The Healthy Habit Collective

The Healthy Habit Collective

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Healthy Habit Collective, Health/Beauty, Mandalay.

Photos from The Healthy Habit Collective 's post 18/06/2025

ကဲ.. ကိုယ့်အတွက် save ရင်းနဲ့

အကြိုက်တူတဲ့သူလေးတွေအတွက် ပြန် share ပေးလိုက်ပါတယ်နော် ✨❤️

Self-love, Self glow manifest လုပ်ချင်သူတွေအတွက် phone Wallpaper ထားထားနော် 🌸

17/06/2025

#ခုတလောအရမ်းနာမည်ကြီးနေတဲ့
၃၆နာရီအစာဖြတ်ခြင်း အကျိုးကျေးဇူးများ # #

လွန်ခဲ့သော နှစ်ပေါင်းခြောက်ထောင်လောက်က ကမ္ဘာပေါ်မှာ အသိပညာရှင်တွေ အများကြီးရှိခဲ့တဲ့သမိုင်းအထောက်အထားတွေရှိခဲ့ပါတယ်။

အဲ့တုန်းက နာရီရှည်အစာဖြတ်တဲ့ လေ့ကျင့်ခန်းလုပ်ပြီးလူတွေ ကျန်းမာအသက်ရှည်ခဲ့ကြတယ်လို့ သိရပါတယ်။

အခုလည်းအဲဒီနည်းကို ကျနော်တို့ လုပ်လို့ရပါတယ်။

လုပ်သင့်တဲ့၃၆နာရီfastingနည်းလမ်းကို ပြောပြသွားပါမယ်။လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ကြပါတယ်။

၃၆နာရီ fastingလုပ်ဖို့ ပိတ်ရက်တွေကိုရွေးချယ်တာ ကောင်းတယ်။

ဒါကြောင့် သောကြာနေ့ညက စလိုက်မယ်။

သောကြာနေ့ည၇နာရီမှာ ညစာစားပြီးတာနဲ့၃၆နာရီတိတိ ဘာအစာမှ မစားရဘဲ ရေတစ်မျိုးထဲသာ သောက်ဖို့ဖြစ်ပါတယ်။

မည်သည့်ကယ်လိုရီမှ မထည့်ရတော့ပါဘူး။အချိုရည်တောင် မသောက်ရပါဘူး။

zero calorie အတိုင်း ထားရမှာဖြစ်ပါတယ်။သောကြာည၇နာရီမှစတင်ပြီး တနင်္ဂနွေ မနက်၇နာရီအထိ ဖြစ်ပါတယ်။

ရေကိုကြိုက်သလောက် သောက်နိုင်တယ်။ကြိုက်သလောက် အိပ်နိုင်တယ်။

အဲဒီအစာဖြတ်လေ့ကျင့်ခန်းကနေ ရရှိလာမယ့်

ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အများကြီးဖြစ်ပါတယ်။

အစာဖြတ်လိုက်တော့Bodyကenergyရဖို့အတွက် ကိုယ်တွင်းမှာအာဟာရတွေကို လိုက်ရှာပါတယ်။အာဟာရကိုမတွေ့တော့ ကိုယ်တွင်းကအဆီတွေကို လိုက်စားပါတယ်။

အဆီတွေထဲမှာ အောင်းနေတဲ့အဆိပ်တွေဟာ လောင်ကျွမ်းခံရတဲ့အတွက် အဆီလည်းကျပြီးအဆိပ်တွေလည်း ဖယ်ရှားခံရပါတယ်။

အဲဒီအဆိပ်တွေကို ရေကbodyအပြင်ဘက်ကို စွန့်ထုတ်ပေးလိုက်ပါတယ်။

Body မှာ အလိုအလျောက် ပြုပြင်တဲ့စနစ်ဆိုတာရှိပါတယ်။အဲဒီစနစ်က အစာဖြတ်ပေးလိုက်တာနဲ့ပိုပြီး အလုပ်လုပ်လာနိုင်တယ်။

ရောဂါတွေကို ဆေးသောက်စရာမလိုဘဲနဲ့ အလိုအလျောက်ပြုပြင်တဲ့ စနစ်ကautoကု ပေးသွားတာဖြစ်ပါတယ်။

