Thet Htar
Thet Htar
07/12/2024
မနက်လေးနာရီ ရွှေသိမ်တော်ဘုရား
💓ပရိတ်ကြီး(၁၁)သုတ်
💓ပဌာန်း
💓ဓမ္မစကြာ
💓ခင်ပွန်းကြီးဆယ်ပါး ရွတ်ဖတ်ပူဇော် ခဲ့ပါသည်။
ပြု ပြု သမျှ ကုသိုလ် အစုစု ကို အဖေ နှင့် အတူ သုံးဆယ့်တစ်ဘုံကျင်လည်နေကြသော လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံးကို မေတ္တာပို့ အမျှပေးဝေပါ၏
#လိပ်ပြာလေး က ဘုရားစာအုပ် ပေါ် လာနားပြီး တရားနာ
05/12/2024
ရွှေရည် ရှိ ပေါက်စျေး အမြင့်ဆုံး ပေးပါတယ်
၁၄ပဲ၊၁၅ပဲ၊၁၆ပဲ အထည် များ
ဖြတ်စ နှင့်တခြား တံဆိပ်များလည်း ယူပါတယ်
လိုအပ်ရင် ဆက်သွယ်ပေးပါ🫶🏻
05/12/2024
🌼 ယက္ခအနွယ်ဝင်များ
ဗုဒ္ဓမြတ်စွာဘုရားရှင်
အားကိုယ်တိုင်ကိုယ်ကျ
စိတ်တိုင်းကျ
ကပ်လှူပူဇော်နိုင်ရန်အတွက်
ကန်တော့ပွဲဖြင့်
ကန်တော့၍ ပွဲ လှူဒါန်းပါသည်
🌷ယက္ခပွဲဖြင့်
ကိုယ်တိုင်လာရောက် လှူဒါန်းရသော
ကုသိုလ်ထူးကြောင့်
ငွေဝင်ကံပွင့်ကာ အလှူအတန်းကြီးများ
ပြုလုပ်နိုင်ပါစေ
🌺 စိတ်ကြံသမျှအောင်မြင်ပြီး
စီးပွားတိုးတက်ပါစေ၊ အရောင်းအဝယ်
များကောင်းပါစေ၊ အဆိုးများပယ်
ပျောက်ပါစေ၊ ကျန်းမာရွှင်လန်းကြပါစေ🌹
ကျန်းမာခြင်းကို ပိုင်ဆိုင်၍ စည်းစိမ်ဥစ္စာ
ပေါကြွယ်ဝပြီးအသက်ခန္ဓာ ကျန်းမာ
ခြင်းနှင့်ပြည့်စုံပြီးလျှင် ရွှေပြည့် ငွေလျှံ
သော ဘဝတွင် အထက်တန်းကျကျ
မျက်နှာပန်းလှလှ သာသနာပြုနိုင်ပါစေ
🙏🙏🙏 ဤကုသိုလ်အထောက်
အပံ့သည်ချက်ချင်းအကျိုးထူးပေးပါစေ
ထပ်တူထပ်မျှ သာဓုခေါ်နိုင်ကြပါစေ
ပဌာန်းဆက်တွေ....ပြုသမျှကုသိုလ်
သာဓု သာဓု သာဓု🙏🙏🙏
05/12/2024
ငါ့မှာအပြစ် လက်တစ်ဆစ်မျှမရှိဟုဆိုခဲ့သူ
#မန္တလေးဘိုးဘိုးကြီး
သူသည်ကား
မန္တလေးမြို့အတွက်
မင်းမိန့်ဖြင့် အစောင့်ချခံခဲ့ရသူ
မျိုးနွယ်က.......ပုဏ္ဏားမျိုး
နက္ခတ် ဝေဒ အတတ်ပညာဖြင့်
မင်းမှုထမ်းကြသည့်မျိုးရိုး။
ရှေးအစဥ်အလာအရ
မင်းတို့၏ အကြံပေး,အခါပေး။
သူ့မှာညီမနှစ်ယောက်ရှိတယ်။
တစ်ယောက်က အရပ်ပုပုခါးကုန်းကုန်းသွားလို့
#ရှင်ကွ
တစ်ယောက်က ငယ်စဥ်ကပင်ကျန်းမာရေးကြောင့်
ခန္ဓာကိုယ်အချိုးအစားမသန်စွမ်းသောငြား
ဉာဏ်အားဖြင့်ထက်မြက်သူ။
အိမ်တွင်းအောင်းလို့
#ဂူတော်ရှင်မမလေး
အနော်ရထာမင်း
စုက္ကတေးကိုတိုက်ဖို့
အချိန်အခါနေရာရွေးပေးခဲ့သူဘိုးဘိုး။
ကျေးဇူးကြီးလှသည်မို့
လူစွမ်းကောင်းဗျတ္တ၏ သားများ.....
