Sharing by Yoon

Sharing by Yoon

Share

just sharing

07/01/2024

လူငယ်စာရေး ဆရာ တစ်ယောက်_ပိုင်(That's for U)
ရေးထားတဲ့ Dear Friends ဆိုတဲ့ ဒီစာအုပ်လေးက

📒အသက် ၁၈_၂၅ကြား ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ အတော် များများအတွက် လက်တွေ့ကျတဲ့ အတွေးခေါ်ကောင်းနဲ့ အလေ့ကျင့်ကောင်းတွေ

📒စိတ်လေလွင့်ပြီး လမ်းပျောက်နေသူအတွက် အပြောင်းအလဲ ဖြစ်ပြီး လမ်းစ စ ရှာဖို့နဲ့ တိုးတက်ဖို့အတွက် Self control အကြောင်း

📒Relationship နဲ့ ပတ်သတ်ပြီး ထိရှလွယ်တဲ့ သူတွေ အတွက် Self love နဲ့ Love definition တွေအကြောင်း နဲ့
Healthy relationship ကို ပိုင်ဆိုင်လိုသူတွေအတွက် Right person at right time ဆိုတဲ့ အကြောင်း

📒တခြားသူတွေရဲ့ အမြင်နဲ့ အတွေး‌တွေ ကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံစံ ပျောက်ဆုံးနေသူတွေအတွက် အပြောင်းလဲ ဖြစ်စေမယ့် စိတ်‌နေစိတ်ထားတွေ အကြောင်းနဲ့

☘️Positive thinking တွေနဲ့ လက်ရှိ ကိုယ်ရှိနေတဲ့ နေရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေပြီး အခုထက် ပိုမြင့်‌တဲ့ နေရာ ဆီသွားဖို့ အလေ့ကျင့်ကောင်းတွေ နဲ့ ကိုယ်ပိုင်တဲ့ လက်ရှိ အခြေနေကို တန်ဖိုးထား ကျေးဇူးတင်တက်ပြီး ပျော်ရွှင်အောင်မြင်တဲ့ လမ်းတစ်ခု ရောက်ဖို့....တစ်စိတ်တစ်ပိုင်း အထောက်ကူ ဖြစ်စေမယ့် စာအုပ်လေး မို့လို့ ခုမှ စာ စဖတ်မယ့်သူတွေ နဲ့ စိတ်ကို healing ဖြစ်ဖို့ ကြိုးစားနေတဲ့ သူတွေအတွက် နားလည်လွယ်ပြီး ကျင့်သုံးဖို့ လက်တွေ့ကျတဲ့ အကြောင်းရာတွေ အများကြီးပါတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

03/09/2022

Honest review part (3)

ဒီတခေါက် review လေးမှာတော့ ‌‌ဘာသုံးသုံး ဗောက်ထတက်တဲ့ ဘဝတူတွေအတွက် နေ Selsun Anti Dandruff Shampoo လေးကို honest review and personal experience လေး shareပေးပါ့မယ်။

🌷Personal experience ကို မပြောခင် အမက အဆီပြန်ပြီး ဗောက်ထတက်တဲ့ ဦးရေပြားပါ။Sensitiveတော့မဖြစ်ပါဘူး။ မှတ်မိသလောက်ဆို ဗောက်က ၄တန်း၊၅တန်းလောက်တည်းက ဖြစ်တာပါ။

🍀လွန်ခဲ့တဲ့ နှစ် (၂၀၂၁/၁၀)လပိုင်းက shampoo ဝယ်ရင်း Selsun ကို စမ်းသုံးမယ်ဆိုရင်း ဝယ်ခဲ့ပြီးတော့ brand and ingredients safe ဖြစ်လို့ သုံးကြ ည့်ရာက အခုချိန်ထိ သုံးဖြစ်နေပြီး ဗောက်ပြဿနာ တကယ်နိုင်လို့ စိတ်တိုင်းကျလို့ (ဗောက်ပြဿနာကြောင့် confidence ပျောက်နေရတဲ့ အမ/ညီမတွေတွက် Shareပေးလိုက်တာပါ။)

📍Highlight ingredients : Green tea extract,selenium sulfide,Dimethicone ,Tub2 .

