Luci's Perfume House
“ သင့်စိတ်ကြိုက် Signature Scent တစ်ခုပိုင်ဆိုင်ဖို့ Luci’s Perfume House က ကူညီပေးပါရစေ။ ”
05/04/2026
For Sale -
Tom Ford Ombre leather Edp
Around 50ml left
Price - 350,000
Cash on Deli ရပါတယ် ။
From Mandalay.
For more info , message box
ဆက်သွယ်လို့ရပါတယ် ။
Have fun with great scents
05/04/2026
For Sale -
Prada Lhomme Edt
Around 80ml left
Price - 400,000
Cash on Deli ရပါတယ် ။
From Mandalay.
For more info , message box
ဆက်သွယ်လို့ရပါတယ် ။
Have fun with great scents
16/03/2026
“ Iris Note ကို Clean ဖြစ်တဲ့ ခံစားချက်ရချင်ရင်ဒီရေမွှေးကိုသုံး - Prada Lhomme Edt ”
-
ရေမွှေး စပြီး စိတ်ဝင်စားပြီဆိုတာနဲ့ Note ပေါင်းစုံ ၊ ရေမွှေးပေါင်းစုံကို ကလိချင်ကြတာ သဘာဝပါပဲ ။
အဲ့တော့ Note အရ လိုက်စမ်းကြည့်နေရင်းနဲ့ Iris Note ကို လှည့်လာပြီဆိုရင် Prada Lhomme Edt ကလဲ မပါမဖြစ် ညွှန်းပေးဖြစ်ရမဲ့ ရေမွှေးတလုံးထဲမှာပါတယ် ။ ဘာလို့လဲ ? ဘာလို့လဲဆိုရင် Iris Note က သဘာဝအားဖြင့် Lipstick , Cosmetic ဆန်တဲ့အနံ့တွေရှိသလို အခု Prada Lhomme မှာမြင်ရတဲ့ Soapy Clean ခံစားချက်ပိုရပြီး Fresh ဖြစ်တဲ့ ပုံစံမျိုးတွေလဲရှိတယ် ။ ( စကားချပ်အနေနဲ့ Powdery ဆန်တဲ့ Chocolate ဘက်ယိမ်းတဲ့ Iris တွေလဲ ရှိသေးတယ် )
ဆိုတော့ Iris Note စပြီးစမ်းမယ်ဆို Iris ရဲ့ အရှုပ်ပုံတွေထဲကမှ Fresh အဖြစ်ဆုံးမလို့ ကျွန်တော်တို့ အပူပိုင်းနိုင်ငံက လူတွေစပြီး စမ်းကြည့်လို့ရမဲ့ Prada Lhomme Edt ကို ညွှန်းပေးချင်တာ မှားမယ် မထင်ဘူး။ Prada Lhomme Edt က Clean ဖြစ်တဲ့ ဆပ်ပြာဆန်တဲ့ သန့်တဲ့ ခံစားချက်ကိုပေးတယ် ။
ဒါကိုမှ Iris note ဖြစ်တာက တကြောင်းမလို့ Citrus သံပုရာအနံ့ ရေမွှေးတွေထက်လဲ Performance ကောင်းမယ် ၊ တမူထူးခြားနေတဲ့ ခံစားချက်လဲရမဲ့ ရေမွှေးတစ်လုံးပေါ့ဗျာ ။
အလွယ်ပြောရရင် သန့်ရှင်းပြီး အနံ့က သူများထက်ထူးခြားရမယ် ၊ အနံ့ကလဲ လွယ်လွယ်မပျောက်သွားရဘူး ၊ ဒါဆိုရင်တော့ Prada Lhomme Edt ကို ရွေးလို့ရတယ်
စိတ်ဝင်စားလို့ Decant size လေးတွေ စမ်းချင်ရင် Prada Lhomme Edt ကို ကျွန်တော့်ဆီမှာ ဝယ်ယူအားပေးပြီး Support ပေးလို့ရပါတယ် ။ ဈေးနှုန်းကို comment မှာ ရေးပေးထားပါတယ် ။
မိတ်ဆွေတို့ရော Prada Lhomme Edt ကို သဘောကျလား ? ဘယ်လိုမြင်လဲ ဆိုတာကိုပြောပြပေးခဲ့ပါအုန်း
Have fun with great scents ✨
05/03/2026
❄️ Mont Blanc Legend Spirit - Hawas Ice ရဲ့ Designer Alternative
