Daw Ohmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw Ohmar, Mawlamyine.
13/09/2022
tattoo ဆိုတာကလေ ခန္ဓာကိုယ်ပေါ်က အနုပညာပါ။
စိတ်ခံစားချက်တွေရေထိုးထားတဲ့ ကဗျည်းကျောက်စာတစ်ခု၊
မိမိကိုယ်တိုင် ကျေနပ်စွာ ၊ အငြိုးအတေးကင်းစွာနဲ့ ခံယူလိုက်တဲ့ အသိမ်မွေ့ဆုံးနာကျင်ခြင်းတစ်မျိုး၊
ဒီအရာတွေကို မခံစားတတ်ခဲ့ရင်တောင်..
သိက္ခာလို့ခေါင်းစဉ်လှလှလေးတပ်ထားတဲ့ အရိုင်းဆန်စကားလုံးတွေ၊ ယုတ်ညံ့တဲ့အကြည့်တွေနဲ့ မတိုက်ခိုက်ပါနဲ့လား.....
09/09/2022
“သားတွေကို ပြောပြပေးပါ”
သားယောကျာ်းလေး မွေးထားတဲ့ မိဘတွေ ကိုယ့်သားကို ဒီစကားတွေ ပြောခဲ့ဖူးသလား ပြန်စဉ်းစားကြည့်ပါ။
- “မိန်းကလေးတစ်ယောက် ဘယ်လိုပဲ ၀တ်စားထားပါစေ၊ ပြုမူနေပါစေ၊ အဲဒါဟာ သူ့ကို အဓမ္မပြုကျင့်ဖို့၊ အရှက်ခွဲဖို့၊ နောက်ပြောင်ဖို့ ဖိတ်ခေါ်နေတာ မဟုတ်ဘူး”
- “မိန်းကလေးတစ်ယောက်ရဲ့ အပျိုဘ၀ဆိုတာ ဆုတစ်ခုမဟုတ်လို့ အဲဒါကို ရယူလိုက်ရတယ်ဆိုပြီး မင်းကို ဂုဏ်တက်စေမှာလည်း မဟုတ်ဘူး”
- “မိန်းကလေးတစ်ယောက်ဟာ ယောကျာ်းလောက် ခွန်အားမရှိဘူးလို့ သတ်မှတ်ပြီး အတင်းအနိုင်ကျင့်လို့ မရဘူး”
- “မူးယစ်စေတဲ့အရာတစ်ခုခုကို သုံးစွဲထားလို့ အသိစိတ်ကင်းမဲ့နေတာကို အခွင့်အရေးယူပြီး မစော်ကားရဘူး”
ဒါတွေ ပြောပြဖူးပါသလား။ ဒါမှမဟုတ်
- ကျောင်းက မိန်းကလေးတစ်ယောက်ယောက်ကို အပျက်မ၊ ရှုပ်ပွေတဲ့မိန်းကလေး ဆိုပြီး သုံးနှုန်းပြောနေတာမျိုး သားဖြစ်သူဆီက ကြားမိလိုက်လို့ သားကို ခေါ်ဆုံးမဖူးတာရော ရှိပါသလား ပြန်စဉ်းစားကြည့်စေချင်တယ်။
ကျွန်မသိပါတယ်၊ မှတ်မိကြမယ် မထင်ပါဘူး။
အကြောင်းရင်းကတော့ မိဘတွေဟာ အဲ့လိုစကားမျိုးတွေကို ဘယ်တုန်းကမှ ပြောမပြခဲ့ဖူးလို့ပါပဲ။
ဒါပေမယ့် သမီးမိန်းကလေးတွေကိုတော့ ဒါတွေ ပြောပြပါတယ်။
- “မိန်းကလေးဆိုတာ အနေအထိုင်၊ အသွားအလာ ဆင်ခြင်ရတယ်၊ မဟုတ်ရင် လူကဲ့ရဲ့စရာဖြစ်မယ်”
- “ယောကျာ်းလေးတွေ လုပ်သမျှ နင်လိုက်မလုပ်နဲ့၊ ဟိုက ယောကျာ်းလေး”
- “လုံလုံခြုံခြုံ ၀တ်၊ ဒီလိုလျှပ်ပေါ်လော်လီ ၀တ်စားတာက အဓမ္မကျင့်ဖို့ ဖိတ်ခေါ်နေတာပဲ”
- “အပြင်ကို တစ်ယောက်တည်းမထွက်နဲ့၊ ညဘက်တွေ လျှောက်လျှောက်မသွားနဲ့”
ဒီလိုဆုံးမစကားတွေကိုတော့ သမီးရှင်မိဘတွေ တော်တော်များများ ပြောလေ့ရှိကြပါတယ်။ ဒါတွေဟာ သမီးကို စိတ်ပူတာ၊ ဂရုစိုက်တာကြောင့် ဖြစ်သလို၊ မိန်းကလေးတွေကို အပြစ်တင်နေတဲ့၊ နှိမ့်ချနေတဲ့၊ ခွဲခြားဆက်ဆံနေတဲ့ ယဉ်ကျေးမှုတစ်ခုကို ရိုက်သွင်းနေတာလည်း ဖြစ်ပါတယ်။
