Kira's Beauty Logic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kira's Beauty Logic, Health/Beauty, Mogok.
14/11/2020
The Importance of Hydration for Your Skin
ရေမသောက်ပဲအချိန်အကြာကြီးနေလို့ စိတ်ဖိစီးမှုခံစားရတာမျိုးကြုံဖူးလား ခန္ဓာကိုယ်ရှင်သန်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့လုပ်ငန်းတွေကိုဆောင်ရွက်ဖို့ ရေဓာတ်လုံလုံလောက်လောက် လိုအပ်တယ်နော် လူအများစုကခန့်မှန်းခြေအားဖြင့်သုံးရက်ခန့်ပဲ မည်သည့် H2O မှမရှိပဲနေနိုင်တာပါ နောက်ပြီးတော့လူ့ခန္ဓာကိုယ်ရဲ့ ၆၀% ကိုရေနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုလည်း တော်တော်များများသိပြီးသားဖြစ်မှာပါ ရေဓာတ်က Kira တို့ခန္ဓာကိုယ်ကစွန့်ပစ်ပစ္စည်းတွေကိုသန့်စင်ထုတ်ပစ်ခြင်းနဲ့ အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတွေကိုကောင်းမွန်စွာလည်ပတ်စေတဲ့အပြင် အသားအရေကို Nourish လုပ်ပေးတဲ့နေရာမှာလည်း ကူညီပေးတယ် ဒါကြောင့် ကိုယ့်ကိုကိုယ် ရေဓာတ်ခမ်းခြောက်အောင်မလုပ်ပါနဲ့ နောက်ပြီးတော့ ရေကိုသောက်သုံးခြင်းဖြင့် အရေပြားကိုအကောင်းဆုံးဖြစ်စေရန်ကူညီနိုင်တဲ့နည်းလမ်းလေးခုကို Kira အခု ပြောပြပေးသွားပါမယ်
1. Improve Elasticity
Elasticity ဆိုတာ အရေပြားတွန့်ခြင်းကို ကာကွယ်ပေးပြီး နုပျိုစေတယ် အသက်အရွယ်ကြီးလာတဲ့နဲ့အမျှ Kiraတို့ အသားအရေတွေက အရေပြားရဲ့ elasticity ကိုအဓိကထိန်းသိမ်းပေးတဲ့ collagen ထုတ်လုပ်မှုနှေးကွေးလာပြီး အရေပြားတွေတွန့်လာမယ် ရေဓာတ်က collagen ထုတ်လွတ်နိုင်မှုရဲ့အဓိကဖြစ်လို့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်း အသားအရေတွန့်ခြင်းများကိုကာကွယ်ဖို့ ရေကိုနေ့စဉ်ပုံမှန်သောက်ပေးဖို့လိုပါတယ် နောက်ပြီးတော့ moisturizing effect ပါဝင်တဲ့ skin care productsတွေကို နေ့စဉ်ပုံမှန်အသုံးပြုပေးရင်လည်း Elasticity ကိုထိန်းသိမ်းပေးရာရောက်ပါတယ်
2.Flush Toxins
Kiraတို့လူ့ခန္ဓာကိုယ်က နေ့စဉ် အဆိပ်အတောက်များစွာကို ထိတွေ့နေရတယ်ဆိုတာကို သိကြလား အကြီးမားဆုံးပြဿနာက လေကို ရှောင်ရမှာပါပဲ ( အဆိပ်အတောက်များကိုမထိတွေ့လို့မရဘူးဆိုတာကိုပြောချင်တာပါ) အိမ်ထဲမှာနေတာပဲဖြစ်ဖြစ် အပြင်သွားတဲ့အခါပဲဖြစ်ဖြစ် Kiraတို့က လေထုနဲ့ထိတွေ့နေရတော့ လေထုထဲအဆိပ်အတောက်တွေကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အပြင်ခန္ဓာကိုယ်ထဲက Free radical ထုတ်လွတ်မှုကိုပါ အကူအညီပေးနေတယ်(Free radical အကြောင်းကိုတော့အသေးစိတ်မရှင်းပြတော့ပါဘူး သိချင်ရင်တော့ Kiraကိုလာမေးလို့ရပါတယ်) ဒါပေမဲ့ကံကောင်းစွာနဲ့ပဲ Kiraတို့ခန္ဓာကိုယ်ထဲမှာ Free Radical တွေကိုဖယ်ရှားဖို့သန့်ရှင်းရေးစနစ်တွေပါပြီးသားဖြစ်နေတယ် ရေဓာတ်က ခန္ဓာကိုယ်အတွင်းပိုင်းသန့်ရှင်းရေးစနစ်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် ရေကို တစ်နေ့ ၂လီတာခန့်သောက်သုံးဖို့လိုအပ်ပါတယ်
