Beauty Secret for you
�အသားအရေ အလှအပနှင့် ပတ်သတ်၍
လာရောက်ဆွေးနွေးနိုင်ပါသည်�
06/10/2021
ဝက်ခြံဟာရှက်စရာလား❓❓ 🤔
မြန်မာနိုင်ငံမှာ လူပျိုဖော်၊အပျိုဖော်
ဝင်ချိန်(Puberty)ကို
📌မိန်းကလေး(အသက်၈နှစ် မှ ၁၃နှစ်ကြား)
📌ယောက်ျားလေး(အသက်၁၀နှစ် မှ ၁၅နှစ်ကြား)🤴 ဟု သတ်မှတ်ထားပါတယ် ။
ထိုကဲ့သို့ လူပျိုဖော် ၊ အပျိုဖော်ဝင်ချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအပြင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများလဲ ဖြစ်ပေါ်လေ့ရှိပါတယ်။
ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများတွင်
ဝက်ခြံပေါက်ခြင်း ၊ ဝက်ခြံထွက်ခြင်းကလဲ
တစ်ခုအပါအဝင်ပါပဲ 💁 ။
ဝက်ခြံထွက်တယ်ဆိုတာက အပျိုဖော် ၊လူပျိုဖော်ဝင်ချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တစ်ခုဖြစ်တာကြောင့်
ဝက်ခြံထွက်ခြင်းဟာ ရှက်စရာမဟုတ်ပါဘူး 🙅 ။
ပုံမှန်သဘာဝ ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ် 💁 ။
ဒါ့အပြင် ဖုန်မှုန့်နဲ့အညစ်အကြေးတွေ ၊ Dead Cellsတွေနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်လဲ ဝက်ခြံဖြစ်ပေါ်တတ်ပါတယ် ။
ဒါကြောင့်မလို့ ဝက်ခြံပေါက်ခြင်းဟာရှက်စရာမဟုတ်ပဲ
လူတိုင်းကြုံတွေရနိုင်တဲ့ အရေပြားပြဿနာတစ်ခုသာဖြစ်ကြောင်း ပြောပါရစေ။❤️
#၀က်ခြံ
#အလှအပ
#ဝက်ခြံဟာရှက်စရာလား
Crd
03/10/2021
အဆီဖုတွေ ထပ်မပေါက်တော့အောင်
ဘာတွေ လုပ်သင့်လဲ❓
ဒီအချက်သေးသေးလေးတွေကို
လိုက်နာကြည့်ပါ☺️
၁. ရေများများသောက်ပါ❤️
၂. ဝမ်းမချုပ်စေပါနဲ့❤️
၃. အဆင်ပြေနေတဲ့ Skincare ကို ခဏခဏ
မပြောင်းချင်ပါနဲ့❤️
၄. တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လေး လဲပေးပါ❤️
၅. ဖုန်း screen ကို အရက်ပြန်လေးနဲ့
တစ်နေ့တစ်ခါ သန့်ရှင်းပေးပါ❤️
၆. မျက်နှာ ကို လက်နဲ့ ခဏခဏ မထိပါနဲ့ ❤️
၇. မိတ်ကပ် ဖျက်ဖို့ မပျင်းပါနဲ့ ❤️
( မိတ်ကပ်ဖျက်ဆေးဖြင့်)
၈. အလွန် ငန်,စပ်,ချို သောအစာတွေ ရှောင်ပါ❤️
တတ်နိုင်ရင် ခေါက်ဆွဲခြောက်ရှောင်ပါ
၉. ဆံပင်စည်းထားပါ❤️
(၂ရက်တခါလျှော်ပေးရင်ပိုကောင်းပါတယ် ဆံပင်အဆီမပြန်ပါစေနဲ့)
၁၀. Skincare မလိမ်းဘဲ မိတ်ကပ် လုံးဝ မလိမ်းပါနဲ့❤️
၁၁. အိပ်ရေးမပျက်စေပါနဲ့❤️
ပြောချင်တာက အဆီဖုတွေ ဝက်ခြံတွေ
မပေါက်ဖို့အတွက်ဆိုရင်
Skincare ချည်း လုပ်ယူနေလို့မရပါဘူး☺️
လူနေမှုဘဝ ပါပြောင်းလဲပစ်ရပါမယ်.
အစားအသောက်,အနေအထိုင်, အဓိက ကျန်းမာရေး
လိုက်စားဖို့ သိပ်ကို အရေးကြီးတာပါ🙆
အခု ရေးပေးတဲ့ အချက်တွေကိုလည်း လိုက်နာ, အစားအသောက်လည်းရှောင်,
Skincare လေးသေချာမှန်မှန် လုပ်ပေးမယ်ဆိုရင် အဖုတွေ ကင်းတဲ့ မျက်နှာ ကို
မကြာခင်ပိုင်ဆိုင်ရမှာပါ..❤️
#အဆီဖု
#၀က်ခြံ
Crd
02/10/2021
Skincare လုပ်ပြီးရင် သနပ်ခါးလိမ်းလို့ရလား ❓
သေချာလေး ဖတ်စေချင်တယ်❤️
သနပ်ခါးကြိုက်ကြတဲ့ မြန်မာမိန်းကလေးတွေဖြစ်လို့ အဲဒီမေးခွန်းလေးတွေ
ခဏခဏမေးကြပါတယ်
skin care လုပ်တဲ့သူတွေ အနေနဲ့ အများအားဖြင့် သနပ်ခါး မလိမ်းရဘူး သနပ်ခါးလိမ်းရင် ချွေးပေါက်ပိတ်မယ် အသားခြောက်မယ် ဆိုပြီး စသဖြင့်တော့ရှိကြတာပေါ့။
တွဲလိမ်းမယ် ဆို့ရင့် အောက်ကနေ sunscreen+make up cream+moisturizer
တခုခု ခံပြီ သနပ်ခါးနဲ့ တွဲလိမ်းသင့်ပါတယ်
သနပ်ခါးဆိုတာ မြန်မာတွေအစဉ်အဆက် နေလောင်ဒဏ်ခံနိုင်ဖို့ လိမ်းကြတဲ့ သဘာဝပစ္စည်းဖြစ်လို့ Skincare တွေနဲ့တွဲလိမ်းရင် အဆင်မပြေတာမရှိပါဘူး။
ဒါပေမယ့် သဘာဝပစ္စည်းဖြစ်တဲ့အတွက် သနပ်ခါးက နေလောင်ဒဏ်ကို အကြာကြီးတော့ မကာကွယ်ပေးနိုင်သလို၊ သူက အသားအရည်ကို အပေါ်ယံကနေ အလွှာတစ်ထပ်အနေနဲ့ ကာကွယ်ပေးတာမို့ အသားထဲကို မစိမ့်ဝင်နိုင်ပါဘူး။
