Kaung Thukha Wai

Kaung Thukha Wai

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Thukha Wai, Health/Beauty, Mandalay.

ကောင်းသုခဝေ- တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
(အကြောပြေဒဏ်ကျေလိမ်းဆေးဆီ၊အစာ​ကြေလေနိုင်ဆေး၊နံ့သာနီအခိုးပွင့်ဆေး၊မျက်စိကြည်ဝမ်းပျော့ဆေး)
ကောင်းသုခဝေ -သဗ္ဗဇေယမင်္ဂလာဦးခေါင်းဆေးရည်
(သဘာဝခေါင်းလျှော်ရည်) ထုတ်လုပ်ရေးလုပ်ငန်း။
မန္တလေးမြို့။
၀၉၄၄၂၆၉၉၆၉၉/ ၀၉၆၉၄၅၆၅၆၉၉

17/05/2026

လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ကောင်းသုခဝေအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချနေသော ရှောက်တစ်လုံးအဆီကျဝမ်းမှန်ဆေး( ရှောက်တစ်လုံးယို ) ဘူးများကို လက်ရှိကာလမှာ ရှောက်သီးကုန်ကြမ်းတွေမရရှိသေးပါသောကြောင့် ခေတ္တထုတ်လုပ်မှုရပ်နားထားပါတယ်ခင်ဗျာ။

ပြန်လည်ထုတ်လုပ်တဲ့အချိန်ရောက်ရင် ပြန်လည်အသိပေးပါမည်ခင်ဗျာ။

ဝယ်ယူအားပေးကြတဲ့ ကောင်းသုခဝေရဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ကောင်းသုခဝေတိုင်းရင်ဆေးဝါးထုတ်လုပ်ရေး
မန္တလေးမြို့

26/04/2026

" ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းမခဲရတဲ့

ကောင်းသုခဝေ မျက်စိကြည်ဝမ်းပျော့ဆေး”

ဝယ်သုံးခဲ့ဖူးတွေတိုင်း သတိတရနဲ့
အမြဲဝယ်ယူအားပေးနေလျက်ရှိတဲ့
ကောင်းသုခဝေရဲ့ မျက်စိကြည်ဝမ်းပျော့ဆေးဘူးတွေ
လက်လီလက်ကားစနစ်နဲ့ ဝယ်ယူအားပေးနိုင်ပါပြီ။

👉 ဝမ်းခဏခဏချုပ်တတ်တဲ့သူတွေ၊
👉 ဝမ်းနုတ်ဆေးစားတိုင်း ဗိုက်ကရစ်ပြီနာလွန်းလို့ ဝမ်းနုတ်ဆေးဆို မစားရဲဘူးဆိုတဲ့သူတွေ၊
👉 ဝမ်းချုပ်ပါများလို့ ဗိုက်ထဲမှာ စမြင်းတုံးတွေများနေပါပြီဆိုတဲ့သူတွေ၊
👉 လေချုပ် ဝမ်းချုပ်လို့ အမြဲဗိုက်အောင့်နေတတ်တဲ့သူတွေ၊
👉 ဝမ်းဗိုက်ပါ အစာဟောင်းတွေစုပြီး အပူခိုးတွေကြောင့်
ခေါင်းကိုက်ပြီး မျက်စိပါမှုန်နေပါပြီဆိုတဲ့သူတွေ၊
👉 ဝမ်းမှန်မှန်သွားမှ နေကောင်းထိုင်သာရှိတာပါဆိုတဲ့သူတွေ
👉 ကောင်းသုခဝေ မျက်စိကြည်ဆေးက ငါတို့နဲ့ အံ့ကိုက်ပဲဟေ့ ဆေးဘူးရရင် ပို့ပေးပါအုံးဆိုတဲ့ သူတွေအတွက်

ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက
ထုတ်လုပ်ထားတဲ့ မျက်စိကြည်ဝမ်းပျော့ဆေးဘူးတွေကို လက်လီလက်ကားဝယ်ယူအားပေးနိုင်ကြပါပြီခင်ဗျာ။

