Healthy&Happy

Healthy&Happy

Share

Hello😍

21/01/2025

"အကျိုးများလှတဲ့ ဆန်ဆေးရည်''
အကျိုးရှိစွာသုံးစွဲနည်း
🍚🍚🍚🍚🍚🍚🍚

ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်
ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်..

တရက်ကပဲ တနင်္ဂနွေကျန်းမာရေးအမေးအဖြေ
အစီအစဉ်တခုမှာ ဆန်ဆေးရေနဲ့ပက်သတ်ပြီး
မေးထားတာရှိလို့ ရေးဖို့ဖြစ်လာတယ်..

ဆန်ဆေးရေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်..

အာယုဗေဒဆေးကျမ်း၊တရုတ်ဆေးကျမ်းတွေမှာလည်း
ဆန်ဆေးရေရဲ့အာနိသင်တွေရေးထားတာရှိပါတယ်..

အသားအရေလှတာ၊ ဝက်ခြံပျောက်ကင်းတာ
ဆံသားကို နက်မှောင်သန်စွမ်းစေတာ စသည်ဖြင့်
အမျိုးမျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်..

ဆံသားနဲ့ ပက်သတ်ပြောရရင် (Huangluo) ရွာ
တရုတ်မျိုးနွယ်စု တစုဖြစ်တဲ့ (Yao) လူမျိုးစုတွေကို
ချန်ထားလို့မရပါ..

အဆိုပါ မျိုးနွယိစုဝင်တွေရဲ့ ပျမ်းမျှဆံပင်အရှည်ဟာ (၆)ပေ နီးပါးရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတောင် ထည့်သွင်းဖော်ပြခံရပါတယ်။ ထူးခြားချက်က အသက် (၈၀)ကျော်တဲ့ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး..

အဲလိုဆံသားတွေ နက်မှောင်သန်စွမ်းခြင်းရဲ့ နောက်ကွယ်အကြောင်းရာကို လေ့လာကြည့်တော့ ဆန်ဆေးရေကြောင့် ဖြစ်ပါသတဲ့..

ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေနဲ့လျှော်တဲ့အတွက် ဆံသားတွေ သန်စွမ်းနေရတာဖြစ်တယ်လို့ ဆိုကြပါတယ်..

ဆန်ဆေးရေမှာ ပါဝင်တာတွေ လေ့လာကြည့်တဲ့အခါ အာဟာရဓာတ်စုံတယ်။ vitamin C, vitamin A, vitamin E စတဲ့ သဘာဝအင်တီအောက်စီးဒင့်တွေပါသလို vitamin B1, B3, B5, B6 နဲ့folic acid စတာတွေ ပါလို့ အာဟာရဓာတ်စုံတယ်..

ဆန်ဆေးရေမှာပါတဲ့ (phenolic) နဲ့ (flavonoid)
ဓာတ်တွေက အရေပြားအတွက်ကောင်းမွန်တယ်..

နောက်ပြီး အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ magnesium, selenium, iron, phosphorous, manganese စတာ တွေကြွယ်ဝစွာ ပါဝင်ပြန်တယ်..

လေ့လာမှုတွေအရ ဆန်ဆေးရေမှာပါတဲ့ (inositol)
ဓာတ်က ဆံသားကို ပြန်လည်နက်မှောင်သန်စွမ်းစေတယ်..

(inositol)က ခေါင်းလျှော်ပြီးနောက်ပိုင်း ဆံသားထဲထိ ဝင်ရောက်ပြုပြင်နိုင်တယ်။ နောက်ပြီး ဆန်ဆေးရည်မှာပါတဲ့
အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးတယ်
ဆံသားကို ထူထပ်စေတယ်..

ဆန်ဆေးရေကို အာယုဗေဒဆေးနည်းအရ
အရေပြား ရောင်ရမ်းနာတွေမှာ အသုံးပြုတယ်..

အစိုဓာတ်ထိန်းပေးတယ်။ အနာကျက်စေတယ်
သွေးလည်ပတ်မှုအားကောင်းလို့ အမဲစက်တွေကို
လျှော့ပါးသက်သာစေတယ်..

အရေပြားခြောက်သွေ့ယားယံတဲ့အခါ သုံးနိုင်တယ်

နှင်းခူနာနဲ့ ဝက်ခြံတွေမှာလည်း သုံးတယ်

တချို့က နေလောင်တဲ့အခါ ဆန်ဆေးရေကို
ခပ်ပါးပါးလိမ်းပေးခိုင်းတယ်..

