Thet Hsu

Thet Hsu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet Hsu, Health/Beauty, ချမ်းမြကန်သာ(၁)လမ်း, Mudon.

20/04/2024

၁။ ကျောက်ကပ်
အားကောင်းအောင်
ခြေဖျားထောက် လမ်းလျှောက်ပါ။

၂ ။အသည်း
အားကောင်းအောင်
ချိုင်း အောက်ကို
လက်ခုပ် နဲ့ ပုတ်ပေးပါ။

၃။ နှလုံး
အားကောင်းအောင်
တံတောင်ဆစ် အကွေးချိုင့် ထဲကို
လက်ခုပ်ဖြင့် ပွတ်ပေးပါ။

အားကောင်းအောင်
ချက် ဘေးပတ်ပတ်လည်
လက်ဖြင့် ပွတ်ပေးပါ။

၅။ကျော မာဆက်လုပ်ဖို့
အိပ်ယာထ
ဒူးနှစ်ဖက်ပိုက်ပြီး ထပြီးရင်
နောက်ကိုဖြေးဖြေး လှန်ပေးပါ။

၆။ ဦးဏှောက်
အာရုံကြောလန်းဆန်းပြီး
သွေးလှည့်ပတ်မူ့ အားကောင်းစေဖို့
ငယ်ထိပ် ကို လက်ခုပ် နဲ့
ဖြေးဖြေးပုတ်ပေးပါ။

တမျိုး ၅၀စီ လုပ်ပါ။

ကျန်းမာပျော်ရွှင်
ရောဂါကင်းဝေးကြပါစေ။ _______________________________
crdပေးပါသည်
ကျန်းမာရေးဗဟုသုတများ
မေတ္တာဖြင့်...

05/04/2024

ရာသီဥတု အရမ်းပူတယ် သွေးတိုးသမားများသတိထားကြပါ
သွေးတိုးရောဂါ

သွေးတိုးကြောင့် လေဖြတ်နိုင်သည်။

အဆီ.အချို.အငန်လျှော့စားပါ။ မနက်တိုင်းလမ်းမှန်မှန်လျှောက်ပါ။

ဝမ်းမှန်အောင်အသီးအနှံများများစားပါ။ အိပ်ယာဝင် အိပ်ယာထရေများများသောက်ပါ။

ထမင်းစားတိုင်း ကြက်သွန်ဖြူ ၇မှှာခနျ့အတို့အမွုပျလုပျစားပေးပါ။

ကိုယ်အလေးချိန်တိုးလျှင် ညစာလျှော့စားပါ။ မျိုးရိုးတွင်လေဖြတ်သူရှိလျှင် ပို၍သတိထားပါ။
ခြေလေးချောင်းသားရှောင်ပါ။

သွေးပေါင် နေ့စဉ် ပုံမှန်ချိန်ပါ။ စိတ်ဖိစီးမှုများသောအလုပ်ကိုရှောင်ပါ။ အလုပ်မှအနားယူပါ။
ညအိပ်ယာဝင် ပုတီးစိပ် ခြင်း တရားထိုင်ခြင်းများပြုလုပ်ပါ။


အသား။အထူးသဖြင့်ခြေလေးချောင်းသားရှောင်။ ၀မျးတှငျးသားရှောငျ။ ငါးပိငါးခြောက်ရှောင်စားပါ။