ဒါကြောင့် Skincare ကို အရင်ဆုံး အဆင့်ဆင့် အသားအရည်ထဲသေချာစိမ့်ဝင်အောင် လိမ်းပေးပြီးရင် သနပ်ခါးကိုလိမ်းနိုင်ပါတယ်။
အသားအရည် ထိန်းသိမ်းဖို့ Skincare ကိုလည်းလိမ်းချင်တယ်၊ သနပ်ခါးကိုလည်း သံယောဇဉ်မပြတ်လို့ မလိမ်းရရင် မနေနိုင်ဘူး ဆိုတဲ့သူတွေအတွက် သနပ်ခါးနဲ့ တွဲလုပ်ရမယ် skin care အကြောင်းလေးပြောပြပေးမယ် ။
cleansing သေချာလုပ်ပေးပါ။
ပြိးရင့် Toner ကိုသေချာသုံးပေးပါ ။
ကိုယ်သုံးမဲ့အောက်ခံmake up cream ထဲ Moisturizer အနေနဲ့ Gel or Emulsion type တစ်ခုခုခပ်ပါးပါးလေးသုံးပေးပါ။
နေလောင် ဒဏ်ကာကွယ် မဖြစ်မနေ
Sunscreen လေးလိမ်းပေးပါ ။
သနပ်ခါးအောက်ခံအနေနှင့် Foundation Liquid Cream Mousse type တွေ
မသုံးစေချသ်ပါဘူး ။
cream ပါတဲ့ Coverage အရမ်းမထူတာမျိုးလေးတွေပဲရွေးချယ်ဝယ်ယူပါ ။
ဝယ်ယူရင့်လဲ ကိုယ်skinနဲ့ အဆင်ပြေတာ ကိုဝယ်ယူပေးပါ။
sunscreen+make up cream+moisturizer 3 in 1 ဆိုရင်တော့အဆင့်တစ်ခုတည်းပြီးတာပေါ့နော်။
ညပိုင်း တော့သနပ်ခါးလိမ်းထားတဲ့မျက်နှာကို Double Cleansing သေသေချာချာလေး လုပ်ပေးပါ။
ကိုယ်လိမ်းနေကျ skin care setတွေလိမ်းပေးပါ။ ညကို သနပ်ခါး လိမ်းမအိပ်ပါနဲ့။
ဝက်ခြံပေါက်ရင် သနပ်ခါး မတို့စေချင်ပါဘူးရှင့် ။
ပျောက်ခဲ့တယ်ဆိုလျှင်တောင် အမဲစက် နက်နက်ကြီးကျန်တတ်ပါတယ်။
သေချာလေး ကိုယ် skin ကိုဂရုစိုက်ပေးကြပါ။
#သနပ်ခါး
#၀က်ခြံ
Crd
02/10/2021
#ဝက်ခြံထွက်ပြီဆိုရင် လုပ်သင့်တာဘာလဲ❓❓
(၀က်ခြံနှင့်ပတ်သတ်၍
အမှား/ အမှန် တွေ ရှိပါတယ်)
ခွဲခြားသိနိုင်ပါစေ❤️
၁-Skin care အလွန်အကျွံမသုံးပါနဲ့
👍 ဝက်ခြံထွက်ပြီဆိုထဲက တခုခုအမှားအယွင်းရှိလို့ဖြစ်တဲ့ အတွက် skin care တွေထဲက ထပ်ပြီးအမှားမပါရအောင် အလွန်အကျွံမသုံးသင့်ဘူးလို့ ယူဆပါတယ်။
၂-လိမ်းဆေးတွေပုံနေအောင် မလိမ်းပါနဲ့
👍လိမ်းဆေးတွေပုံအောင်လိမ်းရင် မျက်နှာအရေပြားမခံနိုင်ဘဲ အရေပြားရောင်ယမ်းမှုဖြစ်နိုင်လို့ ပုံနေအောင် မလိမ်းသင့်ပါ
၃-ညှစ်ထုတ်ပစ်ပါ
❌ဝက်ခြံအဖုတွေကို ညှစ်ထုတ်လျှင် အရေပြားမှာ ဒဏ်ရာကျန်ခဲ့နိုင်တယ်။ မမြင်နိုင်သော ဘတ်တီးရီးယားပိုးများဝင်ပြီး ပြည်တည်လျှင် အမာရွတ်များကျန်ခဲ့နိုင်ခြင်းကြောင့် မညှစ်သင့်ပါ။
၄-ခဏခဏ မျက်နှာသစ်ပါ
❌မျက်နှာ ခဏခဏ သစ်ခြင်းဖြင့် အရေပြားအပေါ်ယံလွှာလေး ပြုံးတီးသွားခြင်းကြောင့် အရေပြားခံနိုင်စွမ်းကျပြီး sensitive ပိုဖြစ်လာလျှင် ဝက်ခြံ ပျောက်ဖို့ ကြံ့ကြာနိုင်ပါတယ်။
၅-ပြောင်းသုံးထားသော skin care များကို ရပ်ပါ
👍လက်ရှိအမြဲသုံးနေကျ skin care မဟုတ်ဘဲ တခုခု အသစ်ပြောင်းသုံးပြီးမှ ထွက်လာတာဆိုလျှင် ပြောင်းသုံးထားတော့ skin care နှင့် မတည့်တာ ဖြစ်နိုင်သည့်အတွက် ရပ်ထားသင့်ပါတယ်။
၆-မျက်နှာကို scrub များတိုက်ပေးပါ
❌မျက်နှာ scrub တိုက်ခြင်းက အရေပြားအပေါ်ယံလွှာလေး ပြုံးတီးသွားခြင်းကြောင့် အရေပြားခံနိုင်စွမ်းကျပြီး sensitive ပိုဖြစ်လာလျှင် ဝက်ခြံ ပျောက်ဖို့ ကြံ့ကြာနိုင်ပါတယ်။
၇-ဆေးခန်းပြပါ
❌ဝက်ခြံပေါက်တိုင်းဆေးခန်းပြစရာမလိုပါဘူး။ ဝက်ခြံပေါက်တဲ့သူတိုင်းရဲ့ ၃၀% လောက်ပဲ ဆေးခန်းပြဖို့လိုတာပါ။ ဆေးခန်းပြစရာမလိုပေမဲ့ လျှောက်မစမ်းပါနဲ့။ လျှောက်မသုံးပါနဲ့။ အခု post မှာ ပါတဲ့ အမှန် အမှားလေးတွေဖတ်ပြီး ချိန်ဆပါ။
၈-မျက်နှာသစ်ဆေးကို အပျော့လေးသုံးပါ
👍မျက်နှာသစ်ဆေး အပျော့သုံးတာ ပိုအဆင်ပြေပါတယ်။ ဝက်ခြံအတွက် လိမ်းတာတွေ သုံးတာတွေရှိတဲ့ အတွက် မျက်နှာသစ်ဆေးတော့ ပျော့ပျောင်းတာလေးသုံးရင် ပိုအဆင်ပြေပါတယ်။