ရောဂါတွေသူ့ဟာသူ ပျောက်သွားပါတယ်။မကျန်းမာသူတွေတောင်မှ တဖြည်းဖြည်း ကျန်းမာလာကြပါတယ်။

Body က အင်နာဂျီလိုအပ်လို့ လိုက်ရှာရာမှာတစ်ကိုယ်လုံးက ကလာပ်စီးတွေဆီကိုလည်း ရောက်ပါတယ်။

မကောင်းတဲ့cellအဟောင်းတွေနဲ့ ရောဂါဖြစ်နေတဲ့cellတွေကို ပါစားသွားပါတယ်။

junk cellတွေကို ဖယ်ရှားပေးပါတယ်။ကင်ဆာcellတွေကိုပါ ရှင်းလင်းပေးသွားပါတယ်။

အစာဖြတ်လိုက်တဲ့အခါမှာ စိတ်ပါပြောင်းသွားပါတယ်။အူတွေမှာအစာမရှိတော့ စိတ်ကြည်လာတယ်။နေရထိုင်ရတာ ပေါ့ပါးလာတယ်။

ဦးနှောက်က စိတ်ကူးစိတ်သန်းကောင်းတွေ ထွက်ပေါ်လာတယ်။

ဆုံးဖြတ်ချက်ချတာတွေ သိပ်ကောင်းတယ်။တရားအားထုတ်လို့ ကောင်းတယ်။ဒါကြောင့်ဗုဒ္ဓက ညစာရှောင်ခိုင်းတာ ဖြစ်တယ်။

Fasting လုပ်ပေးလေ့ရှိသူတွေဟာ သွေးတိုးရောဂါပါ ပျောက်ကင်းသက်သာ လာကြပါတယ်။

အရင်က200/125အထိတက်တဲ့သူဟာfastingပုံမှန် လုပ်ပေးလာရင်းနဲ့130/90 လောက် ပြန်ဖြစ်လာပါတယ်။

အစာဖြတ်လေ့ကျင့်ပေးရင် လူတွေက အားယုတ်တယ်လို့ ထင်နေကြလေ့ရှိပါတယ်။တကယ်ကအားမယုတ်တဲ့အပြင် အားပိုရှိသလိုတောင် ခံစားရပါတယ်။

ဘာကြောင့်လဲဆိုတော့ ပေါ့ပါးလို့ပါ။ပေါ့ပါးတော့ သွက်လက်တယ်။

အခြားသော အကျိုးကျေးဇူးတွေလည်း တစ်ပုံကြီးရသေးတယ်ဗျ။

အဲဒါတွေကတော့ -

ကိုယ်တွင်း ရောင်ကိုင်းမှုများကို လျှော့ချပေးခြင်း

အူလမ်းကြောင်း ကျန်းမာခြင်း

တစ်ကိုယ်လုံး ငြိမ်းအေးခြင်း

ဖြစ်ဆဲရောဂါများ တန့်သွားခြင်း

သွေးတွင်းအင်ဆူလင် ပုံမှန်ဖြစ်လာခြင်း

ဆီးချို သွေးချို ထိန်းလာနိုင်ခြင်း

အစာခြေစနစ် ကောင်းလာခြင်း

ကြွက်သားများ သန်မာလာခြင်း

လည်ချောင်း ချွဲသလိပ်ရှင်းခြင်း

အရိုး ကျစ်လျစ်ခြင်း

စိတ်ထား နူးညံ့လာခြင်း

အသားရေ လှပလာခြင်း

ကိုယ်လုံးကိုယ်ထည် အချိုးကျလာခြင်း

ခံတွင်း အနံ့အသက် ကင်းခြင်း

အစရှိတဲ့ အကျိူးကျေးဇူးတွေ များစွာရရှိလာမှာ ဖြစ်ပါတယ်။

၃၆နာရီလောက်Fastingလုပ်ရတာဟာ အခက်အခဲမရှိဘဲလူတိုင်းလိုလို လုပ်နိုင်ကြတဲ့အတွက် ကျန်းမာပြီးအသက်ရှည်ရှည်နေရဖို့ မကြာခဏလုပ်ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ချစ်ခင်လေးစားလျှက်..
PS : (ဆီးချိုကျရောဂါရှိသူများမလုပ်ရပါ)
Credit 🤓
Via - Si Thu Lwin Pyin