ဆေး( ၁ ) ဘူး ၄၅၀၀ ကျပ်။

အမြို့မြို့ဆိုင်တိုင်းတွင် မေးဝယ်ပါ။

ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
မန္တလေးမြို့။
09442699699/ 09694565699 / 09897474744
Viber +959 442699699
Mail add - [email protected]

16/04/2026

နှစ်သစ်မှာ
အားလုံး အားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြလျှက်
လောကီ လောကုတ် မယုတ်စီးပွါး အကျိုးများလို့ တိုးပွါးကြပါစေ🙏🙏🙏

ကောင်းသုခဝေ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
မန္တလေးမြို့။

Photos from Kaung Thukha Wai's post 03/04/2026

“ကောင်းသုခဝေအမှတ်တံဆိပ်ရှောက်တစ်လုံးယို”

ယခင်က ကောင်းသုခဝေအမှတ်တံဆိပ်နဲ့ ထုတ်လုပ်ခဲ့ဖြန့်ဖြူးရောင်းချပေးခဲ့တဲ့
“ ရှောက်တစ်လုံးအဆီကျဝမ်းမှန်ဆေး” အမည်အစား

ကောင်းသုခဝေအမှတ်တံဆိပ်
“ ရှောက်တစ်လုံးယို” အမည်ဖြင့်ပြောင်းလဲထုတ်လုပ်ပေးလိုက်ပါပြီ။

အစ/မတလ ( ၄၃၃၄ ) ဖြင့် တရားဝင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်ရှိပြီးဖြစ်လို့

လက်ကားဝယ်ယူချင်ကြသည့်
အရောင်းကိုယ်စားလှယ်ကြီးများ၊ အရောင်းဆိုင်ဖွင့်လှစ်ရောင်းချသူများအားလုံး အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ဖို့အတွက် ကားဂိတ်များမှတဆင့် ၊ deli များမှတဆင့် ပို့ဆောင်ရောင်းချပေးလျက်ရှိပါတယ်။

#လက်ကားစျေးသီးသန့်

# ( ၁ ) ဘူး - ၇၀၀၀ကျပ်

ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
မန္တလေးမြို့။
09897474744/09442699699/09694565699
[email protected]

02/03/2026

ယနေ့သည်
မြန်မာတိုင်းရင်းဆေးသမားတော်များနေ့
( တပေါင်းလပြည့်နေ့) ဖြစ်သည်။

ခေတ်အဆက်ဆက်၌ ပေါ်ထွန်းခဲ့ကြသော
မြန်မာ့တိုင်းဆေးသမားတော်ကြီးများ၏ ပညာဂုဏ်ကျေးဇူးတို့အား လေးစားဦးညွတ်ပါ၏။

မြန်မာ့တိုင်းရင်းဆေးပညာရပ်များ ဆတပိုးတိုးလို့ တိုးတတ်ကောင်းမွန်စွာ တည်တံ့နိုင်ပါစေ။

မြန်မာ့တိုင်းရင်းဆေးသမားတော်များ
စဉ်ဆက်မပြတ်ပေါ်ထွန်းနိုင်ကြပါစေ။

မြန်မာ့တိုင်းရင်းဆေးပညာ၏ ဂုဏ်ကို များစွာဆောင်နိုင်ကြပါစေ။

မြန်မာ့တိုင်းရင်းဆေးအစွမ်းဖြင့် လူသားတို့၏ ကျန်းမာရေးက်ု ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။

ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
မန္တလေးမြို့။

27/02/2026

ရှောက်တစ်လုံး

ကောင်းသုခဝေ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးက
ထုတ်လုပ်တဲ့ ရှောက်တစ်လုံးအဆီကျဝမ်းမှန်ဆေးကို
မန္တလေးက အသေးစားစက်မှုလက်မှုလုပ်ငန်းလိုင်စင်နံပါတ်နဲ့ စတင်ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

