Phyo - Beauty Store

Phyo - Beauty Store

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyo - Beauty Store, Health/Beauty, Mudon, Mawlamyine.

မွန်ပြည်နယ် မုဒုံမြို့ကပါရှင့်💕
ရန်ကုန်/မုဒုံ/မော်လမြိုင် အိ​မ်ရောက်ငွေချေရပါတယ်
ကျန်မြို့တွေဆို ကြိုရှင်းရပါတယ်

TikTok-PhyoBeauty.Store
Viber-Telegram-09962031316ကို ဆက်သွယ်မှာယူနိုင်ပါတယ် (လက်လီ/လက်ကား ဝယ်ယူနိုင်ပါတယ်)

02/04/2026

Instocks ရတယ်နော် 💕💕💕

[ 2026 SUMMER EDITION 🏝️ - Deodorant ]

ဒီနှစ်နွေမှာ အနံ့ဆိုးလုံးဝမထွက်ဖို့ ငုံးရွေးပေးချင်တဲ့ Deodorant ကတော့
Vaseline Ampoule Serum ထဲက Bright & Dry ဆိုတဲ့
အပြာရောင်လေးပါ တအားကို အနံ့ထိန်းအားကောင်းသလို
ရေမချိုးမချင်းကို သူ့အနံ့က မွှေးအီနေတာ 🩵

🩵 အင်္ကျီစွန်းတာ ၊ ကွက်တာ ၊ ဝါတာမဖြစ်သလို
antiperspirant type မို့လို့ ချွေးထွက်နှုန်းကိုပါ လျှော့ချပေးတယ်

🩵 အနံ့လေးကတော့ fruity-powdery ဘက်ကိုသွားတယ်
ငုံးတော့ တော်တော်လေးသဘောကျတယ်
အနံ့က လုံးဝ မကျသွားဘဲ တစ်နေကုန် မွှေးနေတာကလည်း မိုက်တယ်

🩵 skincare effect အနေနဲ့ Niacinamide , Glutathione နဲ့
Sunflower seed oil တော့ပါတယ် သိသိသာသာကြီး
ဖြူလာတယ်တော့ မရှိပါဘူး မည်းလည်းမမည်းသွားဘူး ပုံမှန်ပဲ

အဓိကကြိုက်တာက ချွေးထွက်နှုန်းကို လျှော့ချပေးပြီး
အနံ့ဆိုးမထွက်စေတဲ့အပြင် တစ်နေကုန် long lasting ဖြစ်တာကိုပဲဗျ
ငုံး 2024 လောက်တုန်းကလေ ဒီအပြာလေးအကြောင်း
တင်ပေးဖူးသေးတယ် အဲ့တုန်းက သိပ်မကြိုက်ဘူး
အနံ့မစွဲလို့ဆိုပြီးတော့လေ ဒါပေမယ့် အခုပြန်သုံးတော့
performance တော်တော်လေး ကောင်းလာတာ
တစ်ခုခု upgrade လုပ်ထားတဲ့ပုံပါပဲ ခုတော့ ကြိုက်တယ်ဗျ

02/04/2026

Instocks ရတယ်နော် 💕💕

ဘာကောင်းလဲမမေးနဲ့ ဒါတွေကောင်းတယ် 🫰🏻

မဲနေတဲ့ဂျိုင်းဖြူလာမယ်၊chicken skin toneလိုဂျိုင်းသားတွေကို Smooth ဖြစ်အောင်လုပ်ပေးနိုင်တယ်။ Solid typeမို့အကျီမကွက်ဘူး၊အချိန်တော်ကြာ ချွေးနံ့ထိန်းပေးတယ်။နွေရာသီမှာ လှိမ့်ရတဲ့ Roll onတွေလိုကွက်မှာယောင်လို့တောင် စိုးရိမ်မနေနဲ့။တစ်ဘူးဝယ် 2လလောက်အသုံးခံတယ်။အထဲက Stickကျိုးတယ်ဆိုလို့ လိုသလောက်ဘဲထုတ်ရင်မကျိုးဘူး။မဟုတ်ဘဲရှိသမျှကိုအကုန်ဆွဲထုတ် အားကြီးနဲ့ပွတ်ချရင်တော့သူနဲ့နင့်ရဲ့သံယောဇဥ်ကြိုးတောင်တင်းလွန်းရင်ပျက်သေးတာဘဲ ဒါကအခဲကြီးမို့ ကျိုးတာဆန်းမနေဘူး။ ဆိုတော့ကိုယ့်ကိုကိုယ် ဂျိုင်းနံ့ နံ့ပြီးမဲနေတယ်ဆို တစ်ဗူးလောက်ဆောင်ထား 🙂