စောစောအိပ် စောစောထလမ်းလျှောက်ပေးပါ။

ရေအေးအစား ထမင်းစားပြီး ရေနွေးကြမ်းသောက်ပါ။

ဝမ်းပုံမှန်သွားအောင် သင်္ဘောသီး၊ငှက်ပျောသီးမှည့်စားပေးပါ။

အလုပ်ရှုတ်စိတ်ပင်ပင်ပမ်းလျှင် အမြန်အနားယူပါ။

အိပ်ယာ၀င်ချိန်တရားထိုင်ပေးလျှင် သွေးတိုးရောဂါသက်သာစေပါသည်။

သွေးတိုး၊အားနည်း လူကြီးရောဂါ

အစားမှားလို့မရပါ။
လေဆေးအငန်များလည်းမသင့်ပါ။

- ချင်းတက်ကိုပါးပါးလှီး ရေနွေးမတ်ခွက်မှာထည့်စိမ်ထား။ တစ်နေကုန် ဖြည်းဖြည်းချင်း သောက်ပါ။
- ပဲရာဇာဟင်းချိုချက်သောက်ပါ။
ဖီးကြမ်းငှက်ပျောသီး မီးဖုတ်ကျွေးပါ။
- ညအိပ်ယာဝင် ရှောက်ရည်နဲ့ ပျားရည်ဖျော်စပ်သောက်ပါ။
- လေပူကျဆေးသောက်ပါ။အကြောလေလျှောက်ဆေးသောက်ပါ။အပူငြိမ်းသွေးဆေးညအိပ်ယာဝင် သောက်ပါ။
- ဝမ်းချုပ်လျှင် ညအိပ်ယာဝင်မန်ကျည်းဖျော်ရည်တစ်ဖန်ခွက်မှာဆားခါးနှစ်ဇွန်းထည့်သောက်ပါ။
- အားနည်းလျှင် နွားနို့ပူပူတခွက်မှာနနွင်းမှုန့်ကော်ဖီဇွန်းငယ်တစ်ဇွန်းဇွန်းရောစပ်တိုက်ပါ။

သွေးတိုး၊အားနည်း လူကြီးရောဂါ

အစားမှားလို့မရပါ။
လေဆေးအငန်များလည်းမသင့်ပါ။

- ချင်းတက်ကိုပါးပါးလှီး ရေနွေးမတ်ခွက်မှာထည့်စိမ်ထား။ တစ်နေကုန် ဖြည်းဖြည်းချင်း သောက်ပါ။

- ပဲရာဇာဟင်းချိုချက်သောက်ပါ။
ဖီးကြမ်းငှက်ပျောသီး မီးဖုတ်ကျွေးပါ။

- ညအိပ်ယာဝင် ရှောက်ရည်နဲ့ ပျားရည်ဖျော်စပ်သောက်ပါ။
- လေပူကျဆေးသောက်ပါ။အကြောလေလျှောက်ဆေးသောက်ပါ။အပူငြိမ်းသွေးဆေးညအိပ်ယာဝင် သောက်ပါ။
- ဝမ်းချုပ်လျှင် ညအိပ်ယာဝင်မန်ကျည်းဖျော်ရည်တစ်ဖန်ခွက်မှာဆားခါးနှစ်ဇွန်းထည့်သောက်ပါ။

- အားနည်းလျှင် နွားနို့ပူပူတခွက်မှာနနွင်းမှုန့်ကော်ဖီဇွန်းငယ်တစ်ဇွန်းဇွန်းရောစပ်တိုက်ပါ။

ဆရာကြည်လွင်မြင့် (မုဒြာ)
လေးစားလျှက်🙏
မေတ္တာဖြင့်.....

24/11/2023

#ရွှေနွယ်ရိုးပင်

ဇီးရိုင်းပင်တွေလို ခြုံကောင်းရုံကောင်းတဲ့ အပင်ကြီးတွေအပေါ်မှာသာ အပေါက်များတယ်

#ရေဖျဉ်းရောဂါ
ဗိုက်ကြီးပူ ပြီးရေတွေ စုတ်ထုတ်နေရတဲ့ တနေ့ တသိန်းလောက်ကုန်ပြီး ဆရာဝန်တွေ လက်လျှော့နေရတဲ့ ရေဖျဉ်းရောဂါ လုံးဝပျောက်ပါတယ်

#ဆီးချိူသွေးချိူနဲ့ကင်ဆာရောဂါ
ပျောက်ပါတယ်

#ဂုဏ်နှင့်စွမ်းရည်

၄င်းဆေးရွှေနွယ်သည် ချို၏။ ထက်မြက်၏။ သည်းခြေနှင့်စပ်လျဉ်းသော ရောဂါများကို နိုင်နင်း၏။

ရောဂါအလိုက်အသုံးပြုပုံ

#အသည်းရောင်ခြင်းအသည်းကြီးခြင်းအသည်းမာကြောကြမ်းတမ်းခြင်းတို့အတွက်
၄င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း။ ဝမ်းဗိုက်ကို လိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါများ ပျောက်ကင်း၏။

#အသည်းအားနည်းအားပျော့ခြင်းအတွက် ၄င်းရွှေနွယ်ကို ပြုတ်၍ ၄င်းပြုတ်ရည်သက်သက်ကို၄င်း ။ အခြားဆေးဘက်များနှင့်၄င်းသောက်မူ အသည်းကို များစွာအားပေး၏။

