Naw Naw Online Business

Naw Naw Online Business

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Naw Naw Online Business, Health/Beauty, Moe Kaung str, Monywa.

Photos from Naw Naw Online Business's post 31/01/2021

👉မိန်းကလေး?
👉ယောကျ်ားလေး?

💚 ခုခေတ်မှာ အလှအပကအစ လူတိုင်းနှစ်သက်ကြတာပါ Feb 14 နီးနေပြီ ကိုယ်ချစ်တဲ့သူကို surprise gift လုပ်မပေးချင်ဘူးလား?

💚 suprise လုပ်ချင်နေသောသူများ beauty boxလေးနဲ့ ဆို အို့...အရမ်းပျော်နေမှာအမှန်ဘဲနော်

💚 Setလိုက်လား တစ်ဘူးချင်းလား လက်ဆောင်ပေးရတာ နှစ်သက်သူများ orderလက်ခံပါတယ်ရှင့်😍
Naw naw
Monywa

Photos from Naw Naw Online Business's post 31/01/2021

💟အနီရောင်လေးက မုန့်မဟုတ်ပါဖူး💗 💟
💟မိတ်ကပ်ဘူးလေးပါနော်
👉သူ့ရဲ့အနံ့က သင်းသင်းလေးမွှေးပီးစိတ်ကို
👉တနေကုန်လန်းဆန်းစေမှာပါ
💯ရေစိုခံ ချွေးစိုခံလို့တနေကုန်အလှမပျတ်ဘဲ လှနေချင်ရင် Cc cushionလေးကို💯 💗
💗ပါးပါးလေးပုတ်လိမ်းကြည့်ပါ 💗
💗Glowပီးလှနေမှာအသေချာပါဘဲ😍
Cc cushion 18000


ဆောင်းလေး
☎09423724530

Photos from Naw Naw Online Business's post 31/01/2021

✅ ဆံပင် ကျွတ် ခြင်းကြောင့်
စိတ်ညစ်နေရတာ လာ❓

✅ ဖောက်တွေ အမြဲ ရှိနေခြင်း
ကြောင့် စိတ်ညစ်နေတာ လာ❓

✅ ဦးရေပြား အမြဲယား နေခြင်းကြောင့်
စိတ်ညစ်နေရတာ လာ❓

✅ ဦးရေပြား ခဏခဏ အဆီပြန်ခြင်း
ကြောင့်စိတ်ညစ်နေရတာလာ ❓

✅ ဆံပင် ထွက်နှုန်း နှေးကွေးမှုကြောင့်
အမြဲ စိတ်ညစ်နေ ရတာလာ❓

✅ ဆံပင် ပျက်စီး မှုကြောင့်
အမြဲစိတ်ညစ်နေရတာ လား❓

Stop Stop ’’’’’’🤚ဘာမှ စိတ်မပူပါနဲ့‼️
အခုဘဲ သင့် ဦးရေးပြား ကျန်မာ ရေးအတွက်
Heffey Silk Protein Shampoo နဲ့ condotiner အသားရည်စ်ိုပြေနူးညံ့စေတဲ့ Shower Gelလေးလာပြီနော်🛀

Photos from Naw Naw Online Business's post 31/01/2021

🤍 မျက်နှာအရေပြားပေါ်က ဝက်ခြံ ဆားဝက်ခြံ အမဲစက်နေလောင်ကွက်တွေအတွက် Heffey Bubble Wash လေးသုံးမယ်🤗

🤍 မျက်နှာရဲ့ အတွင်းလွှာထဲက အညစ်အကြေးကပ်တွယ်တာတွေအတွက် Heffey Tonerနဲ့ထပ်သန့်စင်မယ်🤗

🤍 Heffey Milk Essenceလေးနဲ့ အသားအရေကို အာဟာရဖြည့်ရင်း ဖြူဖွေးဝင်းမွတ်အိစက်တဲ့ အသားအရေကိုဖန်တီးမယ်🤗