ဒီလိုသင်ကြားမှုတွေဟာ ‘မိန်းကလေးတွေက ကိုယ်အဓမ္မအကျင့်မခံရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့ တာ၀န်ရှိတယ်၊ ယောကျာ်းဆိုတာ ကျားဆိုတဲ့အတိုင်း ပြုမူမှာပဲ’ ဆိုတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတချို့နဲ့ ကျွန်မ စကားပြောဖူးပါတယ်။ သူတို့က ဒီလိုသင်ကြားမှုတွေဟာ မဖြစ်သင့်ဘူးလို့ မြင်ကြပေမယ့် မကောင်းတဲ့ ယောကျာ်းတွေကလည်း ရှိနေလေတော့ ကိုယ့်သမီးကိုပဲ သူ့ကိုယ်သူ ကာကွယ်တတ်အောင် သင်ပေးရမှာပဲ၊ မတတ်နိုင်ဘူး လို့ ဆိုကြတယ်။
ဒါဆို စဉ်းစားကြည့်ရအောင်။ အဲဒီ မကောင်းတဲ့ယောကျာ်း ဆိုတာ ဘယ်သူတွေလဲ။
ရှင်တို့သမီးတွေကို တစ်ယောက်တည်း အပြင်မထွက်ရဲအောင် သောင်းကျန်းနေကြတဲ့သူတွေက ဘယ်သူတွေလဲ။
ရှင်တို့သမီးတွေကို နှုတ်နဲ့စော်ကားတာ၊ ကိုယ်ထိလက်ရောက် စော်ကားတာ၊ အရှက်ရစေတာ၊ အဲဒီလူတွေကရော ဘယ်သူတွေလဲ။
သားယောကျာ်းလေးတွေပဲ မဟုတ်ဘူးလား။
ဒါဆို သူတို့တွေကို ဒီလိုဖြစ်လာအောင် ဘယ်သူတွေက ပြုစုပျိုးထောင်ခဲ့တာလဲ။
စိတ်မကောင်းစွာနဲ့ပဲ ဖြေရရင် အဲဒါ ရှင်တို့ကိုယ်တိုင်ပဲ။
ကျွန်မတို့မှာ သတင်းအချက်အလက်တွေမြောက်များစွာ ရှိပါတယ်။ ဒီလိုကိစ္စရပ်တွေရဲ့ ကျူးလွန်သူအများစုဟာ သူစိမ်းသက်သက်တွေ မဟုတ်ကြဘူး။ သူငယ်ချင်းတွေ၊ အတန်းဖော်တွေ၊ ရည်းစားဟောင်းတွေက ဒီလိုတွေ လုပ်နေကြတာပဲ။ သူတို့တွေဟာ ရှင်တို့သမီးတွေရဲ့ ပတ်၀န်းကျင်မှာ ရှိနေပြီးသားပဲ၊ သူတို့ကို ၀င်မလာအောင် အတင်းပိတ်ပင်ထားလို့ မရဘူး၊ သူတို့က သူစိမ်းတွေမှ မဟုတ်တာ၊ အတွင်းလူတွေလေ။
ရှင်တို့ ဒါကို လက်ခံနိုင်မယ် မဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်။ ရှိသမျှ လူငယ်ယောကျာ်းလေးတွေ အားလုံးဟာလည်း ဒီလိုလူတွေလို့ ကျွန်မမဆိုလိုပါဘူး။
ကျွန်မပြောချင်တာက ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ယဉ်ကျေးမှုဆိုတာကြီးကြောင့်
- တခုခုဖြစ်လိုက်တိုင်း နင်က အဲဒီအချိန်မှာ ဘာ၀တ်ထားလဲ၊ အရက်တွေမူးနေသလား ဆိုပြီး အပြစ်တင်တဲ့လေသံနဲ့ အမေးခံနေရတယ်။
- ယောကျာ်းလေးတွေ ပြုမူသမျှ ကာကွယ်ဖို့ ရှောင်ရှားဖို့ကို မိန်းကလေးတွေမှာပဲ တာ၀န်ရှိတယ်လို့ မိခင်တွေက ဆုံးမနေကြတယ်။
- ကျူးလွန်သူကောင်လေးက မိန်းကလေးထက် အသက်ငယ်နေလို့ဆိုပြီး ရက် ၃၀ ပဲ ထောင်ချဖို့ တရားစီရင်ရေးက ဆုံးဖြတ်နေတယ်။
မိသားစုတိုင်းက သားယောကျာ်းလေးတွေဟာ ဒီလိုယဉ်ကျေးမှု၊ ဒီလိုအသိတွေနဲ့ အရွယ်ရောက်လာကြတာပါ။ “ဒါတွေဟာ လက်ခံနိုင်စရာ မဟုတ်ဘူး၊ မှားယွင်းတဲ့အယူအဆတွေ”လို့ တစ်ခါမှ ပြောမပြခဲ့ဖူးဘူးဆိုရင်ပေါ့။
ကိုယ့်သမီးလေးကို ဒီလိုအဖြစ်တွေနဲ့ ကြုံရမယ်လို့ စိတ်တောင် မကူးကြည့်ချင်တာမို့ ရှောင်ရမယ်၊ ကာကွယ်ရမယ် ဆိုတာတောင် မိဘတွေက ပြောမထွက်ကြပါဘူး။ ဒီလိုမျိုး ကိုယ့်သားကို ပြောပြဖို့ဆိုတာကတော့ ပိုလို့တောင် ခက်ပါဦးမယ်။ ဘယ်သူမဆို ငါ့သားလေးကတော့ ဒီလိုလူမဟုတ်ဘူးလို့ပဲ တွေးကြမှာပေါ့။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပြောပါ လို့ပဲ တိုက်တွန်းပါရစေ။