၉-အပူအစပ်မစားရပါ
❌အပူအစပ်စားတိုင်း ဝက်ခြံမထွက်ကြောင်း သုသေတန စစ်တမ်းတွေအရတွေ့ရပါတယ်။ စားတဲ့သူတိုင်း ဝက်ခြံမထွက်သလို။ ဝက်ခြံထွက်တဲ့သူတွေထဲမှာလဲ အပူအစပ်မစားတဲ့သူတွေ တပုံကြီးပါ။ ထို့ကြောင့် ကျနော့်အမြင်တော့ မသက်ဆိုင်လို့ ယူဆပါတယ်။
၁၀-လက်ဖြင့် ခဏခဏ မကိုင်ရပါ
👍ပိုးဝင်မှာစိုးလို့ လက်ဖြင့် ခဏခဏ မကိုင်သင့်ပါ။
❤️❤️ယူဆချက် အမှားတေွက ၃-၄-၆-၇-၉
ဖြစ်ပါတယ် ❤️❤️
⭐️⭐️ဝန်ခံချက် ⭐️⭐️
ယခုအဖြေများသည် မိမိတဦးထဲအမြင်ဖြင့် ရေးသားထားကြောင်း ဝန်ခံပါသည်။ အမြင်အတွေးများ ကွဲလွဲမှုရှိနိုင်ပါသည်။
Crd
16/09/2021
#ဟော်မုန်းဝက်ခြံအကြောင်း❤️👇
ဝက်ခြံကအရှင်းပျောက်ပြီးတာမှ ၃,၄ လပဲရှိသေးတယ်။ ခုပြန်ထွက်လာပြန်ပြီ။😩
အဲ့လိုကြားရပြီဆိုရင်တော့
အအဓိကတရားခံအဖြစ်နိုင်ဆုံးကတော့
ဟော်မုန်းကြောင့်ဖြစ်တဲ့ဝက်ခြံပါပဲ‼️
ဒီနေ့တော့ ဟော်မုန်းဝက်ခြံအကြောင်းနည်းနည်းပြောပြချင်ပါတယ်။ ❤️
(1)ဟော်မုန်းဝက်ခြံ ဘာကြောင့်ဖြစ်တာလဲ⁉️
အဓိကဖြစ်စေတဲ့အကြောင်းရင်းကတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ testosterone ဆိုတဲ့ ဟော်မုန်းတမျိုးပမာဏမြင့်တက်မှုကြောင့်ဖြစ်ပါတယ်။ ‼️
Testosterone ဆိုတဲ့ဟော်မုန်းဟာမျက်နှာပေါ်မှာဝက်ခြံပေါက်စေနိုင်တဲ့ အဆီအိတ်တွေမှအဆီရည်ထုတ်လုပ်မှုကို အားပေးပါတယ်။ ‼️
(2)ဟော်မုန်းဝက်ခြံမှန်းဘယ်လိုသိနိုင်လဲ⁉️
➡️ဟော်မုန်းဝက်ခြံတွေဟာများသောအားဖြင့် မေးစေ့နှင့်မေးရိုးတလျောက် မျက်နှာအောက်ဘက်ပိုင်းမှာအပေါက်အများဆုံးဖြစ်ပါတယ်။ ‼️
တခါတရံ Tzone(နဖူး၊နှာခေါင်းဝန်းကျင်) နှင့် ခန္ဓာကိုယ်မှာလည်းပေါက်တတ်ပါသေးတယ်‼️။
➡️ဟော်မုန်းကြောင့်ဖြစ်တဲ့ဝက်ခြံဟာ အများအားဖြင့်နီရဲပြီးရောင်နေတတ်ပါတယ်။
နာလည်းနာတတ်ပါတယ်။
ညစ်ရင်လည်းအဆံမထွက်ပါ။
ပေါက်နေကျနေရာမှာပဲ ထပ်ကာထပ်ကာပေါက်တတ်ပါတယ်။ ‼️
➡️ဟော်မုန်းဝက်ခြံဟာ တလတခါဓမ္မတာ (Menstruation) လာဖို့ရက်နီးတဲ့အချိန်တွေမှာပိုအထွက်များတတ်ပါတယ်။ တချို့ကျတော့လည်း Menstruation လာတဲ့အချိန်မှပြန်သက်သာသွားတာလည်းရှိပါတယိ။ ‼️
➡️စိတ်ဖိစီးမှုများနေတဲ့ အချိန်ဆိုပိုအဖြစ်များပါတယ်။ ‼️
(3) ဟော်မုန်းဝက်ခြံသက်သာပျောက်ကင်းအောင် ဘာလိုကုသနိုင်လဲ။ ⁉️
➡️ အသုအသုံးပြုနိုင်သော
လိမ်းဆေးများကတော့👇❤️
Vitamin-A retinoids လိမ်းဆေးများ(eg.adapalene gel) , Antibiotcs လိမ်းဆေးများ (eg. Clindamycin gel နဲ့ metro gel), Benzyol peroxide ( eg.oxy5), Azelaic acid အစရှိသောလိမ်းဆေးများကို ဝယ်ယူသုံးစွဲနိုင်ပါတယ်။‼️
➡️ Hormones သောက်ဆေးများ
(eg. ကိုယ်ဝန်တားဆေးများ),
androgen receptor ကိုပိတ်သောဆေးများ ( eg.Spironolactone),
Oral antibiotics ပိုးသတ်သောက်ဆေးများ (eg.doxycycline), I
sotretinoin
အစရှိသောက်ဆေးများကိုလည်း နားလည်တတ်ကျွမ်းသည့်ဆရာဝန်များနဲ့ ပြသတိုင်ပင်ဆွေးနွေးပြီး သုံးစွဲနိုင်ပါတယ်။‼️
➡️-Chemical peeling ကုထုံး။
-PRP/Microdermabrasion ကုထုံး။
-Laser ကုထုံး
အစရှိသောခေတ်မီကုထုံးများနှင့်လည်း
လိုအပ်ပါကနီးစပ်ရာအရေပြားနှင့်အလှအပဆေးခန်းများမှာ ကုသမှုခံယူနိုင်ပါတယ်။ ‼️
နောက်သိချင်တာလေးတွေရှိရင်
မန့်မှာရေးခဲ့ပေးနော်❤️
အတတ်နိုင်ဆုံးတင်ပေးပါမယ်🙆
#ဟော်မုန်း၀က်ခြံ
#၀က်ခြံ
#အလှအပ
#အသားအရေ
❤️
CrdDr.Myat Thu Han
တင်ပေးစေချင်တဲ့ အကြောင်းအရာလေးတွေ ရှိရင်
မနိ့ခဲ့ပေးနော်❤️ ❤️
14/09/2021
#ချွေးပေါက်ကျယ်သူများအတွက် ❤️
ချွေးပေါက်ထဲကနေ အဆီတွေကို ထုတ်ပေးတယ်...