Hawas Ice ကို ဝယ်ဖို့ စဉ်းစားနေလား? ခဏလောက် ဒါလေးကို ကြည့်ကြည့်ပါဦး။ Mont Blanc Legend Spirit ဟာ Hawas Ice လိုမျိုး အေးမြဆန်းသစ်တဲ့ ခံစားချက်ကို ပေးနိုင်ရုံတင်မကဘဲ Designer Brand တစ်ခုရဲ့ ပိုမိုနုနယ်ပြီး စမတ်ကျတဲ့ ရနံ့မျိုးကို ပေးစွမ်းနိုင်လို့ပါ။
✨ The Scent Vibe:
Gummy Icy Feeling: ပုံထဲမှာ ပြောထားသလိုပဲ၊ ချိုအေးအေးနဲ့ လန်းဆန်းသွားစေမယ့် Gummy ခံစားချက်မျိုးကို တစ်နေကုန် ရရှိစေမှာပါ။
Classy & Fresh: Citrus နဲ့ Aquatic notes တွေ ပေါင်းစပ်ထားလို့ ရုံးသွားရင်းပဲဖြစ်ဖြစ်၊ အပြင်သွားရင်းပဲဖြစ်ဖြစ် လူအများကြားမှာ ထင်ပေါ်နေစေမယ့် ရနံ့မျိုးပါ။
Daily Wear: မန္တလေးလို ပူအိုက်တဲ့ မြို့မှာတောင် အနံ့က မပြင်းဘဲ သင်းသင်းလေးနဲ့ အေးမြနေစေမှာပါ။
ဒီရေမွှေးက "Perfume as accessible art" ဆိုတဲ့အတိုင်း လူတိုင်းလက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ အဆင့်အတန်းရှိတဲ့ ရနံ့ကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။
💰 Decant Price စျေးနှုန်းများ
5ml — 18,000 MMK
10ml — 35,000 MMK
30ml — 90,000 MMK
✅ Luci's Perfume House ကနေ 100% Authentic Decant ဖြစ်ကြောင်း အာမခံပါတယ်။
🚚 Cash on Delivery ရရှိနိုင်သလို မန္တလေးမြို့တွင်းဆိုရင် ပိုပြီးအဆင်ပြေစေမှာပါ။
လန်းဆန်းတဲ့ Icy Vibe ကို လိုချင်တယ်ဆိုရင်တော့ အခုပဲ Messenger ကနေ ဆက်သွယ်လိုက်ပါဗျာ။
📞 Contact: 09979202175, 09777609846
03/03/2026
🍵 Nishane Wūlóng Chá - နွေနေ့လယ်ခင်းရဲ့ အမောပြေ လက်ဖက်ရည်ကြမ်းတစ်ခွက်
ပူအိုက်လွန်းတဲ့ နွေရာသီမှာ ကိုယ့်ကိုယ်ကိုယ် အမြဲ Fresh ဖြစ်နေစေဖို့ဆိုရင် ဒီ Wulong Cha ထက် ကောင်းတာ မရှိသလောက်ပဲ။ နေပူထဲက ပြန်လာပြီး ရေခဲစိမ်ထားတဲ့ လက်ဖက်ရည်ကြမ်းတစ်ခွက်ကို သောက်လိုက်ရသလို လန်းဆန်းသွားစေမယ့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်တဲ့ ရေမွှေးဆိုရင် မမှားဘူး
🍃 About the scent -
ပုလင်းဖွင့်လိုက်တာနဲ့ လတ်ဆတ်တဲ့ Bergamot နဲ့ Orange ရနံ့တွေက စိတ်ကို ချက်ချင်း ကြည်လင်သွားစေတယ်။ အဲ့ဒီနောက်မှာ ပါးပါးကြည်ကြည်လေး ထွက်လာတဲ့ Oolong Tea ရနံ့က တည်ငြိမ်ပြီး Luxury Vibe ကို ပေးပါတယ်။ ပိုထူးခြားတာက Fig (သဖန်းသီး) ရနံ့လေး ပါးပါးလေးနဲ့မလို့ အသားနဲ့ ထိလိုက်ရင် နူးညံ့ပြီး အေးအေးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ရနံ့အဖြစ် မျိုးကို မြင်ရမယ် ။
✨ ဘာကြောင့် Wulong Cha ကို ရွေးသင့်တာလဲ?
