HIV Education Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HIV Education Myanmar, Health/Beauty, Mandalay.
HIV-1 ဗိုင်းရပ်စ် (Human Immunodeficiency Virus) ဟာ ကမ္ဘာလုံးဆိုင်ရာ AIDS ကပ်ရောဂါကို ဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး ၎င်းရဲ့ဇစ်မြစ်ကို မျိုးဗီဇလေ့လာမှုတွေ (Genetic Analysis) နဲ့ သမိုင်းဝင် အချက်အလက်တွေနဲ့ ခြေရာခံနိုင်ခဲ့ပါတယ်
HIV ဗိုင်းရပ်စ်ဟာ မူလက လူသားတွေမှာ စတင်ခဲ့ခြင်း မဟုတ်ဘဲ ချင်ပန်ဇီမျောက်တွေမှာ တွေ့ရှိရတဲ့ မျောက်ကိုယ်ခံအားကျဆင်းမှု ဗိုင်းရပ်စ် (SIV - Simian Immunodeficiency Virus)မှ ဆင်းသက်လာခြင်း ဖြစ်ပါတယ်
SIV ဟာ လူသားတွေထံ ကူးစက်ပြောင်းလဲသွားရတဲ့ အဓိကအချက်ကတော့ အာဖရိကအလယ်မှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်ပြီး အသားတွေခုတ်ထစ်ခြင်းပြုလုပ်စဉ် ချင်ပန်ဇီမျောက်တွေရဲ့ သွေးနဲ့ တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် ကူးစက်ခဲ့ခြင်းဖြစ်ပါတယ် ဒါကိုမျိုးစိတ်ကူးပြောင်းမှု (Zoonotic Transmission) လို့ခေါ်ပါတယ်
သိပ္ပံပညာရှင်တွေဟာ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုနှုန်းကို ခြေရာခံလိုက်ရာ ပထမဆုံး ကူးစက်ခဲ့တဲ့နေရာဟာ ကွန်ဂိုနိုင်ငံ ကင်ရှာဆာ (Kinshasa) ဒေသမှာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ် ဗိုင်းရပ်စ်ဟာ ချင်ပန်ဇီ မှ လူသားတွေထံ ပထမဆုံးအကြိမ် ၁၉၀၉ ခုနှစ်မှ ၁၉၃၀ ပြည့်နှစ်ကြားမှာ ကူးစက်ပြောင်းလဲခဲ့ပြီး လူသားအချင်းချင်း ကူးစက်ပျံ့နှံ့မှုစတင်ခြင်းကတော့ ၁၉၂၀ ပြည့်လွန်နှစ်တွေမှာ ဖြစ်နိုင်ခြေ အများဆုံးလို့ဆိုကြပါတယ်
ပျံ့နှံ့ရခြင်း အကြောင်းရင်းတွေကတော့ ၁၉၂၀ ပြည့်နှစ်တွေမှာ ကင်ရှာဆာမြို့ဟာ ဘယ်လ်ဂျီယံကိုလိုနီအုပ်ချုပ်မှုအောက်မှာ ရှိခဲ့ပြီး စီးပွားရေး နဲ့ ရထားလမ်းတွေကြောင့် မြို့ပြကြီးတစ်ခုအဖြစ် တိုးတက်လာခဲ့ပါတယ်
မြို့တွင်းမှာ ရထားလမ်းတွေရှိလာခြင်းကြောင့် လူအများအပြား ဝင်ထွက်သွားလာမှု များပြားလာပြီး ကွန်ဂိုမြစ်ဝှမ်းတစ်လျှောက်ရှိ လူဦးရေအုပ်စုတွေကြားမှာ ဗိုင်းရပ်စ် ပျံ့နှံ့ရန် အခွင့်အလမ်းများစွာ ဖန်တီးပေးခဲ့သလိုဖြစ်ခဲ့ပါတယ်
မြို့ပြမှာ နေထိုင်မှုပုံစံ နဲ့ လိင်ပိုင်းဆိုင်ရာ အလေ့အထတွေပြောင်းလဲလာခြင်းကလည်း ကူးစက်မှုကို မြန်စေခဲ့ပါတယ် HIV ဟာ ကူးစက်ခံရပြီးနောက် AIDS ရောဂါအဖြစ် ရောက်ရှိရန် ဆယ်စုနှစ်တစ်ခု သို့မဟုတ် အဲ့ထက်ပို၍အချိန်ယူရပါတယ် ဒါကြောင့် ၁၉၂၀ မှ ၁၉၇၀ အတွင်း ဗိုင်းရပ်စ်ဟာ လူမသိဘဲ နှေးကွေးစွာကူးစက်ပျံ့နှံ့နေခဲပြီး ရောဂါလက္ခဏာတွေကြီးကြီးမားမား မပေါ်ခဲ့ပါဘူး
