKIN Eyeshadow 💜
Eyeshadow အတွက် ဘာဝယ်ရမှန်းမသိရင် CATKIN ရဲ့ ၉ ကွက် Eyeshadow Series ထဲက ဒီ အရောင်လေး သုံးခုကိုသာ ရဲရဲကြီး ရွေးချယ်ကြည့်လိုက်ပါ Catkinians လေးတို့ရေ...
ပေါ့ပေါ့ပါးပါးနဲ့ Casual Look အတွက်
✨C01
✨C03
Casual အတွက်တင်မကဘဲ Event တွေနဲ့ Party Mood အတွက်ပါသုံးချင်ရင်တော့
✨ C06
ဒီ series ၃ ခုထဲက ဘာပဲရွေးရွေး CATKIN ရဲ့ ထုံးစံအတိုင်း အရောင်မှန်တယ်၊ကြာရှည်ခံတယ်၊ အမှုန်တွေ မဖွာဘူး ဆိုတော့ မျက်လုံးချင်းစကားပြောတဲ့အဆင့်မှာ စွဲဆောင်မှုရှိရှိနဲ့ ညို့ယူပစ်လိုက်ဖို့ ရဲရဲကြီး ရွေးချယ်ပစ်လိုက်ဖို့ပဲ လိုမယ်နော် 🤩☺
13/12/2024
လှပခြင်းကို လက်ဆောင်ပေးခြင်းဖြင့် အလှတရားတွေ ထွန်းကားပါစေ 💜
လှတယ်လို့ အပြောခံရတဲ့သူက ပျော်တယ်။ လှလိုက်တာလို့သာ အားပါးတရ အပြောခံလိုက်ရရင် တစ်နေ့လုံးကို ဗိုက်မဆာဘဲ နေလို့ ကောင်းနေရော။ ဒါအပြောခံရရုံသက်သက်သာပဲရှိသေးတာနော်။ အခုတော့ ကိုယ်တိုင် လှနေရုံတင်မဟုတ်ဘဲ အလှတရားတစ်ခုကို ချစ်ရ၊ခင်ရသူတွေဆီကိုပါ လက်ဆောင်ပေးလို့ရနေပါပြီ။
🎊🎄ခရစ်စမတ်မှာ ကိုယ့်ရဲ့ တန်ဘိုးထားမှုကို ထုတ်ဖော်ပြသဖို့အတွက် အဆုံးစမဲ့ အလှတရား CATKIN ကိုသာ လက်ဆောင်အဖြစ်ပေးလိုက်ပါ💜✨🎁
11/12/2024
ဆုတောင်းတွေပြည့်တယ်ဆိုတာကို ယုံကြည်ပါသလား ?
တစ်ခါတုန်းက မင်းသမီးလေးတစ်ပါးဟာ အောက်ပါဆုလေးခုကို တောင်းပါသတဲ့။
" အားသိပ်မထုတ်ရဘဲ လှလိုပါ၏။ ကြာရှည်ခံသော အလှဖြစ်ရပါလို၏။ မြင်သူ ရင်အေးချမ်းရပါလို၏။ မိမိအလှကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်ရပါလို၏။"
မင်းသမီးလေးရဲ့ ဆုတောင်းလေးခုကြောင့်ပဲလားဆိုတာ မသိပေမယ့် CATKIN Cosmetics ကတော့ နည်းနည်းလေးသုံးရုံနဲ့ ပင်ကိုယ်အလှကို Boost လုပ်ပေးနိုင်တဲ့အပြင် ချွေးစိုခံ၊ရေစိုလည်းခံတော့ တော်ရုံတန်ရုံ touch up ပြန်လုပ်နေစရာလည်း မလိုပါဘူး။ Natural Look အတိုင်းလှနေစေတော့ မြင်သူရင်လည်း အေးချမ်းစေတာပေါ့နော်။ Cruelty Free product တွေဖြစ်တာကြောင့်လည်း တိရိစ္ဆာန်တွေရဲ့ အရေပြားမှာ လုံး၀ မစမ်းသပ်ထားတဲ့အတွက် အလှတစ်ခုကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေဘူးပေါ့။
Catkinians လေးတို့ရော ဆုတောင်းတွေပြည့်တယ်ဆိုတာကို ယုံကြည်ကြလားနော် 💜
28/11/2024
နှစ်ကုန်တော့မယ်ဆိုတော့ စုမိဆောင်းမိပြီပေါ့…🤭
အခုဆိုရင် အစုဆောင်းလွန်ပြီး ထားစရာနေရာအလွတ်ကို မရှိတော့ပါဘူး။
အခန်းထဲ ဘယ်နေရာကြည့်ကြည့် သူလေးပဲနေရာယူထားတော့ နှစ်အကုန်မှာ စုမိဆောင်းမိဖြစ်နေတာ သိပ်တော့မထူးဆန်းပါဘူး။
သူငယ်ချင်းတို့ရော?? အခုလိုမျိုး နှစ်ကုန်ခါနီးမှာ ပိုက်ဆံအစား CATKIN Cosmetics တွေချည်း အတော်လေးစုဆောင်းမိနေပြီလားဆိုတာ Comment မှာ မျှဝေသွားပါဦး😉
“ရောင်စုံလှပနေ့ရက်များအတွက် CATKIN”