Oily skin တွေမှာ အဖြစ်များတယ်❤️
ချွေးပေါက်ကျယ်တာကို သေချာမကုသဘူးဆိုရင်
တဖြေးဖြေးပိုကျယ်လာတတ်တယ်☹️
အဲ့တော့ ဘယ်လို treatment လေးလုပ်ရမလဲဆို
ဆက်ပြီး ပြောပြပေးမယ်နော်.👇
❤️(1) Water-based ပါတဲ့ product တွေကို
ရွေးခြယ်အသုံးပြုပေးပါ‼️
(အဆီအရမ်းများတဲ့productတွေကိုရှောင်ပေးပါ❌
အဆီတွေက ချွေးပေါက်ထဲဝင်သွားတတ်လို့ပါ)
❤️(2) မနက်တစ်ခါ ညတစ်ခါ မျက်နှာသစ်ဖို့
မမေ့ပါနဲ့‼️
မျက်နှာသစ်ခြင်းက အခြေခံSkincare ဖြစ်တယ်..
(ရေနွေးလေးနဲ့ သစ်ပေးပါ) မျက်နှာသစ်ပေးခြင်း
အားဖြင့် ချွေးပေါက်ထဲက အဆီတွေ
အညစ်အကြေးတွေကို ဖယ်ရှားပြီးသား
ဖြစ်မှာပါ...
❤️(3) Gel- based cleanser ကို ရွေးခြယ်အသုံးပြုပေးပါ‼️
❤️(4) Exfoliation လုပ်ပေးရမယ်...‼️.
Exfoliation ဆိုတာနားလည်လွယ်အောင်ပြောရရင်
မျက်နှာကို ချေးထုတ်တဲ့သဘောပဲ
သူ့ကို တစ်ပတ်
၂ ခါ ဒါမှမဟုတ် ၁ခါ ပြုလုပ်ပေးပါ....
( အညစ်အကြေးတွေ, dead skin cell တွေ,
ပိုနေတဲ့ အဆီတွေကို ဖယ်ရှားပေးတယ်)
Exfolation products ကို salicylic acid ပါတဲ့ဟာကိုရွေးပြီး အသုံးပြုရင် ပိုကောင်းပါတယ်.....
❤️(5) Moisturizer နေ့စဥ်အသုံးပြုပေးပါ...‼️.
အသားရည်အစိုဓာတ်ရှိနေမှသာလျှင် ချွေးပေါက်
ကျယ်တာကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်..
❤️(6) Clay Mask သုံးပေးပါ‼️
( တစ်ပတ်ကို နှစ်ကြိမ် သုံးပေးပါ... clay mask
ချွေးပေါက်ထဲက အဆီတွေကို ဖယ်ရှားပေးတယ်.
ချွေးပေါက်တွေပိုကျယ်လာခြင်းကို ကာကွယ်
ပေးတယ်....သတိထားရမှာက Exfolation လုပ်တဲ့
နေ့ဆို clay mask မသုံးပါနဲ့)
❤️(7) ညတိုင်း အိပ်ယာမဝင်ခင် makeup ဖျက်ဖို့
လုံးဝလုံးဝ မမေ့ပါနဲ့❌
❤️(8) Suncream နေလောင်ကာလိမ်းဖို့
မမေ့ပါနဲ့❌
နေရောင်ဟာ အသားရည်ကို အရမ်းပျက်စီး
စေသလို အသားခြောက်စေပါတယ်....
အသားခြောက်တာနဲ့ ချွေးပေါက်က ကျယ်လာမှာ
ဖြစ်ပါတယ်.....
❤️- ရေများများသောက်ပေးပါ...
- sheet mask ကပ်ပေးပါ..
- toner သုံးဖို့ မမေ့ပါနဲ့....
- ရေခဲကပ်ပေးပါ...