YBSကို (၅၀၀)ပေးစီးပြီး နင်တို့ဂျိုင်းနံ့ တလောကလုံးကို ပတ်ရှုခိုင်းမနေနဲ့ : 3 🤌

❌Copying of images and text is strictly prohibited.❌

02/04/2026

Glow Gallery Coffee Scrub
Candy Rainbow Scrub နှစ်မျိုးလုံး Instock ရတယ်နော် 💕💕

စျေးသင့်ပြီးသုံးလို့ကောင်းတဲ့ Localထဲကသဘောကျမိတဲ့ Scrub (3)မျိုး

ပထမဆုံး Product အကြောင်းမပြောခင် Scrub ဘာကြောင့်( 1 )ပတ်( 2 )ကြိမ်တိုက်သင့်လဲဆိုတာကိုနည်းနည်းပြောပြချင်တယ်။"ခေတ်"တို့က ဘယ်လောက်ဘဲ Whiteningပါတဲ့ Lotionတွေ Body serumတွေသုံးသုံး Scrub မသုံးရင် လိမ်းသမျှကအသားပေါ်မှာဘဲတင်နေပြီး ကောင်းကောင်းစုပ်ယူနိုင်မှာမဟုတ်တဲ့အတွက် Scrub ကိုသုံးပေးသင့်တာပါ။ Scrubမသုံးဘဲနေရင် Body ပေါ်မှာ Dark cellsတွေစုလာပြီးအသားရေကပိုညစ်လာမယ်။ခြောက်ကြမ်းပြီးကြည်ကြည်လင်လင်မရှိတော့တာမို့ Body Scrubကို( ၁ )ပတ်(၂ )ကြိမ်လောက်တိုက်ပေးတာကskinကိုbalance မပျက်အောင် ထိန်းထားရာလည်းကျသလို လိမ်းသမျှကိုလည်းကောင်းကောင်းကြီးစုပ်ယူပေးလို့ အသားကပိုကြည်၊ပိုဖြူလာမယ်။

ဒီနေရာမှာသတိထားရမှာက ဖြူချင်၊ကြည်ချင်ဇောနဲ့နေ့တိုင်းသုံးလို့မရပါဘူး။( ၁ )ပတ်ကိုအနည်းဆုံး (၂ )ကြိမ်ကနေ၊အများဆုံး( ၃ )ကြိမ်ထက်မပိုပါနဲ့။ လိုတာထက်ပိုသုံးမိရင်Skin Damageဖြစ်ပြီးဘာမှသုံးမရတဲ့အခြေနေရောက်သွားနိုင်တာမို့သတိထားပါ။နောက်ပြီး Scrubတိုက်ပြီးတိုင်းအစိုဓာတ်ဖြည့်တင်းပေးမဲ့Lotion (or)Body Conditionerမျိုးတွေသုံးဖို့လည်းမမေ့ပါနဲ့။ဆိုတော့ Product တွေအကြောင်း ဆက်သွားရအောင်။

1 : Glow Gallery Coffee Scrub : GG Scrubလို့လူသိများတဲ့ ဒီ Coffee Scrubကတော့သူ့ကိုသုံးနေတဲ့အချိန်ရတဲ့အနံ့က ရေချိုးရင်းကော်ဖီပူပူတစ်ခွက်သောက်လိုက်ရသလို Feeling မျိုးမို့သဘောကျတယ်။ Scrubသားနူးညံ့ပြီး အိစက်နေတာမို့ Bodyပေါ်မှာတိုက်တဲ့အချိန်ကြမ်းရှသွားတာမျိုးမရှိလို့ ဆန်းဆန်းတင့်အသားရေတွေသုံးမယ်ဆိုလည်းရတယ်။သူ့မှာက အဓိကVit C, Coffee Powder , Almond oil ,Coconut oilတို့အဓိကပါလို့ Body ပေါ်မှာရှိသမျှဆဲသေလ်တွေကိုဖယ်ရှားပေးလို့ (5)မိနစ်လောက်ပေါင်းတင်ထားပြီးရေဆေးချလိုက်တာနဲ့အသားက ချက်ချင်းဆိုသလိုကြည်ဖြူသွားလို့သဘောကျတယ်။ Oilတွေပါပေမဲ့ Bodyမှာအဆီတွေကပ်ကျန်တာမျိုးလည်းမရှိဘူးပေါ့နော်။ ဒါပေမဲ့
ကိုယ်ကအဆီကျန်သလိုစိတ်ထင့်နေရင်Sponge ထဲ
Showerထည့်ပြီးရေး​ဆေးချပါ။အဓိကကတော့ ဒီ Scrub က နေလောင်လို့အသားမညီတာတွေနဲ့မဲသမျှDark areaတွေကိုဖြူလာပြီးအသားကြည်လာတယ်ဆိုတာပါဘဲ။သူက 320g တစ်ဗူးကို ၁၈၈၀၀ပါ။