🤍 Heffey Creamလေးနဲ့ အရေးအကြောင်းဝက်ခြံတွေကို တားဆီးပြီး မှဲ့ခြောက် အမဲစက် နေလောင်ကွက်တွေကို ကုသမယ်🤗

🤍 ဝက်ခြံ တင်းတိပ်ရှိတာတွေ အသားအရောင်ညစ်ထေးတဲ့ သူတွေ ဘာလိမ်းလိမ်းအဆင်မပြေမသိသာရင်တော့ Heffey Vc လေးလိမ်းပေးပေါ့ရှင်🤗

35000ဖိုးကျော်တာနဲ့ VIP Customer ဖြစ်ပြီး Agentစျေးနဲ့ရမယ်နော်😘

skincare Products

30/01/2021

ခုခေတ်မင်းသားမင်းသမီးတွေက ပစ္စည်းကောင်းတွေမှ ကြော်ငြာပေးကြတယ် သုံးစွဲသူတွေကို ဂျင်းမ
ထည့်ချင်ကြတော့ဘူး 🙋‍♂️
ပုံကိုသာကြည့်ပါ Heffey ဆိုတာ တကယ့်ကိုကောင်းလို့ ထွက်လာတာ မကြာသေးပေမယ့် ရောင်းအားကောင်းပြီး စျေးလဲ သက်သာတယ်

Photos from Naw Naw Online Business's post 28/01/2021

👉အသစ်တွေဘဲ သိပ်ကြိုက်သူတွေအတွက်👈

💄နှုပ်ခမ်း Cheeky gelလေး ဆိုးလိုက်တာနဲ့ တောက်ပမှုကို ပိုင်ဆိုင်ရမှာပါ

👄ယုံကြည်စွာ နဲ့ အစားစားရင် အရောင်မပျက်အောင် ထိန်းထားနိုင်ပါတယ်ရှင့်

👄နှုပ်ခမ်း lipလေးဆိုးလိုက်တာနဲ့ နှုပ်ခမ်း သားညိုမဲမှုကိုနည်းအောင် ထိန်းထားပေးပါတယ်ရှင့်

💄Cheeky gel 5500 💲
Monywa agent

Photos from Naw Naw Online Business's post 27/01/2021

FDA ရပြီးသားနော်
မျက်ခုံးမွှေး
နှုတ်ခမ်းမွှေး
မျက်တောင်မွှေး
ဆံပင်မွှေး
ထူပြီး သန်မာစေပါတယ်နော်
တစ်ဗူးမှ 1500.
Agent တွေလဲ ဖိတ်ခေါ်ပါတယ်
Phue

26/01/2021

ပုံမှန် အသားအရေ( Normal Skin )
———————————————

⚠️ Normal Skin ဆိုတာ ဘယ်လိုမျိူးလဲ !?
---------------------------------------
- ကိုယ့်အရေပြားက အရမ်းလည်း မခြောက်ဘူး၊ အရမ်းလည်း အဆီမပြန်ဘူး ၊ နေလို့ကောင်းတယ် ၊ တော်ရုံနဲ့ sensitivities, allergy မဖြစ်၊ ချွေးပေါက်လေးတွေတော့ရှိတက်တယ် ၊ အသားတော့ ကြည်တယ် glow တယ်ပေါ့
- တနည်းအားဖြင့် Normal skin ရှိတဲ့သူလေးတွေက ကံကောင်းတယ်ပေါ့ ။

⚠️ Normal skin အတွက် ရိုးရိုးရှင်းရှင်း မဖြစ်မနေ နေ့စဉ် ပြုလုပ်သင့်တာကတော့...
---------------------------------------------