ကိုယ့်လိုပဲ တခြားသမီးရှင်မိဘတွေကို စိတ်ဒုက္ခ မရောက်စေချင်ဘူးဆို ပြောပြပါ။
ကိုယ့်သားကို ချစ်တယ်ဆို၊ သူ့အနာဂတ်လေးကို မထိခိုက်စေချင်ဘူးဆို ပြောပြပါ။
သားသမီးနဲ့ ပတ်သက်ပြီး တာ၀န်သိတတ်၊ တာ၀န်ယူတတ်တယ်ဆို ပြောပြပါ။
ယောကျာ်းဆိုရင် ဝေးဝေးကရှောင်သင့်တဲ့သတ္တဝါလို တစ်သက်လုံးကြောက်ရွံ့နေရမယ့် စိတ်ဒုက္ခမျိုး ကိုယ့်သမီး၊ ကိုယ့်တူမကို မခံစားစေချင်ဘူးဆို ပြောပြပါ။
မိန်းကလေးတွေကို အဓမ္မအကျင့်မခံရဖို့ ဘယ်လိုရှောင်ရှားရမယ့်အကြောင်း ပြောပြတာ၊ ဘယ်ယောကျာ်းကိုမှ အကြွင်းမဲ့မယုံဖို့ ပြောပြတာတွေက ရုတ်တရက်ကြည့်ရင် မှန်တယ် ထင်ချင်စရာကြီး။
ဒါပေမယ့် ဒီလိုတွေ ဆုံးမ၊ ပြောပြလာခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ ခုချိန်ထိ ဒီကိစ္စတွေက ရှိတုန်းပဲမဟုတ်လား။ ဒါဆို စဉ်းစားဖို့ ကောင်းပြီ။ ကျွန်မတို့လုပ်နေတာ မှန်ရဲ့လား၊ ထိရောက်ရဲ့လား။
မထိရောက်ပါဘူး၊ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တာ၀န်ရှိတဲ့ ယောကျာ်းလေးတွေကို သူတို့မှာ တာ၀န်ရှိမှန်း သင်ပေးမထားလို့ပါပဲ။
ကျွန်မတို့ကံကောင်းပါတယ်။ ဒီလိုကိစ္စတွေ မဖြစ်တော့အောင်၊ ကျွန်မတို့သမီးတွေ၊ တူမတွေ၊ မိန်းကလေးငယ်တွေ ဒီလိုအဖြစ်မျိုးတွေ မကြုံရတော့အောင် ကာကွယ်ပေးလို့ ရပါတယ်။ ကာကွယ်ပေးနိုင်စွမ်းလည်း ရှိတယ်။ ကိုယ့်အိမ်မှာ ကိုယ်ထိုင်နေရင်းနဲ့ကို လုပ်ပေးလို့ရပါတယ်။
ကျွန်မတို့လုပ်ရမှာကတော့ တစ်ခုတည်းပါ။
အဲဒါကတော့ "သားတွေကို ပြောပြပေးဖို့"ပါပဲ။
ဘာသာပြန်သူ - ဒေါက်တာ ဖြိုးသီဟ
မူရင်း - http://www.huffingtonpost.com/carina-kolodny/the-conversation-you-must-have-with-your-sons_b_3764489.html
15/07/2022
11/07/2022
ကိုဝင်းဇော်သည်ခရစ်ယာန်ဘာသာဝင်တစ်ဉီးဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်း၍ အသောက်အစားကင်းသူတစ်ဉီးလည်းဖြစ်ပါသည်။ သို့သော် မိန်းမကိစ္စတစ်မျိုးတော့ ကိုဝင်းဇော် မရှောင်နိုင်ပေ။ တစ်ရက်တော့ သူပြုထားတဲ့ မကောင်းမှုတွေကိုနောင်တရပြီး အပြစ်ဝန်ခံရန် ဘုရားကျောင်းဆီသို့သွားခဲ့ပါတော့သည်။
ဖာသာ (ခရစ်ယာန်ဘုန်းကြီး) ရောက်လာတော့ ကိုဝင်းဇော်စတင်ပြီး အပြစ်ဝန်ခံပါပြီ။
တစ်ခါက ကျွန်တော် သူငယ်ချင်းအိမ်ကိုအလည်သွားတယ်ဗျာ.. အဲ့ဒီအချိန်သူငယ်ချင်းကအိမ်မှာမရှိဘူး၊ သူ့မိန်းမပဲရှိတယ်....သူ့မိန်းမက ကျွန်တော့ကိုကော်ဖီဖျော်တိုက်ပါတယ်..
ကျွန်တော်ကော်ဖီသောက်ပြီး ပြန်ဖို့လုပ်တုန်း..မိုးကရွာလာတယ်ဗျာ.. ကျွန်တော့မှာထီးက ပါမလာဘူး...အဲ့ဒီမှာ ကျွန်တော့်စိတ်တွေ ကမောက်ကမဖြစ်ပြီး သူငယ်ချင်းမိန်းမနဲ့ ပြစ်မှားမိခဲ့ပါတယ်... ဖာသာ..ကျွန်တော့်ကိုခွင့်လွှတ်ပေးနိုင်မလား...
