Glow By Yoon

Glow By Yoon

Share

Healthy skin is always in. Let’s archive it together�

08/06/2026

Anua Azeliac acid + hyaluron serum 💚
Instock ပြန်ရောက်ထားပါပီ‼️
အရင်ထက်စျေးရော့မယ်နော်🥰
+azeliacserum

06/06/2026

Purito azeliac လေးသုံးပီးရင် acne သက်သာသွားတယ်နော်ဆိုတာပဲပြန်ကြားရ💚

Azeliac acid သုံးတော့မယ်ဆိုရင်🤔

Azeliac acid က 2025 ကတည်းက အတော်လေး trend ဖြစ်သွားတဲ့ ingredient တခုပါ။ "အမဲစက်သက်သာချင်တယ် ဒါပေမဲ့ ဝက်ခြံတွေလည်းရှိနေတယ်ဆို Azeliac acid ကို သုံး" ဆိုပြီး concept နဲ့ skincare လောကထဲ ထိုးဖောက်ဝင်လာတာပါ။
ကျွန်မလည်း skincare junkies တယောက်ဆိုတော့ try ကြည့်ခဲ့ပါတယ်။
Azeliac acid ဆိုတာ အုတ်၊ဂျုံ၊ဘာလီတို့ကနေ အဓိကရတဲ့ သဘာဝအတိုင်းတွေ့ရတဲ့ အက်စစ်တမျိုးပါ။ Antiinflammatory နဲ့ antioxidant action ရှိတာကြောင့် Dermatologist တွေကတော့ acne vulgaris တို့ rosacea တို့မှာ အသုံးပြုပါတယ်။ နောက်ထပ်အချက်တခုကတော့ သူက pigmentation ကို လျှော့ချပေးတာပါ။ ဒါ့ကြောင့် ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့
အမဲစက်တွေကို သက်သာစေတာပါ။ နောက်ထပ်
ကောင်းတဲ့အချက်က antibacterial action လည်းရှိတာကြောင့် လက်ရှိပေါက်နေတဲ့ဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။ Indianapolis က
ဆေးတက္ကသိုလ်တခုက လုပ်ထားတဲ့ Research Paper အရ Azelaic 15% gel ကို တနေ့ ၂ကြိမ်လိမ်းခိုင်းပြိီး ၁၆ပတ်ကြာတဲ့အခါမှာ ရတဲ့ရလဒ်က ဝက်ခြံနဲ့ PIH လို့ခေါ်တဲ့ Post Inflammatory Hyperpigmentation တို့ သက်သာပြောင်းလဲလာတာကို တွေ့ရှိရပါတယ်တဲ့။ ဒါကတော့ dermatology ဘက်က အမြင်နဲ့ သဘောထားလေးပေါ့နော်။ ဈေးကွက်ထဲမှာတော့ Azeliac acid serum တွေ တွင်တွင်ကျယ်ကျယ်ရှိပါတယ်။ ဟိုတလောကပေါက်သွားတာဆို Anua ဘူးအစိမ်းလေး မှတ်မိကြမယ်ထင်တယ်။ FDA က approved မလုပ်ထားဘူးဆိုပြီးတော့လေ ဒီအကြောင်းကိုတော့ တခြားသော content creator တွေလည်း ရေးပြီးသွားပြီမို့ ထပ်မပြောတော့ဘူးနော်။
Azeliac acid သုံးမယ်ဆိုရင် photosensitive
ဖြစ်နိုင်လို့ မနက်ပိုင်းမှာ sunscreen သုံးပေးဖို့ မမေ့ပါနဲ့နော်။ Photosensitivity ဖြစ်တာနည်းတယ်လို့ ပြောပေမယ့်လည်း ဘာပဲဖြစ်ဖြစ် sunscreen က နေ့စဉ်ဘဝမှာ မလိမ်းမဖြစ်ပဲနော်။

ကျွန်မသုံးနေတာကတော့ Purito Azelaic Acid 10 Kojic Tea Tree Serum ဆိုတာလေးပါ။
Purito ကတော့ ဟိုးအရင်ကတည်းက ကျွန်မအသည်းစွဲ brand မို့ brand အပေါ် ယုံကြည်တာလည်းပါတာပေါ့။ သူ့ရဲ့ combination လေးကလည်း စိတ်ဝင်စားစရာကောင်းတယ်။ Kojic နဲ့ tea tree က
ပါလိုက်သေးတယ်။ 😂
Kojic acid လည်း reader တွေနဲ့ မစိမ်းဘူးထင်တယ်နော်။ အသားဖြူစေတယ်ဆိုပြီး နာမည်ကြီးတယ်။ အသားဖြူဆပ်ပြာတုံးလေးတွေမှာဆို ပါတတ်တယ်။ Tea tree ကိုတော့ အမှန်တိုင်းပြောရရင် ကျွန်မက အစတော့ လန့်နေတာပါ။ မသုံးဖူးပဲနဲ့ လန့်နေတာ🤣 ကျွန်မက Cica fan ကိုး🤭
Tea tree ကလည်း တကယ်တော့ ဝက်ခြံသက်သာစေတဲ့ ingredient ကောင်းတခုပါပဲ။
လိုက်ရှာဖတ်ကြည့်တော့ ဒီ product ရဲ့ main concept က 10% azelaic acid, kojic acid နဲ့ encapsulated tea tree oil တို့ပါတဲ့ 20% active complex ပါတဲ့။
User review အရ ပြောရရင် ကျွန်မ တော်တော်လေးသဘောကျပါတယ်။ Texture ကတော့ ပုံမှန် serum လိုမျိုးပါပဲ။ ထူးခြားတာက အထဲမှာ tea tree oil capsules သေးသေးလေးတွေ ပါတာပါ။ မသုံးခင် ဘူးကို လှုပ်ပေးရပါတယ်။ ရလဒ်အနေနဲ့ အသားအရေက သိသိသာသာကြည်လာတဲ့အပြင် breakout တွေ
မဖြစ်သလောက် နည်းသွားပါတယ်။ အမဲစက်တွေ ပါးသွားတာလည်း မြင်ရတယ်။ နေ့တိုင်း၊တခါတလေလည်း ရက်ခြားပြီးတော့ သုံးပါတယ်။ Rating အနေနဲ့ဆ်ို 9/10 ပေးပါမယ်။ ဘာလို့လဲဆိုတော့ အခုနွေရာသီအရမ်းပူတော့ တခါတလေ အဲဒီအထဲမှာပါတဲ့ ဗြုတ်စိအလုံးလေးတွေ ဆွဲလိမ်းရတာ သိပ်မကြိုက်လို့ 🤣
edit ဈေးမှားရေးမိလို့ပါ ကျွန်မဝယ်တုန်းက 61000 ပေးရပါတယ်။