Extreme Freshness: Citrus နဲ့ Tea notes တွေကြောင့် ဘယ်လောက်ပဲ အပူရှိန်ပြင်းပါစေ စိတ်ကို ကြည်လင်နေစေတယ် ။
Exceptional Performance: များသောအားဖြင့် Fresh ရနံ့တွေက ခံနိုင်ရည် (Longevity) နည်းတတ်ပေမယ့် ဒါကတော့ *Extrait* de Parfum ဖြစ်လို့ တစ်နေကုန် ခံပါတယ်။
Unisex Appeal: ယောကျာ်းလေးရော မိန်းကလေးပါ ဆွတ်ပျံ့လို့ရတဲ့ Clean & Classy ရနံ့မျိုး ၊
ဒီအနုပညာဆန်တဲ့ ရနံ့လေးကို လူတိုင်း လက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ စမ်းသပ်ကြည့်နိုင်ဖို့ Luci’s Perfume House ကနေ Decant လေးတွေ ဝယ်ယူအားပေးလို့ရပါတယ်။
💰 Decant Prices
5ml — 55,000 MMK
10ml — 100,000 MMK
30ml — 285,000 MMK
✅ 100% Authentic Decant ဖြစ်ကြောင်း အပြည့်အဝ အာမခံပါတယ်။
🚚 Cash on Delivery ရရှိနိုင်လို့ စိတ်ချလက်ချ မှာယူနိုင်ပါတယ်။
ပူအိုက်တဲ့ ရာသီမှာ အေးမြတဲ့ အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ဖို့ အခုပဲ Messenger ကနေဖြစ်ဖြစ်၊ ဖုန်းကနေဖြစ်ဖြစ် ဆက်သွယ်လိုက်ပါခင်ဗျာ။
Have fun with great scents ✨
📞 Contact: 09979202175, 09777609846
02/03/2026
Hello Guys , It's been awhile 👋
ကျွန်တော့် ရေမွှေး page လေး active မဖြစ်နေတာ အရမ်းကြာသွားပြီ ၊ but Now we're back !!!
Luci's Perfume House မှ လတ်တလော ရနိုင်တဲ့
Decant list လေးတွေကို ပြန်တင်ပေးလိုက်ပါတယ်
Have fun with great scents.
Order & Contact
📞 09 979 202 175
💬 Messenger / Viber / Telegram – same number
📦 5ml / 10ml / 30ml available
🚚 Cash on Delivery available
Luci's Perfume House.
“အသိပေးကြေငြာခြင်း”
Luci's Perfume House Founder ကိုညီလင်းဖေသည် Personal Case တစ်ခုကြောင့် ရက်သတ္တပတ် အနည်းငယ်ခန့်လောက် Page, Acc နဲ့ Phone မှာပါ Active ဖြစ်နိုင်ဦးမည်မဟုတ်ပါ။ ရေမွှေးနှင့်ပက်သက်သော အရောင်းအဝယ်ကိစ္စများ၊ Page မှ ပေးထားသော G.A ကိစ္စများ အနည်းငယ် ကြန့်ကြာနေနိုင်ပါသည်။
သို့ဖြစ်ပါ၍ အကြောင်းအမျိုးမျိုးဖြင့် စောင့်ဆိုင်းနေကြသော Customers များအားလုံးနှင့် လုပ်ဖော်ကိုင်ဖက်များကို အခြား Admin တစ်ဦးမှ မကြာခင် ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပြီး ယခုလို ဖြစ်ရခြင်းအတွက်လည်း အနူးအညွှတ်တောင်းပန်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
20/12/2025
🎄 The Soul of Leather: Tom Ford Ombré Leather (Christmas Giveaway) ✨
ခရစ်စမက် လက်ဆောင်တွေထဲမှာ Tom Ford Ombré Leather ထက် ပိုပြီး သဘောကျဖို့ကောင်းတာ၊ ပိုပြီး အမှတ်တရ ဖြစ်စေမှာ မရှိသလောက်ပါပဲ။ ဒါဟာ ရိုးရိုး Leather ရနံ့ မဟုတ်ဘဲ ဝတ်ဆင်သူရဲ့ Character ကို ပိုပြီး ပေါ်လွင်စေတဲ့ "Statement Scent" တစ်ခု လို့ပြောရင် မမှားဘူး ။