ဗိုင်းရပ်စ်ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ အာဖရိကမှ ဟေတီနိုင်ငံ (ကာရေဘီယံဒေသ) သို့ ရောက်ရှိခဲ့ပါတယ် အဲ့မှတစ်ဆင့် ၁၉၇၀ ပြည့်လွန်နှောင်းပိုင်း နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေ အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့ပါတယ်
၁၉၈၁ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ခံအားကျဆင်းမှု လက္ခဏာတွေနဲ့ ေxသဆုံးသူတွေ (အဓိကအားဖြင့် အမျိုးသားချင်း လိင်ဆက်ဆံသူတွေ) စုဖွဲ့ပေါ်လာမှသာ ဆရာဝန်တွေနဲ့ သိပ္ပံပညာရှင်တွေက AIDS (Acquired Immunodeficiency Syndrome) ဆိုတဲ့ ရောဂါအမည်ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်
ဒါကြောင့် မျိုးဗီဇခြေရာခံလေ့လာမှုတွေက ကင်ရှာဆာမြို့ကို ဒီဗိုင်းရပ်စ်ရဲ့ မူလရင်းမြစ်အဖြစ် ခိုင်မာစွာ ဖော်ပြပေးနေပြီး ဗိုင်းရပ်စ်တစ်ခုဟာ လူမှုရေး၊ ပထဝီဝင် နဲ့ သယ်ယူပို့ဆောင်ရေး အခြေအနေတွေပေါ် မူတည်ပြီး ကမ္ဘာအနှံ့ကို ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်
#ဗဟုသုတ
မူရင်းအားCrd
PEP (Post Exposure Prophylaxis) ဆေးသောက်
ရမည့် နည်းလမ်းနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊
နေ့စဥ်အချိန်တစ်ချိန်သတ်မှတ်ပြီး မှန်မှန်သောက်ပါ၊
(ဥပမာ- မနက် ၈နာရီသောက်ရင်နေ့စဥ် မနက် ၈နာရီပါ၊)
အစာရှိရှိ မရှိရှိသောက်လို့ရပါတယ်၊ Dolutegravir ပါ
ဝင်သောဆေးတွဲဆိုရင် အစာနဲ့သောက်ပါ၊
(ယနေ့ခေတ်မှာ Dolutegravir အသုံးများကြပါတယ်၊)
Efavirenz ပါဝင်သောဆေးတွဲဆိုရင် အစာနဲ့အချိန်ခြား
သောက်သင့်ပါတယ်၊ (မူးတတ်လို့ပါ၊)
အရက်ဘီယာနဲ့ အနည်းဆုံး (၂)နာရီခြားသင့်ပါတယ်၊
တခြားဆေးဝါးတွေနဲ့ အနည်းဆုံး (၃) နာရီခြားပါ၊
လင်ဇီး၊ ဂျင်ဆင်းပါဝင်တဲ့ အားဆေးတွေရှောင်ပါ၊
(PEP သောက်နေစဥ်ကာလမှာ မသောက်သင့်ပါ၊)
ဆေးတစ်ကြိမ်မှ မပျက်ဖို့အလွန်အရေးကြီးပါတယ်၊
(တစ်ခါတစ်ရံ ဆေးသောက်မေ့တာ၊ နောက်ကျတာ
ဖြစ်ရင်လည်း သတိရတာနဲ့ချက်ခြင်းသောက်ပါ၊)
PEP ဆေးသောက်နေစဥ်ကာလမှာ အကာအကွယ်မဲ့
လိင်ဆက်ဆံမှုမလုပ်သင့်ပါ၊ ဇနီး၊ ခင်ပွန်း၊ ချစ်သူနဲ့
အကာအကွယ်မဲ့ လိင်ဆက်ဆံရင် သူတို့ထံ ထပ်မံ
ကူးစက်သွားနိုင်ပြီး ပြင်ပမှမသိတဲ့သူနဲ့ဆက်ဆံရင်