ယခင်က
ကောင်းသုခဝေအမှတ်တံဆိပ်ဖြစ်တဲ့
“ ရှောက်တစ်လုံးအဆီကျဝမ်းမှန်ဆေး” အစား
ယခုအခါ
ကောင်းသုခေဝေအမှတ်တံဆိပ်
“ ရှောက်တစ်လုံးယို” အမည်ဖြင့် တရားဝင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးတော့မှာဖြစ်ပါတယ်။

ထုတ်လုပ်မှုပုံစံကိုလည်း ယခင်ကထက် ပိုမိုကောင်းမွန်အောင် နည်းစနစ်ကျနစွာဖန်တီးထုတ်လုပ်ထားပါတယ်။

ဆေးဆိုင် မုန့်ဆိုင် ကုန်စုံဆိုင်ပါမကျန် လက်လီလက်ကားပြန်လည်ရောင်းချနိုင်အောင် စီစဉ်ပေးထားပါတယ်။

ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

မန္တလေးမြို့

Photos from Kaung Thukha Wai's post 24/02/2026

ပျားနှင့်ပေါင်းပြီးသကာလ။

“ဟေ့ ကိုရင်သာပျော့”

“ဗျာ “

“ ဗျာမနေနဲ့ ဟိုဘက်ခပ်ဝေးဝေးသွားနေစမ်းပါဗျာ”

ကျွန်တော့်စကားကြောင့် ကိုရင်သာပျော့ မျက်နှာပျက်သွားလေသည်။တကယ်တော့ အပြောခံရတဲ့ ကိုရင်သာပျော့သာ မျက်နှာပျက်ရသည်မဟုတ် ကျွန်တော်လည်း နှာခေါင်းရှုံ့နေတဲ့ မျက်နှာကြီးဖြစ်နေတော့ မြင်ရတဲ့သူမို့ စိတ်မသက်သာလှပေ။

“ ကျုပ်ဘာသာ မတ်တပ်ရပ်နေတာကို ဘာဖြစ်လို့ ခပ်ဝေးဝေးသွားနေရမလဲမောင်ကောင်းဝေရဲ့” ဟု ကိုရင်သာပျော့က စိတ်မသက်မသက်လေသံဖြင့် ပြန်မေးလေတော့သည်။

ကျွန်တော်လည်း မတတ်သာသည့်အဆုံး မပြောမဖြစ်မို့ ပြောလိုက်ရတော့သည်။

“ဒီလိုကိုရင်သာပျော့ရဲ့ ခင်ဗျာ့ခန္ဓာကိုယ်က အီးစော်နံနေလို့ ခပ်ဝေးဝေးသွားနေခိုင်းတာဗျ”

ထိုအခါကျမှ ကိုရင်သာပျော့လည်း စိတ်ပျက်ငြိုငယ်စွာဖြင့်
“ဟုတ်တယ် ဘကြီးညိုရေ ကျုပ်ဖြင့် ယင်ကောင်နဲ့ ပေါင်းမိပြီး မစင်တွင်းထဲရောက်ခဲ့ရလို့ပါဗျာ ခင်ဗျာ အီးစော်နံလို့ စိတ်မသက်မသာဖြစ်ရရင် ကျုပ် တောင်းပန်ပါတယ်ဗျာ”ဟု တောင်းပန်ရှာလေသည်။

“အဲဒါပြောတာပေါ့ ကိုရင်သာပျော့ရယ် စာလေးဘာလေးဖတ်ပါမှတ်ပါဆိုတော့
ပုံတွေပဲလျှောက်ကြည့်နေတာကိုးဗျ ….ခင်ဗျာ ဟိုစာတိုလေး မဖတ်မိဘူးလားဗျာ”ဟု ကျွန်တော်လည်း ကြုံတုန်းကလေး စာတတ်ပေတတ်ဆရာကြီးလုပ်လိုက်မဟဲ့ဆိုတဲ့ လေသံမျိုးဖြင့် ကိုရင်သာပျော့ကို ပြောလိုက်လေသည်။