✅ (1) cleansing
✅ (2) Toner
✅ (3) moisture
✅ (4) suncream

✅ (1) Cleanser 🧼
------------------
- မျက်နှာကို ပုံမှန် တစ်နေ့ နှစ်ကြိမ်သာ သစ်မယ် ( လေ့ကျင့်ခန်းလုပ်ပြီးချိန် ၊ ချွေးတွေ ပြန်နေရင်တော့ သေချာလေး သစ်ပေးဖို့ လိုပါတယ် )
- မျက်နှာသစ်ဆေး ရွေးဝယ်တဲ့အခါ normal skin type လို့ label အညွှန်းပါတာ အသင့်တော်ဆုံးပါ ။
- အမျိုးစားအနေကတော့ gel , cream , lotion , oil , milk , balm cleanser, micellar water , soap bar တွေထိ သုံးလို့ရပါတယ်
- သိုသော် benzoyl peroxide (သို့) salicylic acid (သို့) glycolic acid (သို့) beta-hydroxy acid တမျိုးမျိုးပါဝင်တဲ့ မျက်နှာသစ်ဆေးများ သုံးရင်တော့ နီတာယားတာတွေ ဖြစ်တက်လို့ သတိထားပြီး သုံးစေချင်ပါတယ်
- Sulfates ပါဝင်တဲ့ ပြင်းတဲ့မျက်နှာသစ်ဆေးမျိုးကိုတော့ ရှောင်သင့်ပါတယ်။
- Exfoliating ကိုတော့ တပတ် ၂-၃ ကြိမ်လောက် သုံးရင် လုံလောက်ပါတယ် ။

✅ (2) Toner 🧴
---------------
- မျက်နှာသစ်ပြီး ကျန်ရှိတဲ့ အညစ်အကြေးများကို သန့်စင်ပေးနိုင်ပြီး အဆီပြန်မှုကိုလည်း ထိန်းချုပ်ပေးနိုင်ကာ ချွေးပေါက်လေးများ ရှိရင်လည်း ကျဉ်းစေပါတယ်။
- Toner ရွေးချယ် ဝယ်ယူရာမှာတော့ alcohol free ရွေးဝယ်ပါ
- AHA / BHA ကတော့ မကောင်းတဲ့ cells တွေ ဖယ်ရှားပေးပြီး နေလောင်တဲ့အရေပြားကို သက်သာစေပါတယ်
- Hyalouronic acid ကတော့ ရေဓါတ်ဖြည့်ပေးတယ် အရေးအကြောင်းသက်သာစေတယ်
- Rose water / Green Tea/ Cucumber/ herbal products ကတော့ အနီရောင်သက်သာစေတာပေါ့
- vitamins C / E ကတော့ အသားရေလှပစေတာပါ

✅ (3) Moisturizer 🧴
---------------------
- မျက်နှာကို အစိုဓာတ်ထိန်းပေးတဲ့ အလှအပ ပစ္စည်း ဖြစ်ပါတယ်။
- အရေးအကြောင်းသက်သာစေပြီး ယားယံ allergy တွေ မဖြစ်အောင် ကာကွယ်ပေးတာပါ
- Moisturizer ရွေးတဲ့အခါ Cream, lotion အမျိုးစားကိုရွေးချယ်ပါ

✅ (4) UV Protect Sunscreen/Sunblock ☀️
------------------------------------------
- နေလောင်ကာခရင်ဟာ အရေပြားကင်ဆာမဖြစ်စေဘဲ တင်းတိပ် မှဲ့ခြောက်နေလောင် အမဲကွက် အရေးအကြောင်း ကင်းတဲ့ မျက်နှာလှလှပိုင်ရှင်လေး ဖြစ်စေမှာပါ။

•••••••••••

✅ ဘာသုံးသုံး သတိထားရမှာက နီတယ် ၊ ယားတယ် ၊ အဆီပြန်လာတယ် ၊ အဖုလေးတွေ ထွက်လာတယ် ဆိုရင်တော့ သုံးတာရပ်ပေးပါ ။

✅ ဒီ အဆင့် ၄ဆင့်ကတော့ normal skin type အတွက် အခြေခံ ပါ

✅ မိတ်ကပ်လိမ်းခြယ်တဲ့ ပျိုမေတွေအနေနဲ့ Sunblock လိမ်းပြီးပြီဆိုရင်တော့ မိမိနှစ်သက်ရာ make up အဆင့်ဆင့် ပြင်ဆင်ခြယ်သနိုင်ပါတယ် ။