အိပ်ချ်အိုင်ဗွီပိုး ထပ်မံကူးစက်ဝင်လာနိုင်ပါတယ်၊
လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေစစ်ဆေးကုသ
သင့်ပါတယ်၊
Doxy PEP ကာကွယ်မှုကိုလည်း PEP ဆေးနှင့်အတူ
(၇၂) နာရီအတွင်း သောက်သုံးသင့်ပါတယ်၊
မူရင်းအားCrd
အေအာတီဆေး စတင်သောက်ချိန်မှာ
လုပ်ဆောင်ရမယ့်အရာများ၊
အေအာတီဆေး ဆိုတာ တသက်လုံးမှာ
တကြိမ်မှ သောက်ခဲ့ဖူးတဲ့ဆေးမဟုတ်ပါ၊
စတင်သောက်ရတဲ့အချိန်မှာ သတိထားရ
မယ့်အရာတွေရှိပါတယ်၊
(၁) ဆေးရဲ့ဘေးထွက်ဆိုးကျိုးများဖြစ်ခြင်း၊
(၂) ဆေးနဲ့ ဓာတ်မတည့်မှုများ ဖြစ်ပွားခြင်း၊
(၃) ဆေးကို ခန္ဓာကိုယ်မှ တုန့်ပြန်ခြင်း၊
စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်၊ ဖြစ်ပွားတဲ့
လက္ခဏာတွေပေါ်မူတည်ပြီး ဆုံးဖြတ်ရပါတယ်၊
ဒါတွေက စတင် သောက်ခါစအချိန်မှ (၁)လ
အတွင်း သိသာပါတယ်၊ ပုံမှန်ထက်ထူးခြားတဲ့
လက္ခဏာတွေပြနေပြီး တနေ့တခြား ပိုဆိုးလာ
တယ်ဆိုရင် ဆေးထုတ်ပေးထားတဲ့ နေရာဌာန
ကို ပြန်လည်ပြသသင့်ပါတယ်၊
ဖြစ်ပွားလာတဲ့ လက္ခဏာတွေပေါ်မူတည်ပြီး
သက်သာလာရင် အဆင်ပြေပေမယ့် ပိုဆိုး
လာတယ်၊ ပြင်းထန်လာတယ်ဆိုရင် အမြန်
သွားရောက်ပြသသင့်ပါတယ်၊
PEP ဆေး၊ PrEP ဆေးဝါးတွေ ကလည်း
အေအာတီဆေးဝါး အမျိုးအစားဝင်တွေ
ပဲ ဖြစ်တာကြောင့် ဆေးစတင်သောက်ချိန်
သတိထားရပါမယ်၊ ဆေးဝါးရယူရာနေရာ
ဆေးဝါး ရောင်းချလိုက်တဲ့ နေရာတွေနဲ့
အမြဲတမ်းဆက်သွယ်မှု ရှိနေရပါမယ်။
မူရင်းCrd
02/10/2025
28/09/2025
Antiretroviral therapy (ART) စတင်
မသောက်ခင် စစ်ဆေးသင့်တဲ့ အရာများ၊
၁. HIV နှင့် ဆိုင်သော စစ်ဆေးမှုများ၊
✅ HIV confirmatory test
(အတည်ပြု စမ်းသပ်မှု)
✅ CD4 count
(ကိုယ်ခံအားစနစ် စမ်းသပ်မှု)
✅ HIV viral load
(အိပ်ချ်အိုင်ဗွီပိုး ကောင်ရေစစ်ဆေးမှု)
၂. အခြားရောဂါများ စစ်ဆေးမှု၊
✅ Hepatitis B (HBsAg, Anti-HBs, Anti-HBc)
✅ Hepatitis C (Anti-HCV)
✅ Tuberculosis (TB screening – symptom
screen, CXR, sputum test, GeneXpert)
၃. သွေးနှင့် အသည်း၊ ကျောက်ကပ်စစ်ဆေးမှု၊
✅ Complete blood count (CBC)
✅ Liver function test (AST, ALT, Bilirubin)
✅ Renal function test (Serum creatinine,
eGFR, Urea)
၄. အထူးလိုအပ်သည့် စစ်ဆေးမှုများ၊
✅ Pregnancy test (မိန်းမလူနာများအတွက်)
✅ HLA-B*5701 testing
(Abacavir သုံးမယ်ဆိုရင်)
✅ Blood sugar (FBS/RBS, HbA1c)
✅ Lipid profile
(Cholesterol, Triglyceride, HDL, LDL)
✅ Weight, Height, BMI