မျက်နှာမှာလိမ်းရင် အရေးအကြောင်းကင်းစင်ပြီး
အသားတင်းစေတယ်။ အသားဖြူစေတယ်..

အဝတ်တွေမှာလည်း ဒီတိုင်းပဲ။ ဆန်ဆေးရေနဲ့လျှော် မီးပူတိုက်ထားရင် တွန့်ခေါက်တာ သိပ်မရှိတော့ဘူး..

ဆန်ဆေးရည်ကို အချဉ်ဖောက်နိုင်ရင် ပိုကောင်းသေးတယ် အချဉ်ဖောက်တယ်ဆိုတာ အခန်းအပူချိန်မှာ
နည်းနည်းချဉ်လာသည်ထိ ခပ်ကြာကြာထားလိုက်တာကို ဆိုလိုတာ..

အဲလိုထားလိုက်ခြင်းအားဖြင့် vitamin B, vitamin E, allantonin, ferullic acids, pitera ဓာတ်တွေ
ပိုထွက်လာတယ်..

ဒီနောက်ပိုင်း အသားအရေတင်းရင်းတဲ့ ဆေးတွေမှာ piteraဓာတ်ကို အဓိကထားလာကြတယ်..

အာနိသင်က ဆဲလ်တွေကို ပြန်လည်နုပျိုစေတာ
သိထားလို့ပါ..

ဆန်ဆေးရေနဲ့ ပက်သတ်ပြီး အမျိုးမျိုးသုံးတယ်
🍚🍚🍚🍚🍚🍚🍚🍚🍚🍚🍚🍚

တချို့က မျက်နှာသစ်ကြတယ်

ရေချိုးကြတယ်

ခေါင်းလျှော်ကြတယ်

ဆန်ဆေးရေက အသားအရည်ကို
ကြည်လင်ဝင်းပစေတာ အမှန်ပဲ..

အသားလည်း ဖြူစေတယ်

အရေးအကြောင်းကင်းစင်စေတာမို့
ငယ်ရုပ်ဆင်တယ်ဆိုရင် မမှားပါ..

ဝက်ခြံအဆီထွက်များသူတွေမှာ သုံးရင် မွှေးညှင်းပေါက်ကို ကျဉ်းမြောင်းစေတာမို့ ဝက်ခြံတွေ ပျောက်ကင်းနိုင်တယ်..

ဆန်ဆေးရည်ကို တချို့က ခေါင်းလျှော်ကြတယ်

ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့
ဆန်ဆေးရည်က အကောင်းဆုံးဖြစ်တယ်..

ကစော်ဖောက်ခြင်းက အချဉ်ဓာတ်ကဲစေတယ်
pH level ကျဆင်းလာတာမို့ ဆံပင်ရဲ့ ပုံမှန် pHနဲ့
သွားတူတယ်..

ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးလို့ ဆံပင်ထူစေပြီး ဆံသားတွေကို
နက်မှောင်သန်စွမ်းစေတယ်..

"ဆန်ဆေးရည်ပြုလုပ်ပုံ "
🍚🍚🍚🍚🍚🍚

(၁)ဆန်ကြမ်းကို ခွက်တဝက်စာယူပြီး ဇလုံတခုထဲထည့်ပါ

(၂)ပြီးရင် ရေတစ်ခွက်ယူပြီး လောင်းထည့်ပါ
တစ်မိနစ်ထားပြီး မကောငိးတဲ့အညစ်အကြေးတွေပါတဲ့ အဆိုပါ ဆန်ဆေးရည် တွေကို သွန်ပစ်လိုက်ပါ..

(၃)အဆိုပါ ဆန်ထဲကို ဒုတိယအကြိမ် ရေနှစ်ခွက်စာလောင်းထည့်ပါ။(ဆန်နဲ့ရေ အချိုးအဆ ၁:၄ ဖြစ်သင့်တယ်)..

(၄)အဆိုပါ ဆန်ဆေးရည်ကို အနည်ထိုင်အောင် ထားပါ (၁၀)မိနစ်ခန့်ကြာရင် အောက်ခြေမမြင်ရအောင်
နောက်လာလိမ့်မယ်..