✅ အဆီပြန်တဲ့ အခါ အဆီစုပ်စက္ကူ နှင့် ဖယ်ရှားပြီးမှသာ ပေါင်ဒါ လိမ်းသင့်ပါတယ်။

အားလုံး ဘေးအန္တရာယ် ကင်းပြီး လှပနိုင်ကြပါစေ။ 🙏🏻

မေတ္တာဖြင့်
Dr Naing

#အရေပြားနှင့်အလှအပ

Photos from Naw Naw Online Business's post 26/01/2021

မျက်ခုံးမွှေးမရှိဘူးစိတ်ညစ်လိုက်တာ😔
မျက်တောင်မွှေးလည်းမရှိဘူး🤧

အဲ့တာတွေအတွက်အချိန်ကုန်ခံပြီးစိတ်ညစ်မနေတော့နဲ့နော်🤟

တို့ဆီမှာBio B5 hair serumလေးရှိပါတယ်🙈

1 buu 1500တည်းပါ🥳

1500ဆိုပြီးအထင်မသေးပါနဲ့သဘာဝအတိုင်းပြုလုပ်ထားတာဆိုတော့side effectလုံးဝမရှိပါဘူး🙅
FDAရပြီးသားနော်😋

ဝုန်းဒိုင်းဆိုပြီးအမွှေးတွေတော့ပေါက်မလာပါဘူး😑
အချိန်ယူပြီးသုံးကြည့်ပါ😍

25/01/2021

🖍 လုပ်ကို လုပ်ရမဲ့ Skincare Step များ 🖍

မေ့နေမှာ စိုးလို့ ထပ်တိုက်တွန်းတာပါ... တိုတို နဲ့ လိုရင်းပဲ ရေးလိုက်ပါတယ်.. စာအရှည်ကြီးဆို ဖတ်ရမှာ ပျင်းမှာ စိုးလို့ပါ..

1. Makeup remover နဲ့ ဖျက်ပါ...
မိတ်ကပ် လိမ်းရင် မိတ်ကပ် remover နဲ့ ဖျက်တာ အကောင်းဆုံးပါ.. double cleansing လုပ်ပေးမှ ချွေးပေါက်တွေထဲမှာ အညစ်အကြေးတွေ မကျန်ပဲ ဝက်ခြံထွက်ခြင်းကို သက်သာစေမှာပါ...

2. Facial foam သုံးပါ..

3. Exfoliation ( Scrub or Peeling ) လုပ်ပါ...
တပတ် ၂ ကြိမ် လုပ်ရပါမယ်.. Scrub လုပ်ခြင်းက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်ခြင်းမှ ကာကွယ်ပေးတာကြောင့် ဆားဝက်ခြံ ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်..

4. Toner
ချွေးပေါက်တွေ ပြန်ထိန်းညှိဖို့ toner သုံးပေးပါ.. Toner က မျက်နှာသစ်ပြီး ကျန်သေးတဲ့ အညစ်အကြေး တွေကိုပါ သန့်စင်စေပါတယ်...

5. Moisturiser
မျက်နှာမှာ moisturiser ပြန်ဖြည့်ပေးဖို့ လိုပါတယ်.. emulsion တွေ serum တွေ day တမျိုး
night တမျိုး မသုံးနိုင်ရင်တောင် တမျိုးထဲ သုံးရင် ရပါတယ်..

6. Sunscreen
တော်တော်များများက Sunscreen ကို မေ့နေကြတယ်... အပို ပိုကုန်တယ်လို့လဲ ထင်ကြတယ်.. အဲဒါမှားပါတယ်.. ယမုံတို့နိုင်ငံက အပူပိုင်းရာသီဥတုမို့ sunscreen က မရှိမဖြစ် လိုကို လိုအပ်တာပါ.. နေလောင်ခြင်းကြောင့် ဝက်ခြံ အမဲစက် တင်းတိပ်မဲခြောက် နဲ့ အဆီဖုတွေ ထွက်စေပါတယ်..