3.Achieve a Radiant Glow
ခြောက်သွေ့ပြီးဖုန်ထူပြီးအက်ကွဲကြောင်းတွေဖြစ်နေတဲ့ လမ်းကိုလျှောက်ဖူးလား Kiraတို့ရဲ့မျက်နှာကလည်း ရေဓာတ်ကြာရှည်စွာမရရှိတော့ရင် အဲ့လမ်းနဲ့အလားတူအသွင်အပြင်ဖြစ်ပေါ်စေနိုင်တယ် ခြောက်သွေ့နေတဲ့အရေပြားက Glow နေမှာလည်းမဟုတ်သလို အသားအရေရဲ့အရောင်ကမှိုင်းမှိုင်းကြီးဖြစ်နေပြီးအရေးအကြောင်းဖြစ်လာနိုင်ပါတယ် ရေဓာတ်ပြည့်ဝနေတဲ့အရေပြားကတော့အမြဲလိုလို glow skin လေးဖြစ်နေပြီး အသားအရေလေးကကြည်လင်နေမှာပါ ဒီလိုရေဓာတ်ပြည့်ဝနေတဲ့အသားအရေကိုရဖို့ကတစ်ရက်တစ်ညတည်းနဲ့တော့မဖြစ်နိုင်ဘူးနော် တစ်ပတ်ကနေ နှစ်ပတ်လောက်ထိ ရေကို တစ်ရက် ၈ခွက်လောက် သောက်ပေးရင်တော့ သိသာတဲ့ရလာဒ်ကိုရလာမှာအမှန်ပါပဲ
4.Reduce Oil Production
Kiraအပါအဝင် လူအများစုက ဘာဖြစ်တတ်လဲဆိုတော့ သူတို့အသားအရေက (Oily skin) အဆီအရမ်းပြန်တတ်တဲ့အသားအရေမျိုးဆိုရင် (Moisturizing products) အစိုဓာတ်ထိန်းသိမ်းပေးတဲ့ပစ္စည်းတွေကိုရှောင်တတ်ကြတယ် အရေပြားခြောက်သွေ့မှ ရေဓာတ်လိုအပ်တာလို့ လူအများစုကထင်တတ်ကြတယ် ဒါပေမဲ့ တချို့လူတွေမှာရေဓာတ်မလုံလောက်တဲ့အခါ အရေပြားက ခြောက်သွေ့မသွားပဲ အဆီပြန်လာတယ်(ဆိုလိုတာက အဆီပြန်တာကလည်း ရေဓာတ်မလုံလောက်လို့ဖြစ်တာပါပဲ) တကယ်လို့ ရေကိုသာလုံလုံလောက်လောက်သောက်သုံးပေးမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ သိသိသာသာကြီးအဆီမပြန်တော့တာကိုသတိထားမိလာလိမ့်မယ်(အဆီမပြန်တော့ဘူးဆိုပေမဲ့ အသားအရေခြောက်ကပ်သွားတာမျိုးမဟုတ်ပဲ စိုစိုပြေပြေလေးဖြစ်လာမှာကိုဆိုလိုတာပါ)
Kira ကိုယ်တိုင်က Oily skin ပါ အဆီအရမ်းပြန်တဲ့အတွက် Moisturizing effect အရမ်းများတဲ့ Facial cream တွေဆိုရင် လုံးဝမသုံးရဲပါဘူး ပိုအဆီပြန်မှာကြောက်လို့ပါ ဒါပေမဲ့ အဆီပြန်တာက Moisturizing effectလုံလုံလောက်လောက်မရတော့လို့ဆိုတာကို သိလာပြီးနောက် ရေကိုပုံမှန်သောက်လာပြီး Moisturizing effect ပါတဲ့ Facial Creamတွေကို သုံးကြည့်နေပါတယ် အဆင်ပြေရင် resultလေးကိုပြန် Sharingလုပ်ပေးပါ့မယ်
ရေဓာတ်က ကျန်းမာရေးအတွက်သာမဟုတ်ပဲ အလှအပရေးရာအတွက်ပါတကယ်အရေးပါလို့ ရေကိုပုံမှန်သောက်တာကတကယ်ကိုကောင်းပါတယ်
ဒီအကြောင်းတွေကို Kira က windsordermayology.com ဆိုတဲ့ website ကနေတစ်ဆင့်သိခဲ့ရတာပြီး သင့်လျော်အောင် translate လုပ်ပြီး ပြန် sharingလုပ်ပေးတာပါ
အဲ့ websiteကိုလည်းcredit ပေးပါတယ် 🖤
#ဒီpostကြောင့်တစ်ခုခုများသိလိုက်ရရင်Like_and_shareလေးလုပ်ပေးခဲ့ကြပါနော်
Click here to claim your Sponsored Listing.