📍How to use:အမကတော့ ကိုယ်သုံးနေကြ shampoo နဲ့ အကြမ်းလျှော်ပြီးမှ Selsun shampoo ကို ဦးရေ အနှံ့ပွတ်ပြီး 2minလောက်ထားပြီး ရေပြောင်အောင်ဆေးချပါတယ်။(ပြီးရင် သုံးနေကြ conditioner တခုခုကို ဦးရေပြား ကနေ ၁/၂လက်မလောက်ခွာပြီး သုံးပေးပါတယ်)

📍Price -အမဝယ်တုန်းက 50ml ဗူးကို 5000/6000ဝန်းကျင် ပေးရတယ်ထင်တယ်။သေချာတော့ မမှတ်မိတော့ဘူးရှင့်။အထုပ်ကလေးတွေလဲ ထွက်တာတွေ့လို့ အဆင်ပြေ/မပြေ စမ်းသုံးကြည့်လို့ရပါတယ်။(အမလို ဦးရေပြားကိုဘဲ သုံး‌မယ်ဆိုရင်တော့ အတော်လေးကို အသုံးခံပါတယ်)

📍Where to buy : Selsun shampoo Myanmar page နဲ့ Online Shop တွေမှာ မေးကြည့်လို့ရပါတယ်။

‼️Note:မသုံးခင် ဗူးကိုသေချာလေးShake
ပေးနော်။

Photos from Sharing by Yoon's post 27/08/2022

အဆီဖု၊ဝက်ခြံ၊အဆီပြန် သမားတွေ မကြောက်ရ‌တဲ့ Dr G Green Mild up Sun+ Suncream.

🍀လွန်ခဲ့တဲ့ ၁နှစ်ကျော် (Steroids တွေထိပြီး ဆေးခန်း ပြနေရတဲ့ အချိန်တည်းက)ခုထိကို စွဲစွဲမြဲမြဲသေချာလေး သုံးဖြစ်နေတဲ့ Suncreamပါ။ခုထိဆို 50ml 4ဗူးမြောက်ပါ။

Key Ingredients -Houlteynia Cordata Extrtract,Tocopherol,Pinus,Pinaster,Bark Extract,Centella Asiatica Extract.

📍Highlight -alcohol -free,Fragrance and essential oil -free. မို့လို့ Sensitive skin,ance pore skin ,oily skin တွေတွက် စိတ်ချ သုံးလို့ရတာလေးပါ။

🍀Personal experience ဆိုရင် 🍀
သူက finish ကို matte typeလေးရတော့ သူ့ကြောင့် အဆီပိုပြန်တာ၊မဲတာ ၊ကွက်တာတွေတော့ မဖြစ်ဘူး။ ခုနောက်ပိုင်းဆို Foundation တွေ မသုံးဖြစ်တော့ဘူး။သူက matte type ကိုမှ healthy skin look လေးရလို့ morning routine မှာသူက Final stepဘဲ။

🍀Texture-အမ အပုံမှာ ပြထားသလိုဘဲ အရမ်းမကျဲ၊မရမ်း မပျစ်ပါဘူး။Suncreamထဲမှာဆို သုံးလို့ကောင်းတဲ့ Texture ပါ။

🍀Price -အမ နောက်ဆုံးတစ်ခေါက်ဝယ်တာ 50ml (27000) ပေးရတာမို့ အရမ်း budget saveဖြစ်တဲ့ထဲ မပါပေမယ့် Suncream ဆို SPF tested saveဖြစ်တာ၊Daily တွက် အဆင်ပြေတာ ၊တခြား blue light, pollution တွေကို protect ကောင်းကောင်း လုပ်ပေးနိုင်တာမို့ သုံးလို့ပျော်တဲ့ထဲပါပါတယ်။

🍀အဆီဖု၊ဝက်ခြံ ပိုဆိုးမှာ စိုးလို့ Suncream မလိမ်းရဲတဲ့သူတွေတွက်ကတော့ သူ့ကြောင့် အဆီဖု ဝက်ခြံ ပို မဆိုးလာစေပါဘူးနော်။
(ဘယ် Suncream သုံးသုံး Double cleaning/Deep Cleaningလေး တော့ လုပ်ပေးနော်။)

🍀Tone up မပါတာမို့ လိမ်းလိုက်လို့ပြာမှာ မျိုးစိတ်မပူရပါဘူးနော်။Physical Suncream တို့ရဲ့ ထုံးစံ အများကြီး တခါတည်း လိမ်းချရင်တော့ white cast a little လေး ကျန်တက်ပေမယ့် 2minလောက်စောင့်လိုင်ရင် အသားနဲ့ တစ်ထပ်တည်းပါဘဲ။

Skincare အရွေးမှန်ပြီး glow,glass skinလေး ရကြပါစေ‌ရှင်။
See you.....next post.
🌷 Sharing by Yoon 🌷

18/08/2022

Budget save timeအတွက်
အိမ်မှာ သုံးဖို့လုပ်ထားတဲ့ hand made
body showerလေး.......🌷လီလီပန်း အနံ့လေးသုံးထားတယ်။

တစ်ဖုံဖျော်ပြီး သုံးပါလေ့ဘဲ.......