(၅)ပြီးရင် ရေစစ်နဲ့စစ်ပြီး သန့်စင်တဲ့ ဆန်ဆေးရေကို
စစ်ထုတ်ယူပါ။ ရလာတဲ့ဆန်ဆေးရည်ကို
စတင်သုံးစွဲနိုင်ပြီဖြစိပါတယ်..

ကစော်ဖောက်ချင်သေးတယ်ဆိုရင် အဆိုပါဆန်ဆေးရည်ကို အခန်းအပူချိန်မှာ ၂၄-၄၈နာရီ ထားရမှာ ဖြစ်ပါတယ်..

အပူချိန်မြင့်လေလေ ကစော်ဖောက်တဲ့အချိန်
မြန်လေလေဖြစ်တယ်..

ပြီးရင် ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်ကို
နည်းနည်း အပူပေးလိုက်ပါ..

သုံးမိနစ်ခန့်အပူပေးပြီး အအေးခံလိုက်ရင် အသင့်သုံးစွဲနိုင်တဲ့ ဆန်ဆေးရည်ကို ရရှိမှာ ဖြစ်ပါတယ်..

ဒါပေမယ့် ကစော်ဖောက်ထားတဲ့ဆန်ဆေးရည်တွေက
နည်းနည်းပြင်းတယ်..

အနံ့နံတယ်။ ဒါကြောင့် မသုံးခင် ရေတခွက်စာနဲ့ ရောပြီးမှ သုံးသင့်တယ်..

#မှတ်ချက်_ဆန်ဆေးရည်နေရာမှာ ထမင်းရည်ကိုလည်း အစားထိုးသုံးနိုင်တယ်..

ပွက်ခါစ ထမင်းရည်(သို့) ပွက်ပြီးသား ထမင်းရည် ကြိုက်နှစ်သက်ရာအသုံးပြုနိုင်တယ်..

သတိပြုရမှာက ထမင်းရည်ကို ရေနဲ့အရင်ရောပြီးမှ သုံးပါ

ရေခဲသေတ္တာထဲမှာ ထားရင် တပတ်ထိ အထားခံတယ်

" သုံးစွဲပုံ "
🍚🍚🍚

သန့်စင်တဲ့ ပိတ်ပါးစတခုကို ဆန်ဆေးရည်ထဲစိမ်ပါ

အဆိုပါအဝတ်နဲ့ မျက်နှာကို အသာဖိသုတ်ပါ

အရေပြားထဲစိမ့်ဝင်သည်ထိ နှိပ်နယ်ပြီး
ခြောက်သွေ့အောင်ထားပါ..

၃-၅မိနစ်လောက် ထားသင့်တယ်

မျက်နှာမှာ တင်းရင်းတဲ့ ခံစားမှုမျိုးရတဲ့အခါ
မျက်နှာစသစ်လို့ ရပါပြီ..

ခေါင်းလျှော်တဲ့နေရာမှာသုံးရင် ဆံသားကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်တယ်လို့ဆိုတယ်။

ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေက ဆံသားအတွက် အကောင်းဆုံးဖြစ်တယ်..

#ဆန်ဆေးရေကို
🍚🍚🍚🍚🍚🍚

>>>မျက်နှာမှာ သုံးတဲ့အခါ မနက်(သို့)ညနေ
နေ့စဉ်သုံးသင့်တယ်..

>>>ဆံသားအတွက် တပတ် ၁-၂ကြိမ် ခေါင်းလျှော်ပေးနိုင်တယ်။ တခါလျှော်ရင် (၅)မိနစ်ခန့်ထားပါ..

(body scrub) အနေနဲ့လည်း သုံးလို့ရတယ်
အရင်ဆုံး ဆန်လုံးကို အမှုန့်ဖြစ်အောင် ကြိတ်ပါ..

ပြီးရင် ရှောက်ရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့
သံလွင်ဆီ နှစ်ဇွန်းကို ကြိတ်ထားတဲ့ ဆန်မှုန့်နဲ့ရောပြီး
အရေပြားမှာ လိမ်းပါ..

ဒီနည်းအတိုင်း တပတ်တခါ(သို့)နှစ်ပတ် တခါ
လုပ်နိုင်ပါတယ်..

ဒီလိုလုပ်ခြင်းအားဖြင့် အမဲစက်ကင်းစင်ပြီး နူးညံ့စိုပြေတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်..