#သွေးဖောက်ပြန်ရောဂါ
၄င်းဆေးရွှေနွယ် ၅-ကျပ် ။ တွင်းနက်ကတိုးမြစ် ၅-ကျပ် ။ ရေ ၆၀-ကျပ်သားနှင့် ထက်ဝက်ခန်းအောင် ကျို၍ ၄င်းဆေးတွင် ပျားရည်သင့်တော်ရုံစပ်၍ တခွက်စာ ကြွေဇွန်းကြီး ၃-ဇွန်းမျှ တနေ့ ၃-ကြိမ်သောက်ပါမူ သွေးဖောက်ပြန်သောရောဂါများ ပျောက်ကင်း၏။

#ဝမ်းရောင်ဝမ်းကြောတင်းရောဂါ
ဝမ်းရောင် ဝမ်းကြောတင်း အစာမကြေ လေချဉ်တက်ခြင်းဖြစ်မူ ၄င်းဆေးရွှေနွယ်ကို ကျက်ကျက်ကျို၍ ဝမ်းဗိုက်ကို လိမ်းပေးမူ ဖော်ပြပါရောဂါများနှင့်တကွ ဝမ်းဗိုက်နာကျင်ခြင်းများ ပျောက်ကင်း၏။

#မကျက်နိုင်သောအနာဟောင်းများ
ဆေးရွှေနွယ်မှုန့် ချင်းခြောက်မှုန့် ၂-မျိုး ဆတူပြုပြီးလျှင် ထောပတ်နှင့်ဖျော်၍ အနာအို အနာဟောင်းများသို့ လိမ်းပေးမူ အသားနုများတက်၍ အနာများအကျက်မြန်လိမ့်မည်။

#ယားနာမျိုးစုံ
၄င်းဆေးရွှေနွယ်ကို ညက်စွာကြိတ်၍ ရေနှင့်မပျစ်မကျဲ ဖျော်၍ ယားနာများကို လိမ်းပေးမူ မြန်စွာပျောက်ကင်း၏။

#အရေပြားလိမ်းဆေး
အရေပြားရောဂါများ အခြားအတွင်းဆေးများစားသော်၄င်း။ မစားသော်၄င်း အဆိုပါရွှေနွယ်ကို ပြုတ်၍ ရေချိုးပေးခြင်း လူးပေးလိမ်းပေးခြင်း ပြုလုပ်ပါမူ များစွာအကျိုးရှိ၏။

#ရေငတ်ရောဂါ
အဖျားအားကြီး၍ ရေငတ်ခြင်း ကျောက် ဝက်သက်စသောရောဂါ ဝမ်းရောဂါဖြစ်၍၄င်း ရိုးရိုးရေငတ်ရောဂါများကို၄င်း ရွှေနွယ်ကို ပြုတ်၍ ရေသဘောသောက်မူ ရေငတ်ရောဂါများ ပျောက်ကင်း၏။

#သွေးဆိုးပွားရောဂါ
သွေးသားမစင်ကြယ်ခြင်း ယားယံခြင်းတို့အတွက် ရွှေနွယ်ကို ကျို၍သောက်မူ သွေးသားစင်ကြယ်စေ၏။

#ဝမ်းဗိုက်ထိုးကျင်ခြင်း
အောက်သို့ လေမစုန်ဘဲ ဝမ်းဗိုက်တင်းကြပ်နာကျင်မူ ရွှေနွယ်ကိုကျို၍ ဝမ်းဗိုက်တွင် လိမ်းပေး၍ အဝတ်နှင့်ပတ်ထားမူ အောက်သို့လေစုန်၍ ဝမ်းဗိုက်နာခြင်း ပျောက်ကင်း၏။

ဖော်ပြပါရောဂါတွေအတွက်
အပင်ကို ၃ ခွက် ၁ ခွက်ကျန်အောင်
ကျိူ၍ မိမိနှစ်သက်ရာ အရည်တမျိုးမျိုးဖြင့် သောက်သုံးနိုင်တယ်
သူ့အရည်ချည်းသောက်ပေးနိုင်က ပိုထိရောက်ပါကြောင်း

crd

မေတ္တာဖြင့်

11/11/2023

လေးဘက်နာရောဂါစဖြစ်ရင်
ရှောင်ရန်

1.လုံးဝအနှိပ်မခံရပါဘူး။ ပူပြင်းလွန်းတဲ့ဆေးတွေကိုသောက်ခြင်း လိမ်းခြင်း
ရှောင်ကြဉ်ရပါမယ်။