အင်းးလေ..လူပဲ..ဒါမျိုးမှားတတ်ပါတယ်.. မောင်ရင့်အပြစ်ကိုဘုရားသခင်ခွင့်လွှတ်ပေးမှာပါ...
နောက်ထပ်ရှိပါသေးတယ်..ဖာသာ..
ပြောပါ.. မောင်ရင်..
တစ်ရက် ယောက်ခမအိမ်ကို ပစ္စည်းတစ်ခုသွားပို့တုန်းကပေါ့၊
ဖြစ်ချင်တော့ ယောက်ခမ ကမရှိပါဘူး..ခယ်မလေးပဲရှိနေတာပါ...
ခယ်မလေးက ကော်ဖီဖျော်တိုက်ပါတယ်... ကော်ဖီလည်းသောက်ပြီးရော မိုးတွေရွာလာပါတယ်..ဖာသာ...
ကျွန်တော့မှာ ထီးကလည်းပါမလာပါဘူး..အဲ့ဒီအချိန်မှာပဲ
ခယ်မလေးနဲ့ ပြစ်မှားမိပြန်ပါတယ်...
အော်..အေးပါလေ...အမှားကိုအမှားမှန်းသိလို့ဝန်ခံတာ ဘုရားသခင်ခွင့်လွှတ်မှာပါ...မောင်ရင်..
နောက်တစ်ခုဝန်ခံစရာရှိပါသေးတယ်..ဖာသာ...
ထပ်ပြောပါအုန်း..မောင်ရင်..
ပြီးခဲ့တဲ့ နှစ်ရက်လောက်တုန်းက ကျွန်တော့်ရုံးမှာအသစ်ဝင်လာတဲ့ ဝန်ထမ်းကောင်လေးတစ်ယောက်နဲ့ အတူတူရုံးဆင်းရင်း အိမ်အတူတူပြန်ကြပါတယ်၊ ကောင်လေးကသူ့အိမ်ရှေ့ရောက်တော့ အိမ်ထဲကိုအလည်ခေါ်ပြီး ကော်ဖီတိုက်ပါတယ်၊ ကော်ဖီသောက်ပြီးပြန်ဖို့လုပ်နေတုန်း မိုးတွေကရွာလာပါတယ်... ကျွန်တော်လည်းထီးကပါမလာပြန်ပါဘူး..အဲ့ဒီအချိန်မှာပဲ ကောင်လေးနဲ့ပြစ်မှားမိပြန်ပါတယ်။
ကျွန်တော့ကိုခွင့်လွှတ်ပေးနိုင်မလား ခင်ဗျာ..
တစ်ခုလောက်မေးပါရစေ.. မောင်ရင်...
အခု မောင်ရင့်မှာ ထီးပါလာလား၊
မပါလာပါဘူး...ဖာသာ..
အေ...မပါလာရင်လည်း မြန်မြန်သာ ပြန်ပေတော့..ကိုယ့်လူရေ...
ခဏနေ မိုးရွာတော့မယ်ဟ... 😬😬
(ဖတ်ခဲ့ဖူးသော ဟာသတစ်ပုဒ်အား မှတ်မိသမျှစီလျှော်အောင် ပြန်လည်ရေးသားပါသည်။)
ပြန်လည်ရေးသားသူ ကျွန်မ
ညနေ ၅ နာရီ တိတိ - အရက်ဆိုင်
တစ်ဆိုင်တွင် ဖြစ်သည်။ ဦးလေးကြီး
တစ်ယောက် ဆိုင်ထဲဝင်လာသည်။
-
"ဝီစကီ ၃ ခွက်ကို ၂ ပက်ဆီ
ထည့်ခဲ့ပေး ကွာ"
-
ဝီစကီခွက်တွေရောက်တော့
၃ခွက်စလုံး တစ်ပြိုင်နက်တည်း
သောက်လိုက်သည် ။
-
ဆိုင်ထဲ ကလူတွေအားလုံး
သူ့ကိုသတိထားမိသည်။
-
သူက အဲဒီအတိုင်း -
နေ့တိုင်းလာသောက်တယ်။
-
ဒါနဲ့ ဆိုင်ရှင်ကမေးကြည့်တယ် ....
-
" ဦးလေး က ဘာလို့ -
အဲလိုသောက်တာလဲ"
-
သူက အေးဆေးပဲပြန်ဖြေတယ်။
-
"ဦးလေးမှာ တူ ၂ ယောက်ရှိတယ်
တစ်ယောက်က စင်္ကာပူမှာ၊
နောက်တစ်ယောက်က -
အမေရိကန် မှာ -
-
ဦးတို့တူ၀ရီးတွေ သိပ်ချစ်ကြတယ်
-
အဲဒါကြောင့် တိုင်ပင်ထားကြတယ်။
-
ညနေ ၅နာရီရောက်တိုင်း
ကိုယ့်အရပ် ဒေသမှာ
အရက် ၃ခွက်မှာပြီး
-
အတူတူသောက်ကြမယ်လို့
ကတိပြုထားကြတယ်"
-
"ဟာ Good idea ပဲဗျာ..."