"သောက်တဲ့ကိစ္စ "
🍚🍚🍚🍚🍚🍚

အမေးများတဲ့ မေးခွန်းနောက်တခုက
ဝိတ်ကျတယ်ဆိုတဲ့ ကိစ္စပါ

ဝိတ်ကျဖို့ သောက်လို့ရတယ်ဆိုတာမျိုးကြားရပါတယ်

အဲဒီအကြောင်းကလည်း ဂျာနယ်တခုမှာ
ဆရာဝန်တယောက်က ဖြေထားတာကြောင့်ဖြစ်ပါတယ်..

တကယ်တော့ ဆရာဝန်ပြောတဲ့ အမေးအဖြေကို
သေချာဖတ်ကြည့်ရင် သိသိသာသာဝိတ်ကျတယ်လို့
ပြောမထားပါ..

သူတကယ်ဝိတ်ကျခဲ့တာ အားကစားပြင်းပြင်းထန်ထန်လုပ်လို့ ဖြစ်ပါတယ်..

အစားအသောက်ထိန်းတာနဲ့ အားကစားကသာ
အဓိကကျတယ်။ ဆန်ဆေးရေနဲ့မဆိုင်ပါ..

ဆန်ဆေးရေက တွန့်သွားတဲ့ အသားအရေကို ပြန်လည်တင်းရင်းစေပြီး နောက်ပိုင်း တက်လာမယ့် ဝိတ်ကို
ထိန်းသွားနိုင်တယ်..

တက်လိုက်ကျလိုက် မဖြစ်တော့ဘူး၊ အဲဒါကို သူက အဓိက ပြောချင်တာပါ..

ဒါပေမယ့် မီဒီယာတွေက ခေါင်းစဉ်တပ်တော့
ဝိတ်ကျတယ်ဆိုပြီး ဖြစ်သွားတယ်..

ဆန်ဆေးရေနဲ့ပက်သတ်ပြီး အသားရေအတွက်ကလွဲရင်
ဝိတ်ကျဖို့သုံးတယ်ဆိုတာမျိုးမဖတ်ရပါ..

ဒါပေမယ့် ထမင်းရည် မနက်စောစောသောက်ရင် ဝိတ်ကျနိုင်တယ် ဆိုတာမျိုး တွေ့ရတယ်။ ထမင်းရည်တစ်ပန်းကန်က ကယ်လိုရီ(၁၀၀)လောက်သာပါဝင်လို့ကောင်းတယ်..

ရင်ပြည့်စေတယ်။ ဝမ်းမှန်စေတယ်။ ပုံမှန်စားသုံးမှုရဲ့ သုံးပုံတပုံသာရှိလို့ ဝိတ်ကျနိုင်တယ်။ ဒီလောက်ပဲ ဖတ်ရတယ်။ ဆန်ဆေးရေက ဝိတ်ကျတယ်လို့ မဖတ်ရပါ..

*နောက်တချက်က ဆန်ဆေးရေ သောက်တဲ့အခါ အများစိုးရိမ်သလို ပိုးသတ်ဆေး၊ဓာတုကင်းစင်မှုကိုလည်း
သတိပြုသင့်တယ်..

#ဒီဖက်ခေတ်ဆန်တွေကိုယုံရင်အမှားကြီးမှားလိမ့်မယ်
ဆန်ကို တကြိမ်ဆေးကြောရုံနဲ့ ရောဂါပိုးမွှား၊ ဓာတုဆေးပစ္စည်းတွေ ကင်းစင်မယ် မဟုတ်သေးပါ
ဒါကိုတော့ ဂရုစိုက်စေချင်တယ်..

ဆန်ဆေးရေကို ခန္ဓာကိုယ် ပြင်ပ အသားအရေအတွက်
သုံးစွဲလို့ရတာ ဟုတ်ပါတယ်..

ဒါပေမယ့် ဝိတ်ကျဖို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် သောက်သုံးမယ်ဆိုရင် အထူးဂရုစိုက်သင့်တယ်...။


🔯crd-uthipage

11/01/2025

Skincare အသုံးပြုပုံ အဆင့်ဆင့်......

မနက်ပိုင်း

(၁) မျက်နှာသစ်ပါ။
(၂) Toner လိမ်းပါ။
(၃) ပြီးရင်serum လိမ်းပေးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။
(၅) ပြီးရင် နေလောင်ကာ sunscreen လိမ်းပေးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

ညပိုင်း

ညဖက် Skincare သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။
ဒါပေမယ့် sunscreen နဲ့ makeup လုံးဝမသုံးသင့်ပါ
အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။
အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။

သတိပြုစရာ အချက်များ.......