25/05/2025

တစ်ခါတစ်လေ ကိုယ်တိုင်ကပဲ ရွေးချယ်မိလိုက်တာ🥲🥲

✨ Today’s Soul Whisper ✨

ဒီနေ့ စာဖတ်ရင်း အရမ်းသဘောကျမိတဲ့ စာလေးတစ်ကြောင်းကို Soul Family အားလုံးနဲ့ ဝေမျှချင်ပါတယ်… 🌸

“Pain is inevitable, but suffering is optional.”
– Buddhist Wisdom

☘️ ဘဝဆိုတာ လူတိုင်းအတွက် ချိုမြိန်စရာတွေအပြင် နာကျင်စရာတွေ၊ ဆုံးရှုံးမှုတွေ၊ အခက်အခဲတွေနဲ့အတူလျှောက်နေရတဲ့ ခရီးလမ်းတစ်ခုပါပဲ။

☘️ ဒါပေမဲ့… ဒီခရီးထဲမှာ ကြုံတွေ့ရတဲ့ နာကျင်မှုတွေကြောင့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဒုက္ခတွေ၊ စိတ်ရောဂါတွေကတော့ -

ကိုယ့်တိုင်ရွေးချယ်မှု တစ်ခုပဲ ဖြစ်တယ်ဆိုတာ သိနေရင်…

ငြိမ်းချမ်းမှုကို မိမိအတွင်းစိတ်ကနေ ရယူနိုင်ပါတယ်။

💫 ဆိုလိုချင်တာကတော့လေ…

စိတ်နာခြင်းထက် ကိုယ့်စိတ်ကို အေးချမ်းအောင် သိမြင်တတ်ဖို့က ပိုခက်တတ်တယ်။

ဒါပေမယ့် ဒီကြားထဲမှာ -

စိတ်ဆင်းရဲစရာတွေအစား ငြိမ်းချမ်းမှုကိုရွေးချယ်ဖို့ သတိထားနိုင်တာက
ကိုယ့်ရဲ့အတွင်းစိတ်အင်အားအကြီးဆုံးပြသမှုပါပဲ… 🌈

🔮 Soul Family တို့ရေ…

နာကျင်မှုနဲ့ အခက်အခဲတွေက သဘာဝပါ။
ဒါပေမယ့် စိတ်နာခြင်းဆိုတာ - မဖြစ်မနေခံစားရမယ့်အရာ မဟုတ်ပါဘူး။

28/03/2025

💫 မစွန့်လွှတ်နိုင်သေးတဲ့ အလေ့အကျင့်တွေကို ပြောင်းလဲဖို့ 💫

မသိမသာ ပြန်လုပ်မိနေတဲ့ အလေ့အကျင့်တွေရှိလား? 🤔

တစ်ခါတစ်လေ “ဒါနဲ့ ပြီးပါပြီ!” လို့ဆုံးဖြတ်လိုက်ပေမယ့်… အချိန်ကြာလာတာနဲ့အမျှ မသိမသာ ပြန်လုပ်မိနေပြန်တာတွေရှိတတ်ပါတယ်။

ဒါတွေကို ပြောင်းလဲဖို့ ပထမဆုံး အဆင့်က👇

💡 သတိထားမိဖို့ – ဘယ်အချိန်တွေမှာ ဒီအလေ့အကျင့်ကို ပြန်လုပ်မိလဲ?

📍 ကိုယ့်အလေ့အကျင့်တွေကို သိအောင် လုပ်ပါ – ဘာကြောင့် ဒီအလေ့အကျင့်ကို မစွန့်နိုင်သေးလဲ? (Trigger ကို ရှာဖွေပါ)

🔄 အသေးလေးကနေ စတင်ပါ – တစ်ချက်ချင်း ပြောင်းလဲဖို့ ကြိုးစားတာထက်, အနည်းငယ်စတင်ပြီး တဖြည်းဖြည်း ပြောင်းလဲပါ။

❤️ ကိုယ့်ကိုယ်ကို နားလည်ပေးပါ – ပြောင်းလဲဖို့ အချိန်ယူရနိုင်တယ်။ အရေးကြီးတာက မဖြစ်စေနိုင်ဘဲ ဆက်လုပ်နေမိတာမျိုး မဖြစ်ဖို့ပဲ။