-
နောက်တစ်နေ့ -
ဦးလေးကြီးရောက်လာသည် -
အရက် ၂ ခွက် ပဲမှာသည်။
-
တစ်ဆိုင်လုံး စိတ်မကောင်း
ဖြစ်သွားကြသည်။
-
ဆိုင်ရှင်ကလဲ ဝမ်းနည်းကြောင်း
လာပြောသည်။
-
ဘေးနားကလူတွေကလဲ
ဝမ်းနည်းကြောင်း လာပြော
ကြသည်။
-
သူ အံ့ဩသွားသည်။
-
"ဘာဖြစ်လို့ ဝမ်းနည်းတဲ့
အကြောင်းတွေ လာပြောနေ
ကြတာလဲဗျ"
-
"အဝေးက တူတွေထဲက
ဘယ်သူသေသွားလို့လဲ၊
၃ ခွက်ကနေ ၂ ခွက်
ဖြစ်သွားလို့လေ"
-
သက်ပြင်းချပြီး - သူပြန်ဖြေသည်...
-
"ဘယ်သူမှ မသေပါဘူးဗျာ၊
ကျနော် အရက်ဖြတ် လိုက်လို့ -
-
သူတို့နှစ်ယောက်အတွက်ပဲ
သောက်ပေးတာပါ။
😂🤣😂
-
-
ဝါတွင်းရောက်တော့မယ်လေ😜😜
18/06/2022
" ရဟန်းလက်မခံသော အလှူ "
__________________
တစ်နေ့မနက် ရဟန်းတစ်ပါးဟာ လမ်းလျှောက်ပြီး ရွာထဲက အိမ်တွေမှာ ဆွမ်းခံကြွလာတယ်။
စောစောစီးစီး အရက်သောက်ပြီး အတော်လေးမူးနေတဲ့ အရက်သမား တစ်ယောက်ဟာ အဲဒီရဟန်းကို မြင်တာနဲ့ ဘေးနားက အတူလိုက်ပါသွားရင် ရဟန်းကို အော်ဟစ်ဆဲဆိုပါတော့တယ်။
အမူးသမားဟာ ရွာမှာ အဆိုးဆုံး လူမိုက်တစ်ယောက်မို့ ရွာသူရွာသားတွေဟာ ကြောက်ပြီး ဘာမှ မပြောရဲကြဘူး။
ရဟန်းဟာ လူမိုက်ဆဲဆိုသမျှကို ဘာတစ်ခွန်းမှ ပြန်မပြော တစ်ချက်လှည့်မကြည့်ဘဲ အိမ်တွေမှာ ဆက်လက်ဆွမ်းခံနေတယ်။
လူမိုက်ကလည်း ရဟန်းနာက လိုက်ပါရင်း မမောမပန်း ဆက်လက် ဆဲဆိုနေတယ်။
ရွာအစွန်ကို ရောက်လာကြပြီး။
နေလည်းအတော်ပူပြင်းလာပြီး။
အခုအရက်မူးသမားဟာ အမူးပြေလာပြီး။
သူလည်း တစ်လမ်းလုံး ဆဲဆိုနေခဲ့လို့ မောနေပြီး။
ဒီအခါမှာ အမူးသမားက ရဟန်းကို စလျှောက်တင်တယ်။
အမူးသမား..........အရှင်ဘုရား တပည့်တော် တစ်လမ်းလုံး ဆဲဆိုနေတာကို အရှင်ဘုရား တစ်ခွန်းမှ ပြန်မပြော စိတ်လည်းမဆိုးဘူး။
အဲဒါ ဘာကြောင့်ပါလဲ ဘုရား ( သူ အမူးပြေပြီမို့ အရှင်တွေ၊ ဘုရားတွေ ခေါ်လာပြီ)
ရဟန်း............ဒကာတစ်ယောက်က ဘုန်းကြီးကို ပစ္စည်း လာလှူလို့ ဘုန်းကြီးက လက်ခံလိုက်ရင် အဲဒါ ဘယ်သူ့ ပစ္စည်း ဖြစ်သွားမလဲ။
အမူးသမား........... ဘုန်းကြီးက လက်ခံမှတော့ အဲဒါ ဘုန်းကြီး ပစ္စည်း ဖြစ်သွားပြီးပေါ့ ဘုရား။
ရဟန်း............. ဒါဆို အဲဒီ ပစ္စည်းကို ဘုန်းကြီးက လက်မခံရင်ကောကွာ။
အမူးသမား ..............ဘုန်းကြီး လက်မခံရင် အဲဒီ ပစ္စည်းဟာ လှူတဲ့ သူရဲ့ ပစ္စည်း ပဲ ဖြစ်နေမှာပါပဲ။
ရဟန်း ............. အေး မင်းလမ်းတစ်လျှောက်လုံးမှာ အဆဲ အလှူကြီးပေးနေတာကို ဘုန်းကြီး လက်မခံဘူး။
ဒါကြောင့် အဲဒီအဆဲတွေအာလုံးကို မင်းပိုင်သွားပြီး။
အိမ်ကို ပြန်ယူသွားပေတော့။
အမူးသမား ........... တင်ပါ့ ဘုရား။
ဖေ့စ်ဘုတ်မှာ ဆဲလိုက်ရလို့ ကျေနပ်မနေကြပါနဲ့။
အဆဲတွေကို တစ်ဖက်သားက မယူဘူးဆိုရင် ဆဲသူထံ ပြန်ရောက်လာပါလိမ့်မယ်။
__________
Credit_ဗန်းမော် သိန်းဖေ
18/05/2022
my life
my rule
my style
don't judge me
08/03/2022
Stockholm syndrome အကြောင်း ကျွန်တော့်ပိုစ့်တွေထဲမှာ မကြာခဏ ထည့်ပြောခဲ့ဖူးပါတယ်.. မမှတ်မိမှာစိုးလို့ တစ်ခါလောက်ထပ်ပြီးပြောပြချင်ပါတယ်..