(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ အခြား skincare တွေဆက်သုံးပါ။
(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။
(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် ဘာမှမသုံးဘဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်ပါတယ်။

#အလှအပရေးရာ
ုံးပြုနည်း
crd

Mobile uploads 11/01/2025

🍀🍀🍀

▪️မျက်နှာသစ်သုံးနည်း▪️

မွေးကတည်းက မျက်နှာသစ်နေကြပေမယ့်
အခုထိ မျက်နှာသစ်နည်း မမှန်ကြသေးတဲ့သူတွေလည်းရှိပါတယ်

မျက်နှာပေါ်မျက်နှာသစ်ဆေး တင်ပြီး သစ်လိုက်ကြတာများတယ်

ဒီ Post မှာ စနစ်တကျ မျက်နှာသစ်နည်းပြောပြမယ်

✔️ (1) - မျက်နှာမသစ်မီ လက်ကိုဆပ်ပြာနဲ့အရင်ဆုံးဆေးပါ

✔️ (2) - မျက်နှာကို ဆပ်ပြာနဲ့မသစ်မီ ရေနဲ့အရင်သစ်ပါ

✔️ (3) - ဆပ်ပြာအခဲဖြစ်စေ , facial form ဖြစ်စေ မျက်နှာနဲ့တိုက်ရိုက်မထိပါနဲ့ ၊ လက်ထဲမှာ အမြုပ်ထွက်အောင်လုပ်ပြီးမှ အမြုပ်နဲ့သစ်ပါ

✔️ (4) - မျက်နှာသစ်တဲ့အခါ ပြီးပြီးရော ပွတ်လိုက်တာမျိုး မလုပ်ပါနဲ့

လက်ချောင်းထိပ်လေးတွေနဲ့ စက်ဝိုင်းပုံစံနှိပ်နှယ်ပြီးသစ်ပေးပါ

ဒီလိုသေချာသစ်ပေးမယ်ဆိုရင် ပိုပြီး Cleansing ဖြစ်တယ် ၊ ပိုပြီး အသားရေကျန်းမာလာစေတယ်

Skincare ဆိုရင် လိမ်းတာလို့ဘဲ မထင်ပါနဲ့နော်
Cleansing Step က အရမ်းအရေးကြီးတာမို့ မျက်နှာသစ်တဲ့အခါတိုင်း သတိထားပြီးသစ်ပါ

🔺ဘယ်အဆင့်မှာ သုံးရမလဲဆိုရင်
မနက်ပိုင်းဆိုရင် ပထမဆုံးအဆင့်မှာသုံးပါ
ညပိုင်းဆိုရင် Cleansing Water / Cleansing Oil သုံးပြီးတဲ့အခါ သုံးပေးလို့ရပါတယ်

09/01/2025

Double cleansing ပထမအဆင့်မှာ မိတ်ကပ်ကို oil based remover နဲ့ဖျက်ပြီးသွားရင် သုံးနေကျမျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးရုံပါပဲ ။ မျက်နှာသစ်ပြီးတဲ့အခါ skin ကအရမ်းသန့်သွားတယ်ခံစားရပြီး အရမ်းလည်းပေါ့ပါးသွားပါလိမ့်မယ် ။ အဲ့နှစ်ဆင့်သုံးပေးတာကို double cleansing လုပ်တယ်လို့ခေါ်ပါတယ် ။

05/01/2025

ဆန်နဲ့ skin careသူတွေအတွက်ပါ♥
သိသလောက်မှတ်ထားသလောက် ပြန်ပြောပြပေး
တာပါ💁✔
အသုံးပြုနည်းလေးတော့မှန်စေချင်တယ်နော်

Cosmetics skin care setတွေသုံးမယ့်အစား ဒီလိုသဘာဝနည်းလေးတွေနဲ့ အရင်ဆုံးskin careသင့်
တာနော်💛

သဘာဝနည်းတွေနဲ့skin careတာက မတည့်တဲ့သူရှားပါတယ်♥
အရင်ဆုံး ဆန်နဲ့ ဆန်ဆေးရည်ရဲ့ effectsတွေကိုပြောပြပေးမယ်နော်☺♥