✨ ဒီတစ်ပတ်မှာ ကိုယ်တိုင် ပြောင်းလဲချင်တဲ့ အလေ့အကျင့်က ဘာဖြစ်မလဲ? ✨

Comment မှာ ပြောပြခဲ့အုံးနော်! 👇👇

19/03/2025

“စွန့်လွှတ်ရမယ်ဆိုတာကိုလည်း သိတယ်…”

“ဆက်မလုပ်သင့်တော့ဘူးဆိုတဲ့ အချက်တွေလည်းပြနေတယ်…”

“အခုထိ သိပေမယ့် မစွန့်လွှတ်နိုင်သေးတဲ့ အလေ့အကျင့်တွေက ဘာတွေဖြစ်မလဲ??” 🤔

🛋️ ညအိပ်ချိန်ကျော်ပြီး ဇာတ်လမ်းတွေ ကြည့်မိလိုက်တဲ့ အခိုက်အတန့်၊

🍟 Junk Foodတွေ မစားတော့ဘူးဆိုပြီး အဝစားမိလိုက်တဲ့ အခိုက်အတန့်၊

📱 ၅ မိနစ်ပဲ ဖုန်းကြည့်မယ်ဆိုပြီး အနည်းဆုံး (၁) နာရီကြာသွားတဲ့အခိုက်အတန့်၊

😓 “မနက်ဖြန်စလုပ်မှရမယ်” ဆိုပြီး အခုလုပ်ရမယ့်အလုပ်ကို နောက်ထပ်ရွှေ့လိုက်တဲ့အခိုက်အတန့်၊

🙅‍♀️ ကိုယ့်ကို ထိခိုက်စေတဲ့ ဆက်ဆံရေးမှန်းသိပေမယ့် မပြတ်သားနိုင်တဲ့ အခိုက်အတန့် တွေ လူတိုင်းမှာ ရှိတက်ကြတယ်🥺

ကိုယ်တိုင်ကရော ဘယ်အလေ့အကျင့်တွေကို မစွန့်လွှတ်နိုင်နေလဲဆိုတာ

Comment မှာ ရင်ဖွင့် ပြောပြခဲ့ဦးနော်👇👇

11/03/2025

ကိုယ့်ကိုယ်ကို ချစ်ဖို့၊ ဂရုစိုက်ဖို့ နည်းလမ်းတွေထဲက
ရိုးရှင်းပြီး လွယ်ကူတဲ့ တစ်ခုကို ပြောပြပေးမယ်နော်။

ဒီနေ့ကစပြီး ရေများများသောက်ကြမယ်! ✨

ရေဆိုတာ ခန္ဓာကိုယ်အတွက် အကောင်းဆုံး လက်ဆောင် ပါ။
✔ အဆီ ချပေးနိုင်တယ်။
✔ အသားအရေ သဘာဝအတိုင်းကြည်လင် လာစေတယ်။
✔ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။

တစ်နေ့တာလုံး ကျန်းမာပြီး အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ ကိုယ့်ကိုယ်ကို ချစ်ပြီး ရေများများ သောက်ပေးဖို့ လိုပါတယ်။ 💙

ရေများများသောက်ဖို့ အလွယ်တကူ လုပ်နိုင်မယ့် အလေ့အကျင့်လေးတွေကတော့ -

💚 သွားလေရာမှာ ရေဘူးလေး ယူသွားပါ။
👉 အခုလို နွေရာသီမှာ ပိုပြီးတော့ ဆောင်သင့်တယ်နော်။

💚 ရေအစားထိုး အသီးဖျော်ရည် ၊ ရေနွေးကြမ်း သောက်ပါ။
👉 ရေအစား herbal tea, lemon water, infused water တို့သောက်လို့ ရပါတယ်။

💚 အခုလို ရာသီဥတု ပူပြင်းလာချိန်မှာ “ရေဆာတိုင်း” ရေသောက်ပါ။
👉 Coke, Bubble Tea တို့ကို မလိုက်ရှာနဲ့နော်။

💚 ရေဓာတ်များတဲ့ အစားအသောက်များ စားပါ။
👉 ဖရဲသီး၊ သခွားသီး၊ သစ်တော်သီးလိုမျိုး ရေဓာတ်များတဲ့ သစ်သီးတွေ စားပြီး ရေဓာတ်ကို တိုးမြှင့်လို့ ရပါတယ်။