စတော့ခ်ဟုန်းစင်ဒရုန်းဆိုတာ သမင်က ကျားသစ်ကို ဖြစ်တဲ့ နာခံရိုကျိုးစိတ်မျိုး.. သိုးက ဝံပုလွေကို ဖြစ်တဲ့ သံယောဇဉ်စိတ်မျိုးကို ခေါ်တာပါ..
ကိုယ်ကြောက်ရွံ့မုန်းတီးရွံရှာရမယ့်.. ကိုယ့်ကို ဒုက္ခပေးခဲ့တဲ့.. ဆက်ပြီးတော့လဲဒုက္ခပေးနေမှာကိုသိရက်နဲ့ ခဏတာ ကိုယ့်အပေါ်ပျော့ပျောင်းညင်သာပြလိုက်တဲ့အချိန်မှာ ကျေးဇူးတွေရေစီးကမ်းပြိုတင်ပြီး မေတ္တာတွေဒလဟောသက်၀င်လိုက်တာမျိုးကို စတော့ခ်ဟုန်းစင်ဒရုန်းလို့ခေါ်ပါတယ်..
အမြဲရုပ်တည်နဲ့အရိုက်ကြမ်းတဲ့ဆရာကြီးက စာသင်ချိန်တစ်ချိန်လောက်မှာ အရွှန်းဖောက်ဟာသနှောလိုက်တာလေးကို တစ်တန်းလုံးကကျောင်းသားတွေမေ့မရဖြစ်ကြတာမျိုး..
အမြဲတမ်းအနိုင်ကျင့်နှိပ်စက်တဲ့အမျိုးသားက တစ်ရက်တစ်လေစိတ်ကောင်း၀င်တုန်း ဈေးဖိုးပိုပေးတာကို မိန်းမလုပ်သူက တသသရင်ခုန်ရတာအးမျိုး..
ကိုယ့်ကိုမတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ရန်သူခေါင်းဆောင်က တစ်ရက်လောက်မှာ ဟင်းကောင်းတစ်ခွက်ချကျွေးပြီး "စားလိုက်ဦး.." လို့ပြောတာကို မျက်ရည်လည်ရွဲနဲ့ကျေးဇူးတင်မိတာမျိုး..
ကြာပွတ်တရွှမ်းရွှမ်းနဲ့အရှိုးရာပေါင်းများစွာကိုယ့်ကျောပေါ်တင်ခဲ့သူသခင်က တစ်ခါလောက်မရိုက်ပဲ ရွယ်ရုံရွယ်တာကို ကျွန်ဖြစ်သူစိတ်ထဲမှာ ငါ့သခင်ကြင်နာလှချည်ရဲ့လို့ တွေးတာမျိုးတွေအားလုံးဟာ စတော့ခ်ဟုန်းစင်ဒရုန်းတွေချည့်ပါပဲ..
ဒီစင်ဒရုန်း၀င်လာချိန်မှာ လူဟာ ကိုယ့်အပေါ် abuse လုပ်နေသူအပေါ် တဖြည်းဖြည်းနားလည်လက်ခံလိုစိတ်၀င်လာပြီးသံယောဇဉ်တွယ်မိတတ်ပါတယ်.. သူ့ဘက်ကနေ မရည်ရွယ်ပဲရပ်တည်မိသွားတတ်ပါတယ်.. ပိုဆိုးလာရင် ကိုယ့်ကို ကယ်ဆယ်မယ့်သူကိုတောင် အနှောင့်အယှက်လို.. ရန်သူလိုပြန်မြင်လာတတ်ပါတယ်..
သမိုင်းမှာ မင်းစောလူးဟာ သူ့ကိုဖမ်းချုပ်ထားတဲ့ ငရမန်အပေါ် ယုံကြည်အားကိုးလာပြီး နောက်ဆုံးငရမန်လက်ချက်နဲ့ပဲအသက်ပျောက်ခဲ့ရတာက အထင်ရှားဆုံး စတော့ခ်ဟုန်းစင်ဒရုန်းလို့ ဆိုင်နိုင်မလားပဲ..
လူရဲ့ခံစားချက်ဟာ အကိုင်အလှုပ်ကြမ်းတဲ့သူအပေါ် ပိုပြီး အက်ကွဲ ယိုစီးလွယ်ပါတယ်.. ကျိုက်ကျိုက်ဆူတဲ့ရေနွေးတွေလောင်းထည့်ထားတဲ့ခွက်ထဲ ရုတ်တရက် ရေခဲရေထည့်လိုက်တဲ့အခါ ခွက် အက် သွားတတ်သလိုပေါ့.. ဒီအတိုင်းချစ်အောင်လုပ်တာထက် မုန်းအောင်အရင်လုပ်ပြီးမှချစ်အောင်ပြန်လုပ်ရတာက ပိုလွယ်တယ်.. ဒီအတိုင်း လေးစားမှုရယူတာထက် ကြောက်အောင်လုပ်ပြီး ရိုသေမှုကိုပြန်ယူတာက ပိုလွယ်တယ်.. ပြောရရင်တော့ဖြတ်လမ်းနည်းပေါ့.. psychological cheat code တွေ..