2: Candy Rainbow Body Scrub : သူကတော့အားလုံးထဲမှာ ကွဲထွက်နေတဲ့တစ်ခုတည်းသောကောင်လေး။ Scrub ထဲမှာShowerပါပြီးသားမို့ Showerသီးသန့်သုံးနေစရာမလိုဘဲ တိုက်နေရင်းနဲ့ Foamလေးတွေထွက်လာလို့ Body Emulsion သုံးနေရသလိုပါဘဲ။အထဲမှာပါတဲ့ သကြားပွင့်တွေကကြီးတယ်လို့ထင်ရပေမဲ့ တိုက်ကြည့်တဲ့အခါအသားရှတာမရှိဘဲ ပျော်သွားပြီးတိုက်လို့ကောင်းတယ်။ Color အရောင်အတွဲစပ်က သက်တန့်ရောင်ကလေးကိုမှအနံ့က Candyကန်ထဲခုံချလိုက်သလို ချိုချိုချဥ်ချဥ်အနံ့လေးကိုရလို့စိတ်ညစ်နေရင်တောင်ကြည်လင်သွားစေတယ်။Kojic & Gluta တို့လိုအသားဖြူစေမဲ့
Ingredientsတွေပါတဲ့အပြင်ကိုမှ တိုက်ပြီးရင်အသားမခြောက်သွားဖို့ Vegetable glycerine, Mango Seed Butterနဲ့ Almond oilတွေထည့်ထားတာမို့ စိုစိုအိအိလေးကျန်နေခဲ့တယ်။သူ့ကတော့အဓိက Strawberry skinတွေ၊ကြာစူးတွေနဲ့ ဖော်ကင်မဲတာတွေ၊နေလောင်လို့အသားမညီတာတွေနဲ့အသားညစ်တာတွေကို ကြည်ပြီးဖြူလာဖို့အားကိုးလို့ရတဲ့ Scrubကောင်းတစ်ခုပါ။သူက 320g တစ်ဗူးကို ၂၅၀၀၀ပါ။

3: The Mix By Su Shikaki Body Scrub: သူကတော့ ထွေထွေထူးထူးကိုပြောစရာမလိုအောသ် Localက Scrub တွေထဲမှာနာမည်ရပြီးသားပါ။အရင်ကလည်းသူ့ရဲ့Baking soda နဲ့ Salicylic&Lime Scrubတွေကို Review ရေးပေးဖူးတယ်။ခုတစ်ခေါက်ကတော့ Shikaki ပေါ့။သူကကျ အဓိက အသားဖြူဖို့ရယ်၊ကျောနဲ့ရင်ဘတ်လိုနေရာတွေမှာပေါက်တဲ့ဝက်ခြံတွေကိုသက်သာစေဖို့ထုတ်ထားတဲ့ Scrub မျိုးပါ။ Ingredientsတွေအနေနဲ့ Lime,Shikaki Fruit Powder,Coconut oilနဲ့ Sucroseတို့အဓိကပါလို့ အသားရေကိုဖြူလာရုံသာမက Body Acneတွေပါသက်သာလာတာတွေ့ရတယ်။နောက်ပြီးနေလောင်လို့အသားမညီတာတွေ၊အထိုင်များလို့ မဲတာတွေနဲ့ ဒူးမဲ၊ဂုတ်မဲ၊တံတောင်မဲတာတွေအတွက်လည်းကောင်းတယ်။သူ့အနံ့ကကျ ကင်ပွန်းသီးပါလို့ Herbal ဆန်တဲ့ဘက်သွားလို့ မွှေးမနေပါ။ဆိုတော့အပေါ်နှစ်ခုလို Vibeမျိုးတော့ရမှာမဟုတ်ဘူး။သူလည်းဘဲ Scrub သကြားပွင့်တွေကမဆိုစလောက်ကြီးပေမဲ့တိုက်လိုက်ရင်နာတာ၊ရှနာမဖြစ်ဘူး။ ၅မိနစ်လောက်ပေါင်းထားပြီးရေးဆေးချလိုက်တာနဲ့ချက်ချင်းကို ဖွေးထွက်သွားတာ မိုက်တယ်။Coconut oilပါပေမဲ့ ချော်ကျိချွဲကျိပြီးရေဆေးချရခက်မနေဘဲ Shower တစ်ခေါက်ပြန်သုံးစရာမလိုအောင်ကောင်းပါတယ်။ဒါလေးက 150mlကို ၁၁၅၀၀ပါ။

