Emergency Management Committee.MDY
EMC-Mandalay is a community-led humanitarian organization providing emergency response in high-risk areas of the Mandalay Region.
We turn humanitarian commitment into action through strategic coordination and operational flexibility.
22/05/2026
ပြည်သူ့မေတ္တာ ပြည်သူ့ထံသို့...
အလှူရှင်များ၏ စေတနာများ မြေပြင်အရောက် ပေးပို့လှူဒါန်းနိုင်ခဲ့ပါပြီ ။
အလွန်ပူပြင်းတဲ့ ရာသီဥတုနဲ့ ပြင်းထန်လာတဲ့ အခက်အခဲတွေကြားထဲမှာ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မန္တလေးဒေသ၊မြင်းခြံခရိုင်ရှိ ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူအိမ်ထောင်စု (၂၀၈၁ စု) အတွက် အရေးပေါ်လိုအပ်နေသော စာရေးရိက္ခာဆန်၊ဆီများကို မြို့နယ်လူသားစာ/နာ တာဝန်ခံများ နှင့် EMCမှမြေပြင်Teams များနှင့်အတူ သွားရောက်လှူဒါန်းခဲ့ကြပါသည်။
ကိုယ်တိုင်လည်း ခက်ခဲနေတဲ့အချိန်မှာ တစ်ဖက်က ပြည်သူတွေအတွက် ကိုယ်ချင်းစာတရား ရှေ့ထားပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင် တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ သင့်ရဲ့ ကူညီပံ့ပိုးမှုဟာ သူတို့အတွက်တော့ တစ်နေ့တာ ဝမ်းရေးသာမကဘဲ ရှေ့ဆက်ရပ်တည်ဖို့ ကြီးမားတဲ့ ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။
လက်ရှိ မြေပြင်အခြေအနေအရ နေရပ်စွန့်ခွာရသူ အရေအတွက်ဟာ တစ်နေ့တခြား ပိုမိုများပြားလာနေပြီး လိုအပ်ချက်တွေကလည်း ဆက်လက်ရှိနေဆဲပါ။ ဒါကြောင့် နောက်ထပ် ထပ်မံကူညီပေးနိုင်ဖို့အတွက်-
ပါဝင်လှူဒါန်းလိုပါက - ကျွန်တော်တို့ရဲ့ Page Messenger သို့ တိုက်ရိုက် လာရောက်ဆက်သွယ်ပြီး စေတနာအလျောက် ပါဝင်လှူဒါန်းနိုင်ပါတယ်။
ကူညီမျှဝေပေးရန် - ဒီပိုစ့်လေးကို Share လုပ်ပေးခြင်းဖြင့်လည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေရဲ့ အသံကို အများသိရှိအောင် ကူညီဖေးမပေးနိုင်ပါတယ်။
ပြည်သူကသာ ပြည်သူ့အင်အားပါ။ ဆက်လက်ပြီးတော့လည်း အတူတကွ လက်တွဲကူညီပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
#မန္တလေးဒေသ_စစ်ဘေးရှောင်
#စားနပ်ရိက္ခာ_ဆန်_ဆီ
#စုပေါင်းအားဖြင့်_EMC
10/05/2026
ပြီးခဲ့သည့် ဧပြီလ မြန်မာနှစ်သစ်ကူး (သင်္ကြန်) ကာလအတွင်းမှာပင် စစ်ကောင်စီ (စကစ) ၏ ပစ်မှတ်ထား တိုက်ခိုက်မှုများ ရပ်တန့်ခဲ့ခြင်း မရှိပါ။ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် မြင်းခြံခရိုင် (၄) မြို့နယ်အတွင်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများစွာ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများ ကြုံတွေ့ခဲ့ရသည်။