7. Mask ပေါင်းတင်ပါ...
ပေါင်းတင်ခြင်းမှာ ၂ မျိုးရှိပါတယ်...
A) Cleansing mask - မျက်နှာကို သန့်သွားစေတဲ့ ပေါင်းတင်ခြင်းပါ.. ကြက်ဥအကာနဲ့ ပေါင်းတင်လို့လဲ ရသလို Lush က ထုတ်တဲ့ Magnaminty သို့ Innisfree က Supervocalnic clay mask သို့ Indian Clay Mask လိုမျိုးတွေ သုံးလို့ရပါတယ် ...
😎 Hydrating Mask - အသားအရည်ကို ရေဓါတ်ဖြည့်ပေးတာမျိုးပါ.. တခါသုံး mask sheet လေးတွေ ကပ်လို့ရသလို sleeping mask လိုမျိုးလည်း သုံးလို့ရပါတယ်...

✅ စျေးကြီးတဲ့ brand မှ မဟုတ်ပါဘူးနော်.. စျေးသက်သာပြီး quality ကောင်းတဲ့ drug store brand တွေ သုံးလဲ ရပါတယ်..
⛔️ ဒါပေမဲ့ စိတ်မချရတဲ့ ယိုးဒယားနဲ့ တရုတ်ကထုတ်တဲ့ brand တွေတော့ ဖြစ်နိုင်ရင် မသုံးစေချင်ပါဘူး..

နောက်ဆက်တွဲလေးတွေ ထပ်ရှင်းပြထားပါတယ်..

❓ Scrub & Peeling ဘာကြာလဲ

🅰 Scrub - သူက physically exfoliation လုပ်တာပါ... (ဥပမာ သဲတို့ ဆားကြမ်းတို့နဲ့ ပွတ်တိုက်တာမျိုးပေါ့) နူးညံ့တဲ့ microbeads လေးတွေနဲ့ ပြုလုပ်ထားပြီး ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်.. သူက ပွတ်တိုက်တဲ့နည်းလမ်းဖြစ်လို့ ဝက်ခြံနဲ့ သိပ် sensitive ဖြစ်တဲ့ skin တွေ မသုံးသင့်ဘူး

🅱 Peeling - သူကတော့ chemically exfoliation လုပ်တာ.. အိမ်မှာသုံးတာကတော့ mild acid နဲ့ လုပ်ထားတာပေါ့.. နည်းနည်းပြင်းတဲ့ chemical peeling ဆိုတာရှိတယ်.. ဒါကတော့ aesthetic clinic တွေမှာ လုပ်လို့ရတယ်... အပေါ်ယံအရေပြား ဆဲသေလ်တွေကို ခွာလိုက်တာပါ.. chemical peeling ကတော့ ဝက်ခြံအမာရွတ်တွေ များနေတဲ့သူတွေ လုပ်ရင် ပိုကောင်းမယ်.. Peeling ကတော့ ဝက်ခြံနဲ့ sensitive သမားတွေအတွက် အဆင်ပြေတဲ့ နည်းလမ်းပါ..

💁 Moisturiser ရွေးချယ်နည်း 💁

Skincare လုပ်ချင်ပေမဲ့ ကိုယ့်အသားအရည်နဲ့ အလိုက် ဘာလိမ်းရမှန်း မသိတဲ့သူတွေ အတွက်ပါ... 🙋🙋🙋

ကိုယ့်အသားအရည်က ဘယ်ထဲမှာပါလဲ ဆိုတာ အရင်သိအောင် လုပ်ရပါမယ်... ပုံမှာ ပြထားတဲ့အတိုင်း
1) Dry Skin
2) Normal skin
3) Oily skin
4) Combination skin လား အရင် ခွဲလိုက်ပါ..

👉 Toner ကတော့ မရှိမဖြစ်ပါပဲနော်... Toner လိမ်းပြီး moisturiser ကို ဘာသုံးရမှန်း မသိတဲ့ အစ်မတွေ ညီမတွေအတွက်ပါ..