ကိုရင်သာပျော့လည်း မျက်မှောင့်ကျုံ့ရင် ကျွန်တော့်အား “ ဘာစာတိုလေးတုန်းဗျ ပြောစမ်းပါအုံး” ဟု ပြန်မေးလေတော့သည်။

” ဘာစာရှိရမတုန်း ကိုရင်သာပျော့ရဲ့ ယင်ကောင်နဲ့ပေါင်းရင် မစင်တွင်းထဲရောက်မယ် ပျားနဲ့ပေါင်းရင် ပန်းခင်းထဲရောက်မယ် ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတာလေးဗျာ” ဟု ပြောလိုက်သည်။

“အင်း …အဲဒီစာတိုကလေး ကျုပ်တော့ ကြားဖူးသလိုရှိစဗျ ဘယ်တတ်နိုင်မလဲဗျာ
သင်ခန်းစာပေါ့ နောက်တော့ အပေါင်းအသင်းကို ဆင်ဆင်ခြင်ခြင်ပေါင်းသင်းရမပေါ့ဗျာ အခုတော့ ဖြစ်ပြီးခဲ့တာမတတ်နိုင်တော့ဘူးပေါ့ဗျာ”

ကျွန်တော့်စကားအဆုံးမှာ ကိုရင်သာပျော့တစ်ယောက် သင်ခန်းစာရသွားပုံဟန်ဖြင့် နောက်ဆို အပေါင်းအသင်းကိုဆင်ဆင်ခြင်ခြင်ပေါင်းသင်းပါ့မယ်လို့ ဝန်ခံပြောကြားရင် အသင့်ပါလာသော လွယ်အိတ်ကလေးထဲကို လက်တဖက်ဖြင့် နှိုက်ရှာနေလေသည်။

“ဘာတွေရှာနေတာလဲ ကိုရင်သာပျော့ရဲ့”

“ ခင်ဗျာကို ပေးမလို့ပါ ဆေးဘူးရှာနေတာဗျ ….တွေ့ပြီဗျ တွေ့ပြီ”

ကျွန်တော်လည်း ဆေးတွေ့ပြီဆိုတော့ ဘာဆေးလဲဟု မေးလိုက်သည်။

ကိုရင်သာပျော့က ကျွန်တော့်မျက်နှာကို “ဒင်းတော့ ငါကယ်မှဖြစ်မယ်”ဆိုတဲ့ မျက်နှာပေးနဲ့ စေ့စေ့ကြည့်လိုက်ရင်း

“ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ လိမ်းဆေးဆီဗျ” ဟု ပြောရင်း ကျွန်တော့်အား ကမ်းပေးလိုက်သည်။

ကျွန်တော်လည်း လက်ထဲရောက်လာတဲ့ ကောင်းသုခဝေအကြောပြေဒဏ်ကျေလိမ်းဆေးဆီဘူးကို ကြည့်လိုက်ရင်း
“ဒီဆေးက ဘာကောင်းလို့ ကျွန်တော့်ကို ပေးတာလဲဗျ”ဟု ပြန်မေးလိုက်သည်။

”ဘာကောင်းသလဲရှည်ရှည်ဝေးဝေးတွေ မေးမနေနဲ့ ဆေးညွှန်းက ဆေးဘူးထဲမှာပါပြီးသား အခုက ခင်ဗျာရဲ့ ဖူးယောင်ပြီး အဆိပ်တတ်နေတဲ့ မျက်နှာတွေ လက်တွေ ခြေတွေ ဂုတ်တွေကိုသာ ဒီဆေးအဆီနဲ့ အသားထဲစိမ့်နေအောင်ပွတ်လိမ်းပေးလိုက် မကြာခင်သက်သာသွားလိမ့်မယ်ဗျ”