💚 ထမင်းမစားခင် ရေသောက်ဖို့ မမေ့နဲ့နော်။
👉 မလိုအပ်တဲ့ အပိုတွေကို ထိန်းပေးနိုင်ပြီး ကိုယ်ခံအားကိုပါ တိုးစေနိုင်ပါတယ်။

ဒီလို အသေးစား Healthy Habit လေးတွေက ကိုယ့်ကိုယ်ကိုချစ်ကြောင်း ထုတ်ဖော်ပြသပေးနေတာပဲ ဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာက လူတိုင်းထံက ရရှိနေမှ မဟုတ်ပေမယ့်… ကိုယ်တိုင်က ကိုယ့်ကိုယ်ကို ချစ်နိုင်ဖို့ လိုပါတယ်နော်။

Self-love က ကိုယ်တိုင်ကို Glow Up ဖြစ်လာစေမှာ အမှန်ပါ။ ✨💖

“ကဲ… ဒီနေ့ကစပြီး ရေသောက်တဲ့ အလေ့အကျင့်နဲ့အတူ ကိုယ့်ကိုယ်ကို ပိုချစ်လိုက်ရအောင်!”🥰💧

မိမိဘဝရဲ့ အလေ့အကျင့်ကောင်းတွေကို The Healthy Habit Collective နဲ့အတူ တည်ဆောက်ကြမယ်။ ✨✨

01/03/2025

🌸နွေရာသီရဲ့အစ-March 1st! အသစ်တစ်ခု စတင်ဖို့ အချိန်ကောင်းပါ! ✨

✨ မတ်လရောက်လာပြီဆိုတာ အသစ်အဆန်း၊ အနုပညာဆန်တဲ့ စွမ်းအင်တွေ ရလာချိန်ပါ! ✨

🌿 နွေရာသီမှာ ပန်းတွေစတင်ပွင့်လာသလို ကိုယ့်ကိုယ်ကိုလည်း ပြောင်းလဲနိုင်ပါတယ်!

💖 ဒီလမှာ အတူတူ -
➡️ ကိုယ့်ကိုယ်ကို ပိုချစ်တတ်ဖို့
➡️ Body, Mind, Soul ကို ညီညွတ်အောင် မွမ်းမံဖို့
➡️ ကောင်းမွန်တဲ့ အလေ့အကျင့်အသစ်တွေ တည်ဆောက်ဖို့

✨ နွေရာသီရဲ့စွမ်းအင်နဲ့ The Healthy Habit Collective ရဲ့ Free Program မှာ ပါဝင်လိုက်ရအောင်! ✨

💭 ဒီလမှာ ကိုယ့်အတွက် ဘာတွေ စတင်ချင်လဲ? Comment မှာ ပြောပြလိုက်ပါ! 💬👇

🌸 ✨ 💖 🌿 🌱 💪 🧘 💫

01/03/2025

ကိုယ့်ကိုယ်ကိုတောင် သေချာမချစ်နိုင်သေးရင် တခြားသူကိုတကယ်ချစ်ပေးနိုင်တယ်ဆိုတာဟုတ်ပါ့မလား? 💭

Self-love ဆိုတာကိုရော ဘယ်လိုခံယူကြမလဲ??

ကိုယ်ကြိုက်တဲ့အစားအစာတွေစားတာ၊
လိုချင်တာတွေဝယ်တာကို Self-love လို့ခေါ်တာလား?
🤔

တကယ်တော့ - မိမိတို့ရဲ့ Body, Mind, Soul ရဲ့ ညီညွတ်မှုကို လေးစားခြင်းပါပဲ 🌱.

ဒါဆို ဘယ်လိုမှန်ကန်စွာ ချစ်ကြမလဲ?✨✨

Body ကိုတော့ အာဟာရပြည့်စုံခြင်း၊ ကျန်းမာရေးကို ထိန်းသိမ်းခြင်း နဲ့ ခန္ဓာကိုယ်ကို ဂရုတစိုက်ထားခြင်းဖြင့် ချစ်နိုင်ပါတယ် 💪.