‼️မိသားစုများလို့၊body showerအတွက်လဲ budget saveတာလေးဘဲ သုံးချင်တယ် body skinက အရမ်း sensitive ဖြစ်တာမျိုး မဟုတ်ရင် သုံးလို့ အဆင်ပြေပါတယ်။

‼️၁၅၀၀၀ဝန်းကျင် တစ်ဖုံဖျော်တာ အပျစ်နှစ် Textureကို 7litersထွက်ပြီး အမြှုပ်ထွက်အားလဲကောင်းလို့ အတော် အသုံးခံပါတယ်။
‼️Showerလေး လုပ်ဖို့ အချိန် 1နာရီခွဲ ဝန်းကျင်လောက်ရှိရင် လုံလောက်ပါတယ်။

📍ရေက အပျစ်၊ကျဲ ကြိုက်တက်တဲ့ ပေါ်မူတည်တာမို့ Textureကျဲတာလေး ဘဲ ကြိုက်တက်ရင် လဲ ချိန်ဆပြီး ရေထပ်ထည့်လို့ရပါတယ်။

10/08/2022

ဆယ့်နှစ်ရာသီ၊နှုတ်ခမ်းခြောက်ပြီးအဖက်လန် တက်တဲ့ သူလေးတွေအတွက် စိတ်ချရတဲ့ထဲက တကယ်ကောင်းတာလေး လို၊တို၊ရှင်း Sharing လုပ်ပေးချင်ပါတယ်။

💃 Admin က အချိန်ပြည့် နှုတ်ခမ်းခြောက် ပြီး အဖက်လန် ပါတယ်။နောက် နှုတ်ခမ်းသားညိုတဲ့ထဲ လဲ ပါ ပါတယ်။Lipstick တော်တော်များများ ဆိုးလိုက်တိုင်း အဖက်လန်ပြီး ကွာလို့ lipstick မဆိုးဖြစ်တာကြာပါပြီ။

💋သုံးဖူး သမျှ Lip balm တွေထဲမှာမှ အကြိုက်ဆုံးနဲ့ အဆင်ပြေဆုံးမို့ အမြဲ သုံးဖြစ်မယ့် listထဲ ထည့်ထားတဲ့ Healthy Shop Instand Pink lip balm ပါပါတယ်။

ကဲ products အကြောင်းစပါပြီး.....
💄 Ingredients က ရိုးရှင်းပြီး တကယ်ကောင်းတဲ့ Alovera(ရှားစောင်း)+vitamin C +Vitamin Eပါ။

💄သူ့ကိုဆိုးလိုက်တာနဲ့ နှုတ်ခမ်းက အစိုဓာတ်ပြည့်ပြီး ပန်းရောင်လေး သန်းသွားတယ်(နေ့ဘက်လဲ သွားစရာ ၊လာစရာဆိုရင် naturalဆန်လို့ ပေါ့ပေါ့ပါးပါးဖြစ်လို့ အဲ့တစ်မျိုးတည်းသုံးပါတယ်။
အမက ၁နှစ်ကျော်လောက် သုံးပြီး Results ဆိုရင် နှုတ်ခမ်းက အရင်ကလောက် အဖက်မလန်တော့ဘူး ၊မကြမ်း/မခြောက်တော့ဘူး။နှုတ်ခမ်းညိုတာလေးတွေ အတော်သိသာလာတယ်။

How to use:ညဘက်ဆို Lip treatment အနေနဲ့ရောနေ့ဘက် lip balm အနေနဲ့ပါသုံးလို့ အရမ်းအဆင်ပြေပါတယ်။(note:မနက်မျက်နှာသစ်ပြီးလို့ နှုတ်ခမ်းလေး စိုနေတဲ့ချိန် dead sell လေးတွေဖယ်တဲ့အနေနဲ့ Tissue လေးနဲ့ ဖွဖွလေး သုတ်ပေးနော်)

Where to by:အမ က Beauty Diary က ဝယ်ပါတယ်။ Online ကဆို Healthy Shop Myanmar pageမှာ စုံစမ်းလို့ရပါတယ်။

How much:အမက ၈၀၀၀ကနေ စ သုံးလာတာ အခု က ၁၀၀၀၀ ဝန်းကျင်ပါ။(သူက အသုံးတော်တော်ခံပြီး တစ်မျိုးတည်းနဲ့ ထိရောက်ပြီး saveဖြစ်တာလေး သုံးဖို့ဆိုရင် highly recommend ပါနော်။)