✨ Scent Profile (အနံ့အကြောင်း အတိုချုပ် ) -
The Opening: ပထမဆုံး ဖြန်းလိုက်တာနဲ့ Cardamom (ဖာလာစေ့) ရဲ့ ပူနွေးပြီး အမွှေးအကြိုင်ဆန်တဲ့ ရနံ့က ဆောင်းတွင်းရဲ့ အအေးဓာတ်ကို အန်တုလိုက်သလို ခံစားချက်မျိုး ပေးတယ်။
The Heart: ခဏအကြာမှာတော့ ဒီရေမွှေးရဲ့ အသက်ဖြစ်တဲ့ Black Leather ရနံ့က တကယ့်ကို သဘာဝကျကျနဲ့ ထင်ရှားလာတယ်။ ဒါပေမဲ့ ပြင်းရှရှ Leather မျိုး မဟုတ်ဘဲ Jasmine Sambac ရဲ့ ပန်းရနံ့ ခပ်ပါးပါးလေး နှောနေလို့ အရမ်းကို Smooth ဖြစ်ပြီး Sexy တဲ့ပုံစံမျိုး ။
The Dry Down: အချိန်ကြာလာလေလေ Patchouli, Moss နဲ့ Amber တို့ရဲ့ မြေနံ့၊ သစ်သားနံ့ ခပ်နွေးနွေးလေးတွေနဲ့ ပေါင်းစပ်သွားပြီး လူကို တည်ငြိမ်ရင့်ကျက်တဲ့ Vibe မျိုး အပြည့်အဝ ခံစားရတယ် ။
ဆိုတော့ ဒါက ကျွန်တော်ခံစားမိတာလေးပေါ့ ၊ Giveaway အကြောင်းကို ဆက်ဖတ်လို့ရပါပြီ ။
---
🎁 Luci's Christmas Giveaway (ကံထူးရှင် ၃ ဦး) 🎁
ဒီနှစ်ကုန်မှာ ကျွန်တော့်ရဲ့ Page ကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ Perfume Lovers တွေအတွက် ဒီ Masterpiece ရနံ့ (5ml Decant) ကို လက်ဆောင်ပေးသွားမှာပါ။
📌 ပါဝင်ကံစမ်းရန် စည်းကမ်းချက်များ:
1. Like & Follow: Luci's Perfume House Page ကို Like & Follow လုပ်ထားပါ။
2. Public Share: ဒီ Post ကို ကိုယ့်ရဲ့ Timeline မှာ Public နဲ့ Share ပေးပါ။ (Share တဲ့အခါ Page ရဲ့ Review တွေ သို့မဟုတ် Edit လေးတွေအပေါ် အမြင်လေး တစ်ခုခု ရေးပေးဖို့ တောင်းဆိုချင်ပါတယ်)။
3. The Vibe Question: အောက်က မေးခွန်းလေးကို Comment မှာ သေချာလေး ဖြေပေးပါ -
"Tom Ford Ombré Leather ကို ဖြန်းလိုက်ရင် မိတ်ဆွေစိတ်ထဲမှာ ဘယ်လို Vibe မျိုးကို ပိုပြီး မြင်ယောင်မိလဲ?
Biker Vibe - လမ်းပေါ်မှာ ဆိုင်ကယ်တစ်စီးနဲ့ ခပ်မိုက်မိုက် လွတ်လပ်စွာ မောင်းနှင်နေတဲ့ Character လား?
The Gentleman - ကားအကောင်းစားပေါ်မှာ တိတ်ဆိတ်တည်ငြိမ်ပြီး အဆင့်အတန်းရှိနေတဲ့ Gentleman အထာလား?
( သို့မဟုတ် )တခြား ဘယ်လို Vibe မျိုး ရတယ်လို့ ခံစားရလဲ? (အကြောင်းပြချက်လေးပါ တစ်ခါတည်း ရေးပေးခဲ့ပါအုန်းနော် )
(မှတ်ချက် - Tag တွဲခြင်းကိုတော့ Optional အနေနဲ့ပဲ ထားပေးထားပါတယ်။ ရေမွှေးကြိုက်တဲ့ သူငယ်ချင်းတွေကို Tag တွဲပြီး ခေါ်ပေးရင်တော့ ပိုကောင်းတာပေါ့ဗျာ)
📅 Winner Announcement: [25.12.25] ညမှာ အဖြေတွေကို သေချာဖတ်ပြီး တကယ်စိတ်ဝင်စားသူ (၃) ဦးကို ရွေးချယ်သွားပါမယ်။
"Don't just wear a scent, wear an attitude."