ကိုရင်သာပျော့က ကျွန်တော့်အား ဆေးဘူးပေးရတဲ့အကြောင်းရင်းကို ရှင်းပြရင်းနဲ့
“ဒါနဲ့ မေးစမ်းပါရစေအုံး ဘကြီးညိုရဲ့ ခင်ဗျာက ကျုပ်ကိုသာ အီစော်နံသလေးဘာလေးနဲ့ ခင်ဗျာ မျက်နှာတွေရော ခြေတွေ လက်တွေ တကိုယ်လုံး ဖူးယောင်နေရအောင် ဘာဖြစ်လာတာတုန်း ပြောစမ်းပါအုံးဗျာ” ဟု ကျွန်တော့်ရဲ့ အဖြစ်သနစ်ကို မသိသဖြင့် မေးလေတော့သည်။

ကျွန်တော်လည်း ကိုရင်သာပျော့နဲ့နည်းတူစွာ နောင်တရမိသောလေသံဖြင့်
”ကျုပ်လည်း ပန်းခင်းထဲလျှောက်လည်ရမလားလို့ ပျားနဲ့ သွားပေါင်းမိတာ ပန်းခင်းထဲမရောက်ခင် ပျားတုတ်ခံလိုက်ရလို့ပါဗျာ”

”ဪ ဖြစ်ရလေ ဘကြီးညိုရယ် “ ဟု ကိုရင်သာပျော့က သနားဂရုဏာသက်တဲ့အသံဖြင့် ရေရွတ်လေတော့သည်။

ကျွန်တော့်မိတ်ဆွေတွေလည်း မစင်တွင်းထဲမရောက်ဖို့ ယင်ကောင်ကို မိတ်ဖွဲ့ပေါင်းသင်းတာရှောင်သင့်သလို ကျွန်တော့်လို ပန်းခင်းထဲလျှောက်ရရင်ပြီးရောဆိုပြီး တွေ့တဲ့ပျားနဲ့ပေါင်းလို့ အတုတ်ခံရတဲ့ဘဝလည်း မရောက်ဖို့ သတိပေးစကားလေး ပါးလိုက်ရပါတယ်ဗျာ။

“ ဪ …ဒါနဲ့…ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးကထုတ်တဲ့
ကောင်းသုခဝေအမှတ်တံဆိပ် အကြောပြေဒဏ်ကျေလိမ်းဆေးဆီဟာ မုန်ညင်းဆီစစ်စစ်ကို အခြေခံပြီး ဘယဆေးတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ မိသားစုတိုင်း မိသားစုတိုင်း အိမ်တိုင်း အိမ်တိုင်းဆောင်ထားသင့်တယ်ဆိုတဲ့အကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေနော်”

#ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး(မန္တလေး)
#ကောင်းသုခဝေအကြောပြေဒဏ်ကျေလိမ်းဆေးဆီ
#အမြို့မြို့ဆိုင်တိုင်းတွင်မေးဝယ်ပါ။
#၁ဘူး၉၀၀၀ကျပ်

ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
မန္တလေးမြို့။
09 442699699 / 09 897474744 / 09 694565699
Viber - +959 442 699 699
[email protected]

04/02/2026

လေးစားစွာဖြင့် အသိပေးကြေငြာအပ်ပါသည်။

ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ( မန္တလေး ) မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော
ကောင်းသုခဝေအမှတ်တံဆိပ် - အကြောပြေဒဏ်ကျေလိမ်းဆေးဆီ၊ အစာကြေလေနိုင်ဆေး၊ မျက်စိကြည်ဝမ်းပျော့ဆေး၊နံ့သာနီအခိုးပွင့်ဆေး၊ ရှောက်တစ်လုံးအဆီကျဝမ်းမှန်ဆေးတို့ကို
မြန်မာပြည်တဝှမ်း လက်လီလက်ကားစနစ်ဖြင့်
ရောင်းချပေးလျက်ရှိပါတယ်ခင်ဗျာ။