မြေပြင်မှ ကောက်ယူရရှိထားသော အချက်အလက်များအရ ဧပြီလ တစ်လတာအတွင်း မြို့နယ်တစ်ခုချင်းစီအလိုက် ထိခိုက်/သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ စုစုပေါင်းအရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
📍 မြင်းခြံမြို့နယ် - ၃၀ ဦး
📍 ငါန်းဇွန်မြို့နယ် - ၂၃ ဦး
📍 တောင်သာမြို့နယ် - ၁၂ ဦး
📍 နွားထိုးကြီးမြို့နယ် - ၇ ဦး
ပိုမိုဝမ်းနည်းဖွယ်ကောင်းသည့် အချက်မှာ ယခုကဲ့သို့ စကစ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်သေဆုံးရသူများထဲတွင် ကာကွယ်စောင့်ရှောက်မှု အထူးလိုအပ်သည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အများအပြား ပါဝင်နေခြင်းပင် ဖြစ်သည်။ မည်သည့်အကြောင်းရင်းများကြောင့် ထိခိုက်သေဆုံးခဲ့ရသည်ဆိုသော အသေးစိတ် အချက်အလက်များကို ပူးတွဲပါ Infographic ပုံများတွင် လေ့လာကြည့်ရှုနိုင်ပါသည်။
ကျွန်ုပ်တို့ Emergency Management Committee-Mandalay (EMC-Mandalay) အနေဖြင့် ယခုကဲ့သို့ ထိခိုက်သေဆုံးခဲ့ရသည့် ပြည်သူများနှင့် မိသားစုဝင်များအတွက် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် လိုအပ်သော ငွေသားထောက်ပံ့မှုများကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြေပြင်တွင် အမှန်တကယ် အကူအညီလိုအပ်နေသူများစွာ ရှိနေသေးသဖြင့် ဤပံ့ပိုးမှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် မိဘပြည်သူများအနေဖြင့်လည်း စေတနာသဒ္ဓါတရား နည်းများမဆို Page Messenger မှတစ်ဆင့် ဆက်သွယ်ပါဝင်လှူဒါန်းပေးနိုင်ပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။
07/05/2026
လက်ရှိအချိန်မှာ မန္တလေးဒေသတစ်ဝိုက် စစ်ရေးအခြေအနေများ ပိုမိုပြင်းထန်လာတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ဟာ တစ်နေ့တခြား ပိုမိုများပြားလာနေပါတယ်။
တစ်ဖက်မှာလည်း အလွန်ပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် နေပူကျဲကျဲအောက်မှာ အမိုးအကာမဲ့စွာ နေထိုင်နေရတဲ့အပြင်၊ နေ့စဉ် အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံစားနပ်ရိက္ခာတွေပါ အလွန်လိုအပ်နေတဲ့ အခြေအနေဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ EMC-Mandalay မှ မြေပြင်မှာ အမှန်တကယ် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီ တိုက်ရိုက်ကူညီနိုင်ဖို့အတွက် အောက်ပါ အခြေခံလိုအပ်ချက်များကို အရေးပေါ် အလှူခံရခြင်းဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျာ။
📌 အဓိက လိုအပ်နေသော စားရေးရိက္ခာနဲ့ပစ္စည်းများ
🍚 ဆန် တစ်ပြည် ငါးထောင်ကျပ် ၊
🧴 စားသုံးဆီတစ်ဗူးကို ရှစ်ထောင်ကျပ် နှင့်
