Paw-sitive Pup Veterinary Services

Paw-sitive Pup Veterinary Services

Share

မေးလိုရာမေး တိကျန်းမာရေး

Photos from Paw-sitive Pup Veterinary Services 's post 01/12/2025

🌟 Hello တိချစ်သူ မိဘများရှင် 🌟
အခုချိန်က ခွေးလေး၊ ကြောင်လေးတွေမှာ ကူးစက်ရောဂါများ (အထူးသဖြင့် သွေးဝမ်း) ပေါ်ပေါက်လွယ်တဲ့ Season ဖြစ်သလို
မိမိတို့ တိရစ္ဆာန်လေးတွေကို အထူးဂရုစိုက်ပေးဖို့ လိုအပ်တဲ့ အချိန်လည်း ဖြစ်ပါတယ်ရှင် 😊

တိလေးတွေကို ကာကွယ်ဆေး စနစ်ကျ ထိုးပေးထားခြင်း က ရောဂါများမှ ကာကွယ်ပေးနိုင်တဲ့ အရေးကြီးဆုံးအချက်ပါ။

👉ခွေးလေးတွေမှာဆို 5 in 1 - Canine distemper virus+Hepatitis (Adenovirus)-1/2 + Leptospirosis +Parvovirus+ Parainfluenza virus စတဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့ ၅မျိုးစပ် ကာကွယ်ဆေးနဲ့

6 in 1 - 5 in 1 +coronavirus ကိုပါ ကာကွယ်ပေးနိုင်တဲ့(6 in 1) ၆ မျိုးစပ် ကာကွယ်ဆေး တွေကို စိတ်ကြိုက် ရွေးချယ် ထိုးနှံ နိုင်ပါတယ်။

👉6 in 1 (၆မျိုးစပ်)ရောဂါကာကွယ်ဆေး ကို highly recommended ပါ။
အနည်းဆုံး ၃ ကြိမ်ကနေ ၄ကြိမ် အထိ Vet Doctors ရဲ့ ညွှန်ကြားမှု schedule အတိုင်း ထိုးသင့်ပါတယ်။

👉ကြောင်လေး တွေ မှာလည်း အတူတူ ပါပဲ
👉ကြောင်လေးတွေ ကို 4 in 1- Feline Herpes Virus+Feline Calcivirus +Feline PE leukopenia virus+Chlamydia Felis စတာတွေ ကို ကာကွယ်ပေးတဲ့ လေးမျိုးစပ် ရောဂါ ကာကွယ်လေး ကို အနည်းဆုံး ၁ကြိမ် မှ နှစ်ကြိမ်ထိ vet doctors ညွှန်ကြားထားသည့် scheduleအတိုင်း ထိုးနှံပေးဖို့လိုအပ်ပါတယ်။

👉 ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး (ARV)ဟာလည်း ခွေးလေးတွေမှာသာမက ကြောင်လေးတွေ မှာပါ မဖြစ်မနေ ထိုးသင့်တဲ့ ရောဂါ ကာကွယ်ဆေး တစ်မျိုး ဖြစ်ပါတယ်။
👉ကြောင်လေးတွေမို့ "မလိုဘူး "လို့ မတွေးပါနဲ့ -ရောဂါကို carrier အနေနဲ့ရှိနေနိုင်တာမို့ ထိုးပေးရပါမယ်။

👉5 in 1/6 in 1 + ARV ကို Annual booster လည်း မလွတ်တမ်းထိုးပေးရန်လိုပါတယ်ရှင်။

မိမိတို့ တိရစ္ဆာန်မိတ်ဆွေလေးတွေ ကျန်းမာအောင်ကာကွယ်ဆေးတွေကို "စနစ်ကျ၊ ကြိုတင် ပြင်ဆင်ပြီး ထိုးပေးထားခြင်း" က အရေးကြီးဆုံးပါ ❤️
🐾 -sitivePupVeterinaryServices

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address

MyoThit
Mandalay