(ရေခဲကို အဝတ်စထဲ ထည့်ပြီး စက္ကန့်ပိုင်းပဲ
ကပ်ပေးပါနော်.... Sensitive skin နဲ့ အရေပြား
ပါးတဲ့သူတွေဆိုရင် ဒီနည်းကို မသုံးပါနဲ့)
- toner ကို cotton pad ထဲ ထည့်ပြီး
မျက်နှာမှာ စက္ကန့် ၂၀ လောက် ကပ်ထားခြင်းကလည်း
ချွေးပေါက်ကျဥ်းစေပါတယ်❤️
#အလှအပ
#အသားအရေ
#၀က်ခြံ
#ချွေးပေါက်
Crd
13/09/2021
#ဝက်ခြံနဲ့ အဆီဖု အသားအရေ
အတွက်❤️❤️
ဆောင်ရန်ရှောင်ရန်
အချက်လေးတွေပြောပြချင်ပါတယ်ရှင့်❤️
( ၁ ) ဝက်ခြံ နဲ့ အဆီဖု စတဲ့ အဖုလေးတွေကို လက်နဲ့ကိုင်တာ ဆွတာ ဆိတ်တာ ကုပ်တာ ညှစ်တာမျိုး မလုပ်ပါနဲ့နော် ❌
( ၂ )ရေများများ သောက်ပေးပါ💦💦
( ၃ ) အစိမ်းရောင်ရှိတဲ့ အသီးအနှံ့များများ စားပေးပါ🥦🥑🍏
( ၄ )အပြင်သွားပီး ပြန်လာတိုင်း
ဖြစ်နိုင်မယ်ဆို မျက်နှာပြန်သစ်ပါ🧖
( ၅ ) ဘာလို့ လဲဆိုတော့ မျက်နှာပေါ်က
အဆီတွေနဲ့
ပတ်ဝန်းကျင်က ဖုန်တွေကြောင့် လည်း
ဝက်ခြံနဲ့ အဆီဖု တွေပိုဆိုးနိုင်လို့ ပါ 🥶
( ၆ ) နောက်ပီး အဆီအဆိမ့် နဲ့ နို့ထွက်ပစ္စည်း အသုံးအဆောင် အစားအသောက်တွေတတ်နိုင်သမျှ ရှောင်ပေးပါ ❌
(၇ ) အငံ နဲ့ အစပ်တွေလည်းလျော့စားပါ ❌
( ၈ ) ဝက်ခြံ အဆီဖု တွေရှိနေသေးသမျှ
မိတ်ကပ် foundation စတာတွေရှောင်ပေးပါ❌
မဖြစ်မနေ လိမ်းရမယ်ဆိုရင်တော့ အဆီဖု ဝက်ခြံ အသားအရေ အတွက် သီးသန့်ထုတ်ထားတဲ့ BB cream , CC cream မျိုး သုံးပေးပါ ❗❗
( ၉ ) ဝက်ခြံ တွေများရင် သနပ်ခါး မလိမ်းစေချင်ပါ / ❌
ယောကျာ်းလေးဆိုရင် အရက် ဘီယာ ဆေးလိပ် စတာတွေလျော့ပါ / ❌
ချောကလက်ကလည်း ဝက်ခြံကို ထွက်စေတယ်။🥶
( ၁၀ )
ပြုပြင်ထားတဲ့အစားအစာတွေ၊ခေါက်ဆွဲခြောက်ထုပ်တွေဟာ အမျိုးသားဟော်မုန်း အင်ဒရိုဂျင်ပမာဏ များလာပြီး ဝက်ခြံထွက်လာတတ်တယ်။🥶
ကြွက်သားထုထည်တက်အောင် သောက်ရတဲ့ ပရိုတင်းပေါင်ဒါတွေ၊ whey protein တွေလည်း ရှောင်သင့်တယ်။ ❌
တချို့က ကြက်ဥစားတယ်။ ကြက်ဥအနှစ်မှာ ပါတဲ့ ကိုလက်စတောက ဝက်ခြံကို ပိုဆိုးစေတယ်။🥶
(၁၁)
အရက်၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်။ 🥶
နောက်တချက်က ဆီကြော်စာတွေနဲ့ အာလူးခြောက်ေတွကိုလဲရှောင်ပါ❌
ဝက်ခြံပျောက်ဖို့ အထက်ပါ အစားအသောက်တွေ စနစ်တကျရှောင်ကြဉ်ဖို့လိုပါတယ်။ 🙅🙅
နောက်ပီး တစ်ကိုယ်ရည် အသုံးအဆောင်တွေဖြစ်တဲံ🧖💆
မျက်နှာသုတ်ပဝါ / ခေါင်းအုံးစွပ် တွေကို တစ်ပတ်တစ်ကြိမ် အနည်းဆုံး လဲပေးပါ❗
ညအိပ်ရာ ဝင်ခါနီးတိုင်း မျက်နှာကို သေသေချာချာလေးသန့်စင်ပေးပါ /🧖
မိတ်ကပ်လိမ်းတတ်ပါက မိတ်ကပ်ဖျက်ဆေး သုံးပီးမှ မျက်နှာထပ်သစ်ပေးပါ / 🧖
အိပ်ရေး ဝဝ အိပ်ပါ /အိပ်ချိန်မှန်မှန် အိပ်ပါ 🛌🛌
စိတ်ပိုင်းဆိုင်ရာ အနေနဲ့ ကတော့ ပျော်ပျော်နေပါ / ဝက်ခြံ ကြောင့် စိတ်မဖိစီးပါနဲ့ /❌🙅
ဝက်ခြံ ထွက်လာမှာကိုပဲစိုးရိမ်တာမျိုး လျော့ပါ / 🤗
စိတ်ညစ်တဲ့အခါ ဝက်ခြံ က ပိုထွက်တတ်ပါတယ်❗
ခန္ဓာကိုယ် တွင်းလည်း အပူ အပုတ် မရှိအောင် ဂရုစိုက်ပေးပါ❗
ဒီ အချက်လေးတွေကိုလည်း အတတ်နိုင်ဆုံး ဂရုတစိုက်လေးနဲ့ လိုက်နာပေးပါ ❤️
#၀က်ခြံ
#အဆီဖု
#အလှအပ
#အသားအရေ
13/09/2021
ွေကိုcareနေရဲ့သားနဲ့
ဘာလို့ ဝက်ခြံထွက်နေသေးလဲဆိုတဲ့
သဲလေးတို့တွေ ဖတ်ပေးပါနော်❤️
သင့်မျက်နှာပေါ်က ၀က်ခြံတွေက သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြနေတာ သင်သိပါရဲ့လား ?
သင့် နှဖူး၊ နှာခေါင်း၊ပါး၊နားနဲ့ မေးစေ့၀န်းကျင်တွေမှာ ၀က်ခြံတွေ မကြာခဏပေါက်တတ်ပါသလား?