"ခေတ်"အနေနဲ့တော့ (၃)မျိုးလုံးက အကြိုက်ဆုံးတွေမို့ ဘယ်ဟာကပိုသာတယ်၊ပိုကောင်းတယ်ရယ်လို့မရှိပါဘူး။အကယ်၍ ဝယ်သုံးချင်ရင်လည်းနစ်ခုစီကိုဖန်ကြည့်ပြီး ကိုယ်နဲ့ကိုက်ညီမယ်ထင်တာကိုရွေးပါ။စကားမစပ် (၃)စလုံးဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်သုံးထားတာမို့ ဘာ Paid Review မှမဟုတ်ပါ။

လိုချင်ရင်တော့ Glow Gallery - Glow Gallery
Candy Scrub - CANDY Official Myanmar
TMBS Scrub - The Mix By Su

ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ထပ်လည်း Skincare Review တွေအပြင် Skincare knowledge နဲ့ GIVEAWAY တွေလည်းမကြာမကြာရှိနေမှာမို့ Page လေးကို Like & Follow လုပ်ခဲ့ကြပါဦးနော်။

❌Copying of images and text is strictly prohibited.❌

Photos from Phyo - Beauty Store's post 02/04/2026

ဖြိုးဆီ အသစ်ဝင်လာတဲ့ ပစ္စည်းလေးတွေပါရှင့်💕💕💕 သကြ်န်မတိုင်ခင်လေး မှာပေးကြပါနော် 💕 Instockလေးတွေ ရောင်းပေးထားတာမို့ အပ်ပီး 2/3 ရက်အတွင်း ပို့ပေးပါတယ်

Tik Tok Acc 👉🏻https://www.tiktok.com/.store?_r=1&_t=ZS-95CBkW2XXQj

မှာယူလိုပါက Viber-09962031316/Cb မှာလဲ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် 💕

30/03/2026

ဖြိုးကိုယ်တိုင်လဲသုံးတယ် ချွေးနံ့ဆိုးထိန်းပေးပြီး ဂျိုင်းဖြူလာတာ လက်တွေ့ပဲ 💕
ဖြိုးဆီ Instock ရတယ်နော် ✅

☀️ဂျိုင်းချွေးနံလည်းထိန်းပေးတယ်...ဂျိုင်းမဲလည်းသက်သာတယ်....အင်္ကျီ မှာလည်းမကွက်တဲ့ Dove Ultimate Repair Dark Marks Corrector deodorant stick Review 💗

💗နွေရာသီဆို ဂျိုင်းမှာ ချွဲကျိကျိကျန်ခဲ့လို့ Roll on မကြိုက်တာ တစ်ကြောင်း... နဂိုထဲက ဂျိုင်းကဖြူမနေတာကို Roll On ကြောင့်ဂျိုင်းမဲသွားမှာကြောက်လို့ Roll On ကို တစ်နှစ်တစ်ကြိမ်တောင်သုံးခဲပါတယ်...ဝယ်လည်းမဝယ်ထားဘူး...ချွေးနံ့မဆိုးပေမဲ့ တစ်ခါတစ်လေ အစားအသောက်တွေ ချွေးတွေကြောင့် လူကြားထဲထွက်ရင်တော့အနံ့ဆိုးထွက်မှာကြောက်တော့ ဒါလေးသုံးဖြစ်နေတာ... စစချင်းကတော့အပြင်ထွက်တုန်းပဲ သုံးမယ်စဥ်းစားထားပေမဲ့ ချိုင်းဖြူတယ်လူပြောများနေတော့မနက်ရော ညပါ သုံးဖြစ်နေခဲ့တာ... ကိုယ်ကြိုက်တာကြောင့်လည်းပါတယ် 😅