ဆန်နဲ့ဆန်ဆေးရည်ရဲ့ effectsတွေကတော့💁

၁.အသားအရည်ကိုကြည်လင်ပြီး ချောမွေ့စေတယ်
၂.ချွေးပေါက်ကျဉ်းစေပါတယ်
၃.နေလောင်ခြင်ကြောင့်ဖြစ်ပေါ်လာတဲ့ အမဲစက်တွေ အသားမညီတာတွေတာကို သက်သာစေတယ်
၄.အသားအရည် နုအိစေတယ်
၅.ဝက်ခြံထွက်မှုကို လျှော့ချပေးပါတယ်
၆.အသားအရေကို လင်းလက်စေတယ်
၇.အသားအရေကိုတင်းရင်းစေပါတယ်။

🍀ဆန်ဆေးရည်နဲ့skin careချင်ရင်

အရင်ဆုံးနည်းလမ်းမှန်ဖို့တော့လိုအပ်ပါတယ်
ပထမဆုံးဆေးတဲ့ဆန်ဆေးရည်ကို အသုံးမပြုသင့်
ပါ❌
🍀အနဲဆုံး ဆန်ကို ၂ကြိမ်ဆေးပြီးမှ ၃ကြိမ်မြောက်
ဆန်ဆေးရည်ကိုအသုံးပြုသင့်ပါတယ်နော်✔
🍀ဆန်ဆေးရည်ကို ချက်ချင်းမသုံးပါနဲ့ ဆန်နဲ့အတူ �ဆန်ဆေးရည်အနည်ထိုင်အောင် ၁၀မိနစ်ခန့်
စောင့်ပေးပါ ပြီးမှ ဆန်ဆေးရည်ကို ခပ်ပြီး အသုံး
ပြုပေးပါနော်

🍀ဆန်ဆေးရည်ဖြင့်skin careနည်း
ဆန်ဆေးရည်ရလာပြီဆိုရင် အဝတ်သန့်တစ်ခုနဲ့
ခဏစိမ်ထားပေးပါ(အဝတ်ပါးစ)
🍀ပြီးရင် မျက်နာပေါ် အဝတ်စဖြန့်ပြီး ၅မိနစ်ခန့်
တင်ပေးထားပေးနော် မျက်နာတင်းရင်းသလိုဖြစ်
လာပြီဆို ဆန်ဆေးရည်နဲ့ မျက်နာသစ်လို့ရပါပြီ
မျက်နာသစ်ဆေးတွေနဲ့အသုံးမပြုနဲ့နော်💁❌
🍀မနက်တခါ ညတခါ သုံးပေးရင် မျက်နာအသား
အရေလေးသိသိသာသာ ဝင်းပလာမယ်နော်

ဆန်ဖြင့် skin careနည်း♥
🍀ဆန်ကလဲ အပေါ်က ဆန်ဆေးရည်လို effsရှိ
တယ်နော်
🍀အဓိက က ဆန်ကိုစင်အောင် ဆေးဖို့ပါနော်
၃ခါလောက်ဆေးပေးပါ skin မcareခင်😍
🍀ဆန်ဆေးပြီးပြီဆို ကိ်ုယ်လိမ်းနေကျ သနပ်ခါး
အတုံးနဲ့ ကျောက်ပျဉ်ပေါ် ညက်အောင်ဖိသွေးပေး
ပါနော်✔ဆန်ဆေးရည်နဲ့ ဆန်ကိုညက်အောင်ဖိ
သွေးပေးနော်

🍀ဆန်နဲ့သနပ်ခါးအနှစ်ရလာပြီဆို
အရင်ဆုံးမျက်နာသန့်စင်ပေးပါ ကိ်ုယ်သုံးနေကျ
မျက်နာသစ်ဆေးနဲ့✔
🍀မျက်နာသစ်ပြီးရင် လိုအပ်တဲ့နေရာကို ဆန်အနှစ်
လိမ်းပေးပါနော် တအားမထူစေနဲ့နော်✔
🍀ပြီးရင် မိနစ်၂၀အလွန်ဆုံးပဲထားပါ skin careနေ
ချိန်အတွင်း မျက်နာအနည်းငယ်ပူပါတယ်
စိတ်ပူစရာမလိုဘူးနော်✔
🍀အဓိက က အချိန်ပဲနော် မိနစ်၂၀အလွန်ဆုံးထား
ပေးပါနော်
🍀ပြီးရင် မျက်နာသစ်ပေးပါ အဆီပြန်တတ်သူတွေ
ဆို ရေနွေးလေးနဲ့သစ်ပေးပါ
Normal skinဆိုရင် ရိုးရိုးရေအေးနဲ့ပဲသစ်ပေး
နော် မျက်နာသစ်ဆေးနဲ့ထပ်သစ်စရာ မလိုပါ

