FATTY MA LAY
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FATTY MA LAY, Health/Beauty, Mandalay.
27/02/2026
ပြန်လည်ကပြခွင် ရခဲ့ပြီတဲ့😍
04/05/2025
နိုင်ငံခြားဆိုတာ......
အိပ်ချင်လဲထရတယ်။
နားချင်လဲအလုပ်လုပ်ရတယ်။
စားချင်ပေမဲ့လဲအောင့်ထားရတဲ့အခါရှိတယ်။
နေမကောင်းလဲဆေးသောက်အလုပ်ဆင်းရတယ်။
အပျော်ဆိုတာရှိချင်ရှိမယ် အစစ်တော့မဖြစ်နိုင်ဘူး။
မနေချင်လဲနေနေရသလို
နေချင်လို့နေနေရတဲ့အခါလဲရှိတယ် ။
မိသားစုကိုလွမ်းပေမဲ့ အိမ်မက်တွေကိုပြန်ငှဲ့ရတယ်။
တခါတေလမွာ ပြိုလဲကျချင်ပေမဲ့
အားတင်းပီးပြန်ရပ်တည်ရတဲ့အခါတွေလည်းရှိတယ်။
မာနဆျိုတာဘာလဲမသိလောကျအောငျ
သည်းခံရတဲ့အခါတွေလည်းရှိတယ်။
သေချာတာကတော့.....
ဘယ်လိုတွေပြောပြော
ဘယ်လောက်ခက်ခဲနေပါစေ
နိုင်ငံခြားဆိုတာ ......
ရောက်လာဖို့ကလည်းခက်ခဲသလို
ပြန်နိုင်ဖို့ကလည်းပိုခက်ပါတယ်။
27/04/2025
"ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့
ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ်
လူ့လောကမှာ မေတ္တာတရား
ဘယ်လောက်ကြီးမားကြီးမား
စေတနာဘယ်လောက်ထားထား
အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ
လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ
ဒီလိုမှမဟုတ်ရင် ရေနဲ့ဆီလိုပဲ
ရေကရေသပ်သပ်
ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ
မေ တ္တာ က မေ တ္တာ သပ်သပ်
ဗီဇက ဗီဇသပ်သပ်
ဘယ်လိုမှ ထပ်တူကျမနေရင်
မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ်
မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို
လက်ခံနိုင်မှာမဟုတ်ဘူး
ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ
အမှန်တရားပါပဲ...
Poe Ei Phyu 🍀
26/04/2025
အပူဒဏ် ခံနိုင်စေသောနည်း ဖတ်ချိန်တမိနစ်
++++++++++++++
ရာသီဥတုကတော့
တစ်နေ့ထက်တစ်နေ့
ပူပြင်းလာပါပြီ။
မိုးရိပ်လေရိပ်လည်း မမြင်၊
စင်တီဂရိတ် (၄၃-၄၅)လောက် နီးပါးလောက်ကို တက်နေတော့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေ တဖြုတ်ဖြုတ်နဲ့ ကွယ်လွန်နေကြကြောင်း သတင်းကြားရတာ စိတ်မကောင်းစရာဘဲဗျာ။
အခုလို ပူပြင်းလှတဲ့ နွေရာသီမျိုးမှာ အပူဒဏ်မခံနိုင် သူများအတွက် နည်းကောင်းလေးတစ်ခု ပေးချင်ပါတယ်။++++++
ဒီနည်းလေးကတော့ ကွ/ယ်လွန်သွားရှာပြီဖြစ်တဲ့စာရေး ဆရာသာဂဒိုး ရဲ့ နည်းလေးပါ။
ကျန်းမာတဲ့ လူတွေ အတွက်တော့ သိပ်မသိသာပေမယ့် မကျန်းမာသူ ၊ အသက်ကြီးသူများအတွက်တော့ အလွန်သိသာအသုံးဝင်ပါတယ်။
နည်းလေးက –
"""""""""""""""
ကျွန်တော်တို့ နေ့စဉ်သောက်နေတဲ့ “ရေနွေးကြမ်း” ပါဘဲ။ မနက်စောစောကတည်းက ရေနွေးကြမ်းကို ကျကျလေးနှပ်၊ ပြီးရင် လုံးဝအေးသွားတဲ့အထိ အအေးခံထား။ နေ့လည်လောက်ဆို သောက်လို့ရပြီ။နောက်ပီးရင်တော့ထပ်လုပ်ရမာက