⛺ မိုးကာတစ်ချပ်လျှင် သုံးသောင်းကျပ်ဖြစ်ပါတယ်။
📩 ပါဝင်လှူဒါန်းလိုသော စေတနာရှင်များအနေဖြင့် Page Messenger (Chat Box) သို့ လာရောက်လှုဒါန်းမှုပြုနိုင်ပါတယ်ခင်ဗျာ။
ပြည်သူကသာ ပြည်သူ့အင်အားပါ။ ခက်ခဲနေချိန်မှာ နားလည်မှု၊ စာနာမှုတွေနဲ့ ဖေးမကူညီပေးကြတဲ့ အလှူရှင်တစ်ဦးချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
#မန္တလေးဒေသ_စစ်ဘေးရှောင်
#စားရေးရိက္ခာ_အမိုးအကာ
#စုပေါင်းအားဖြင့်_EMC
29/04/2026
မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူများအတွက်အမိုးအကာနှင့် စားရေးရိက္ခာများပါဝင်လှုဒါန်းနိုင်ပါပြီ
••••••••••~~~~~~~~~~••••••••••~~~~~~~~~~
အကြမ်းဖက်စစ်တပ်သည် နေ့စဉ် နေရာအနှံ့တွင်လေကြောင်းတိုက်ခိုက်ခြင်း၊လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊မီးရှို့ဖျက်ဆီးမှုများကို
လူမဆန်စွာ ကျူးလွန်နေသောကြောင့် ထိခိုက်သေဆုံးသော ပြည်သူလူထုမှာ တိုးပွါးလျက်ရှိပြီး အကူအညီများအများအပြား လိုအပ်လျက်ရှိပါသည်။
ထို့အတူ မန္တလေးဒေသတွင်လည်း လူအစုလိုက်အပြံုလိုက် အသ-တ်ခံရတဲ့ဖြစ်စဉ်(၆၃)ခု၊
လေကြောင်းတိုက်ခိုက်မှု (၁၆၀၀)ကျော်ကိုလည်း
ခံစားခဲ့ကြရသည်။
ထိုအထဲမှ မြင်းခြံဒေသသည်လည်း ယနေ့ထိတိုင်
ထိခိုက်ခံစားနေရပြီး ပြည်သူများသည်လည်း
နေရပ်စွန့်ခွါ၍ မိမိတို့ဒေသအတွင်း အလျင်းသင့်သလိုထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရစဉ်ကာလအတွင်း ပြည်သူများသည် စားရေးရိက္ခာ၊ဆေးဝါးနှင့် ယာယီခိုလှုံရာအမိုးအကာ စသည်တို့သည် အများပြားလိုအပ်လျက်ရှိပါသည်။
ထို့ကြောင့် ကျွုန်ုပ်တို့ အရေးပေါ်စီမံခန့်ခွဲရေးကော်မတီ-မန္တလေး (EMC-Mdy) အနေဖြင့်
စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်နေသော အရေးပေါ်ရိက္ခာနှင့်ယာယီခိုလှုံရာ မိုးကာများကို ပါဝင်လှူဒါန်းနိုင်ရန်အတွက် တိုက်တွန်းနှိူးဆော်လိုက်ရပါသည်။
ပါဝင်လှုဒါန်းမှုပြုချင်သူများအတွက်
-ဆန်(၁)ပြည် = ၅၀၀၀ကျပ်
-ဆီ(၁)ဘူး= ၈၀၀၀ကျပ်
-မိုးကာ(၁)ချပ်=၃၀၀၀၀ကျပ် နှုန်းဖြင့်
မိမိတို့တတ်နိုင်သမျှ ပမာဏနည်းများမဆိုပါဝင်
လှုဒါန်းနိုင်ပါတယ်ခင်ဗျာ။
ပါဝင်လှုဒါန်းခြင်ပါကEMC-Mdy ၏ page messenger မှတစ်ဆင့် ဆက်သွယ်ပြီးပါဝင် လှုဒါန်းနိုင်ပါပြီခင်ဗျာ။
#မန္တလေးဒေသ_စစ်ဘေးရှောင်
#အရေးပေါ်ရိက္ခာ_အမိုးအကာ
#စုပေါင်းအားဖြင့်_EMC
24/04/2026
📌ကော်ဖီခွက်နဲ့ အိတ် (ToteBag) တွေ Orderမှာထားတာလေးတွေ Deliveryနဲ့ စပို့ပေးပါတော့မယ်ဗျ။
📣ဝယ်ယူထားတဲ့ပစ္စည်းလေးတွေကို အိမ်အရောက်
Delivery service လေးနဲ့ ပို့ပေးမှာ ဖြစ်လို့ page messenger ကနေ ဝယ်ယူအားပေးနိုင်ပါပြီနော် ။