💗သူကလေ ဖယောင်းခဲလေးလိုပဲ ...သုံးလိုက်ရင် စိုစို ကြီးနဲ့ ချွဲကျိကျိ ခြောက်မှာစောင့်စရာ မလိုတော့ဘူး...Matt Type လေးနဲ့
ချိုင်းရဲ့ချွေးနံကိုလည်းထိန်းပေးနေသလို Hydrate လုပ်ပေးရုံလောက်ပဲ ...အဓိကတော့ သူ့မှာ Niacimade ပါနေတာ... အာလုံးသိတဲ့အတိုင်း Nia က အသားရည်ကြည်ဖို့အထောက်ကူပြုတယ်... ဒီ New version က Niacinamide concentration ပို optimize လုပ်ထားတယ် ...ဒါကြောင့်လည်း အသားညစ်တာက်ုပိုသိသာစေတာ ...Alcohol-free ဖြစ်လို့Sensitive skin လည်းသုံးလို့ရတယ်... 48နာရီချွေးနံ့ထိန်း ပေးတယ်လို့ပြောထားပေမဲ့ သောင်းကတော့နေ့တိုင်းသုံးဖြစ်နေတော့ 24နာရီစာတော့ခံတယ်လို့ ထင်ရတော့ မဆိုးဘူးလားလို့... ဂျိုင်းမှာကွက်တာတွေလည်းလုံးဝမဖြစ်ဘူး🥰

💗ချွေးနံ့ထိန်းပေမဲ့ထင်သလောက် သူ့ရဲ့အနံကမွှေးလွန်းမနေပဲ ချိုချိုလေးပဲ...ဘာလို့ဆိုသောင်းက စျေးကြီးတာစျေးပေါတာ ကြောင့်မဟုတ်ဘဲ အနံ့ကြောင့်ခဏဏဖျားတတ်သူမို့လို့လေ 🤒

💗သတိထားမိတာ ရေချိုးတဲ့အချိန်တော့ ဂျီးပိုထွက်တယ်...skin ရဲ့သဘောတရားကိုက Hydrating ပေးတယ်...dead cells တွေဖယ် ပေးတယ်ဆို အမဲစက်အမာရွတ်တွေပါးလာမှာပဲ... ဒါကိုပဲအခြေခံတယ်...သောင်းကတော့အသားကြည်လာတာလေးကိုခံစားမိတယ်...ဒါပေမဲ့ရေရှည်မဲလာတဲ့သူမှာတော့ တော်တော်လေးအချိန်ယူရမယ်...အသိသာဆုံးကတော့ laser ပစ် ပြီး ဆက်ထိန်းပေးတာပဲ...သောင်းကတော့ laser ပစ်တာလည်း မလုပ်ဖြစ်သေးတော့ ဒီလိုလေးသုံးဖြစ်နေပါတယ်... 🤍

ဘူးကလှည့်တောင့်လေးနဲ့ လှည့်ရတော့အပြင်သွားတော့လွယ်တယ်... ဒါပေမဲ့ လှည့်ရတာနှေးတာတော့သိပ်မကြိုက်ဘူး

သူက Made in Italy 🇮🇹 UK import ပါ ဝယ်ချင်ရင်တော့
Blossom Beauty UK Authentic skincare Wholesale & Retail Page လေးမှာမှာယူလို့ရတယ်... UK / USA /Japan /Korea Products တွေလည်း သူ့ဆီမှာရတယ် 🛒

Skincareအကြောင်းအသေးစိတ်ဆွေးနွေးချင်ရင်တော့ cb မှာမေးထားပေးနော် 💌

Photos from Phyo - Beauty Store's post 08/03/2026

Korea နာမည်ကြီး Peel off mask 💕

နေလောင်ပြီး မျက်နှာညစ်တာ သက်သာစေပြီး မျက်နှာကြည်စေရုံမက အဆီခဲ /ဆဲလ်သေတွေပါ ဖယ်ရှားပေးပါတယ် 💕