၅. လူနာကို ကြိုသိစေသင့်သော အချက်များ၊
✅ ဆေးသောက်စဥ် အချိန်မလွဲ တိကျစွာ
သောက်ရန်၊
✅ ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများ၊
✅ Drug interactions ဖြစ်နိုင်မှုများ၊
✅ Follow-up အချိန်ဇယား၊
Base Line အခြေအနေများရယူခြင်း၊
အိပ်ချ်အိုင်ဗွီပိုးကောင်ရေ၊ ကိုယ်ခံအားစနစ်
အခြေအနေ၊ အသည်း၊ ကျောက်ကပ်အခြေ
အနေ၊ ဘီပိုး၊ စီပိုး၊ တီဘီပိုးများကူးစက်မှု၊
အားလုံးကို သိထားပြီးမှ အေအာတီဆေး
စတင်သောက်ရပါမယ်၊
မူရင်းCrd
27/09/2025
HIV.....့ပိုးရှိမှန်း...သိနိုင်သော....လက္ခဏာများ
ခန္ဓာကိုယ်ထဲကို HIV ပိုး ဝင်ရောက်ခံရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းဟာ တစ်လမှ နှစ်လအတွင်းAcute retroviral syndrome လို့ခေါ်တဲ့ တုပ်ကွေးရောဂါလိုမျိုး လက္ခဏာ ဖြစ်ပေါ်တတ်ပါတယ်။
တစ်ခါတစ်ရံမှာ HIV ရောဂါပိုးဝင်တဲ့ လက္ခဏာဟာ နှစ်ပေါင်းများစွာ ဒါမှမဟုတ် ဆယ်စုနှစ်ထိတောင်
မပေါ်ပေါက်ပဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် HIV ရောဂါပိုးရှိသူ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ
သူတို့မှာ ပိုးရှိမှန်း မသိရှိကြပါဘူး။ပိုးရှိ၊ မရှိ စစ်ဆေးဖို့က အရေးကြီးပါတယ်။
အထူးသဖြင့် မိမိအိမ်ထောင်ဖက်အပေါ် သစ္စာမရှိဘဲ တခြားသူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုလုပ်သူတွေနဲ့မူးယစ်ဆေးကို အကြောဆေးအဖြစ် ထိုးသွင်းသူတွေ အနေနဲ့ HIV ပိုးအတွက် စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။အောက်ပါတို့ဟာ HIV ပိုးရှိနေမှန်း သိနိုင်တဲ့ လက္ခဏာတချို့ပါ။
၁။ အဖျားရှိခြင်းHIV ပိုး ဝင်ရောက်တဲ့ ပထမဆုံး လက္ခဏာ အနေနဲ့ အဖျားရှိတာပါ။ ၁၀၂ ဒီဂရီလောက်ထိ ရှိတတ်ပါတယ်။မောပန်းတာ၊ အကျိတ်ရောင်တာနဲ့ လည်ချောင်းနာတာတွေပါ တွဲပြီး ဖြစ်တတ်ပါတယ်။
ဗိုင်းရပ်စ်ပိုးဟာ သွေးအတွင်း ရွေ့လျားနေပြီး အများအပြား ပေါက်ဖွားလာတဲ့ အခါမှာ ခုခံအားစနစ်က
တုံ့ပြန်တာကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာပါ။
၂။ မောပန်းခြင်းခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် မောပန်းတဲ့ ဝေဒနာ ခံစားရနိုင်ပါတယ်။
မောပန်းတာဟာ HIV ပိုးရှိတဲ့ ပထမနဲ့ နောက်ဆုံး လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
၃။ ကြွက်သားနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲခြင်း
HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ တုပ်ကွေးနဲ့ မှားယွင်းတတ်ပါတယ်။