လူမမယ်ကလေးဘဝ
ပုပ္ပါးကနေ နန်းတော်တွင်းအလည်ခေါ်လာလျှင်
ဘိုးဘိုးအိမ်တော်မှာပဲ
ဆော့ကစားဖို့
အနော်ရထာကိုယ်တိုင်က.....
အမိန့်ပေးခဲ့သူ။
အနေနီးတော့သံယောဇဥ်ကြီးဆိုသလို
ပုပ္ပါးသူမယ်ဝဏ္ဏ နှင့် သူတို့က
တောသွားလျှင် နားနေ။
မြို့တက်လျှင်ခိုနားဖြင့်
နှစ်အိမ်တစ်အိမ်သဘော
ဆွေမျိုးမိသားစုများပမာ။
ဘိုးဘိုးကြီး၏စာရေးတော်ကြီး
ကိုးကျောင်းတကာဦးသာနိုး+မဘို့မယ်တို့ကပါ
ရွှေဖျဥ်းညီနောင်တို့မိသားစုနှင့်
စားကြခင်ကြ....ရင်းနှီးကြတယ်။
နက္ခတ်ဗေဒင်ကောင်းကင်ကနေလတာရာမြင်ရာမှာ
#တစ်ဖက်ကမ်းခတ်သည့်ဘိုးဘိုးအား
သကျသာကီဝင်တွေကို
ဝိဋဋူဘသတ်ခဲ့ချိန်က
ပုဏ္ဏားတော်ပညာရှိကြီးက
လူမမယ်မင်းသားခလေးနှစ်ဦးကို
ခိုးယူထိမ်းသိမ်းကာ
ပညာအမွေပေး
#မောရိယနန်းဆက်
#အသောကမျိုးဆက်ထောင်ပေးသလို။
မင်းမျိုးမဟုတ်သည့်
လူစွမ်းကောင်းဗျတ္တ သားနှစ်ပါးအား
မင်းဖြစ်အောင်မြောက်လျှင်
ခက်ရချည်သား
စိုးရိမ်စိတ်များဖြင့်
သတ်ဖြတ်ဖို့ကြံစည်နေကြရင်း.......။
အကြောင်းတိုက်ဆိုင်လို့
မင်းနှစ်ပါးအသတ်ခံရရာနောက်
သူ၏ စာရေးဦးသာနိုး
သူ၏ ညီမပါ ကွပ်မျက်ခံရပြီး၊
သူ့ကိုဖမ်းဆီးထိမ်းသိမ်းရာမှာလည်း........
#ငါ့မှာအပြစ်လက်တစ်ဆစ်ရယ်မျှမရှိ.........
မင်းတို့သတ်လို့သေခဲ့ရလေက၊
#ဖြစ်လေရာဘဝ
#အပြစ်မဲ့သူဘက်က
#တရားမျှတမှုတောင်းခံလာလျှင်
#ကူညီခွင့်ရပါရစေကွ...... ဟုဆိုကာ
#လောကကိုတိုင်တည်သစ္စာစကားဆိုရင်း
လည်မြိုစင်း၍သတ်ခြင်းခံခဲ့ရလေသူ....
နောက်ဆုံးတော့
မင်းမိန့်ဖြင့်
မန္တလေးအရပ်မှာ
အစောင့်အရှောက်ထား
လူတို့ပူဇော်ပသခံယူရ၍
ပိုင်စားစေလို့
အမိန့်ပေးခံရသူ။
ယနေ့အထိ
အမိန့်ပြန်တမ်းမကျ၊
မြို့ကိုစောင့်ရင်း၊ကူညီနေရသူ။
မန္တလေးသူမန္တလေးသားတို့
ယုံကြည်လို့မိဘအဖိုးသဖွယ်တိုင်ပင်နေလေရသူ.....