သင့်နှဖူး အပေါ်ဖက် ဆံစတစ်ဝိုက်မှာ ၀က်ခြံပေါက်ခြင်းဟာ သင့်အစာအိမ်ရဲ့ အစာခြေဖျက်မှုစွမ်းအင်နဲ့ သက်ဆိုင်နေပါတယ်။ ၀က်ခြံပျောက်ကင်းစေဖို့ အစာခြေဖျက်အား ကောင်းစေမဲ့ အစားအသောက်တွေ ဖြစ်တဲ့ ဘယ်ရီသီး၊ သံပရာရည်နဲ့ Green Tea တို့ကို များများစားသောက်ပေးဖို့လိုအပ်ပါတယ်။
နှဖူး အောက်ပိုင်း မျက်ခုံးနားမွာ ၀က်ခြံပေါက်ခြင်းကတော့ ညအိပ်ရာ၀င်ချိန်မမှန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ၀က်ခြံပျောက်ကင်းစေဖို့ နည်းလမ်းကောင်းတွေကတော့
စောစောအိပ်ပါ။ ည၁၁နာရီ မတိုင်ခင်အိပ်ရာ၀င်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ စိတ်ဖိစီးမှုလျှော့ချပါ။ ရုပ်ရှင်ကြည့်ပါ။ တရားထိုင်ပါ။ သို့မဟုတ် ရေကြာကြာချိုးပါ။
နှာခေါင်းမှာ ၀က်ခြံပေါက်ခြင်းကတော့ နှလုံးနဲ့သက်ဆိုင်ပါတယ်။ Blood Pressure နှင့် စိတ်ဖိစီးမှုတို့ကြောင့်ဖြစ်ပါတယ်။ နည်းလမ်းကတော့ အတူတူပါပဲ။ စိတ်ဖိစီးမှုလျှော့ချပါ။ ရေကြာကြာချိုးပါ။
သီချင်းနားထောင်ပါ။ မိမိနှစ်သက်ရာ အပန်းဖြေနည်းတစ်မျိုးမျိုးဖြင့် အနားယူပါ။
မျက်ခုံးတစ်ဝိုက်မှာ ၀က်ခြံပေါက်ခြင်းကတော့ အဆီပါတဲ့ အစားအစာ စားသောက်မှုများခြင်းကြောင့်နဲ့ အရက်သောက်သုံးခြင်းကြောင့်ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဘာတွေကို လျှော့ရမယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်နော်။
နားမှာ၀က်ခြံပေါက်ခြင်းကတော့ ကျောက်ကပ်နဲ့ ဆက်နွယ်နေပါတယ်။ ရေသောက်နည်းခြင်း၊ ဆားနဲ့ ကာဖင်း စားသုံးမှုများပြားခြင်းတို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ ၀က်ခြံပျောက်ကင်းစေဖို့ နည်းလမ်းကောင်းတွေကတော့ ရေများများသောက်ပါ။ ဆားနဲ့ ကာဖင်းစားသုံးမှုကို လျှော့ချပါ။
ညာဘက်ပါးပြင်ပေါ်မှာ ၀က်ခြံပေါက်ခြင်းကတော့ အဆုတ်နဲ့ သက်ဆိုင်ပါတယ်။ အရေပြားဓာတ်မတည့်မှု (allergies)၊ ဆေးလိပ်သောက်သုံးခြင်း၊ Respiratory stress တို့ကြောင့် ၀က်ခြံပေါက်ရခြင်းဖြစ်ပါတယ်။
ပါးစပ်နဲ့ မေးစေ့တစ်ဝိုက်မှာ ၀က်ခြံပေါက်ခြင်းကတော့ ၀မ်းချုပ်ခြင်း၊ Fast Food စားသုံးမှုများခြင်းတို့ကြောင့်ဖြစ်ပါတယ်။အမျှင်ပါတဲ့ အသီးအနှံ၊ လက်ဆတ်တဲ့ အသီးအရွက်တွေကို စားသုံးပေးဖို့လိုပါတယ်။
မေးစေ့ ဘေးနှစ်ဖက်၀န်းကျင်မှာ ၀က်ခြံပေါက်ခြင်းကတော့ ဟိုမုန်းအပြောင်းအလဲ၊ သွေးသားစီးဆင်းလည်ပတ်မှု သို့မဟုတ် ကျောက်ကပ်အလုပ်လုပ်ရ များခြင်းတို့ကြောင့်ဖြစ်ပါတယ်။
ဒါဆိုရင်တော့ ဘာတွေဘယ်လိုရှောင်ပြီး ဘာတွေ ဘယ်လိုစားသောက်နေထိုင်ရမယ်ဆိုတာ သိလောက်ပြီထင်ပါတယ်ရှင်။
နောက်ထပ်လည်းအလှအပရေးရာသိရှိရန် မင်မင် သဲလေးတွေ page လေးကို like & follow လေးလုပ်ပေးထားပါနော်❤️
#၀က်ခြံ
09/09/2021
👉 #ချွေးပေါက်ကျယ်နေတဲ့သူလေးတွေမှာ
နှစ်မျိုးနှစ်စားရှိပါတယ်👇👇👇
✅ Two types of large pore skin
💁♀️ no 1 type ကသာမန်combination skin type
, အဆီဖု ၀က်ခြံထွက်ဖို့ခဲယဉ်းပြီးcleansing နိုင်နိုင်မလုပ်
makeup တေအရမ်းလူးလွန်းလို့ချွေးပေါက်ကျယ်တဲ့လူ
အမျိူးအစားပါmakeup မလူးဘဲcleansing နိူင်နိုင်မလုပ်
တဲ့လူများSkin care သုံးတာမှားယွင်းနေတဲ့သူတွေလည်း
ဒီtype 1ထဲပါပါတယ်
💁♀️ No 2 type က၀က်ခြံ အဆီဖုတေအရမ်းထွက်တော့
၀က်ခြံပျောက်စေမယ့်ပျင်းတဲ့skin care တေသုံးရင်းချွေးပေါက်ကျယ်လာတဲ့လူအမျိူးအစားပါနောက်ပြီးသာမာန်အဆီဖု၀က်ခြံသမားအပြင်sensitive skin
အဆီဖု ၀က်ခြံ
သမားများဘာသုံးသုံးမတည့်လို့ဘယ်cleansingလုပ်ရမှန်းမသိရင်းကနေချွေးပေါက်ကျယ်လာတဲ့သူတေလည်းဒီ type 2ထဲပါပါတယ်
✅ Type 1 ( Normal combination skin type , Combination skin type with acne skin )
💁♀️ No 1 type ကကုရအရမ်းလွယ်ပါတယ်သုံးနေတဲ့
