Chan Chan’s RTW Collections
Women can look beautiful in any outfit but the right outfit can make women become powerful.
15/05/2026
Customer များကို အသိပေးခြင်း ‼️📣
‼️https://www.facebook.com/share/p/1NrdASLUya/?mibextid=wwXIfr
🍀စက်ရုံပြဿနာကြောင့် အသစ်ပြန်ချုပ်လုပ်ရတဲ့အထည်တွေကို ၆ပတ်ထိ စောင့်ပေးကြတဲ့ customer များကို တစ်ခု အသိပေးချင်လို့ပါရှင့်…
🍀အထည်လေးတွေကို Deli free နဲ့ ပို့တာမလုပ်တော့ပဲ
အမှတ်တရဖြစ်သွားအောင်လို့
ဒီလို ၅၅၀၀တန် ဒီခေါင်းစည်းကြိုးလေးတွေကို လက်ဆောင်အဖြစ် ပြောင်းထည့်ပေးမယ်နော်…. 🌸
အပြင်မှာ တော်တော်ကို အူယားစရာလေးတွေမို့
ရောက်ရင် ကြိုက်သွားစေမှာ အသေအချာပဲရှင်…🍀
🌸မင်္ဂလာပါ….. Chan Chan ပါရှင်
🌸🍀Chan Chan’s Houseမှ အထည်များ ဝယ်ယူအားပေးထားတဲ့ ကိုယ့်အမျိုးသမီးများထံသို့ အသိပေးရင်း အနူးအညွတ်တောင်းပန်ခြင်း….📣😞
🍀အရင်ဦးဆုံးပြောကြားလိုသည်က ဘယ်သူမှားသည် မှန်သည်ဖြစ်စေ တာဝန်ယူထားသော owner ဖြစ်တဲ့ ကိုယ့်မှာသာ တာဝန်ရှိကြောင်းရယ်…. ကိုယ့်ရဲ့ အသုံးမကျမှုကြောင့်လို့သာ ဝန်ခံချင်ပါတယ်ရှင်…
🌸Chan Chan ‘s House က အထည်တွေကို ကျွန်မ chan chan က ဒီဇိုင်းထုတ် pattern ဆွဲပြီး ချုပ်ရုံအပ်ပါတယ်ရှင့်…
😞ချုပ်ရုံအပ်တဲ့အခါမှာ ပြောထားတဲ့ရက်တွေမှာ အထည်တွေမရတာရယ်…. ရလာတဲ့အထည်တွေတိုင်းကလည်း အထည်တွေအားလုံး အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များစွာ ရှိနေပါသဖြင့် customer တွေ လက်ထဲ တစ်ထည်မှ မပို့ပါပဲ
ကျွန်မကိုယ်တိုင် ပယ်ချခဲ့ပါတယ်ရှင့်…. ပြင်ထည်အနေနဲ့တောင် ပြန်မသုံးပါပဲ ပယ်ချပြီး အသစ်ပြန်ချုပ်နေပါတယ်ရှင်…
🍀အခုတော့ အထည်တွေတိုင်းကို ကျွန်မတို့ ကိုယ်တိုင် ကိုယ်ထူ ကိုယ်ထ ပြင်ထည်မဟုတ်ပဲ အထည်အသစ်ကနေ ပြန်စချုပ်နေပါတယ်ရှင်….
‼️😞ဒါ့ကြောင့်လေ…. ပြောထားတဲ့ waiting time ထက်ကို ပိုလွန်ပြီး နောက်ထပ် ၆ ပတ်လောက် ဆက်စောင့်ပေးဖို့ customers တွေကို ညှိုးငယ်စွာ ရို့ကျိုးတောင်းပန်ပြီး ခွင့်တောင်းချင်ပါတယ်ရှင်… ထုတ်ပြီးသွားတဲ့ collection ၃ မျိုးလုံးအတွက်ပါရှင်….
🌸အကယ်၍ စောင့်လို့ အဆင်မပြေတဲ့ ကိုယ့်အမျိုးသမီးတွေကိုအတွက်ကတော့ အားနာရို့ကျိုးစွာ အထည်တန်ဖိုးအတိုင်း ပြန်အမ်းငွေကို ပေးအပ်ပါမယ်နော်… ( page messenger ကနေ လာပြောပေးပါနော်)
🌸အထည်တွေရလာလို့ ပို့တဲ့အခါ deli freeနဲ့ ပို့ပေးပါမယ်ရှင်…
🌸ဒီကြားထဲ ကျွန်မတို့ဆီကချုပ်လိုက်တဲ့ ချုပ်ပြီးသားအထည်တွေကို တစ်နေ့ကို ၅ ထည်ထွက်ရင် ၅ ထည်ပို့ပါမယ်… ၁၀ ထည််ရ ၁၀ထည်ပို့ပါမယ်ရှင်
🌸🍀ဖြစ်သွားတဲ့ပြဿနာအခက်အခဲတွေကြောင့် customer တွေဆီ အဆင်မပြေမှုနဲ့ ကြန့်ကြာမှု ဖြစ်သွားစေခြင်းဟာ
မည်သည်တစ်ဦးတစ်ယောက်ရဲ့ အပြစ်မဟုတ်ပါပဲ…
Owner ဖြစ်တဲ့ ကျွန်မ Chan Chan မှာသာ အပြစ်ရှိကြောင်းနဲ့ တာဝန်ရှိကြောင်း ဝန်ခံအသိပေးလိုပါတယ်ရှင်….