🍀ဆန်နဲ့skin careတာကိုက တစ်ပတ်မှာ ၂ခါ
လောက် careပေးရင် လုံလောက်ပါတယ်
နေ့တိုင်းလုပ်စရာမလို💁❌
🍀ဆန်ဆေးရည်နဲ့skin careတာကိုက နေ့တိုင်း
Careပေးလို့ရပါတယ်✔

#နည်းမှန်လမ်းမှန်နဲ့အချိန်ယူပြီးskincareပေးနော်
အခ်ျိန်တိုင်း အလှတိုးကြပါစေ💁♥

05/01/2025

အမျိုးသားတွေမှာ အဆီနဲ့အညစ်အကြေးပိုထွက်ပြီး မျက်နှာရဲ့အတွင်းမှာနက်ရိုင်းစွာကပ်နေလေ့ရှိတာကြောင့် မျက်နှာသစ်ဆေးကောင်းကောင်းတစ်ခုလိုအပ်ပါတယ် ။ အမြှုပ်များများထွက်ပြီး အညစ်အကြေးသန့်စင်အားကောင်းတဲ့ Facial Foam ရွေးချယ်သင့်ပါတယ် ။

#ဝက်ခြံအမဲစက်ပျောက် #သဘာဝထုတ်ကုန်

Photos from Healthy&Happy's post 04/01/2025

skin care မလုပ်တတ်သေးတဲ့
ချစ်သောလေးတို့ အတွက်
skin care နည်းလေးတွေ

1. Cleansing
2. Toner
3. Serum
4. Moisturizer
5. Suncream

Step by step အစဥ်လိုက် သုံးပေးရမယ်နော်

အဓိက Skin care မစခင်
မိမိရဲ့ skin က
ဘယ်လိုအသားအရည်မျိုးဆိုတာ
သိဖို့ လိုအပ်ပါတယ်ရှင့် 🥰

Crd
#ဝက်ခြံအမဲစက်ပျောက် #သဘာဝထုတ်ကုန်

04/01/2025

ဝက်ခြံထွက်သူတိုင်း သတိပြုရမယ့် အချက်(၅)ချက်
-------------------------------------------------------------

(၁) မျက်နှာကို အလွန်အကျွံသန့်ရှင်းခြင်း

တကယ်တော့ ဝက်ခြံဆိုတာ မျက်နှာသန့်ရှင်းမှု အားနည်းလို့ချည်း ဖြစ်တာမျိုး မဟုတ်ဘူး။ တခြားအကြောင်းအရာတွေ ပါဝင်နေမယ်။မျက်နှာ အလွန်အကျွံသန့်ရှင်းတာ၊ scrubbing လုပ်တာတွေက တခါတရံ ဝက်ခြံကို ပိုဆိုးစေတယ်။ မျက်နှာမှာ ပုံမှန်အားဖြင့်ကို အဆီလွှာတထပ်ကာထားတယ်။ အဆိုပါအဆီလွှာက အစိုဓာတ်ကို ထိန်းပေးနေမယ်။ မျက်နှာသစ်လွန်းတဲ့အခါ အဆီလွှာမရှိတော့ဘဲ ဝက်ခြံ ပိုထွက်လာစေတယ်။ ပုံမှန်အားဖြင့် တရက်ကို မျက်နှာ နှစ်ကြိမ်ထက်ပိုမသစ်သင့်သလို scrubbing လုပ်တာလည်း တပတ် ကို နှစ်ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။

(၂) မျက်နှာအသားအရေပစ္စည်းများ ပြိုင်တူအသုံးပြုခြင်း

မျက်နှာ အပေါ်ယံအရေပြားလွှာက တလွှာထဲသာရှိတယ်။ အဲဒီတလွှာထဲ ကို ပျောက်ချင်ဇောနဲ့ အလှအပပစ္စည်းတွေ တကြိမ်တည်းမှာ ရောသုံးတာ မှားတယ်။ အသားဖြူဆေး၊ ဝက်ခြံပျောက်ဆေး၊ ပေါင်းတင်ဆေး၊ နေလောင်ကာ၊ မိတ်ကပ် စတာတွေ ပြိုင်တူအသုံးပြုနေခြင်းဟာ ဝက်ခြံကို ပိုဆိုးစေတယ်။