✳️ Dry Skin & Normal skin
Day - Lotion
Night - Essence or Serum + Cream

✳️ Combination skin
Day - Emulsion
Night - Essence or Serum

✳️ Oily skin
Day - Gel type
Night - Essence or Serum

နေ့ နဲ့ ညခွဲလိုက်တာက တချို့ Moisturiser တွေက treatment မပါလို့ပါ.. အပေါ်က cover တခုလိုပဲ အမြဲ လိမ်းနေမှာထက် reparing into deep layers က skin အတွက် ပိုကောင်းမယ် ထင်ပါတယ်... Repairing အတွက်ဆို ညအိပ်နေချိန်က အကောင်းဆုံးမို့ Day and Night ခွဲထားခြင်းပါ.. ဥပမာ Serum ဆို repairing ပါတဲ့အတွက် ညဘက်လိမ်းတာ ပိုကောင်းပါတယ်.. နေ့ဘက်လိမ်းရင် အဆီပြန်စေတာမို့ပါ...

ထုံးစံအတိုင်း Skincare ကို များများလုပ်ဖို့ တိုက်တွန်းချင်ပါတယ်.. အသားအရည်လှရင် အပေါ်က ဘယ်လိုပြင်ပြင် လှတာမို့ အဓိကက skincare သေချာ လုပ်ပေးကြဖို့ပါ...

Photos from Naw Naw Online Business's post 25/01/2021

ထိုင်းနိုင်ငံမော်ဒယ်တွေ ဆီမှာ ခေတ်စားနေတဲ့ နှုပ်ခမ်းနီ Cheeky gelလေး လာပါပြီ ခေတ်စားနေတဲ့ အရာတွေထဲမှ လက်လွတ်မသင့်တဲ့ productလေးပါနော်

ပန်းနှင့် အနီ အရောင်နှစ်မျိုး ထုပ်လုပ်ထားပါတယ်

VIP ကိုယ်စလှယ်များအဖြစ် နေရာဦးနိုင်ပါပြီရှင့်

25/01/2021

✅ ချွေးပေါက်တွေ ဘာကြောင့်ကျယ်လာရသလဲ ဆိုရင်

1. အသက်ရွယ်ရလာတဲ့အခါ သို့မဟုတ် နေရောင်ခြည်ကြောင့် အရေပြားရဲ့ Collagen , elasticity တွေ အားနည်လာတဲ့ အခါ

2. အညစ်အကြေး , make up , အဆီ , ချွေး တွေ ချွေးပေါက်ကိုပိတ်လာတဲ့ အခါ

3. အသားရေ အရမ်းခြောက်သွေ့သောအခါ
တွေဆိုရင်လည်းကျယ်လာပါတယ် ။

✅ ဘယ်လိုလူတွေမှာ အဖြစ်များသလဲဆိုတော့

(1) အသက်ရွယ်ရလာတဲ့ သူတွေ
(2) နေရောင်ခြည် အရမ်းထိတွေ့တဲ့ သူတွေ
(3) မျက်နှာပုံမှန်မသစ်တဲ့သူတွေ
(4) သစ်တဲ့ခါ ကြမ်းကြမ်းတမ်းတမ်း scrub တွေ အရမ်းသုံးတဲ့ သူတွေ
(5) make up သုံးပြီး သေချာသန့်စင်အောင် မလုပ်တဲ့ သူတွေ
(6) အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ သူတွေ
(7) ဆေးလိပ်သောက်တဲ့ သူတွေ
( 😎 ဆီကြော်အစားစားများ အစားများတဲ့ သူတွေ
မှာ အဖြစ်များပါတယ် ။

🚫 ချွေးပေါက်မကျယ်အောင် ဘာတွေရှောင်သင့်သလဲ ဆိုရင်

(1) အဆီဖု , ဆားဝက်ခြံ , ဝက်ခြံ အဖုတွေ မညစ်ရဘူး ။
(2) ကြမ်းတမ်းသောscrub တွေမသုံးရဘူး ။
(3) မတည့်တဲ့ skincare တွေကိုရှောင်ရပါမယ် နော်

Crd:

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Moe Kaung Str
Monywa
02301