04/12/2024
ဦးခန္တီ ရွတ်ဆိုပွားများသည့် ဂါထာ_တန်ခိုး
------------------------------------------------------------
ရသေ့ကြီးဦးခန္တီနဲ့ လှေသင်းမင်းကျောင်း ဆရာတော်တို့ အလှုပွဲတစ်ခုမှာ ဆုံကြတယ်။
လှေသင်းမင်းကျောင်းဆရာတော်က ❝ ရသေ့ကြီးက တန်ခိုးကြီးတယ် ပြောတယ်၊ တပည့်တော်ကို လက်တွေ့ ပြစမ်းပါ ❞ ဆိုတော့ ❝ အရှင်ဘုရား၊ ခဏစောင့်ပါ ဘုရား ❞ ပြောပြီး ဘုရားခန်းထဲမှာ (၄၅)မိနစ် ပုတီးစိပ်တယ်။
တစ်အောင့်ကြာတော့ ကျောင်းအောက်မှာ ဒကာတစ်ဦး ရောက်လာပြီး ❝ ရသေ့ကြီးဦးခန္တီ ရှိပါသလား ❞ မေးပြီး အပေါ် တက်လာတယ်၊ ပြီးတော့ ရွှေဒင်္ဂါး (၁၀၈)ပြား လှူသွားတယ် တဲ့။
ဒါနဲ့ ပဲ ရသေ့ကြီးကလည်း ❝ လှေသင်းမင်းကျောင်းဆရာတော်တို့လည်း ဘုန်းတန်ခိုးကြီးတယ် ကြားတယ်၊ တပည့်တော်များ မြင်ချင်ပါတယ် ဘုရား ❞ လို့ လျှောက်တယ် တဲ့။
အဲဒီအခါ ဆရာတော်ကလည်း ❝ ခဏစောင့်ပါ ရသေ့ကြီး ❞ လို့ပြောပြီး ဘုရားခန်းထဲဝင် (၄၅)မိနစ် ပုတီးစိပ်တယ် တဲ့။
တစ်အောင့်ကြာတော့ အောက်က လူတစ်ယောက် တက်လာပြီး ❝ လှေသင်းမင်းကျောင်းဆရာတော်ကို လှူချင်လို့ပါ ❞ ပြောပြီး သင်္ကန်း (၁၀၈)စုံ လှူသွားတယ် တဲ့။
ဒီလိုနဲ့ စကားပြောကြရင်း ❝ ရွတ်ဆိုပူဇော်တဲ့ ဂါထာအကြောင်း မေးကြတော့ (၂)ဦးစလုံး ပူဇော်တဲ့ဂါထာက တစ်ပုဒ်တည်း ဖြစ်နေတယ် ❞ တဲ့။
အဲဒီ ဂါထာက ..
~~~~~~~~~~~
❝ အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊
အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊
စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊
သုခ ဒံ ၊ သရဏံ ၊ ပဏာမာမိ ဇိနံ။ ❞
အထက်ပါ ဂါထာကိုသာ ရွတ်ဆိုပူဇော်ပါ။
အနက်ကို ရွတ်ဆိုရန် မလိုပါ။ အဓိပ္ပါယ် သိရန် ရေးပေးတာပါ။
~~~~~~~~~~ ။ ~~~~~~~~~~
၁။ အရဟံ( ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ) ပဏာမာမိ ( ရှိခိုးပါ၏။ )
၂။ ဗဟိ-အန္တ-ဇယံ( အတွင်း၊ အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၃။ သုဂတံ( ကောင်းသောစကားကို ဟောပြောတတ်သော
မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၄။ အမိတံ( မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသော
မြတ်စွာဘုရားကို) ပဏာမာမိ( ရှိခိုးပါ၏။ )
၅။ ဝိရဇံ( ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ) ပဏမာမိ( ရှိခိုးပါ၏။ )
၆။ လလိတံ( တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၇။ အတုလံ( အတုမရှိသော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၈။ စရဏံ( အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၉။ တိ-ဘဝူပ-သမံ( ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော
မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၁ဝ။ ယမကံ( ရေ၊ မီး အစုံအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၁၁။ သုခဒံ( ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၁၂။ သရဏံ( ကိုးကွယ်အားထားရာ ဖြစ်သော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၁၃။ ဇိနံ( မာရ်ငါးပါးကို အောင်မြင်သော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
ဤ ဂါထာကို ..
မနက်( ၉ )ခေါက်, နေ့( ၉ )ခေါက်, ည( ၉ )ခေါက် အမြဲ ရွတ်ဆို နိုင်ကြသလို ..
ဂါထာ တစ်ပုဒ် ပုတီးတစ်လုံးချခြင်းဖြင့် မိမိတို့ စွမ်းနိုင်သမျှ ပုတီး စိပ်နိုင် ကြပါတယ်။
အနည်းဆုံး (၄၅)မိနစ်ကြာအောင် စိပ်နိုင်လျှင် ပိုကောင်းပါတယ်။ ရွတ်ဆို ပူဇော်ပါက လာဘ်၊ လာဘ တိုးပွားကြောင်းကိုလည်း မှတ်သား သိရှိရပါတယ်။
ဘုရားရှင်၏ အပြင်ဂုဏ်တော် (၁၃)ပါးလို့လည်း ခေါ်ဆိုပါတယ်။
Credit
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
2641991