Price 💵
ခွက် - 280 Baht (Instock)
အိတ် - 390 Baht (Instock)
အရေးပေါ်စီမံခန့်ခွဲရေးကော်မတီ-မန္တလေး(EMC-MDY) သည် ၂၀၂၂ခုနှစ်၊ မန္တလေးဒေသတွင်အခြေပြုပြီး တော်လှန်ရေးကဏ္ဍအသီးသီးတွင် ပါဝင်နေကြသော အင်အားစုများဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
ဖွဲ့စည်းတည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိတိုင် ဒေသတွင်း ပြည်သူများခံစားနေရသောစစ်ဘေး၊ သဘာဝဘေးများကို ပြည်တွင်းပြည်ပအလှုရှင်များ၏စုပေါင်းထောက်ပံ့မှုများဖြင့် လူသားချင်းစာနာထောက်ထားမှု အကူညီများကို ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သည့် “စစ်ကိုင်းငလျင်” သဘာဝဘေးကြီးကြောင့် မန္တလေးဒေသတွင်း ပြည်သူလူထုများသည် အိုးမဲ့ အိမ်မဲ့ သေကြေပျက်စီးမှုများစွာ ခံစားခဲ့ရသော်လည်း ယနေ့အချိန်ထိ ထိရောက်သည့် ဖေးမကူညီမှုများ မလုံလောက်သေးဘဲ လိုအပ်နေဆဲဖြစ်သည်။
ထို့အပြင်(၅) နှစ်တာကာလအတွင်း မန္တလေးဒေသတွင် လူအစုအလိုက်အပြုံလိုက် အသ_တ်ခံရတဲ့ဖြစ်စဉ် (၆၃) ခု၊ လေကြောင်းတိုက်ခိုက်မှု (၁၆၀၀) ကျော် ကိုခံစားခဲ့ရပြီး လူသိန်းပေါင်းများစွာသည် နေရပ်စွန့်ခွါထွက်ပြေးနေကြရသည်။ ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများစွာသည် မိမိတို့ဒေသတွင်း အလျင်းသင့်သလိုထွက်ပြေးနေရပြီး စစ်တပ်၏ စဉ်ဆက်မပြတ် လိုက်လံတိုက်ခိုက်မှုကို တတ်စွမ်းသမျှတောင့်ခံကျော်ဖြတ်နေကြရဆဲဖြစ်သည်။
ထို့ကြောင့်ကျွန်ုပ်တို့ အရေးပေါ် စီမံခန့်ခွဲရေးကော်မတီ - မန္တလေး (EMC-MDY) အနေဖြင် ပြည်တွင်း၊ပြည်ပ အလှူရှင်များ၏ ဝိုင်းဝန်းထောက်ပံ့မှုများဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ထောက်ပံ့ပေးနေသော်လည်း အကြမ်းဖက်စစ်တပ်၏ နေ့စဉ် နေရာအနှံ့ တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးသော ပြည်သူလူထုမှာ တိုးပွါးလျက်ရှိပြီး အကူအညီ အများအပြားလိုအပ်လျက်ရှိနေပါသေးသည်။ တစ်ဦးတစ်ယောက်ချင်းမှသည် စုပေါင်းအားဖြင့် သဘာဝဘေးဒဏ်သင့် ပြည်သူများ၊ စစ်ရှောင်ပြည်သူများ အတွက် လိုအပ်သော အကူအညီများ ထောက်ပံ့ပေးကြပါရန် ထပ်ဆင့် တိုက်တွန်းအပ်ပါသည်။
#စုပေါင်းအားဖြင့်EMC
05/04/2026
Emergency Management Committee-Mandalay မှ ရံပုံငွေအဖြစ်ရောင်းချပေးနေတဲ့ "မယိုင်မလဲ" Merchandise ပစ္စည်းလေးတွေ ကိုဆက်လက်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
ဒီအမှတ်တရပစ္စည်းရောင်းချမှုမှရလာတဲ့ငွေကို
စစ်ဘေးနဲ့သဘာဝဘေးတွေကိုခံစားနေကြရတဲ့ပြည်သူတွေကို လူသားချင်းစာနာထောက်ထားရေးအကူအညီများအတွက် ရာနှုန်းပြည့် တိုက်ရိုက်အသုံးပြုသွားမှာဖြစ်ပါတယ်ခင်ဗျာ။