နေ့လည် အပူချိန်တက်နေတဲ့ အချိန်မှာ ရိုးရိုးရေမသောက်ဘဲ အဲဒီ ရေနွေးကြမ်းအအေးကိုသာ သောက်နေပါ။ တကယ် အပူဒဏ် ခံနိုင်ပါတယ်။
နေပူထဲမှာ ကားမောင်းနေရတဲ့
ဒရိုင်ဘာတွေလည်း မနက်ကတည်းက ဒီလို ရေနွေးကြမ်းအအေးကို ရေသန့်ဗူးလေးနဲ့ (၂)ဗူး (၃)ဗူးလောက် ထည့်ထားပါ။ ရိုးရိုးရေအစား အဲဒါဘဲသောက်ကြည့်ပါ။
ခါတိုင်းနေ့တွေလောက် အပူဒဏ်ကို မခံရတာ သတိထားမိပါလိမ့်မယ်။
တစ်ခုသတိထားရမှာတော့
လက်ဖက်ခြောက်ကိုတော့ သိပ်အပေါစား အညံ့စားကြီး မသုံးနဲ့ပေါ့ဗျာ။ တော်ကြာ ဆိုး ဆေ/းတွေထပ်ဆိုးပြီး အကြံအဖန်လုပ်ထားတဲ့
လက်ဖက်ခြောက် အ.တုတွေနဲ့ တွေ့သွားပြီး ဆေ /း
မဖြစ်ဘဲ၊ ဘေးလည်းဖြစ်သွားဦးမယ်။
ဒီရာသီမှာ လုံးလုံးရှောင်သင့်တာကတော့ ရေခဲရေပါဘဲ။ သောက်လိုက်တဲ့ ခဏတော့ အေးသွားသလို ရှိပေမယ့် နောက်ပိုင်း ရင်တွေပူလာ၊ ရေပို ငတ်လာ ၊ အဆင်မသင့်ရင် ဆီးဝမ်းပါ ချုပ်ပြီး ၊ ဆီးပူဆီးအောင့်ပါ ဖြစ်လာမယ်။ လည်ချောင်းတွေ နာလာမယ်။ အာသီးတွေ ရောင်လာမယ်။ ချောင်းတွေ ဆိုးလာမယ်။ မျက်စေ့တွေ ဝေလာမယ်။ အသက်ငယ်သူတွေ၊ ကျန်းမာရေး ကောင်းသူတွေတော့ မပြောတတ်ဘူး။
အသက်ကြီးသူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေအတွက်တော့ ဒီလောက်ပူပြင်းတဲ့ ရာသီမှာ ရေခဲရေဟာ သိပ်အန္တရာယ် ကြီးပါတယ်။
နောက်ထပ် အပူငြိမ်းစေတဲ့ အစားအစာတစ်ခုလည်း တင်ပြချင်ပါသေးတယ်။ အဲဒါကတော့ မြန်မာ့ရိုးရာ စားစရာ ထန်းလျှက်ပါ။ ထန်းလျှက် ဟာ အခုလို ပူပြင်းတဲ့ ရာသီမှာ တကယ်စားသင့်တဲ့ အစာတစ်ခုပါ။ ထန်းလျှက်ဟာ ကိုယ်ခန္ဓာရဲ့ သက်စောင့်ဓာတ်ဖြစ်တဲ့ ဝမ်းမီးကို အလွန်မှန်စေပါတယ်။ ချိုတာခြင်း တူပေမယ့် သကြား၊ ကြံသကာ တွေနဲ့ မတူပါဘူး။ အတော်သတိထားရမယ်နော်
ကျွန်တော်တို့ အဖိုးအဖွားတွေ ရှိတုန်းကတော့ နေပူထဲက ပြန်လာရင် ရေမသောက်ခင် ထန်းလျှက် တစ်လုံးနှစ်လုံးကို အရင်စားခိုင်းပြီးမှ ရေသောက်ခိုင်းလေ့ ရှိပါတယ်။
ထန်းလျှက်ဟာ ကိုယ်တွင်း အပူမီးကို ငြိမ်းစေတာကြောင့် အပူနဲ့ အအေးတွေ့ပြီး ဒုက္ခရောက်တာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။
အပူလျှပ်ပြီး ဖျားတာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီခေတ်မှာကလည်း ထန်းလျှက်ဆိုတာ ကလေးတွေ မစားကြတော့ဘူးခင်ဗျ။
ထန်းလျှက်မှာလည်း အမျိုးမျိုး ရှိတယ်
“ထန်းလျှက်”မှာလည်း အရောင်ဖြူနေတဲ့ ထန်းလျှက်တွေဟာ အာနိသင် သိပ်မရှိဘူး။ အနီရောင် ရင့်ရင့်ရှိတဲ့ ထန်းလျှက်မျိုးမှ အာနိသင် ရှိပါတယ်။
ဒါကြောင့်ချစ်မိတ်ဆွေအားလုံးအပူဒဏ်ကိုခံနိုင်ရည်ရှိစွာတုန့်ပြန်နိုင်ပါစေ။
(ဒေါက်တာတင်ဘို၏ကျန်းမာရေးဆောင်းပါးမှထုတ်နုတ်၍ရေးသားတင်ပြပေးခြင်းဖြစ်ပါသည်"
ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးကောင်းလေးတွေ သိချင်တာရှိရင် ပြောသွားပေးပါနော်....ရှာဖွေပြီး ပြန်လည်မျှဝေ ပေးသွားပါမယ်..