လူဟာအခြားလူအပေါ် ရက်ရက်စက်စက် လုပ်ခွင့်မရှိဘူးလို့ အခိုင်အမာယူဆထားတဲ့လူတစ်ယောက်ရှေ့မှာ နေ့စဉ်ရက်ရက်စက်စက်တွေလုပ်ပြမယ်ဆို အဲ့ဒီ့လူရဲ့အတွေးအမြင်ဟာ တဖြည်းဖြည်းအကြောက်တရားစိမ့်၀င်ပြီးပြောင်းလဲသွားတယ်.. တစ်ရက်မှာ ရက်ရက်စက်စက်လုပ်ပြနေခြင်းကို အရင်ထက်လျှော့ပြလိုက်မယ်ဆိုရင် သူကိုယ်တိုင်ကိုက "ဒီနေ့လိုသာဆိုတော်သေးတာပေါ့" လို့ လက်ခံသွားတော့တာပဲ.. Good cop bad cop technique လဲ ထိုနည်း၎င်းပဲ.. သူကကျ လူနှစ်ယောက်သုံးတာပဲကွာတယ်..
ဒါတွေဟာ ဦးနှောက်မှာရေးသားထားပြီးသား wired program တွေချည့်ပဲမို့ နည်းသိရင် လုပ်လို့ရတာတွေချည့်ပဲ.. တချို့အဖွဲ့အစည်းတွေဟာ အကြောက်တရားကိုအဆင့်ဆင့်ပေးပြီး အုပ်ချုပ်ရတယ်.. အကြောက်တရားကို ဘယ်လိုရိုက်ထည့်ရမလဲ.. ဘယ်လိုတစိမ့်စိမ့်သွင်းရမလဲ.. ဘယ်လိုပြန်ထုတ်ရမလဲ.. တဖက်ကမ်းခတ်ကျွမ်းကျင်ကြတယ်..
ဒါတွေနဲ့အကျွမ်းမ၀င်သူတွေကျတော့ အဟုတ်ကြီးမှတ်တယ်.. တစ်ခါလောက်အစာ၀နေတုန်း ကိုယ့်လည်မြိုကိုကိုက်မဖောက်ပဲ လျှာနဲ့လာသပ်တာကို ကိုယ့်အပေါ် တကယ်ကောင်းလို့ ညှာတာထောက်ထားတယ်လို့ ထင်မှတ်မှားတယ်..
ကျားအတွက် သမင်ဟာ အမြဲတမ်းသမင်ဆိုပေမယ့်..
သမင်တွေကတော့ တခါတရံ ကျားကို ကျားဆိုတာ မေ့မေ့သွားတတ်ကြတယ်..
Crd
12/01/2022
၂၀၁၈ ၊ ကျွန်မ ဗဝတ တက်တုန်းက အမှတ်တရ အလွဲလေးပေါ့ ။
ဖောင်ကြီးတက်ရမယ် အသံကြားတာနဲ့ သရဲကြောက်တတ်တဲ့ ကိုယ့်အတွက်တော့ စဉ်းစားကြည့်ရုံနဲ့ ကြ က်သီးတဖြန်းဖြန်းထတာပဲ။
ရှေ့မှာတက်ခဲ့တဲ့စီနီယာတွေဆီက တဆင့်စကား သရဲ ပုံပြင်တွေကြားခဲ့ဖူးတာကိုး၊
ကျွန်မ နေရတဲ့အဆောင်က ပိတောက် အဆောင်( ၆) ပေါ့၊ စရောက်ရောက်ချင်းမှာပဲ ကျွန်မဘေးကုတင်အောက်က ေမြွတစ်ကောင်ထွက်လာလို့ ရုတ်ရုတ်သဲသဲဖြစ်သွားကြသေးတယ်။
မုိးတွင်းကလည်းဖြစ်တော့ ကျွတ်တွယ်လိုက် မြွေတွေ့လိုက်နဲ့ အော်ကြဟစ်ကြနဲ့ ပျော်စရာလည်းကောင်းပါတယ်။ 😄😄
ကျွန်မရဲ့ အဓိကပြသနာက ညဖက်အိမ်သာမသွားရဲတာ၊ ည ၁၀ နာရီလောက်ဆို အိမ်သာဘက်ကိုမသွားရဲတော့ဘူး ။ အိမ်သာမှာ တံခါးလာခေါက်တာတို့ ၊ လူမရှိဘဲအထဲက ဂျက်ချထားတာတို့ ဆံပင်ဖားလျားနဲ့ မိန်းမကြီး အိမ်သာရှေ့မှာရပ်နေတာတို့ မျုိးစုံကြားထားဖူးတော့လေ။
အပေါ့သွားချင်ရင် အောင့်ထားပြီး ခြင်ထောင်ထဲကနေ ဘယ်သူတွေအပေါ့ထသွားမလဲ စောင့်ကြည့်နေ၊ ခြင်ထောင်ထဲက hero တယောက်ထ ထွက်ပြီဆိုတာနဲ့ နောက်ကတန်းစီပြီးလိုက်သွားကြတော့တာပဲ၊ အံမယ်... ကိုယ့်လိုလူတွေကခပ်များများဆိုတော့လည်း အားမငယ်တော့ပါဘူး။