28/07/2022

StreamNet Co.,Ltd
မော်လမြိုင်တွင် တာဝန်ထမ်းဆောင်ရန်
* Customer Service ( Female ) - 1 P
- ဘွဲ့ရ
- အသက် (၃၀) အောက်
- လုပ်သက် အတွေ့အကြုံ (၂)နှစ်
- i-Office , Advance Excel
- Basic in English
အမှတ်-(၉/ဘီ) ၊ တိုးချဲ့ကမ်းနားလမ်း ၊ သင်္ဘောလဲရပ်ကွက် ၊ မော်လမြိုင်မြို့။
Ph - 01-656945 / (Ext : 305/308) , 09-443107575
Viber - 09-443107575
Email - [email protected],
[email protected]

28/07/2022
28/07/2022

📣စားပွဲထိုးဝန်ထမ်း ကျား(၂)ဦး အမြန်အလိုရှိသည်📣

အလုပ်တွင်စိတ်ပါဝင်စားသူ ဦးစားပေးမည်👍

အလုပ်လိုသူများ လာရောက် လျှောက်ထားနိုင်သည်။

နေ့လည် (၁၂) နာရီနောက်ပိုင်း လူတွေ့အင်တာဗျူး

ရှိပါသည်။

ဆက်သွယ်ရန် - 095320828. 09978673274

28/07/2022

ချွေတာချင်တဲ့ သူများတွက် အလိုအပ်ဆုံး skincare ‌step

✅Step(1) facial Cleanser.
တစ်နေတာ ကပ်နေတဲ့ အညစ်‌အကြေး၊ဖုန်မှုန့်နဲ့ လေထု ညစ်ညမ်းမှုတွေကို သေချာသန့်စင်ပေးမှ အသားရေက မလိုလားတဲ့ ဝက်ခြံ၊အဆီဖု၊အသားညစ်တာတွေ မဖြစ်မှာပါ။

📍The key points to choose ;
-Cleansingအားကောင်ပြီးPh levelထိန်းပေးရမယ် -Chemical နည်းပြီးMildဖြစ်ရမယ်။
💓Recommend -Dokdo,Barr,Innisfree (စိတ်ချရပြီး ပါဝင်တဲ့ ml များလို့ အသုံးခံပြီး ကိုယ်နဲ့ သင့်တော်/မတော် ရှာဖက်လို့ရတဲ့ Review တာမို့ သေချာလေးရွေးချယ်‌လို့ရပါတယ်။

✅Step (2) Moisture
အသားရေကို ရေဓာတ်ဖြည့်ပေးဖို့၊ဆီနဲ့ရေ balance ညှိပေးဖို့နဲ့ အသားရေကြည်ပြီး healthy skinဖြစ်‌ေအာင် အားဖြည့်ဖို့အတွက် မရှိမဖြစ်ပါ။

📍The key points to choose -အခြေခံအားဖြင့်
-Normal/Dry skin ဆိုရင် Cream type.
-Oil/Combinationဆိုရင် Gel/lotion type.
💓Recommend -Dokdo,Fraijour,Barr,Byphasse

✅Step(3) Suncream
UV raysတွေကြောင့် တင်းတိတ်၊မှဲ့ခြေက်နဲ့ အရွယ်မတိုင်ခင် အသားရေတွန့်တာတွေ ကာကွယ်ဖို့အတွက် မဖြစ်မနေ သုံးပေးရမှာပါ။

📍The key points to choose -lightweightဖြစ်ပြီး Alcohol free ကို ရွှေးပေးပြီး မိတ်ကပ်သား မပါတာမျိုးဆို ပိုအဆင်ပြေပါတယ်။(မိတ်ကပ်သားပါတာက ‌သုံးပြီးရင် Double cleaning step)မဖြစ်မနေ ပြန်လုပ်ပေးရမှာမို့ပါ။
💓Recommendation -Dr.G

‼️ အခု Postမှာက Overall ခြုံပြီး နားလည်လွယ်အောင် Shareပေးထားတာမို့ Details လေးကတော့နောက်ပိုင်း လာပါမယ်နော်။
Products Recommend ကတော့ အပေါ်ကbrandတွေထဲမှာမှ ကိုယ့်skinတွက် အသင့်တော်ဆုံးကိုရွေးသုံးလို့ရပါတယ်ရှင့်။

❣️ Budget save ကာလမှာ Skincareအရွေးမှန်ပြီး Healthy skinလေးကို ပိုင်ဆိုင်ကြပါစေရှင်။

‼️ Just share my post.Do not copy.

Want your business to be the top-listed Beauty Salon in Mawlamyine?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mawlamyine