2.ကြွပ်လွန်း ၊ ရွလွန်း၊ ချိုလွန်း ၊ဆိမ့်လွန်းတဲ့ အစာတွေကိုရှောင်ရပါမယ်။
ဖန်တဲ့ဆီးသီး၊ ဝှေးချိုသီး၊ မာလကာသီး၊ အသားဆိုရင် ကလီစာတွေကိုရှောင်ပါ။
မျှစ်၊ မှို ၊ပဲပင်ပေါက်စသည့်အစားအစာများကိုလည်းရှောင်ရပါမယ်။

3.ပူလွန်းစပ်လွန်းသောအစားအစာများ၊ ရက်ရှည်ခံအစားအစာများကိုလည်းမစားသင့်ပါဘူး။
ဆေးပူမလိမ်းကျံရပါဘူး၊ နံ့သာဖြူ၊ တောင်နံကြီး ၊တောင်နံကတိုး ၊နနွင်း စသည်တို့ကအပူတွေဖြစ်လို့
လေးဘက်နာရှိသူများလိမ်းကျံရန်မသင့်တော်ပါဘူး။

ဆောင်ရမည့်အချက်များကတော့

1.ချဉ်ချိုအရသာရှိတဲ့အစားအစာ ဆီးဖြူသီး၊မန်ကျည်းသီး၊ချဉ်ရည်ဟင်း၊ ဒိန်ချဉ်တို့ကိုတပါတ်3ရက်ခန့်စားပေးပါ။

2.အေးခါးအရသာဖြစ်တဲ့ မဲဇလီဖူး၊အရွက်၊ ဂွေးတောက်ရွက်၊ ကန့်ဂလာ၊ ပေါက်ပန်းနီ ၊ ကြက်ဟင်းခါးညွန့်၊ ရှားစောင်းလက်ပါတ် ၊ ကိုက်လန်ရွက်၊ မုန့်ညှင်းရွက်မျိုးစုံ ၊ ကနဖော့ရိုးနီ၊
ခံတက်ရွက် စတဲ့အေးခါးအရသာရှိသောဆေးဖက်ဝင်အရွက်အဖူးများကို နည်းနည်းနဲ့မှန်မှန်စားပေးပါ။

3.ကန်စွန်းရိုးနီ‌ ရေနွေးကြမ်း၊အုန်းနုရည်၊ ကျောက်ဖရုံသီး ၊ ထန်းလျက် ၊ပဲဝါလေး၊ ဖရဲသီး၊ ဖီးကြမ်းငှက်ပျောသီးတို့ကိုတစ်ပါတ် ၃ကြိမ်ခန့်စားသုံးပေးပါ။
ရေချိုးတဲ့အခါ ရိုးရိုးရေကိုမချိုးဘဲ အခါးရွက်တမျိုးမျိုးကိုပြုတ်ပြီး ပြုတ်ရည်နွေးနွေးလေးနဲ့ ချိုးပေးရပါမယ်။ အခါးရှာရမလွယ်ရင် သန့်ရှင်းကကန့်ဂလာမှုန့်ကို ရေနွေးနဲ့ရောပြီး ချိုးရေအဖြစ် အသုံးပြုလို့ရပါတယ်။

4.မဲဇလီရွက်ခြောက်ဆေးခေါင်းအုံးလေးကို မိမိအိပ်ရာဘေးမှာဆောင်ထားပြီး
ဇက်တောင့်လာပြီဆိုရင် ဇက်အောက်ခုအိပ်ပါ။ လက်မောင်းနေရာကိုက်နေရင် လက်မောင်းအောက်မှာ ခုအိပ်ပါ။ ဒူးနေရာကွေးရဆန့်ရခက်နေရင် ‌ဒူးခေါက်ကွေးအောက်မှာ ခုအိပ်ပါ။
ခါးနာနေရင်ခါးအောက်ခုအိပ်ပါ။ လေးဘက်နာအတွက် ကြပ်ထုပ်ထိုးနည်းတမျိုးဖြစ်တာကြောင့် 1လအတွင်းအများကြီးသက်သာတာကိုတွေ့ရမှာပါ။

5.ပူ၊ ကိုက် နာ ၊အောင့် စသောခံစားချက်လေးမျိုးလောက်ခံစားရလာပြီဆိုရင်
ရေခဲကပ်ပေးပါ။ ရေခဲမရှိရင် မွှေးပွတဘက်လေးကို ရေဆွတ်ပြီးညှစ် ၊ နေရာရွေ့ရွေ့ပြီး အုပ်ပေးပါ။ ဖြစ်တဲ့နေရာကို အုပ်လိုက် ခွာလိုက် လုပ်ပေးလို့ရပါတယ်။