တစ်ဗူး-14500 Ks✅✅✅


゚viralシfypシ゚viralシ

08/03/2026

အဖေကို ဂျိုင်းမွှေး လက်စွမ်းနှုတ်လိုက်တာ အရမ်းကြိုက်နေတာ 🥶

08/03/2026

ဝက်ခြံ အဆီဖုသမားအတွက် JM Solution Toner ဖြိုးဆီ Instocks ရတယ်နော်💕

JM solution ရဲ့ အကိတ်ဆိုဒ် toner review လာပါပြီရှင်

{REVIEW}JM Solution Derma Care Centella Repair Toner 💊💊

JM solution Derma care centella mask ကနာမည်လည်းကြီးသလို တကယ်သုံးလို့အဆင်ပြေတယ် အဲ့ကနေ ဒီbrand ကိုသတိထားမိလာတာပေါ့နော် သူ့brand သွားတဲ့ စတိုင်က အရေအတွက်များများနဲ့ စျေးက fairဖြစ်တဲ့ပုံစံ quality ကိုကျတော့ ingredients ပိုင်းမှာ ပြင်းတာတွေထည့်မသုံးပဲ sensitive skin ကအစ သုံးလို့ရအောင်လုပ်ထားတယ်

✅Toner အကြောင်းပြောရမယ်ဆိုရင် ဝက်ခြံအတွက်သက်သာပြီး အဆီထိန်းတယ်ဆိုလို့ စမ်းသုံးကြည့်တာပေါ့နော် ဒါမဲ့ ထက်တို့က အဆီအရမ်းပြန်ပြီး ဝက်ခြံထွက်လွယ်တဲ့သူမလို့ သိပ်တော့ အဆင်မပြေနေဘူး ဘယ်ချိန်မှာ ကြိုက်တာလည်းဆိုတော့ ဝက်ခြံတွေပျောက်သွားပြီး ဝက်ခြံလည်းထပ်မထွက်အောင် skin barrier ကောင်းအောင်လုပ်မယ်ဆိုပြီး ဒါလေးသုံးကြည့်တာ အဆင်ပြေနေရော

✅Oily skin တွေအတွက် သင့်တော်တယ်ပြောကြပေမဲ့ ထက်တို့လို အရမ်းအဆီပြန်တဲ့သူကျတော့ နည်းနည်းပူတာနဲ့ အဆီပိုပြန်စေတယ် ထက်ကတော့ ညဘက်ပဲသုံးဖြစ်တယ်
တကယ်တော့ normal skin တွေ breakout ထွက်တဲ့အခါ skin barrier ကောင်းအောင်လုပ်ချင်တဲ့အခါ သုံးကိုသုံးကြည့်သင့်တယ် ကိုယ့်သူငယ်ချင်း normal skin နဲ့ကျ လုံးဝအဆင်ပြေနေတာ သူကအသားအရည်ပါးတော့ skincare ကိုသတိထားသုံးရတယ် period နားနီးတော့ ဝက်ခြံတွေသက်သာတယ်တဲ့ ကိုယ်တေကျ ပျော့လွန်းတော့ သိပ်မတိုးဘူး

✅ဆောင်းတွင်းရောက်ရင်တော့ ဒါကအဆင်ပြေလောက်တယ် သူ့မှာ hyaluronic acid ပါတော့ အစိုဓါတ်ရစေတယ် oily skin တွေ ပူနေတဲ့အချိန်တော့ သူ့ကိုသွားမသုံးနဲ့ ချွေးပေါက်ပိတ်နိုင်တယ်

✅Size ကတော့ 500ml ကိုမှ ၁၅၀၀၀ဝန်းကျင်ဆိုတော့ toner masking လုပ်လို့လည်း တွက်ခြေကိုက်တယ် ထက်ကတော့ ဝယ်နေကျအတိုင်း Road to Glass Skin ကပဲဝယ်တာပါ

🗣နောက်ဆုံးပိတ် ထပ်ပြောမယ်နော် အဆီအရမ်းပြန်တတ်တယ် ဝက်ခြံအထွက်များတဲ့သူတွေအတွက် ဒါကလုံးဝမတိုးဘူး breakout ထွက်တတ်တဲ့ normal skin နဲ့ sensitive skin တွေအတွက်ကတော့ တကယ်ကောင်းတယ်