လွပ်လပ်စွာ shar နိုင်ပါတယ်နော်.
ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
🅲🆁🅴🅳🅸🆃
ှပြန်လည်မျှဝေပါသည်🙏
ုဂံမြေစာပေချစ်သူ
သူများ အမှားဟာ
သင်ခန်းစာ အဖြစ် ယူတတ်ဖို့ပါပဲ ။
မှားတဲ့သူကို ဟားတိုက်စရာ မလိုသလို
ကဲ့ရဲ့စရာလည်း မလိုပါဘူး ။
အဲ့ဒီလို လုပ်တဲ့သူဟာလည်း
စိတ်ဓာတ် အောက်တန်းကျလို့ပါပဲနော် ။
ကိုယ်ကရော မမှားတတ်တော့ဘူးလား
အမြဲ မှန်နေ လားလို့
ကိုယ်တိုင်လည်း ပြန်ကြည့်သင့်ပါတယ် ။
မှားနိုင်တဲ့ ကိလေသာတွေ
ကိုယ့်မှာ ရှိနေသေးရင် မှားကြအုံးမှာပါပဲ ။
ကိုယ်ပြောလိုက်တဲ့ စကားဟာ
သူများနားမှာ မခါးအောင် သတိထားပါ။
ကိုယ် ချပြတဲ့အကြောင်းဟာ
သူများမကောင်းကြောင်း မဖြစ်အောင်
အထူး သတိထား ဂရုစိုက်ဖို့ လိုပါတယ် ။
ကိုယ့်မှာ ကောင်းတဲ့ အကျင့်မရှိပဲ
သူများရဲ့ အပြစ်တွေကို မြင်နေခြင်းဟာ
ကိုယ့်အတွက် အပြစ်ရစရာတွေပါပဲ ။
ဒါကြောင့်....
ကိုယ်နှင့်မသိရင် ကိုယ့်ကိစ္စမဟုတ်ရင်
ခပ်ကင်းကင်း နေလိုက်တာက
ကိုယ်အတွက် အကုသိုလ်ကင်းပါတယ် ။
မနေတတ်လို့ အပူတွေ ဟတ်လာရင်
ကောင်းကျိုးမရပဲ ဆိုးကျိုးတွေရနိုင်လို့
ကိုယ်အပြစ်နည်းအောင် ကြိုးစားနေထိုင်ပါ ။
#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
26/04/2025
ဒီနွေဟာ ချစ်ရသူတွေရဲ့ အ-သက်ကို နှု"တ်ယူတယ်။
ချစ်သူတွေကို ခွဲပစ်တယ်။
မိသားစုတွေ မစုံအောင် လု"ပ်ရက်တယ်။
အမှတ်တရ နွေပါပဲ။
ဘယ်တော့မှ မေ့မှာ မဟုတ်သလို
နွေရောက်တိုင်း သတိတရနေဦးမှာပါ။
အရင်နှစ် နွေက
ပျော်ရွှင်မှုအနည်းငယ် ဆောင်ကြ"ဉ်းပေးခဲ့ပေမယ့်
ဒီနှစ် နွေဟာ ဝမ်းနည်းဖွယ်အတိပါပဲ။
ချစ်ရသူတွေကို မျက်ရည်ကျစေတယ်။
ကလေးသူငယ်တွေကို မိဘမဲ့ဖြစ်စေတယ်။
ပိတောက်တွေ ပွင့်လည်း မပျော်နိုင်သလို
သင်္ကြ"န်ဒိုးကြားလည်း မကနိုင်တော့ပါဘူး။
သောကပေါ် သောကဆင့်ပြီး
အပူလှိုင်းတွေနဲ့ လူတွေရဲ့ မျက်နှာဟာ နေလောင်ပန်းတစ်ပွင့်လိုပါပဲ။
ကိုးကွယ်တဲ့ စေတီတော် အမွေအနှစ်တချို့ဟာလည်း
မြေပေါ် ဦးခို"က်ကျလို့။
မျက်ရည်တွေဟာလည်း မြေပေါ် သ"က်ဆင်းလို့။
မီးဘေး၊ ရေဘေး၊ ငလျင်ဘေးတွေနဲ့
ပြည်သူတို့ဟာလည်း ညိုးငယ်တဲ့ မျက်နှာတွေနဲ့။
ဒီနွေဟာ ဘယ်သူ့ကိုမှ မပျော်စေခဲ့ပါဘူး။
ကြားကြားသမျှ သတင်းတွေဟာလည်း ပျော်စရာ မပေးနိုင်တော့ဘူး။
ကြေကွဲရပါတယ် နွေ။
မုန်းမိပါတယ် နွေ။
Click here to claim your Sponsored Listing.