makeupတေcleansing နိုင်နိူင်မလုပ်တဲ့အကျင့်လေးတေကိုလျော့ပြီးright skin care သုံးပေးရင်ပြန်ကောင်း
သွားမယ့်typeမျိုးဖြစ်တာကြောင့်စိုးရိမ်စရာမရှိပါဘူးတစ်ခါတစ်လေskinCare တင်မကဘူး
အနေအထိုင်ပေါ်လည်း
အရမ်းမူတည်ပါတယ်အဲ့ဒါကြောင့်skin care လာရွေးပေးခိုင်းတဲ့သူတိုင်းကိုသူတို့လုပ်တတ်တဲ့အကျင့်လေးတွေသေ
သေချာချာမေးရပါတယ်
(skin careတစ်ခုမှာeffectနှစ်မျိူးမရှိနိုင်ပါဘူး)
၀က်ခြံ အဆီဖုဆို၀က်ခြံ အဆီဖုပဲကုမှာပါချွေးပေါက်ကျယ်တာကို
ကုတာမပါပါဘူး
💁♀️ သူတို့လေးတွေကိုပျောက်စေမဲ့
အထိရောက်ဆုံးနည်းလမ်းကတော့ရေခဲရေနဲ့မျက်နှာ
သစ်ပြီးရေခဲတုံးလေးတစ်နေ့ကိုနှစ်ခါလောက်ကပ်ပေးရပါ
မယ်အဲ့ဒါကတော့ငွေကုန်ကြေးကျအသက်သာဆုံးနည်းလမ်း
ပါနော်
-မနက်မိုးလင်းလို့အေးရတဲ့ကြားထဲရေခဲရေလေးနဲ့
😁😁😂အိမ်ရောက်မှလည်းကြိုက်တဲ့အချိန်လုပ်နိုင်ပါ
တယ်ရေခဲ + skin care ပေါင်းလုပ်ပေးရင်
ဘယ်လောက်ချွေးပေါက်ကျယ်ကျယ်တစ်ပတ်ထဲပဲနော်
Type 1 ရော Type 2 ရော , ရေခဲပိုသုံးပေးသင့်ပါတယ်safe အဖြစ်ဆုံးနည်းလမ်းမို့လို့ပါ
💁နောက်မဖြစ်မနေလုပ်ရမဲ့အချက်များ---
(1)စိတ်ဖိစီးကို လုံးဝလျော့ချပါ😊
(2)အိပ်ချိန်မှန်အောင်နဲ့ အိပ်ရေးဝအောင်အိပ်ဖို့လိုအပ်တယ်😊
(3)ရေများများသောက်ပါနော်💜
🤗 ကဲမင်မင်လည်းစျေးရောင်းနေရင်းရေးနေရတာမောသွားပြီအတိုချုပ်ပြန်ပြောရမယ်ဆိုရင်makeup အထူကြီးတေလိမ်းတာလျော့ကိုယ်သုံးနေတာcleanserကိုယ်သုံးနေတဲ့Makeup remover ကပြင်းလားစစ် makeup remover ကြောင့်ပိူဖြစ်နိုင်တယ် သူ့မှာ Alcohol ပါနိုင်တာကို
မျက်နှာskin careလုပ်တာဟာအသားအရည်လှဖို့(30%)ပဲကာကွယ်နိုင်တယ်
တကယ်အရှင်းပျောက်ပီး အသားကြည်ပီးလှဖို့ဆိုရင် အတွင်းကcellတွေကို အားဖြည့်ဖို့လိုတယ်
နည်းလမ်းကောင်းရှိတယ်နော်🤗🤗
effectလုံးဝမရှိပါ💯💯
credit.
04/09/2021
🤔Why remove your make up and cleanse your face❓
မိတ်ကပ်ဖျက်ခြင်း နဲ့ မျက်နှာကို 💧
‘Cleansing’ လုပ်ပေးခြင်းဟာဆိုရင်
မျက်နှာအသားအရေလှပဖို့အတွက်
တထောင့်တနေရာကနေ ပါဝင်အားဖြည့်ပေးနေတဲ့
နေ့စဉ် ‘Skin Care Routine’ ထဲက ၁ခု ဖြစ်ပါတယ်…
မိတ်ကပ်ဖျက်ခြင်းဟာ
လျင်မြန်စွာအိုမင်းရင့်ရော်ခြင်းနဲ့
အရေပြား ယားယံမှုတွေကို ဖြစ်စေသော
မျက်နှာအသားအရေပေါ်မှာရှိတဲ့ မသန့်ရှင်းတဲ့ 💨 ဖုန်မှုန့် အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတယ်…
ပြီးရင်သဲတို့ရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့
🌚 ဝက်ခြံတွေ ၊ အနီစက်အင်ပြင်တွေ ၊
ဆားဝက်ခြံနဲ့ အခြားသော အရေပြားပြဿနာတွေကို လျော့ကျစေပါတယ်…
ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပြီး
✨အသစ်သစ်သော အရေပြားကို ပြန်လည်ဖြစ်ပေါ်စေပါတယ်..
‘
Cleansing’ လုပ်ရင်း မျက်နှာကို💆♀️ နှိပ်နယ်ပေးခြင်းအားဖြင့်လည်း
အရေပြားလည်ပတ်မှုနှုန်းအားကို
လှုံ့ဆော်ပေးနိုင်ပြီး
အရေပြား အပေါက်လေးတွေကို ရှင်သန်ခွင့်ပေးပါတယ်…
✔️မိတ်ကပ်လိမ်းထားသည်ဖြစ်စေ ၊
✖️မလိမ်းထားသည်ဖြစ်စေ မျက်နှာကို ‘Cleansing’ မှန်မှန်လုပ်ပေးဖြင်းဖြင့်
လန်းဆန်းပြီး
စိုပြေနူးညံ့သော အသားအရေကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်…😊
⏰ဘယ်လိုအချိန်တွေမှာ ပြုလုပ်ပေးရမှာလည်း?
တနေကုန်အပြင်ထွက်ပြီး
🌚 ညနေအိမ်ပြန်လာချိန်နဲ့
🌞မနက်ပိုင်း အိပ်ရာ နိုးချိန်တွေမှာ မျက်နှာကို ‘Cleansing’ လုပ်ပေးသင့်ပါတယ်…
💯ဘယ်လိုအသုံးပြုပေးရမှာလည်း❓
1️⃣️ လက်ကိုစင်ကြယ်စွာ ဆေးကြောပါ…
2️⃣️ Cotton Pad (ဂွမ်းဖတ်) လေးထဲကို make Up remover (Cleansing Gel သို့မဟုတ် Cleansing Cream သို့မဟုတ် Cleansing Water) ကို ပမာဏအနည်းငယ် ထည့်ပေးပါ..