သိချင်တာရှိရင် comment မှာ မေးခဲ့နော်။

05/06/2026

ဒါလေးသုံးပီး ဒါလေးဘဲ ပြန်ပြန်ဝယ်ကြတာနော်

သူများတွေ medicube fan ဖစ်နေချိန် ကိုယ်တွေက Celimax fan ဖစ်သွားပီ😆
စစတုန်းက ဒီလိုပဲစမ်းသုံးကြည့်မယ်ဆိုပီး သုံးရင်းကနေ ခုတော့ ဒီ Celimax noni ampoule လည်း ကိုယ့်ရဲ့ fav list ထဲထည့်လိုက်ပါပီ။ဘယ်လောက်တောင်ကောင်းသလဲဆို အပြင်ထွက်တော့မယ်ဆိုအဆီဖုတွေ၊ဝက်ခြံတွေက ကိုယ်အပြင်ထွက်တာနဲ့သူတို့ကပါလိုက်ထွက်ချင်နေတာမျိုး ဒီ Celimax noni ampoule ကို ညဘက်လိမ်းအိပ်ပေးတာနဲ့ မနက်ဆို ချပ်ကပ်သွားပီး အဖုတွေကထပ်ကြီးမလာတော့ဘူး။အိပ်ယာထခါစမျက်နှာလေးကလည်း အိအိလေးနဲ့glow glass လေးဖစ်နေတော့တာ။ဒီ ampoule က all skin type သုံးလို့ရတယ်။Skin hydration တော်တော်လေးကိုပေးတာ။အဓိကသုံးရမယ့်သူတွေက Dry skinသမား၊ရေဓာတ်ခမ်းခြောက်ပီး skin weak ဖစ်နေတဲ့သူတွေ၊skin barrier ကိုသိသိသာသာကောင်းချင်တဲ့သူတွေဆိုဒီampoule လေးကို recommend ပါ။အဆီဖု၊အမဲစက်တွေကိုတဂယ်ကိုသိသိသာသာပါးသွားပီး ပြန်ထွက်မလာတော့တာမျိုး။ဒီampoule က Panthenol ,Collagen ပါတဲ့အတွက်အသားအရည်ကိုတင်းတင်းရင်းရင်းလေးနဲ့အရေးအကြောင်းတွေကိုပါသက်သာစေတယ်။သူပြောထားသလို Calming & Radiance ဆိုတဲ့အတိုင်း အသားအရေနီမြန်းရောင်ရဲတာကိုသက်သာစေပီးHealthy skin, glow skin ကို တဂယ်ရတာပါ။moisture ကိုတော့ ကိုယ့်skin type ပေါ်မူတည်ပီး ရွေးသုံးကြနော်။
မိတ်ကပ်လိမ်းရင်လည်း ညှပ်နေတာပဲ အုသုံးတာတော့၃လကျော်သွားပီး။ဒီထပ်အသေးစိတ်သိချင်ရင်တော့ reviewsတွေသာရှာဖတ်နော် တဂယ်ကောင်းလို့ ampoule ဗူးတွေထပ်ဝယ်ထားတာပဲကြည့်တော့🫶

05/06/2026
Photos from Glow By Yoon's post 03/06/2026

VT PDRN Essence Stick Balm ရောက်ပါပြီရှင့်✨
Skin step တွေအများကြီးမသုံးချင်ဘဲ Glass Skin Glow ရချင်သူတွေအတွက် အဆင်ပြေဆုံး 5-in-1 Multi Balm လေးပါ။

💥Essence, Serum, Cream, Moisturizer နဲ့ Makeup Enhancer အာနိသင်ကို Stick တစ်ချောင်းတည်းနဲ့ ရနိုင်ပါတယ်။
💥 PDRN, Collagen နဲ့ Ceramide NP ပါဝင်လို့ အရေးအကြောင်းတွေကို သက်သာစေပြီး အသားရေကို တင်းရင်းဖြူဝင်းစေပါတယ်

💥Non-Sticky (မကပ်စေး)၊ Fragrance-Free (အမွှေးနံ့မပါ) ဖြစ်ပြီး Stick Balm ဖြစ်လို့ လက်မပေဘဲ လိမ်းရလွယ်ကူပါတယ်။

‼️မျက်နှာ၊ လည်ပင်း၊ Smile Lines၊ မျက်ဝန်းတဝိုက်နဲ့ ခြောက်သွေ့တဲ့ နေရာတိုင်းမှာ စိုပြေဝင်းလက်သွားအောင် အလွယ်တကူ ပွတ်လိမ်းပေးရုံပါပဲရှင့်။‼️
Instock Mdy ‼️

Photos from Glow By Yoon's post 03/06/2026

Instock mdy ‼️‼️

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay