Yu's Mindset Garden

Yu's Mindset Garden

Share

Self-Improvement /Mental Health/Mindset
Learn Everyday.Grow Everyday.

14/04/2026

နှစ်သစ်ဆုတောင်း🙏

နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ မျောပါပါစေ💦
နှစ်သစ်မှာ စိတ်နှလုံးငြိမ်းချမ်းခြင်းကို ရှာဖွေတွေ့ရှိပါစေ🍀
ဘေးအန်တရယ်ကင်းဝေးပြီး ကျန်းမာခြင်းတွေ ပိုင်ဆိုင်ပါစေ💕
လှပတဲ့အရာတွေနဲ့ ဘဝကို ပြန်လည်တည်ဆောက်ဖို့ခွန်အားသစ်တွေ ရရှိကြပါစေ⭐🌿

12/03/2026

လှပတဲ့စိတ်ဉယျာဉ်လေးဖြစ်ဖို့🌸🌿

​ကိုယ်စီမှာ "ကိုယ်ပိုင်စိတ်" ဆိုတဲ့ ဥယျာဉ်လေးတစ်ခုစီ ရှိကြပါတယ်။
ဒီဥယျာဉ်လေးဟာ စိမ်းလန်းစိုပြေနေဖို့၊ လှပတဲ့ပန်းတွေ ပွင့်လန်းနေဖို့ဆိုရင် ကျွန်မတို့ကိုယ်တိုင်ကပဲ တစိုက်မတ်မတ် ဂရုစိုက်ပျိုးထောင်ဖို့ တာဝန်ရှိပါတယ်။
​✨ ကိုယ့်ရဲ့စိတ်ဥယျာဉ်လေးကို လှပအောင် ဘယ်လိုစိုက်ပျိုးမလဲ ✨
​ဒီအချက်လေးတွေနဲ့ ဒီနေ့ပဲ စတင်လိုက်ပါ-
1.​🌿 သတိရှိရှိ ​​ပေါင်းပင်နူတ်ပါ:
ကိုယ့်ရဲ့ "အတွေး" တွေကို အမြဲသတိထားပါ။ စိတ်ဓာတ်ကျစေတဲ့၊ အဆိုးမြင်တဲ့ အတွေးတွေဝင်လာတိုင်း၊ ဒါဟာ ဥယျာဉ်ထဲက ခြုံနွယ်ပိတ်ပေါင်းတွေလို့ သဘောထားပြီး ချက်ချင်းဖယ်ရှားပစ်ပါ။
2.​💧 အကောင်းမြင်စိတ်နဲ့ ရေလောင်းပါ:
"အကောင်းမြင်စိတ်" ဆိုတာ စိတ်ဥယျာဉ်အတွက် အရေးကြီးဆုံး ရေအရင်းအမြစ်ပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ကောင်းကွက်ကို ရှာဖွေပြီး ကိုယ့်ရဲ့စိတ်ကို အမြဲရှင်သန်လန်းဆန်းနေအောင် လုပ်ပါ။
3.​🧘‍♀️ စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပါ:
တရားထိုင်တာ ဒါမှမဟုတ် ခဏတာ စိတ်ငြိမ်ငြိမ်ထားတာက ဥယျာဉ်ရဲ့မြေဆီလွှာကို ပိုမိုကောင်းမွန်စေပါတယ်။ စိတ်တွေ ဟိုရောက်ဒီရောက် ဖြစ်နေတာကို ထိန်းချုပ်ပြီး၊ ပိုပြီး တည်ငြိမ်ရင့်ကျက်တဲ့ စိတ်နေစိတ်ထားကို တည်ဆောက်ပါ။
4.​☀️ ကျေးဇူးတင်တတ်တဲ့ ပန်းပွင့်လေးတွေကို ပွင့်လန်းစေပါ:
ကိုယ့်မှာရှိတဲ့အရာတွေ၊ ကိုယ်ရရှိတဲ့ အခွင့်အရေးလေးတွေအတွက် "ကျေးဇူးတင်တတ်တဲ့စိတ်" မွေးမြူပါ။ အဲဒီကျေးဇူးတင်စိတ်တွေက ကိုယ့်ဥယျာဉ်​လေးကို အလှပဆုံး ပန်းပွင့်လေးတွေလို လင်းလက်စေပါလိမ့်မယ်။
5.​🚫 ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ခြင်းဆိုတဲ့ ပိုးမွှားတွေကို ဖယ်ရှားပါ:
ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ သူများတွေနဲ့လည်း နှိုင်းယှဉ်မနေပါနဲ့။ ဒီလိုလုပ်တာဟာ ကိုယ့်ဥယျာဉ်ကို ကိုယ်တိုင် ဖျက်ဆီးနေတာနဲ့ တူပါတယ်။ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ဥယျာဉ်ကိုပဲ အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။

​ကိုယ့်ရဲ့ စိတ်ဥယျာဉ်ကို လှပအောင် စိုက်ပျိုးပျိုးထောင်ခြင်းက ကိုယ့်ဘဝကို ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတွေနဲ့ ပြည့်စုံစေပါလိမ့်မယ်။
​🌿 Happy Gardening, Everyone! 🌿

10/03/2026

ကိုယ့်ကိုယ်ကို တန်ဖိုးထားချစ်တတ်လာဖို့💕🌿

ယုတို့ရဲ့ဘဝမှာ ရှိနေတဲ့အရာတွေအတွက်
ကျေးဇူးတင်တတ်ဖို့(Gratitude)ပါပဲ။
မနက်နိုးလာရင် အသက်ရှင်ခွင့်ရနေသေးလို့
ကျေးဇူးတင်တာမျိုး၊စားစရာရှိနေလို့ ကျေးဇူးတင်တာမျိုး၊ကိုယ့်ချစ်ရတဲ့မိသားစုတွေ ရှိနေတာ၊သူငယ်ချင်းတွေ ရှိနေတာ​ကိုလည်း ကျေးဇူးတင်ရပါမယ်။🌿

ဒီလိုမျိုး ယုတို့ဘဝထဲမှာ ရှိတဲ့အရာ အသေးအမွှားလေးတွေကအစ ကျေးဇူးတင်တတ်လာတဲ့အခါ ကိုယ်တိုင်လည်း စိတ်ပေါ့ပါးပြီး ပျော်ရွှင်လာသလို၊ကိုယ့်ကိုယ်လည်း ပိုနားလည်ပြီး တန်ဖိုးထားချစ်တတ်လာမှာ အသေအချာပါပဲ။💕🍀
ကျေးဇူးတင်တဲ့အခါမှာတော့ ယုတို့ရင်ထဲကနေ လှိုက်လှဲ ကျေးဇူးတင်တတ်ရပါမယ်နော်😊

ဒါကြောင့်မို့လို့ စိတ်ပျော်ရွှင်ပြီး တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့နေ့ရက်တိုင်းကို ကျေးဇူးတင်စိတ်နဲ့ပဲ ဖြတ်သန်းကြမယ်နော်🌿🤍

08/03/2026

"ပန်းလေးတွေလို လှပတဲ့အသိအမြင်ကောင်းတွေ မျှဝေပေးမယ့် Yu's Mindset Garden လေးမှ ကြိုဆိုပါတယ်ရှင့်🌸
လောကကြီးကို ပန်းလေးတွေနဲ့ အလှဆင်သလိုပဲ
ယုတို့ရဲ့အတွေးအခေါ်တွေကိုလည်း အပြုသဘောဆောင်တဲ့အလှတရားတွေနဲ့ ဖြည့်ဆည်းကြမယ်နော်🌿🤍
💫

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Category

Website

Address

Monywa