ရောင်းချပေးမယ့်ပစ္စည်းလေးတွေကတော့…
ကော်ဖီခွက်လေး နဲ့ အိတ် (ToteBag)ပဲဖြစ်ပါတယ်။
📌(အိတ်လေးကို ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့ Orderလေးကြိုတင်ပေးပါနော်…🤩)
📣ဝယ်ယူထားတဲ့ပစ္စည်းလေးတွေကို အိမ်အရောက်
Delivery service လေးနဲ့ ပို့ပေးမှာ ဖြစ်လို့ page messenger ကနေ ဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ။
Price 💵
ခွက် - 280 Baht (Instock)
အိတ် - 390 Baht (Order)
#မန္တလေး
#မယိုင်မလဲ
#စုပေါင်းအားဖြင့်_EMC
03/04/2026
"မယိုင်မလဲ - မြန်မာနိုင်ငံအလယ်ပိုင်းမှ (၁) နှစ်တာ ကြံ့ကြံ့ခံ မှတ်တမ်းများ”
ချင်းမိုင်မြို့ LanDinCafeမှာ၂၀၂၆မတ်လ(၂၈)နေ့တွင် “ငလျင်ဘေးအန္တရာယ် ၁ နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့် ရန်ပုံငွေရှာဖွေပွဲ” ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းက ပြည်သူတွေရဲ့ ၁ နှစ်တာ ကြံ့ကြံ့ခံနိုင်မှုတွေကို ဖော်ကျူးထားတဲ့ ဓာတ်ပုံတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ဆွေးနွေးပွဲစကားဝိုင်း၊ မြန်မာ့ရိုးရာအစားအသောက်နဲ့ လက်မှုပစ္စည်း အရောင်းဆိုင်တွေအပြင် စိတ်လှုပ်ရှာဖို့ကောင်းတဲ့ ကံစမ်းမဲ အစီအစဥ်တွေနဲ့ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ထိုပွဲက ရရှိတဲ့ ရန်ပုံငွေအလှုငွေနှင့်အမှတ်တရပစ္စည်းရောင်းချမှုများမှစုစုပေါင်း ဘတ်ငွေ (၄၈၃၇၀)ကိုရှိခဲ့ပြီး ရနှုန်းပြည့် (၁၀၀%) ကို လူသားချင်းစာနာထောက်ထားရေးကိစ္စများအတွက် စစ်ဘေး၊သဘာဝဘေးတွေကိုခံစားနေကြရတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့တဲ့နေရာမှာ တိုက်ရိုက်အသုံးပြုသွားမှာ ဖြစ်ပါတယ်။
လာရောက်အားပေးကူညီဝန်းရံကြတဲ့ တဦးတယောက်ချင်းစီအား လေးစားစွာဂုဏ်ပြုပါကြောင်း ကျွနု်ပ်တို့ EMC-Mandalay မှ ထပ်လောင်းကျေးဇူးတင်အပ်ပါတယ်ခင်ဗျာ။
#မယိုင်မလဲ
#မန္တလေး
#စုပေါင်းအားဖြင့်_EMC
31/03/2026
ငလျင် (၁) နှစ်ပြည့်အထိမ်းအမှတ်
ဓာတ်ပုံပြသရေးနှင့် ရန်ပုံငွေရှာဖွေရေးပွဲ
အထူးကံစမ်းမဲအစီစဉ်တွင် ကံထူးသူကိုကြေညာခြင်း
ပြည်သူချစ်သရုပ်ဆောင် ကိုဒေါင်း ကနေပြီး သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတချပ်ကို ကံထူးသူရဲ့ ဖုန်းအမျိုးအစားအလိုက် customize ဖန်တီးပေးမယ့် ဖုန်းကာဗာလေးကို "T…H…" က ကံထူးသွားပါတယ်ခင်ဗျာ။ 🎊🎉
ကံစမ်းမဲကံထူးသူနှင့်အတူ ပါဝင်ဝယ်ယူခဲ့ကြသော
တော်လှန်ပြည်သူတစ်ဦးချင်းစီအား ကျွန်ုပ်တို့ EMC-Mandalayမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်းကြေငြာအပ်ပါတယ်ခင်ဗျာ။🙏🏻🙏🏻
#မယိုင်မလဲ
29/03/2026
29/03/2026
Click here to claim your Sponsored Listing.