ယခုအခါမှာတော့ ကောင်းသုခဝေရဲ့ ကိုယ်စားလှယ်တော်ကြီးများအတွက်
ကိုယ်စားလှယ်ရောင်းချမှုပုံစံ ( ၂ ) မျိုးဖြစ်သည့်
၁။ တနိုင်တပိုင်လက်လီရောင်းချခြင်းပုံစံ
၂။ မြို့နယ် ၊ ခရိုင် ၊ တိုင်းနှင့်ပြည်နယ် အသီးသီးအတွက်
လက်လီလက်ကားရောင်းချသည့်ပုံစံတို့ကို
သတ်မှတ်ထားသောသဘောတူညီချက်များနှင့်တကွ
အရောင်းကိုယ်စားလှယ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

ကောင်းသုခဝေရဲ့ ကိုယ်စားလှယ်အရောင်းပုံစံ ( ၂ ) မျိုးကို
လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ ( ၁ ) ရက်နေ့မှစတင်ကာ ပြောင်းလဲကျင့်သုံးသွားမှာဖြစ်လို့ ယခင်ကိုယ်စားလှယ်တော်ကြီးများနှင့် လက်ရှိချိတ်ဆက်စာရင်းပေးပို့ထားသော ကိုယ်စားလှယ်တော်ကြီးများမှအပ ကိုယ်စားလှယ်အသစ်များကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်အထိ ခေတ္တရပ်ဆိုင်းထားပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ။

ကိုယ်စားလှယ်ရောင်းချမှုပုံစံများကို မကြာမီရက်ပိုင်းအတွင်း ကိုယ်စားလှယ်တော်ကြီးများထံ ပေးပို့အသိပေးအကြောင်းကြားသွားပါမည်ခင်ဗျာ။

ကောင်းသုခဝေကို အားပေးဝယ်ယူခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

လေးစားစွာဖြင့်

ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
မန္တလေးမြို့။

Photos from Kaung Thukha Wai's post 03/02/2026

ကောင်းသုခဝေရဲ့ ယခင်ထုတ်လုပ်ရောင်းချခဲ့သော
ကောင်းသုခဝေ နံ့သာနီအခိုးပွင့်ဆေး၊
ကောင်းသုခဝေ အစာကြေလေနိုင်ဆေး၊
ကောင်းသုခဝေ မျက်စိကြည်ဝမ်းပျော့ဆေးတို့ကို
မူလဆေးဘူးပုံစံတွေအတိုင်း ပြန်လည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါတော့မည်။

ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
မန္တလေးမြို့။

27/01/2026

အမျိုးသမီးတွေရဲ့လစဉ်ကျန်းမာရေးနှင့်ပတ်သက်ရင်?

ကောင်းသုခဝေရဲ့ အကြောပြေဒဏ်ကျေလိမ်းဆေးဆီကို
နေ့စဉ်ပုံမှန် ညအိပ်ယာဝင်တိုင် ဗိုက်နှင့် ဆီးစပ်တဝိုက်မှာ ဆေးကို အသားထဲစိမ့်ဝင်နေအောင် ဖြေးညင်းစွာပုံမှန်ပွတ်လိမ်းပေးခြင်းဖြင့် လစဉ်အမျိုးသမီးတွေရဲ့ ကျန်းမာရေးကြောင့် ကိုက်ခဲမှုဝေဒနာကို သက်သာစေပါတယ်။

မယုံဘူးဆိုတာ မသုံးဖူးကြသေးလို့ပါ။

မန္တလေးမြို့ ရဲ့ လက်ကားဒိုင်ကြီးဖြစ်တဲ့
“မထူး၊မစူး” မြန်မာတိုင်းရင်းဆေးမျိုးစုံလက်ကားဆိုင်ကြီးမှာ လက်လီလက်ကားဝယ်ယူရရှိနိုင်ပါပြီ။