(၃) မျက်နှာကို မကြာခဏ လက်နဲ့ကိုင်တွယ်ခြင်း

ဝက်ခြံကို လက်နဲ့ ကိုင်တွယ်တာမျိုးကို တတ်နိုင်သမျှရှောင်သင့်တယ်။ ဒီအမူအကျင့်ကို ဝက်ခြံပေါက်ရုံမက အမာရွတ်ကိုပါ ဖြစ်စေတယ်။ နောက်ပြီး မိမိဘာသာ ဝက်ခြံဖောက်တာ ၊လက်သည်းနဲ့ဆိတ်တာလည်း တတ်နိုင်သမျှ ရှောင်ကြဉ်ရမယ်။

(၄) ဝက်ခြံကုတဲ့အခါ လုံလောက်တဲ့ အချိန်မပေးခြင်း

ဝက်ခြံတခု သက်သာပျောက်ကင်းဖို့ အနည်းဆုံး အချိန် (၆)ပတ်ကနေ (၁၂)ပတ်ထိ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဝက်ခြံထွက်တဲ့ မျက်နှာပြင်အရေပြားက ဆေးတွေကို တုံ့ပြန်ဖို့ အချိန်ပိုယူရလို့ဖြစိတယ်။

(၅) အရေပြားလိမ်းဆေးတွေ နားမလည်ဘဲ အသုံးပြုခြင်း

ဝက်ခြံထွက်သူအများစုဟာ အရေပြား cleansers, alkaline bar soaps တွေနဲ့ alcohol-based products တွေက ဝက်ခြံကို ပိုဆိုးစေတယ်။ နေလောင်ကာလိမ်းဆေး အများစုက အဆီဂလင်းကို လှုံ့ဆော်လို့ သတိထားသုံးရတယ်။ပုံမှန်အားဖြင့် မိမိသုံးတဲ့ပစ္စည်းထဲမှာ isopropyl palmitate, isopropyl myristate, butyl stearate, isopropyl isostearate, decyl oleate, isostearyl neopentanoate, isocetyl stearate, myristle myristate, cocoa butter, acetylated lanoline နဲ့ ဆိုးဆေး D & C red dyes တွေပါရင် ဝက်ခြံကို ပိုဆိုးစေ လို့ ရှောင်သင့်တယ်။

#သဘာဝထုတ်ကုန် #ဝက်ခြံအမဲစက်ပျောက်

30/12/2024

ဆန်ရဲ့ အလှအပအတွက် အသုံးဝင်မှု
နေ့စဉ် စားသုံးနေတဲ့ ဆန်ကို အလှအပအတွက် အခုလို အသုံးပြုပေးလို့ ရပါတယ်

ဝက်ခြံ သက်သာစေတယ်
ဝက်ခြံရှိသူလေးတွေ အများစုက highly sensitive skin အမျိုးအစားပါ။ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုလည်း သေချာလေး စိစစ်ရွေးချယ်ရတဲ့ အသားအရေ ပိုင်ရှင်တွေပါ။ ဒီ အသားအရေပိုင်ရှင်တွေအတွက် အကောင်းဆုံးကတော့ သဘာဝ ပစ္စည်း စစ်စစ်တွေပါ။

ဒါကြောင့် ဝက်ခြံ သက်သာစေဖို့ဆိုရင် သဘာဝ ပစ္စည်း စစ်စစ်ဖြစ်တဲ့ ဆန်မှုန့်ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နနွင်း နည်းနည်း၊ ခရမ်းချဉ်သီး အရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာကို သေချာလေး မွှေပါ။ ပြီးရင် ဝက်ခြံဖြစ်တဲ့နေရာတွေမှာ လိမ်းပေးပြီး မိနစ် ၂၀ လောက် ထားပါ။ ပြီးရင် ရေအေးနဲ့ ဆေးချပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံ ထပ်မဖြစ်အောင် ကာကွယ်ပေးသလို ဝက်ခြံကြောင့် နီရဲရောင်ရမ်းတာကို သက်သာစေပါတယ်။ အသားအရေကို အစက်အပြောက် ကင်းစေပြီး #သဘာဝထုတ်ကုန်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

64stb112*112Aကြား
Mandalay