6.ကရမက် သို့မဟုတ် သနပ်ခါးကို ရေချိုးပြီးတိုင်း နေ့စဉ်လိမ်းကျံပေးပါ။

အထက်က ပြောခဲ့တဲ့ ပင်လုံစာပေ၏လမ်းညွန်ချက်ကို လိုက်နာမယ်ဆိုရင်
၁လအကြာမှာအံ့ဩလောက်အောင်သက်သာနေတဲ့ အကျိုးထူးကိုခံစားရပါလိမ့်မယ်။

Crd ပင်လုံစာပေ&သန့်ရှင်း



ကူးယူမျှဝေ....thet hsu

26/10/2023

💥💥လေးဘက်နာရောဂါကို မကုသပဲထားပါက ဖြစ်လာနိုင်သည့် နောက်ဆက်တွဲရောဂါ(၁၀)မျိုး💥💥
------------------------------------------------------------
လေးဘက်နာရောဂါသည် ခန္ဓာကိုယ်ခုခံအားစနစ် မှားယွင်းတိုက်ခိုက်သောရောဂါ (Autoimmune) အမျိုးအစားဖြစ်ပြီး မနက်အိပ်ယာထခါစ (သို့မဟုတ်) ထိုင်ရာမှထခါစတွင် အဆစ်များတောင့်တင်းနာကျင်ပြီး လှုပ်ရှားရခက်သော ရောဂါဖြစ်သည်။ လေးဘက်နာရောဂါကို သေချာစွာမကုသပါက အဆစ်များတွင် သာမက အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင်ပါ ဆိုးကျိုးများ တခုမဟုတ်တခု ဖြစ်နိုင်ပါသည်။
၁။ မှတ်ဥာဏ် နည်းသွားနိုင်ခြင်း
=================
လေးဘက်နာရောဂါရှိသူများသည် စိတ်ဖိစီးမှု၊ စိတ်အားငယ်မှုတို့ကို ခံစားရရုံသာမက မှတ်ဥာဏ်နည်းသွားခြင်း၊ အာရုံစူးစိုက်ရန်ခက်ခြင်း အစရှိသည်တို့ပါ ဖြစ်ပေါ်တတ်သည်။
၂။ သွေးကြောနံရံထူခြင်း
==============
လေးဘက်နာ ရောဂါရှိသူများသည် နာတာရှည်ရောင်ယမ်းမှု ဖြစ်သောကြောင့် ရိုးတွင်းခြင်ဆီမှ သွေးနီဥ ထုတ်လုပ်ခြင်းကိုလျော့နည်းစေသောကြောင့် သွေးအားနည်းခြင်းဖြစ်စေသည်။ လေးဘက်နာရောဂါ မကုဘဲထားပါက သွေးကြောများကို ထူလာစေပြီး သွေးကြောကျဉ်းလာကာ နှလုံးတိုက်ခိုက်ခံခြင်း၊လေဖြတ်ခြင်း အထိပါဖြစ်တတ်သည်။
၃။ဝမ်းချုပ်တတ်ခြင်း
============
လေးဘက်နာရောဂါ ရှိသူများသည် ဝမ်းဗိုက်ပြဿနာအနေဖြင့် ဝမ်းချုပ်ခြင်း ဖြစ်ပေါ်တတ်သည်။ အဆစ်ကိုက်ခဲသောကြောင့် သက်သာစေရန် သောက်သုံးသော အကိုက်အခဲပျောက်ဆေး ဆိုးကျိုးများအနေဖြင့် အစာအိမ်၊ အူအနာနှင့် အစာလမ်းကြောင်း သွေးယိုစီးခြင်းကိုပါ ဖြစ်ပေါ်စေနိုင်သည်။
၄။ အရိုးအဆစ် နာကျင်ခြင်း
================
လေးဘက်နာ၏ ကနဦးလက္ခဏာအဖြစ် လက်ဆစ်များ နာကျင်တောင့်တင်းခြင်းကို ခံစားရရုံသာမက သေချာစွာမကုသဘဲထားပါက အရိုးများပျက်စီးလာပြီး အရိုးသန်မာမှု အားနည်းခြင်း၊ အရိုးပွခြင်း၊ အရိုးကျိုးလွယ်ခြင်းကိုပါ ဖြစ်ပေါ်စေနိုင်သည်။
၅။ မျက်စိရောဂါများ
============
လေးဘက်နာရှိသူများသည် မျက်စိနီခြင်း၊ နာခြင်း၊ မျက်လုံးခြောက်ခြင်း၊ အမြင်ဝေဝါးခြင်း အစရှိသည့်အမြင်ဆိုင်ရာ ပြဿနာများကြုံတွေ့ရရုံသာမက မျက်စိတိမ်၊ ရေတိမ်များလည်း ဖြစ်နိုင်သည်။
၆။ ခံတွင်းဆိုင်ရာ ပြဿနာများ
==================
တခြို့သော လေးဘက်နာရောဂါရှိသူမြားသည်တံတွေးထုတ်လုပ်မှုကျဆင်းသော ကြောင့်အာခေါင် ခြောက်ခြင်းနှင့်ခံတွင်းသို့ရောဂါပိုးဝင်ရောက်ခြင်းများဖြစ်စေနိုင်သည်။
၇။ အဆုတ်တွင် ဖြစ်ပေါ်သော ရောဂါများ
=======================
လေးဘက်နာရောဂါရှိသူများတွင် အသက်ရှူလျှင်မောခြင်း၊ နာတာရှည်ချောင်းခြောက်ဆိုးခြင်း၊ မောပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း အစရှိသော လက္ခဏာများသာမက အဆုတ်တွင်အလုံးများပါ ဖြစ်ပေါ်နေတတ်သည်။
၈။ အရေပြားဆိုင်ရာ ပြဿနာများ
===================
လေးဘက်နာရောဂါရှင်များသည် အရေပြားတွင် အကွက်နှင့် အလုံးများဖြစ်နေတတ်ပြီး အနာဖြစ်ပေါ်ပါက အနာကျက်နှုန်းနှေးပြီး ရောဂါပိုး ဝင်လွယ်တတ်သည်။
၉။ လက်ချောင်း၊ ခြေချောင်း ပြဿနာများ
========================
လေးဘက်နာ မကုသဘဲထားပါက ကြာလာသောအခါ လက်ဆစ်များပုံမှန်မဟုတ်ရုံသာမက လက်နှင့် ခြေထောက်တွင် ထုံခြင်း၊ ပူခြင်း၊ နာကျင်ခြင်း အစရှိသည်တို့ကိုပါ ခံစားရနိုင်သည်။
၁၀။ နှလုံးနှင့်ဆိုင်သော ပြဿနာများ
=====================
လေးဘက်နာပိုးသည် နှလုံးအဆို့ရှင်များကို ကိုက်တတ်သောကြောင့် မကုသပဲထားပါက နှလုံးနှင့်ဆိုင်သော ရောဂါများ ခံစားရနိုင်သည်။