တစ်ခါတစ်ရံမှာ ကာလသားရောဂါ ဒါမှမဟုတ် အသည်းရောင်ရောဂါနဲ့လည်း မှားယွင်းတတ်ပါတယ်။
အဲဒီရောဂါတွေ အားလုံးမှာ အဆစ်နဲ့ ကြွက်သားကိုက်ခဲ နာကျင်တာ၊ အကျိတ်တွေ ရောင်တာတွေ ဖြစ်ပေါ်တတ်လို့ပါ။
ခန္ဓာကိုယ်တွင်း ပိုးဝင်ရောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ရဲ့ တုန့်ပြန်မှုကြောင့် အကျိတ်ရောင်တာဖြစ်ပြီးများသောအားဖြင့် လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံနေရာတွေက အကျိတ်တွေမှာ ရောင်ရမ်းနေတတ်ပါတယ်။
၄။ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းလည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာဟာလည်း အကျိတ်ရောင်တာလိုပဲ HIV ပိုးဝင်ရောက်တဲ့ တခြားလက္ခဏာတွေပါ။
၅။ အရေပြားတွင် အဖုအပိမ့် ပေါက်ခြင်း
အရေပြားမှာ အဖုအပိမ့် ပေါက်တာဟာလည်း HIV ပိုးဝင်ရောက်တဲ့ စောစောစီးစီး လက္ခဏာ ဒါမှမဟုတ်
နောက်ကျတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ပြည်တည်နာလိုမျိုး အနာတွေဟာ လက်မောင်းနဲ့ ခန္ဓာကိုယ်အတွင်းပေါက်နေတတ်ပါတယ်။
၆။ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း
HIV ပိုး ဝင်ရောက်သူ ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းဟာ ပျို့တာ၊ အန်တာ ဒါမှမဟုတ် ဝမ်းပျက်တာတွေ ဖြစ်တတ်ပါတယ်။
၇။ ကိုယ်အလေးချိန်ကျဆင်းခြင်း
HIV ပိုး ဝင်ရောက်တာကြောင့်ဖြစ်တဲ့ AIDS ရောဂါရဲ့ နောက်ဆုံးအဆင့်ကြောင့် ဖြစ်နိုင်သလို ဆိုးဆိုးရွားရွားဝမ်းပျက်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန် ကျဆင်းနေတာဟာ ခုခံအားစနစ် ကျဆင်းနေတယ်လို့အဓိပ္ပာယ်ရပါတယ်။မိမိခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒါထက်ပိုပြီး ကျဆင်းကာဝမ်းပျက်နေပြီး ရက်ပေါင်း ၃၀ ကျော်ထိ အဖျားရှိနေမယ်ဆိုရင် HIV ပိုး ဝင်ရောက်နိုင်တယ်လို့ သံသယရှိရပါမယ်။
၈။ ချောင်းခြောက်ဆိုးခြင်း
ချောင်းခြောက်ဆိုးနေပြီး ချောင်းဆိုးပျောက်ဆေးနဲ့ တခြားဆေးဝါးတွေ အသုံးပြုရင်တောင် မပျောက်ကင်းခဲ့ရင်HIV ရောဂါပိုးရှိတယ်လို့ သံသယဝင်ရပါမယ်။
၉။ နမိုးနီးယား အဆုတ်ရောင်ရောဂါ
ချောင်းဆိုးတာနဲ့ ကိုယ်အလေးချိန်ကျတာဟာ HIV ပိုး ဆိုးရွားစွာ ဝင်ရောက်တဲ့ လက္ခဏာ ဖြစ်ပြီး
ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကလည်း ကောင်းကောင်း အလုပ်မလုပ်နိုင်လို့ ဖြစ်တာပါ။
ခုခံအားစနစ် ကျဆင်းတာကြောင့် ဒါကို အခွင့်ကောင်းယူပြီး ရောဂါပိုးများစွာ ဝင်ရောက်နိုင်ပါတယ်။