အားလုံးပဲ ကံကောင်းကြပါစေဗျာ! 🎄✨
Have fun with great scents ✨
20/12/2025
3 Scents, 3 Different Vibes —
ဘယ်ရနံ့က သင့်အတွက်လဲ? ”
ရေမွှေးဆိုတာ ကိုယ်သွားမယ့်နေရာ၊ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ကိုယ့်ရဲ့ Mood ပေါ်မူတည်ပြီး ရွေးချယ်သင့်တဲ့ အနုပညာတစ်ခုပါ။ အခုလက်ရှိ လူကြိုက်အများဆုံးနဲ့ Vibe မတူညီတဲ့ ရေမွှေး (၃) မျိုးကို အနှစ်ချုပ်ပြီး ပြန်ညွှန်းပေးလိုက်ပါတယ်။
✨ ၁။ Diptyque L'Eau Papier (The Minimalist)
Vibe - သန့်ရှင်းတယ်၊ အေးချမ်းတယ်၊ အဆင့်အတန်းရှိတဲ့ စာအုပ်အသစ်စက်စက်နံ့မျိုး။
လိုက်ဖက်မှု - ရုံးတက်၊ ကျောင်းတက်နဲ့ လူအများကြားမှာ မသိမသာလေးနဲ့ ဆွဲဆောင်မှုရှိနေချင်သူများအတွက်။
(Review အပြည့်အစုံကို အရင် Post မှာ ဖတ်နိုင်ပါတယ်။)
🔥 ၂။ Tom Ford Ombré Leather (The Bold)
Vibe - ခပ်မိုက်မိုက် Leather Jacket တစ်ထည်လို ယောကျာ်းပီသပြီး Sexy ကျတဲ့ Vibe။
လိုက်ဖက်မှု - ညဘက် Night out တွေ၊ ပွဲတက်တွေနဲ့ Confidence အပြည့် ရှိနေချင်တဲ့ အချိန်တွေအတွက်။
(Review အပြည့်အစုံကို အရင် Post မှာ ဖတ်နိုင်ပါတယ်။)
🍍 ၃။ Nishane Hacivat (The Powerhouse)
Vibe - လန်းဆန်းတဲ့ နာနတ်သီးရနံ့နဲ့ တည်ငြိမ်တဲ့ Woody အနံ့တို့ရဲ့ အကောင်းဆုံးပေါင်းစပ်မှု။
လိုက်ဖက်မှု - Performance အကောင်းဆုံးကို ရှာနေသူတွေနဲ့ "Alpha" Vibe လိုချင်သူတွေအတွက် အသင့်တော်ဆုံး။ (Review အပြည့်အစုံကို အရင် Post မှာ ဖတ်နိုင်ပါတယ်။)
Decant Price List:
💰 L'Eau Papier / Ombré Leather:
5ml - 45,000 |
10ml - 85,000 |
30ml - 235,000 MMK
💰 Nishane Hacivat:
5ml - 48,000 |
10ml - 95,000 |
30ml - 265,000 MMK
💯 100% Authentic Decant စစ်စစ်တွေကိုပဲ စိတ်ချလက်ချ မှာယူနိုင်ပါတယ်။ အနံ့အကြောင်း အသေးစိတ် သိချင်ရင်လည်း Message Box မှာ လာရောက် ဆွေးနွေးလို့ ရပါတယ်ဗျ။
📩 မှာယူရန် - Message Box
📞 Ph - 09979202175, 09777609846
Have fun with great scents ✨
19/12/2025
“ Tom Ford Ombré Leather: အဆင့်အတန်းမြင့်တဲ့ Leather Jacket တစ်ထည်ရဲ့ ရနံ့ ”
"Sensual, Leather and Warm" — Ombré Leather ဆိုတာ ခပ်မိုက်မိုက် Leather Jacket အသစ်စက်စက် တစ်ထည်ကို ဝတ်လိုက်ရသလိုမျိုး ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ရေမွှေးလို့ အမွှန်းတင်နိုင်တယ် ။ Tom Ford ရဲ့ Masterpiece တွေထဲမှာမှ ဆွဲဆောင်မှုအရှိဆုံးနဲ့ Sexiest အဖြစ်ဆုံး ရနံ့တစ်ခုလို့ ပြောရင် မမှားပါဘူး။ ( ဆွတ်ရလဲ လွယ်တဲ့ Leather အနံ့တစ်ခုဆိုတာလဲ ငြင်းမရတဲ့အချက်ပါ )
✨ အနံ့အကြောင်း (Scent Profile)
သူ့ရဲ့ အဖွင့်မှာ Cardamom ရဲ့ အမွှေးအကြိုင်နံ့လေးနဲ့ စတင်ပြီး ခဏအကြာမှာတော့ အဓိကဇာတ်လိုက်ဖြစ်တဲ့ Black Leather ရနံ့က တကယ့်ကို သဘာဝကျကျနဲ့ ထွက်ပေါ်လာပါတယ်။ Dry down ရောက်လေလေ Amber နဲ့ Moss တို့ရဲ့ နွေးထွေးတဲ့ ရနံ့တွေ ပေါင်းစပ်သွားပြီး အေးစိမ့်စိမ့်နဲ့ လူကို တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိနေစေမယ့် Vibe မျိုးကို ပေးပါတယ်။
Performance -
Tom Ford ဖြစ်တဲ့အတွက် Performance ကတော့ စိတ်ချရပါတယ်။ တစ်ခါဖြန်းထားရင် ၈ နာရီကနေ ၁၀ နာရီဝန်းကျင်အထိ အနံ့က တော်တော်လေး ကျန်နေမှာဖြစ်ပြီး Projection လည်း တော်တော်လေး ကောင်းပါတယ်။
👤 ဘယ်သူတွေနဲ့ လိုက်ဖက်လဲ?
- ခပ်မိုက်မိုက် ခပ်လန်းလန်း (Bad Boy/Cool Girl) Vibe မျိုး ကြိုက်သူများ။
- ညဘက် Date Night တွေ၊ Night Out တွေနဲ့ Party ပွဲတွေမှာ အထာကျကျ ရှိနေချင်သူများ။
- အေးမြတဲ့ ရာသီဥတု ဒါမှမဟုတ် Aircon ခန်းထဲမှာ အလုပ်လုပ်ရတဲ့သူတွေအတွက် အသင့်တော်ဆုံးပါ။
- Unisex ဖြစ်လို့ ယောကျာ်းလေးရော မိန်းကလေးပါ ဝတ်ဆင်နိုင်ပေမဲ့ Masculine ဘက်ကို နည်းနည်း ပိုယိမ်းတယ်တော့ ပြောလို့ရတယ် ။
ဘာကြောင့် Decant နဲ့ အရင်စမ်းသင့်တာလဲ?
Leather ရနံ့တွေဟာ လူတိုင်းနဲ့ အသားကျဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် Full Bottle မဝယ်ခင်မှာ -
ကိုယ့်အသားနဲ့ Leather ရနံ့က တကယ်လိုက်ဖက်ရဲ့လားဆိုတာ သိရမယ်။
- ဒီရနံ့က ကိုယ်နေ့တိုင်း ဖြန်းနိုင်တဲ့ အနံ့မျိုး ဟုတ်၊ မဟုတ် စမ်းသပ်နိုင်မယ်။
- အိတ်ထဲဆောင်သွားပြီး ညဘက်ပွဲတွေသွားခါနီးမှ ထပ်ဖြန်းဖို့ အဆင်ပြေမယ်။
Decant Price
5ml — 45,000 MMK
10ml — 85,000 MMK
30ml — 235,000 MMK
🔥 Special Offer: ပထမဆုံး အမြန်ဆုံး ဝယ်ယူသူ ၃ ယောက်အတွက် 10ml ကို 79,000 MMK ထဲနဲ့ ရရှိပါမယ်။
💯 100% Authentic Decant စစ်စစ်ကိုမှ Starting 29,000 Ks (3ml size) ကနေ စပြီး စမ်းသုံးကြည့်လို့ ရပါပြီ။
📩 မှာယူရန် - Message Box
📞 Ph - 09979202175, 09777609846
Have fun with great scents ✨
19/12/2025
“Nishane Hacivat - Better than Creed Aventus”
"The King of Pineapple & Oakmoss" — Hacivat ဆိုတာနဲ့ လူတိုင်းပြေးမြင်တာက လန်းဆန်းတဲ့ နာနတ်သီးရနံ့နဲ့ တည်ငြိမ်တဲ့ Woody သစ်သားရနံ့တို့ရဲ့ အကောင်းဆုံး ပေါင်းစပ်မှုပဲ ။ Niche လောကမှာ "Beast Mode" လို့ တင်စားရလောက်အောင် Performance ကောင်းလွန်းတဲ့ Masterpiece လို့ တင်စားလို့ရမလားပဲ။
✨ အနံ့အကြောင်း (Scent Profile)
Hacivat ကို စဖြန်းလိုက်တာနဲ့ လန်းဆန်းတက်ကြွစေတဲ့ Pineapple, Grapefruit နဲ့ Bergamot ရနံ့တွေက စပြီး တိုးထွက်လာမယ်။ Dry down မှာတော့ Jasmine ရဲ့ နူးညံ့မှုနဲ့အတူ Cedarwood, Patchouli တို့ရဲ့ တည်ငြိမ်တဲ့ရနံ့တွေ ထွက်လာပြီး Base note မှာတော့ Hacivat ရဲ့ Signature ဖြစ်တဲ့ Oakmoss (ရေညှိ) ရနံ့က တကယ်မိုက်တဲ့ Fresh Woody Combo vibe တစ်ခုကို ဖန်တီးနိုင်လိုက်တယိလို့ပြောရမှာပေါ့ ။
Performance -
ဒါကတော့ ပြောစရာမလိုအောင်ကို ကောင်းတာပါ။ အနံ့က အရမ်းကို သိသာထင်ရှား (Loud) ပြီး ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်ပါတယ်။ တစ်ခါဖြန်းထားရင် ၈ နာရီကနေ ၁၂ နာရီကျော်အထိ အေးအေးဆေးဆေး ခံတဲ့ Beast Mode ကိုမှ Daily wear/ Fresh အမျိုးစားမို့ ရှယ်ပါပဲ ။
👤 ဘယ်သူတွေနဲ့ လိုက်ဖက်လဲ?
- Confidence အပြည့်နဲ့ Smart ဖြစ်တဲ့ ပုံစံမျိုး ကြိုက်တဲ့သူ ၊ လူကြားထဲရောက်ရင် ကိုယ့်ရနံ့က သိသိသာသာ ထင်းနေစေချင်သူများ။
- ရုံးတက်၊ Business Meeting နဲ့ ပွဲလမ်းသဘင် (Formal & Casual) နေရာမျိုးစုံအတွက် အံကိုက်ပါပဲ။
Unisex ဖြစ်ပေမဲ့ ပိုပြီး Masculine ဘက်ကို သွားလို့ အမျိုးသားတွေကြားမှာ မရှိမဖြစ်လို့ပြောချင်တယ် ။
ဘာကြောင့် Decant နဲ့ အရင်စမ်းသင့်တာလဲ?
- Nishane လို Niche brand တွေဟာ Full Bottle ဈေး အရမ်းမြင့်တာကြောင့် Decant နဲ့ စမ်းကြည့်တာက အကောင်းဆုံးပါ။
- ကိုယ့်အသားနဲ့ တကယ်လိုက်၊ မလိုက် (Skin Chemistry) ကို အရင်သိရမယ်။
- Budget အများကြီး မသုံးရဘဲ Luxury ရနံ့ကို ခံစားရမယ်။ နောက်ပြီးတော့ ခရီးဆောင်သွားရင်လည်း သယ်ရလွယ်ကူပါတယ်။
Decant Price
5ml — 48,000 MMK
10ml — 95,000 MMK
30ml — 265,000 MMK
🔥 Special Offer: ပထမဆုံး (၃) ယောက်စာအတွက် 10ml ကို 85,000 MMK ထဲနဲ့ ရရှိပါမယ်။
💯 100% Authentic Decant စစ်စစ်ကိုမှ Starting 48,000 Ks ကနေ စပြီး စမ်းသုံးကြည့်လို့ ရပါပြီ။
📩 မှာယူရန် - Message Box
📞 Ph - 09979202175, 09777609846
Have fun with great scents ✨ ”
18/12/2025
“ Diptyque L'Eau Papier: စက္ကူဖြူပေါ်က မှော်ဆန်တဲ့ ရနံ့ဖန်တီးမှု ”