22/11/2024
အရောင်လွင့်ပြီး ကြာရှည်မခံတော့ အလှပျက်ပြီးစိတ်ညစ်ရပြီပေါ့ …
ဒီလိုမဖြစ်ဖို့ဆို CATKIN Myanmar ရဲ့ 9C Eyeshadow လေးရှိတယ်နော်။
အရောင်ထွက်အားကောင်းပြီး ရေစိုခံ၊ ချွေးစိုခံတာကြောင့် လှပတဲ့မျက်ဝန်းတစ်စုံနဲ့အတူ တစ်နေကုန်လှပစေမှာပါ။
အရောင်(၉)ရောင်ထဲမှာ Shimmer, Glitter အနုအရင့်အစုံပါတာဖြစ်လို့ Daily အတွက်ပဲခြယ်ခြယ်၊ ပွဲတက်ဖို့ပဲခြယ်ခြယ် အလှပဆုံး Eye Makeup အတွက်ဆို CATKIN Eyeshadow က အသင့်တော်ဆုံးပါပဲ။
ဒါ့အပြင် စိတ်ကြိုက်ရွေးချယ်နိုင်မယ့် Eyeshadow အမျိုးအစား (၁၀)မျိုးအထိရှိတာကြောင့် လှပတဲ့မျက်ဝန်းတစ်စုံအတွက်ဆို …
အရောင်လွင့်ပြီး ကြာရှည်မခံတဲ့ Eyeshadow များကြောင့် စိတ်ညစ်နေမယ့်အစား ရောင်စုံလှပစေမယ့် CATKIN Eyeshadow ကိုသာ ပြောင်းသုံးကြည့်လိုက်ပါ။
“လှပတဲ့မျက်ဝန်းတစ်စုံအတွက် CATKIN Eyeshadow”
19/11/2024
ပျိုမေတို့ရေ … CATKIN Products အားလုံးဟာ Cruelty Free ဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ ခြယ်သနိုင်တဲ့အပြင်…
အရည်အသွေးမီကုန်ကြမ်းများကိုအသုံးပြုပြီး ဂျပန်နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ထားတာကြောင့် Skin Type မရွေး အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီတော့ Cosmetic များရွေးချယ်အသုံးပြုတဲ့အခါမှာ Cruelty Free Products များဖြစ်တဲ့ အလှကုန်ပစ္စည်းများကို ဘာကြောင့်ရွေးချယ်အသုံးပြုသင့်လဲဆိုတာ ပြောပြပါရစေ။
Cruelty Free Products များဟာ (၁၀၀)ရာခိုင်နှုန်း တိရစ္ဆာန်များနဲ့စမ်းသပ်စစ်ဆေးထားခြင်းမရှိတဲ့ Products များဖြစ်တာကြောင့်
* Skin ကျန်းမာရေးအတွက် ပိုပြီးကောင်းမွန်စေပါတယ်။
* တစ်ဖက်ကကြည့်မယ်ဆိုရင် “တိရစ္ဆာန်များ”ကို ကာကွယ်ပေးရာ ရောက်ပါတယ်။
* Chemical Products များမပါဝင်တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးအတွက် များစွာအကျိုးရှိစေပါတယ်။
ပျိုမေတို့အားလုံး Cosmetic များရွေးချယ်အသုံးပြုတဲ့အခါမှာ အခုလိုမျိုး Cruelty Free ဖြစ်တဲ့ Products များကိုသာ ရွေးချယ်အသုံးပြုဖို့မမေ့ပါနဲ့နော်။
တကယ်လို့ Cruelty Free Products များကို ရွေးချယ်အသုံးပြုမယ်ဆိုရင်တော့ Skincare Grade အဆင့်ရှိတဲ့ CATKIN နဲ့သာရောင်စုံ ခြယ်သလိုက်ပါ…
“ရောင်စုံလှပနေ့ရက်များအတွက် CATKIN”
15/11/2024
မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေ့မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် လိုရာဆန္ဒများအားလုံးပြည့်ဝပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။
ပျော်ရွှင်စရာ တန်ဆောင်တိုင်အခါသမယလေး ဖြစ်ပါစေ။
Click here to claim your Sponsored Listing.