နမိုးနီးယားအပြင် ရေယုန်နဲ့ မှိုပိုးတွေပါ ဝင်ရောက်နိုင်ပါတယ်။
၁၀။ ညဘက် ချွေးထွက်ခြင်းHIV ပိုး ဝင်ရောက်သူ ထက်ဝက်ခန့်ဟာ ညဘက်မှာ ချွေးထွက်တတ်ပါတယ်။
မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေ ခံစားရတဲ့ ဝေဒနာလိုမျိုးပါ။
အခန်းအပူချိန် ဒါမှမဟုတ် လေ့ကျင့်ခန်း ပြုလုပ်တာနဲ့ မသက်ဆိုင်ပါဘူး။
၁၁။ လက်သည်း ခြေသည်း ပြောင်းလဲခြင်း
HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ လက်သည်းခြေသည်းတွေ တင်းပုတ်ပုံသဏ္ဌာန် ပြောင်းလဲတာ၊
လက်သည်းကွဲတာ ဒါမှမဟုတ် လက်သည်းအရောင် ပြောင်းလဲတာတွေ ဖြစ်တတ်ပါတယ်။
မှိုပိုးကူးစက်တာကြောင့် ဖြစ်တတ်ပြီး ခုခံအားကျဆင်းနေတဲ့အတွက် ပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်နိုင်လို့့ပါ။
၁၂။ မှိုရောဂါပိုး ဝင်ရောက်ခြင်း
မှက္ခရုပေါက်တာဟာ HIV ပိုးရှိသူတွေမှာ အဖြစ်များပါတယ်။ ကန်ဒိတာ မှိုပိုးကြောင့်ဖြစ်ပြီး ပါးစပ် ဒါမှမဟုတ်အစာမျိုပြွန်မှာ ဖြစ်တတ်တာမို့ အစာမျိုရတာ ခက်ခဲတတ်ပါတယ်။
၁၃။ အာရုံစူးစိုက်နိုင်ရန် ခက်ခဲခြင်းမှတ်ဉာဏ်ပြဿနာ၊ အာရုံစူးစိုက်ရ ခက်ခဲတဲ့ပြဿနာ၊ စိတ်တိုလွယ်တာ ဒါမှမဟုတ် စိတ်ဆတ်တာဟာHIV ပိုး ဝင်ရောက်ခံရတဲ့ လက္ခဏာပါ။ စာရေးတာလိုမျိုး နေ့စဉ် အလွယ်တကူ ပြုလုပ်ရတဲ့ လှုပ်ရှားမှုတွေပြုလုပ်ဖို့လည်း ခက်ခဲတတ်ပါတယ်။
၁၄။ ရေယုန်ပေါက်ခြင်း သို့မဟုတ် လိင်အင်္ဂါ ရေယုန်ပေါက်ခြင်း
ပါးစပ်ရေယုန်နဲ့ လိင်အင်္ဂါမှာ ရေယုန်ပေါက်တာဟာ HIV ပိုးရဲ့ နောက်ဆုံးအဆင့် လက္ခဏာတွေပါ။
ဒါ့အပြင် ရေယုန်ပေါက်တာကြောင့်လည်း HIV ပိုး ကူးစက်ဖို့ ပိုလွယ်သွားပါတယ်။
ရေယုန်ပေါက်တာကြောင့် အနာဖြစ်ရာမှ လိင်ဆက်ဆံနေစဉ်အတွင်း HIV ပိုးဟာ ခန္ဓာကိုယ်တွင်း အလွယ်တကူဝင်ရောက်နိုင်လုိ့ပါ။
၁၅။ ထုံကျဉ်ခြင်း၊ အားနည်းခြင်း
HIV ပိုး ရှိနေရင် ခြေထောက်နဲ့ လက်မှာ ထုံတာတွေ ကျဉ်တာတွေ ဖြစ်တတ်ပါတယ်။
အာရုံကြောပျက်စီးတာကြောင့် ဖြစ်ပြီး ဆီးချိုရောဂါကို မထိန်းနိုင်သူတွေမှာ ဖြစ်တတ်တာနဲ့ တူပါတယ်။
၁၆။ ဓမ္မတာမမှန်ခြင်း
HIV ပိုးရှိသူတွေ အနေနဲ့ ရာသီသွေးနည်းတာ၊ သွေးကျဲတာတွေ ဖြစ်တတ်ပါတယ်။
အချိန်မတိုင်ခင် မီးယပ်သွေးဆုံးတာ ဖြစ်တတ်ပါတယ်။
ပုံမှန်အားဖြင့် ၄၉ နှစ်မှ ၅၃ နှစ်အရွယ်မှာ သွေးဆုံးတတ်ပေမယ့် HIV ပိုး ကူးစက်ခံရသူတွေမှာ
၄၇ နှစ်မှ ၄၈ နှစ် အရွယ်မှာ သွေးဆုံးတတ်ပါတယ်။
Crd
Click here to claim your Sponsored Listing.