3️⃣️ Cotton Pad လေးနဲ့ မျက်နှာအနှံ့စက်ဝိုင်းပုံဖြည်းညင်းစွာ ပွတ်ပေးပါ။ ဒီနေရာမှာ လုံးဝ ကြမ်းကြမ်းတမ်းတမ်း ပွတ်မမိပါစေနဲ့နော်…
4️⃣️ မိတ်ကပ်တွေနဲ့ အညစ်အကြေးတွေ ‘Cotton Pad’ ပေါ်ကို ပါလာသည်အထိ ပြုလုပ်ပေးပါ…
5️⃣️ ပြီးရင်တော့ Facial Foam လေးနဲ့ မျက်နှာသန့်စင်ပေးပါ…
6️⃣️ မျက်နှာသန့်ရှင်းသွားပြီဆိုရင်တော့ Toner လေးကို ‘Cotton Pad’ လေးထဲထည့်ပြီး မျက်နှာ ‘Moisturizer’ ပြန်ရဖို့နဲ့ အသားအရေကို ရေဓာတ်ပြန်လည်ပြည့်ဝအောင် ထိန်းသိမ်းပေးပါ…
⛔သတိထားပေးရမှာက ပုံမှန်ကိုယ်တိုက်ဆပ်ပြာများနဲ့ ရေချိုးဆပ်ပြာဆီများကို မျက်နှာအရေပြားပေါ်မှာ လုံးဝမသုံးပေးပါနဲ့နော်… သဲတို့ အသုံးပြုမယ်ဆိုရင် အရေပြားခြောက်သွေ့မှုကိုပိုမိုဖြစ်ပေါ်စေပြီး အရေပြား ကာကွယ်ပေးတဲ့ ဆဲလ်တွေကို ဖျက်ဆီးစေမှာ ဖြစ်ပါတယ်…⛔
👁️For Eyes Make up ❗
သဲလေးတို့ရဲ့ မျက်လုံးဧရိယာကို Cleansing လုပ်မယ်ဆိုရင်တော့ မျက်လုံးဧရိယာအတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ ‘Eye Make up remover’ လေးတွေကို ရွေးသုံးပေးပါ.. မျက်လုံးအရေပြားဟာ သာမန်နေရာတွေထက် ပါးလွှာပြီး အလွန် Sensitive ဖြစ်တတ်တာမို့ပါ… သဲတို့က မျက်တောင်မွှေးအတွက် ‘Water proof Mascara’ သုံးထားတယ်ဆိုရင်တော့ 💧‘အဆီ’ကို အခြေခံပြီး ထုတ်ထားတဲ့ ‘Oil-based Make Up Remover’ ကို အသုံးပြုပေးသင့်ပါတယ်နော်…
သဲတို့ အားလုံး 😍Cleansing ပုံမှန်လုပ်ပေးရင်း လှပသော အသားအရေလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်
ကိုယ်ဖတ်ပြီးပြီဆိုရင်လည်း တခြားသူငယ်ချင်းလေးတွေ သိအောင်လည်း မျှဝေပေးဖို့ မမေ့နဲ့နော်❤️
03/09/2021
Vaseline နဲ့♥️အလှပရေးရာ
🖤မျက်တောင်✨☔
ညအိပ်ယာ ဝင်ခါနီးတိုင်း အုန်းဆီနဲ့ Vaseline ကိုရောစပ်ပြီး မျက်တောင်လေးတွေအပေါ် အသာအယာလိမ်းပေးပါ။
မိက်တောင်ရှည်ပြီးကော့စေပါတယ်
🖤မျက်ခုံးမွေး☔
မျက်ခုံးလေးတွေကို တစ်နေ့တာလုံး သပ်သပ်ရပ်ရပ် အကြာကြီးခံချင်တယ်ဆို Vaseline လေး နည်းနည်းလောက်လိမ်းပြီးမှ ပုံသွင်းပါ။
🖤လက်သည်းအိမ်☔
Vaseline လေးတွေကို လက်သည်းအိမ်လေးပေါ်တင်၊ အသားအယာလေးလိမ်းပြီး နှိပ်နယ်ပေးသွားရင် နူးညံ့ပျော့ပျောင်းပြီး လှပတဲ့လက်ချောင်းလေးတွေရရှိစေပါတယ်
🖤မိတ်ကပ်ဖျက်ခြင်း☔
Eye Liner, Eye Shadow နဲ့ နှုတ်ခမ်းနီတွေ ပေကပ်ကပ်နဲ့ မျက်နှာပေါ်က မခွာချင် ဖြစ်နေပြန်ပြီလား? Vaseline ကို Cotton Pad လေးပေါ် တင်ပြီးသုတ်ပေးလိုက်ရင်ရပါပီ
🖤ဆားဝက်ခြံ☔
Vaseline ထူထူလေးသာ ဆားဝက်ခြံရှိတဲ့အပေါ်လိမ်း၊ ပလတ်စတစ်ခုနဲ့ကပ်၊ အပေါ်ကရေနွေးငွေ့ပေးထားတဲ့ အဝတ်စလေးအုပ်၊ ၁၅ မိနစ်လောက်ထားပြီး Vaseline တွေဖယ်ပစ်လိုက်ရင် Blackhead တွေပါ ပျောက်ပါတယ်
🖤နှုတ်ခမ်း☔
စိုစိုအိအိနဲ့ စွဲမက်စရာနှုတ်ခမ်းလေးရဖို့ကလည်း Vaseline နဲ့ သကြားပဲလိုတာပါ။
၂ ခုကို ဆတူရောပြီး ၂ မိနစ်လောက် နှုတ်ခမ်းပေါ်မှာ ပွတ်ပေးလိုက်ရင် စိုစိုအိအိနှုတ်ခမ်းလေးရပါပီ
🖤ရေမွှေး☔
အနံ့ကြိုက်တဲ့ ရေမွှေးလေးမို့ ကြာကြာခံအောင်သုံးချင်ရင် Vaseline လေးကို အပူပေး၊ ရေမွှေးလေးကို Vaseline ပမာဏအလိုက် သင့်လျော်သလိုရောပြီး ပြန်အအေးခံထားလိုက်ရင် ဘယ်အချိန်မဆို အလွယ်တကူလိမ်းထားလို့ရတဲ့ စိတ်ကြိုက်အနံ့နဲ့ Cream လေးဖြစ်လာမှာပါ😇
🖤တင်ပါး☔
ဆန်မှုန့်ညက်ညက်နဲ့ Vaseline ကို နှံ့စပ်အောင်နယ်ပြီးတော့လည်း တင်ပါးအတွက် Scrub အဖြစ်သုံးလို့ရပါသေးတယ်။
ရလဒ်ကတော့ အကြောပြတ်ရာတွေသက်သာပြီး အသားအရေကိုချောမွေ့ပြေပြစ်စေကာ၊ တင်ပါးမှာ ဖြစ်တတ်တဲ့ အဖုတွေဒဏ်ကနေ ကာကွယ်ပေးမှာပါ
🖤ခြေဖနောင့်☔
ခြေဖနောင့် အသားမာတက်တဲ့အခါ Vaselineလိမ်းပြီး နူးညံ့တဲ့ခြေဖဝါးလေးကို ပြန်လည်ရယူနိုင်ပါတယ်
Click here to claim your Sponsored Listing.