မထူး၊ မစူး မြန်မာတိုင်းရင်းဆေးမျိုးစုံလက်ကားအရောင်းဆိုင်ကြီး
၈၇ လမ်း ၊ ၂၇ နှင့် ၂၈ လမ်းအကြား ၊ မန္တလေးမြို့။
၀၉၂၀၀၃၉၁၇

အကြောပြေဒဏ်ကျေလိမ်းဆေးဆီ( ၁ ) ဘူး ၉၀၀၀ကျပ်
ရှောက်တစ်လုံးအဆီကျဝမ်းမှန်ဆေး ( ၁ ) ဘူး ၇၀၀၀ကျပ်

#မြန်မာတစ်နိုင်ငံလုံးဘယ်နေရာကဝယ်ဝယ်စျေးနှုန်းကအတူတူပါပဲ။
#အမြို့မြို့ဆေးဆိုင်တိုင်းတွင်မေးဝယ်ပါ။

ကောင်းသုခဝေ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း
မန္တလေးမြို့။
Ph : 09694565699, 09897474744
Viber - +959 442699699
[email protected]

#ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#ကောင်းသုခဝေအကြောပြေဒဏ်ကျေလိမ်းဆေးဆီ
#ကောင်းသုခဝေမျက်စိကြည်ဝမ်းပျော့ဆေး
#ကောင်းသုခဝေအစာကြေလေနိုင်ဆေး
#ကောင်းသုခဝေနံ့သာနီအခိုးပွင့်ဆေး
#ကောင်းသုခဝေသဗ္ဗဇေယျမင်္ဂလာဦးခေါင်းဆေးရည်

Photos from Kaung Thukha Wai's post 27/01/2026

လိမ်းဆေးဆိုလို့ ပူတယ်လို့မထင်ပါနဲ့။

ကောင်းသုခဝေအမှတ်တံဆိပ်နဲ့ ထုတ်လုပ်တဲ့ လိမ်းဆေးဆီဟာ မုန်ညင်းဆီကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ ဆေးအဆီပါ။ မပူပါဘူး ။ သုံးစွဲဖူးကြသူတိုင်း ကြိုက်နှစ်သက်ကြတဲ့ဆေးပါ။

မန္တလေးမှာ

“ဗန္ဓုလ” မြန်မာတိုင်းရင်းဆေးမျိုးစုံလက်ကားဖြန့်ချီရေး
၈၃ လမ်း ၊ ၂၂ နှင့် ၂၃ လမ်းအကြား ၊ မန္တလေးမြို့။
၀၉ ၇၈၂၀၀၅၃၄၉ မှာ

လက်လီလက်ကား ဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ။

အကြောပြေဒဏ်ကျေလိမ်းဆေးဆီ( ၁ ) ဘူး ၉၀၀၀ကျပ်
ရှောက်တစ်လုံးအဆီကျဝမ်းမှန်ဆေး ( ၁ ) ဘူး ၇၀၀၀ကျပ်

#မြန်မာတစ်နိုင်ငံလုံးဘယ်နေရာကဝယ်ဝယ်စျေးနှုန်းကအတူတူပါပဲ။
#အမြို့မြို့ဆေးဆိုင်တိုင်းတွင်မေးဝယ်ပါ။

ကောင်းသုခဝေ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း
မန္တလေးမြို့။
Ph : 09694565699, 09897474744
Viber - +959 442699699
[email protected]

#ကောင်းသုခဝေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#ကောင်းသုခဝေအကြောပြေဒဏ်ကျေလိမ်းဆေးဆီ
#ကောင်းသုခဝေမျက်စိကြည်ဝမ်းပျော့ဆေး
#ကောင်းသုခဝေအစာကြေလေနိုင်ဆေး
#ကောင်းသုခဝေနံ့သာနီအခိုးပွင့်ဆေး
#ကောင်းသုခဝေသဗ္ဗဇေယျမင်္ဂလာဦးခေါင်းဆေးရည်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address

Mandalay