🍀နောက်နောင်မှာ ဒီလို ပြဿနာမျိုးမဖြစ်ဖို့ရာ Chan Chan’s House က အထည်တွေကို ကိုယ်ထူကိုယ်ထ သာချုပ်ပြီး
အထည်ဒီဇိုင်း တော်တော်များများကို Instockထားပြီးသာ
ရောင်းမည်ဖြစ်ကြောင်း ကိုယ့်အမျိုးသမီးတွေကို အသိပေးလိုပါတယ်ရှင်….
😞ယုံကြည်စွာ အားပေးကြတဲ့ Customer အမျိုးသမီးအားလုံးကို ညှိုးငယ်စွာ အနူးအညွတ်တောင်းပန်ပါတယ်ရှင့်🙏🙏🙏
23/04/2026
အိမ်မှာ ရှင်ပြုမင်္ဂလာ အလှူကြီးရှိတာမို့
အလုပ်ကို ၂၇ ရက်နေ့ထိ နားထားကြောင်း
ကိုယ့်အမျိုးသမီးတွေကို အသိပေး အကြောင်းကြားချင်ပါတယ်ရှင့်
အိမ်က အလှူကြီးမို့ adminတွေကအစ အားလုံး နားထားတာမို့…. ၂၈ရက်နေ့မှသာ အလုပ်တွေ ပြန်စမယ်ဆိုတဲ့အကြောင်းပါ လေးစားစွာ အသိပေးပါတယ်ရှင်
အစ်မရော adminလေးတွေရော ခွင့်ယူမယ်နော် 🌸🍀
၂၈ ရက်နေ့မှ ပြန်လည်တွေ့ကြပါဦးစို့နော်…. 🌸🍀
Chan Chan’s RTW Collections
item အသစ်လေးကို မင်တို့ရဲ့မချမ်းဝတ်ထားးတာ🤍🌸
….
….
Disclaimer:No COPYRIGHT infringement intended. For entertainment purposes only.I do not own the VIDEO and MUSIC.All rights and credits go to rightful owner.
12/04/2026
စကပ်နဲ့လည်းလိုက် ဘောင်းဘီတို/ ရှည်နဲ့လည်းလှတဲ့ ဒီဇိုင်းပါ🤍
ထမီနဲ့တောင် လှတယ်ကွယ် 🍀
🍀Free size ဖြစ်ပါတယ်… ပေါင်ချိန် ၁၄၀ ထိတော်ပါတယ်
🍀ဝတ်လိုက်ရင် ပျော့အိတွဲနေမှာမို့ အရမ်းဖားယားမနေပါဘူးနော်
🍀တကယ့်ကို အရေအတွက် နည်းနည်းနဲ့သာလက်ခံတဲ့
pre order ပါ
🍀 top only ၅၅၀၀၀ကျပ်ပါရှင်
🍀 waiting time ၄ ပတ်ပါရှင်
🍀 မမတို့ရေ မမချမ်းက ထုတ်ပြီးသား items တိုင်းကို ပြန်မထုတ်သလို အရေအတွက်အများကြီးလည်း မထုတ်ပါဘူးတဲ့ရှင့် 🤍
စကပ်နဲ့ဝတ်ဝတ်… ဘောင်းဘီတို/ရှည်တွေနဲ့ဝတ်ဝတ်… ထမီနဲ့ဝတ်လည်း ဝတ်လို့ရတဲ့ အလှလေးပါ…
ထမီနဲ့ဝတ်ရင်လည်း လှကြောင်း တွဲပြထားတာပါ…
ပိန်တဲ့သူနဲ့လည်းလှ… ပြည့်တဲ့သူတွေနဲ့လှတဲ့ပုံလေးပါ…
အင်္ကျီက မရှည်ဘူးနော်… ထမီနဲ့ဝတ်ရင်လည်း လှတဲ့ အရှည်လေးပါ
အများကြီး မထုတ်ပါဘူး…. မနက်ဖြန်မှ order လက်ခံမယ်နော်🍀🌸
11/04/2026
စကပ်နဲ့ဝတ်ဝတ်…. ဘောင်းဘီတို/ရှည်နဲ့ဝတ်ဝတ်…
ထမီနဲ့တောင် ဝတ်လို့ရတဲ့အလှလေး လာမယ်ရှင်….
10/04/2026
ဒါလေးက ချည်ပုဝါ ဆိုဒ်သေးထဲကပါရှင့်
Price 12000
10/04/2026
မချမ်းခြုံထားတဲ့ ချည်ပုဝါလေးထဲကပါရှင့်
Price 35000
10/04/2026
မချမ်းခြုံထားသလိုလေးထဲက
ရမယ့်အရောင်လေးတွေပါရှင့်🫶🏻
Price 29500
Click here to claim your Sponsored Listing.
Category
Website
Address
Mawlamyine