"Paper, Ink and White Musk" — စက္ကူဖြူတစ်ချပ်ပေါ်မှာ မှင်စက်တွေနဲ့ ပုံဖော်လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အနုပညာဆန်တဲ့ ရနံ့။ L'Eau Papier ဟာ Diptyque ရဲ့ အသစ်ထွက်ရှိထားတဲ့ ရနံ့တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အထူးခြားဆုံးထဲက တစ်ခုပါ။
✨ အနံ့အကြောင်း Short to the point (Scent Profile)
L'Eau Papier ရဲ့ အဓိက အနှစ်သာရက White Musk ၊ ဒါပေမဲ့ သာမန် Musk တွေလိုမဟုတ်ဘဲ Steamed Rice (ထမင်းနွေးနွေးလေးရဲ့ အနံ့) နဲ့ Roasted Sesame (နှမ်းလှော်နံ့) လေးတွေ ပါဝင်လို့ အရမ်းကို နွေးထွေးပြီး ဆွဲဆောင်မှုရှိပါတယ်။ Dry down မှာတော့ Mimosa ရဲ့ ပန်းရနံ့အဖျော့လေးနဲ့ သစ်သားနံ့ (Woody notes) လေးတွေ ပေါင်းစပ်သွားပြီး ကိုယ်သင်းနံ့လေးလိုမျိုး Clean ဖြစ်နေစေမှာပါ။
Performance -
အနံ့က အရမ်းကြီး "loud" ဖြစ်မနေဘဲ ကိုယ့်အနားကပ်မှ ရမယ့် Skin Scent အမျိုးအစား ၊ ဖြန်းထားမှန်း မသိသာဘဲ "အနံ့လေးက ကောင်းလိုက်တာ" လို့ အပြောခံရမယ့် ရနံ့မျိုးဖြစ်ပြီး ၆ နာရီကနေ ၈ နာရီဝန်းကျင်အထိ အနံ့က တော်တော်ကျန်တယ်။
👤 ဘယ်သူတွေနဲ့ လိုက်ဖက်လဲ?
Minimalist စတိုင် ကြိုက်သူများ။
အနံ့ပြင်းပြင်းတွေကြောင့် ခေါင်းမူးတတ်ပြီး သန့်ရှင်းအေးမြတဲ့ အနံ့ကိုမှ နွေးထွေးမှုလေးပါတာမျိုး ရှာနေသူများ။
ရုံးတက်၊ ကျောင်းတက် (Daily wear) အတွက် အဆင့်အတန်းရှိတဲ့ ရနံ့မျိုး လိုချင်သူများ။
Unisex ဖြစ်လို့ ကျား/မ မရွေး ဆွဲဆောင်မှုရှိရှိ သုံးချင်တဲ့သူတွေ ရွေးချယ်လို့ကောင်းပါတယ် ။
ဘာကြောင့် Decant နဲ့ အရင်စမ်းသင့်တာလဲ?
Diptyque လို Designer/Niche brand တွေဟာ Full Bottle ဈေး အလွန်မြင့်ပါတယ်။ ဒါ့အပြင် အမွှေးနံ့သာဆိုတာ လူတစ်ယောက်ချင်းစီရဲ့ Skin Chemistry ပေါ်မူတည်ပြီး အနံ့ထွက်ပုံ ကွာခြားနိုင်လို့ Decant နဲ့ အရင်စမ်းသပ်တာက
- ကိုယ့်အသားနဲ့ တကယ်လိုက်၊ မလိုက် သိရမယ်။
- ငွေကုန်ကြေးကျ သက်သာမယ်။
- အိတ်ဆောင်ဆောင်သွားပြီး လိုအပ်ရင် ထပ်ဖြန်းရလွယ်ကူမယ်။
Decant Price
10ml — 85,000 MMK
5ml — 45,000 MMK
30ml — 235,000 MMK
🔥 Special Promotion: ပထမဆုံး အမြန်ဆုံး ဝယ်ယူသူ 3 ယောက်အတွက် 10ml ကို 79,000 MMK ထဲနဲ့ ရရှိပါမယ်။
💯 Authentic စစ်စစ်ကိုမှ သင့်တင့်တဲ့ဈေးနှုန်းနဲ့ စမ်းသုံးကြည့်ဖို့ အကောင်းဆုံးအချိန်ပါပဲ။
📩 မှာယူရန် - Message Box
📞 Ph - 09979202175, 09777609846
Have fun with great scents ✨
Click here to claim your Sponsored Listing.