Mind ကို ကျန်းမာတဲ့ စိတ်ထားနဲ့ စိတ်ချမ်းသာမှု၊ စိတ်ညစ်မှုတွေ မရှိအောင် သတိထားမှု ပေးခြင်းဖြင့် ချစ်နိုင်ပါတယ် 🧘.

Soul ကိုတော့ အတွင်းစိတ်နဲ့ပတ်သက်တဲ့ ရောဂါမရှိဘဲ၊ အလေးထားမှု၊ သတိထားမှုနဲ့ အခြားသူများအားလုံးကိုမှ စာနာမှုပြုခြင်းဖြင့် ချစ်နိုင်ပါတယ် 💫.

ဒီလိုမျိုး Body, Mind, Soul အားလုံးညီညွတ်စွာ
ကိုယ့်ကိုယ်ကို ပိုမိုချစ်တတ်အောင်၊
တန်ဖိုးထားတတ်အောင်၊
ကောင်းမွန်တဲ့ အလေ့အကျင့်အသစ်တွေကို The Healthy Habit Collective နဲ့အတူတူ တည်ဆောက်နိုင်ပါပြီ။✨

Self-love ရဲ့ အရေးပါမှုကိုနားလည်ပြီးတဲ့နောက်မှ
ကိုယ့်ဆီမှာရှိတဲ့ ချစ်ခြင်းမေတ္တာ energy
နဲ့ အခြားသူတွေကို မှန်ကန်စွာ ချစ်ပေးနိုင်မှာ
ဖြစ်ပါတယ်။ 💖

ဒါ့ကြောင့် အလေ့အကျင့်ကောင်းတွေကို
တည်ဆောက်နိုင်ဖို့ The Healthy Habit Collective ရဲ့
Free ပရိုဂရမ် အသစ်မှာ ပါဝင်ကြဖို့
ဖိတ်ခေါ်လိုက်ပါတယ်။✨

🌸 💖 🌱 💪 ✨ 🌿 🌸

27/02/2025

The Healthy Habit Collective – ကိုယ်ရော စိတ်ပါ ကျန်းမာ၊ ပျော်ရွှင်ပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခု ဖန်တီးကြမယ်!

ကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံစံ အသစ်တစ်ခုကို ဖန်တီးဖို့ The Healthy Habit Collective နဲ့အတူ တည်ဆောက်ကြပါစို့။

✨ သန့်ရှင်း လတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက် ပလန်များ
✨ စိတ်ချမ်းသာမှုနှင့် ပျော်ရွှင်မှုကို မြှင့်တင်ရန် အလေ့အကျင့် နည်းလမ်းများ
✨ မိမိကိုယ်ကို ဂရုစိုက်မှု (Self-Care) နဲ့ Mindful Living အတွက် အကြံဉာဏ်များ
တို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အဓိပ္ပါယ်ပြီး ပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ တစ်နေ့ တစ်လှမ်းချင်း ကောင်းမွန်တဲ့ အလေ့အကျင့်များကို လေ့ကျင့်လိုက်ရုံနဲ့ စိတ်ရောကိုယ်ပါ တိုးတက်စေမယ်ဆိုတာ အမှန်ပါ။

☘️ The Healthy Habit Collective နဲ့အတူ ကျန်းမာ၊ ပျော်ရွှင်ပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝကို စတင်လိုက်ကြရအောင်! Follow လုပ်ဖို့ မမေ့နဲ့နော် 🥰

အလေ့အကျင့်ကောင်းတွေနဲ့ ကောင်းမွန်တဲ့ဘဝတစ်ခု ဖန်တီးဖို့ အတူတူရှိနေမယ့် The Healthy Habit Collective ✨✨

#ကျန်းမာရေး #ကောင်းမွန်တဲ့ဘဝ #အသားအရေအတွက် #အစာအထွေထွေ

Let’s build a new way of living with The Healthy Habit Collective !

✨ Clean, fresh, and nutritious meal plans
✨ Habits and practices to enhance well-being and happiness
✨ Tips for self-care and mindful living

By cultivating good habits every day, we can truly improve our mind and body to achieve a meaningful and fulfilling life.

☘️ Let’s start a healthy, happy, and meaningful life with The Healthy Habit Collective! Don’t forget to follow! 🥰

Together with The Healthy Habit Collective, we will create a great life with good habits! ✨✨

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address

Mandalay