မူရင်းအားလေးစားလျက် ကျမ်းမာရေးအသိ ဝေမျှပါသည်။
မေတ္တာဖြင့်.....

21/10/2023

ကျန်းမာချင်သူတိုင်း ကြယ်လေးကိုထိကြည့်ပါ.😍

Photos from Thet Hsu's post 20/10/2023

“အသည်းကင်ဆာအတွက် သတင်းကောင်း”

အရက်အရမ်းသောက်ခဲ့တဲ့အစ်ကို တယောက် အခုတော့ အသဲမှာ အနာဖြစ်လို့ ဆေးရုံခနခဏ တက်နေရပြီ။ဆေးရုံတက် ဆေးစစ်လိုက်တော့ အသဲကင်ဆာတဲ့။
အသဲကင်ဆာဖြစ်နေတဲ့ အစ်ကို အတွက် သူမိသားစုတခုလုံးက စိတ်မချမ်းမသာ ဖြစ်နေရပြီ။
တမိသားစုလုံးလည်း မနားရ။ဆေးရုံတက်တော့ အစောင့်က နှစ်ယောက်စောင့်ရတယ်။

သွေးသားဖြစ်နေတော့လည်း ရောဂါပျောက်ရေး ဘယ်ဆေးကောင်းမလည်း စုံစမ်းနေရတာကလည်း တလုပ်။
ဆေးရုံကခွဲစိတ်ကုသလည်း တာဝန်မယူလို့ အိမ်ပြန်ခေါ်လာရတယ်။