08/03/2026

ဖြိုးဆီ အသင့်ရတယ်နော် 💕💕

အခုလို ရာသီဥတုအရမ်းပူပြီး အဆီပြန်လွယ် ဝက်ခြံထွက်လွယ်တဲ့ အချိန်မျိုးမှာ သုံးလို့အကောင်းဆုံး မျက်နှာသစ်ဆေးပဲ။ မနက်ရော ညရော ဒါပဲသုံးဖြစ်နေတာ ကုန်ရင်လည်း သေချာပေါက်ကို ထပ်ဝယ်ဖြစ်မှာ။ cleansing အားကောင်းပြီး exfoliates ပါလုပ်ပေးတော့ သစ်ပြီးတာနဲ့ မျက်နှာက သန့်ပြီးbright ဖြစ်သွားတယ်။ သစ်ပြီးရင် အသားတော့ နည်းနည်းခြောက်မယ်။ အရင်ကလည်း ဒီမျက်နှာသစ်ဆေးကို review ရေးပေးဖူးတယ်။ အခုနေ့တိုင်း သူ့ကိုပဲသုံးဖြစ်နေလို့ ပြန်ရေးပေးတာ :3

Photos from Phyo - Beauty Store's post 27/02/2026

Pure Oil 💚

Price.. 24000Ks

သဘာဝအသီးအနှံရဲ့အဆီအနှစ်နဲ့ထုတ်လုပ်ထားတာကြောင့်

💚 အသားအရေကို အစိုဓာတ် ပြန်လည်ဖြည့်ပေးနိုင်ပီး
နဂိုထက် ၅ဆ ပိုမို ဖြူစေပါတယ်

💚 အသားအရေကြမ်းတမ်း မွဲခြောက်ခြောက်ဖြစ်နေတဲ့သူတွေ
💚 အကြောပြတ်ရာများ အမာရွတ်များ ရှိသူတွေ
💚 ကိုယ်ဝန်ဆောင်ချိန် အကြောပြတ်ခြင်းနဲ့ အသားအရေမွဲခြောက်တတ်သူတွေ
💚 ဒူး ဂုတ် တင်ပါး နှင့် ခြေမျက်စိ မဲပီး အသားမာတတ်သူတွေ
💚 operation လုပ်ပီး အမာရွတ် ရှိသူတွေ အတွက် 👇

Pure oil ကို ရေချိုးပီးတိုင်း ဂွမ်းနဲ့ ပွတ်လိမ်းပေးရုံနဲ့ လျော့ပါးစေပါတယ်
တနေ့ ၂ကြိမ်အသုံးပြုနိုင်ပီး အသားအရေကို စိုပြေစေပါတယ် 😍

🚩 Sensitive skin နဲ့ ကိုယ်ဝန်ဆောင် မိခင်များပါ အသုံးပြုလို့ရပါတယ်

မိမိခန္ဓာကိုယ်ပေါ်က မလှပတဲ့အမဲစက်တွေကို PURE နဲ့ဖယ်ရှားလိုက်ရအောင် 💚💚💚💚💚.

Photos from Phyo - Beauty Store's post 27/02/2026

အဆီကျ Coffee သောက်ချင်တဲ့ သဲလေးတို့အတွက် ဖြိုးဆီမှာ Instock ရှိတဲ့ Coffeeလေးတွေပါ 💕

အိမ်မှာ လာဝယ်လို့ရသလို Cbကနေ လာမှာလို့ရပါတယ်ရှင့် 💕💕

မုဒုံ မော်လမြိုင် ရန်ကုန်အိမ်ရောက်ငွေချေပါ


゚viralシfypシ゚viralシ

22/02/2026

Cherry Wax🍒

အပူပေးလား⁉️
အပူမပေးရတာလား⁉️
နှစ်မျိုးလုံး ပစ္စည်းအသင့်ရှိတယ်နော်💕

ကြိုက်တာယူ တစ်ဗူးမှ 10000Ks✅


゚viralシfypシ゚viralシ

Want your business to be the top-listed Beauty Salon in Mawlamyine?
Click here to claim your Sponsored Listing.

Category

Website

Address

Mudon
Mawlamyine
MONSTATE