တစ်ရက် ကံဆိုးချင်တော့ ၁၁နာရီကျော်နေပြီ ဗိုက်ကနာလာတာ ဘယ်လိုမှနေလို့မရတော့ဘူး.. လက်နှိပ်မီးလေးယူပြီး hero လုပ်ရပြီလေ ၊ ကံကထပ်ဆိုးချင်တော့ ဘယ်သူမှ မနုိးကြဘူး အားလုံးအိပ်နေကြတာများ ခြောက်ခြားစရာကြီး၊ မတတ်နိုင်ဘူးလေ ဗိုက်ကနာလာတာကိုး ၊ အရဲစွန့်ပြီး အနောက်တံခါးကိုဖွင့်၊ ဘေးဘီ မကြည့်ဘဲ အိမ်သာဘက်ကို တည့်တည့်မတ်မတ်ကြီး သွားပလိုက်တာ ၊ အိမ်သာနားမှာကလည်း အပင်အကြီးကြီးနှစ်ပင်ကရှိသေးတယ် ၊ အပင်ပေါ်ကပဲဇောက်ထိုးဆင်းလာမလားဆိုတဲ့အတွေးကလည်း ဝင်နေမိတယ်😖😬
အိမ်သာထဲရောက်တော့လည်း အပြင်ကလေတိုက်သံတွေလား လမ်းလျှောက်သံတွေလား မသဲမကွဲအသံတွေကကြားနေရသေးတယ် ၊
ကျွန်မဆိုတာကလည်း အိမ်သာတခါတက်ရင် မိနစ်၂၀ အနည်းဆုံး၊ အိမ်သာတက်ရင်း ဘုရားစာရွတ်ရတာပေါ့၊ အထဲရောက်ပြီး ၁၀မိနစ်လောက်ကြာတော့ အပြင်က လမ်းလျှောက်သံတစ်ခုကြားလိူက်ရတယ် ၊ လုံးဝရှင်းရှင်းလင်းလင်းကိုကြားရတာ လမ်းလျှောက်သံက ကျွန်မအိမ်သာခန်းရှေ့မှာရပ်သွားတာ၊ ဘုရားး.. ဘုရား..
နားစွင့်ကြည့်နေလိုက်တယ်.. အိမ်သာထဲဝင်ဖို့ တံခါးဖွင့်သံလည်းမကြားဘူး၊ ၂မိနစ်လောက်ကြာတော့ ငိုသံကြားရပါလေရော... မိန်းမတစ်ယောက်ရှိုက် ရှုိက်ပြီးငိုနေတာ..
ငိုသံကြီးကလည်း ကြ က်သီးတွေထလိုက်တာ
အောင်မလေး.... သေချာနေပါပြီ ကျွန်မတော့သရဲခြောက်ခံထိပါပြီ...ကယ်တော်မူပါ ဘုရား...
ဗိုက်နာတာလည်းပျောက်သွားပါပြီ၊ ငိုသံကြားနေရတာ အာခေါင်တွေပါခြောက်လာပြီ၊ အဲ့ဒီအချိန်မှာ အဆောင်ထဲကို အမြန်ပြန်ချင်တာပဲသိတယ်၊
အဆောင်ထဲကလူတွေတယောက်တလေတောင် ထွက်လာသံလည်းမကြားရဘူး။
ဘာပဲမြင်ရ မြင်ရ ကျွန်မ အိမ်သာထဲကအမြန်ဆုံးထွက်ပြေးပြီး အဆောင်ထဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်။
တံခါးကိုအရှိန်ပြင်းပြင်းနဲ့ ဆောင့်တွန်းပစ်လိုက်ပြီး ပြေးဖို့ လှည့်အထွက် ကျောခိုင်းရက်ထိုင်နေတဲ့ မိန်းခလေးတယောက်....
သေချာတယ် သရဲပဲ ကျွန်မ ခြေထောက်တွေပါမလှုပ်နိုင်ဘဲ ကြက်သေသေနေမိတယ်...
အဲ့ဒီအချိန်မှာ
အမ ဝင်တော့မလို့လားတဲ့ ကျွန်မကိုမေးလိုက်မှပဲ
ဟိုဘက်အဆောင်က ငတိမ အိမ်သာရှေ့မှာ ဖုန်းလာပြောနေတာကိုး...
ဘဲနဲ့ ပြသနာတက်ပြီး ကျွန်မ အိမ်သာရှေ့လာငိုနေတာ....အော်.. အသံလေးဘာလေး ပေးပါတော့လား ငတိမလေးရယ်...ငါ့မှာတော့ဖြင့်..ကြောက်လို့သေရတော့မယ်။
ဒါပေမယ့် မှင်မပျက် ထွက်လက်စ ဇောချွေးတွေသုတ်ပြီး
အမ အဆောင်ထဲဝင်တော့မယ်နော်... လို့ ပြောပြီး သူ့ရှေ့က ထွက်ချခဲ့လိုက်တယ်...
ငတိမကလည်း ကျွန်မအိမ်သာ လာတက်တာသိလို့ အဖော်ရှိတာပဲဆိုပြီး ထွက်လာခဲ့ပုံရတယ်။
ကျွန်မအဆောင်ထဲဝင်တာနဲ့ သူလည်းသူ့အဆောင်ထဲပြန်ဝင်တော့တာ။...
အဲ့ဒီညတော့ ကျွန်မက ထို ငတိမ အတွက် hero တစ်ယောက်ဖြစ်ခဲ့လားတော့ မပြောတတ်ဘူးပေါ့လေ...
😃😃
Click here to claim your Sponsored Listing.