ဗိုက်ကလည်း မနေနိုင်အောင်နာ။တကိုယ်လုံး ကလည်း ကိုက်ခဲနေတယ်။ဆေးထိုးတယ် ထိုးတုံးသက်သာတယ်။
ဆေးရှိန်ပြေတော့ ပြန်ကိုက်ပြန်တယ်။ညလည်း မအိပ်ရ။လူနာမအိပ်တော့ တအိမ်သားလုံးလည်း မအိပ်ရ အိပ်ရေးပျက်ကြရတယ်။

ဒီလိုနဲ့ တနေ့မှာတော့ ကင်ဆာအဆင့်သုံးဖြစ်ဘူးသူရဲ့ ညီနဲ့ကွမ်းယာဆိုင်မှာတွေ့ စကားပြောမိတော့ ကင်ဆာဆေးနည်း ရပြီ။သူအကိုက အိပ်ယာထဲလဲနေသည်အထိ ဝေဒနာကို ခံစားနေရသူ။သူအကိုက အခုတော့ ကင်ဆာရောဂါ ပျောက်သွားပြီးလို့ သတင်းရပါပြီ။

ရေငတ်နေသူ ရေတွင်းထဲကျ ဆိုသလိုပါဘဲ။ရှေ့ကလူနာက လက်တွေ့ပျောက်ထားတယ်ဆိုတော့ အဲဒီဆေးကို ရချင်နေပြီးပေါ့။
ခင်များအကိုက ဘယ်ဆေးသောက်လို့ ကင်ဆာရောဂါက ပျောက်သွားတာလည်းလို့ မေးလိုက်ပါတယ်။သူကလည်း ပြောချင်နေသူမို့ လွယ်လင့်တကူဘဲ ပြောပြပါတယ်။

ဆေးနည်းကတော့လက်ခုတ်သီးနဲ့စွန်လက်သဲမြစ် သွေးတိုက်တာပါတဲ့။

ဆေးနဲ့တည့်ရင် အိပ်ပါလိမ့်မယ်လို့ ပြောလိုက်ပါသေးတယ်။သူပြောတဲ့ ဆေးပစ္စည်းတွေကို ရှာပြီးတိုက်ပါတော့တယ်။သူ
ပြောတဲ့ အတိုင်းပါဘဲ ဆေးတိုက်တဲ့ညမှာ အိပ်ပါတော့တယ်။

အခါတိုင်းမအိပ်ရသူ အခုတော့ အိပ်ပါပြီ နောက်နေ့ကြတော့ ကိုက်ခဲတဲ့ခန္ဓာကိုယ်ကလည်း မကိုက်တော့ပါ။ဒီစာရေးတင်သောအချိန်မှာ လူနာကို ဆေးတိုက်တာလေးရက်မြောက်ဘဲ ရှိပါသေးတယ်။လူနာရဲ့အခြေအနေ ထူးခြားသက်သာမှုအပေါ်မှာ ဆက်လက်သတင်းပေး တင်ပြပါ့မယ်။

ကင်ဆာဝေဒနာကိုခံစားနေရသူများ ဆန္ဒရှိက အသုံးပြုနိုင်ရန်အတွက် စေတနာနဲ့ တင်ပြပေးချင်ပါ။အောက်ပုံကတော့ လူနာနဲ့သူ့ကိုတိုက်နေသော ဆေးပင် ဆေးမြစ်များပါ။

Credit:(Pu Nya မူရင်းရေးသားသူ ယင်းမာပင်)
#အသဲကင်ဆာ
#ကျန်းမာရေး
#မေတ္တာဖြင့်ပြန်လည်မျှဝေသည်

19/10/2023

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော

နံနက်ခင်းအစမှလိုအင်ဆန္ဒပြည့်ဝကြပါစေရှင်.🙏🙏🙏

18/10/2023

အုန်းရည်ကို တပတ်တာလုံး သောက်သုံးတဲ့အခါ

တော်ရုံတန်ရုံတော့ ဘယ်သူမှ အုန်းရည်ကို တစ်ပတ်လုံးမသောက်တတ်ပါဘူး။ ဒါပေမယ့် အုန်းရည်ကို အချိန်ကြာကြာသောက်မယ်ဆိုရင်တော့ ဒီလိုအပြောင်းအလဲလေးတွေကို ခံစားမိမှာပါ။

(၁) ကိုယ်ခံအားကောင်းလာမယ်။
အုန်းရည်ဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။

(၂) အားပြည့်လာမယ်။
တစ်ပတ်လုံး အုန်းရည်သောက်တဲ့အခါ သင့်အနေနဲ့ Energy Drink သောက်ထားသလိုကို အားပြည့်နေမှာပါ။ ဒါပေမယ့် အုန်းရည်ကတော့ ဘေးအန္တရာယ်ကင်းတယ်ပေ့ါဗျာ။

(၃) ကိုယ်တွင်းအင်္ဂါတွေကောင်းလာမယ်။
သင့်ခန္ဓာကိုယ်အတွင်းက တန်ဆာပလာတွေ သိသိသာသာကို ကောင်းလာပါလိမ့်မယ်။

(၄) အစာခြေစနစ်ကောင်းလာမယ်။
သင့်အစာခြေစနစ်အတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အစာများများစားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။

(၅) ဝိတ်ကျလာမယ်။
အစာခြေစနစ်ကောင်းလာတဲ့အခါ ဝိတ်လည်း ကျလာတော့မှာ ဖြစ်ပါတယ်။

(၆) ခေါင်းကိုက်သက်သာစေတယ်။
လေ့လာချက်တွေအရတော့ အုန်းရည်ဟာ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၇) ငယ်ရွယ်နုပျိုးစေတယ်။
အချိန်ကြာကြာ သောက်လာတာနဲ့အမျှ အသားအရေ ပြောင်းလဲမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ငယ်ရွယ်နုပျိုခြင်းကိုလည်း ဖြစ်စေပါတယ်။

သာမန်ရိုးကျ
သွေးပေါင်ကျ သွေးအားနည်း ရောဂါ
များနှင့် နလံထ လူမမာ
သွေးလွန်တုတ်ကွေး နောက်ဆက်တွဲ ဆိုးကျိုး အဖြစ် တကိုယ်လုံး ညောင်းညာ ကိုက်ခဲခြင်း ဝေဒနာ များ
အတွက်

အုန်းသီးနုရည် တစ်လုံး နှင့် သီးစုံဓာတ်ဆား တစ်ထုပ် ရောဖျော် သောက်ပါ က

ကမ္ဘာ့ အကောင်းဆုံး သွေးအားဖြည့် သက်စောင့် အဟာရ ဓာတ် နတ်ဆေးတစ်ပါးပဲ။

Credit to original writer

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

18/10/2023

#အကြောတက်_သွေးတိုး_ခေါင်းမူး_ခေါင်းကိုက်_ခါးနာခြင်း_တို့အတွက်

#အုန်းမှုတ်ခွက်_စနစ်တကျနင်းနည်း

သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာများအတွက် ဆေးနည်း

သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။

ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါများဟာပထဝီဓါတ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။

အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါသက်သာပျောက်ကင်းအောင်အုန်းမှုတ်ခွက်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။

အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒိယဆေးနည်း၊ တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။

လက်တွေ့ပျောက်ကင်းသူများ
လည်းအများအပြားရှိနေပါတယ်။

(၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေးဝယ်ပါ။

(၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် ကြိုးတန်း လုပ်ထားပါ။

(၃) အုန်းမှုတ်ခွက်ပေါ်ကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး ဘယ်ညာ အကြိမ်(၁၀၀) တက်နင်းပါ။
၅ မိနစ်ခန့်သာ ကြာပါတယ်။

(၄) အထက်ပါနည်းများကို မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီး ခြေထောက်ကို ရေဆေးပြီးတစ်ကြိမ် ပြုလုပ်ပြီးမှ အိပ်ယာဝင်ပါ။

#သတိပြုရန် -
=======

အုန်းမှုတ်ခွက်နင်းပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ လည်ပတ်၍ အပူရှိန်တက်နေစဉ် ရေလုံး၀ မချိုးရပါ။

နင်းပြီး အနည်းဆုံး ၃ နာရီ သို့မဟုတ် ၄ နာရီရှိမှသာ ချိုးပါ။

အထက်ပါနည်းအတိုင်း ပုံမှန်နင်းသွားပါက( ၂ ) လအတွင်း ခန္ဓာကိုယ်မှ အပူများ လျှော့ကျသွားပြီး အကြောများ၊ ကြွက်သားများ လုပ်ဆောင်မှုအားကောင်းလာကာ မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ သွေးတိုး၊ လေငန်းရောဂါများ သက်သာပျောက်ကင်းနိုင်ပါသည်။ ။
...
#ကျန်းမာရေး

ပြန်လည်ကူးယူမျှဝေပါသည်

Want your business to be the top-listed Beauty Salon in Mudon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

ချမ်းမြကန်သာ(၁)လမ်း
Mudon