Zwel Khant
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zwel Khant, Health/Beauty, Myaungmya, Myaungmya.
12/05/2026
လင်မယားဆိုတာ 💙
ယောကျ်ားဟာ ညာလက်ဆိုရင်
မိန်းမဟာ ဘယ်လက်နဲ့တူပါတယ်။
ဘယ်လက်က ညာလက်ကို ကိုင်တွယ်ရင်
အထူးအဆန်းမဟုတ်တော့လို့
ရင်မခုန်တော့တာ မှန်ပါတယ်…
ဒါပေမယ့် —
ညာလက်က သွေးထွက်လာတဲ့အခါ
ဘယ်လက်က မစောင့်ဘဲ ချက်ချင်း သွေးတိတ်ပေးပါတယ်။
ညာလက် ယားလာရင်
ဘယ်လက်ကပဲ လာကုပ်ပေးပါတယ်။
ညာလက် တစ်ယောက်တည်း မနိုင်တဲ့အခါ
ဘယ်လက်ကပဲ ချက်ချင်း လာကူပေးပါတယ်။
လက်နှစ်ဖက် ပြိုင်တူ လက်ခုပ်တီးမှသာ
အသံလှလှ တစ်ခု ထွက်ပေါ်လာနိုင်သလို
လင်မယားလည်း အတူတူ လိုက်ဖက်မှသာ
ဘဝလှပနိုင်ပါတယ် 💙
❤️အိမ်ထောင်ရေးဆိုတာ
အနိုင်ယူခြင်းမဟုတ်ပါဘူး
အချင်းချင်း နားလည်ပေးခြင်းပါ။
❤️တစ်ဖက်ကို တစ်ဖက် မပြိုင်ဘဲ
တစ်ဖက်အတွက် တစ်ဖက် ဖြစ်ပေးနိုင်မှ
တည်တံ့တဲ့ အိမ်ထောင်ရေး ဖြစ်လာပါတယ်။
❤️ချစ်ခြင်းဆိုတာ
စကားကြီးကြီးမလိုပါဘူး
နားလည်ပေးနိုင်မှုလေးတွေပါပဲ…
ဒီနေ့မှာ
ကိုယ့်ဘေးမှာရှိတဲ့ လက်တစ်ဖက်ကို
ပိုတန်ဖိုးထားကြပါနော် 💙
Crd
03/05/2026
@💔 red carnation 💔:ဆက်ဆံရေးတွေမှာ အနစ်နာခံရ ၊ အရှုံးပေးရလို့
ပင်ပန်းရရင်တောင် … ဝမ်းမနည်းဘူး ။
စေတနာကို တန်ဖိုးမထားလို့ …
ကျေးဇူးမတင်လို့ ဆိုပြီးလည်း နောင်တမရပါဘူး ။
ကိုယ့်ဘက်က ကောင်းခဲ့ရသလောက်
ပြန်မငဲ့ညာလည်း အငြိုးတေးမထားတတ်ဘူး ။
အရာရာဟာ ကိုယ်ခွင့်ပြုခဲ့တာ ။
ကိုယ်ခွင့်ပြုလို့ ဖြစ်ခဲ့တာ ။
ဘယ်သူ့ ပယောဂမှမပါပဲ ကိုယ့်စိတ်ရဲ့အရောင်အတိုင်း ရှိခဲ့တာ ။
ဖြည့်ဆည်းလိုစိတ်ကလည်း ကိုယ်တိုင်မွေးမြူခဲ့တာ ။
အောက်ကျခံပြီး မေတ္တာပေးတာကလည်း ကိုယ်တိုင်ကြည်ဖြူခဲ့တာ ။
မိမိကိုယ်ကိုနိမ့်ချပြီး ဆက်ဆံခဲ့တာကလည်း …
ကိုယ့်စိတ်အတိုင်း ဆုံးဖြတ်ခဲ့တာ ။
အရာရာဟာ ကိုယ့်စိတ်ရှိအတိုင်း နေခဲ့တာ ။
ကိုယ်ဆီက တစ်ခုခုပေးတာဟာ ကိုယ်ချစ်လို့ပေးတာ ..
မေတ္တာရှိလို့ပေးတာ ၊ ကြည်ဖြူလို့ ပေးခဲ့တာ ။
ကိုယ်စိတ်မကုန်ခင်ထိ စိတ်ရှိသလောက် စေတနာထားခဲ့တာ ။
အဆုံးသတ်မှာ လူ့စိတ်က ဘယ်လိုပြောင်းလဲမယ်ဆိုတာ
ကိုယ်မသိချင်ခဲ့ဘူး ။
အရာရာဟာ ဟန်ဆောင်ပြီး လူကောင်းလုပ်ခဲ့တာမှ မဟုတ်ပဲ ။
အဲဒီအတွက် Drama လည်း မခင်းဘူး ။
စိတ်ဆိုး ဒေါသလည်း မဖြစ်ဘူး ။
ဒါကိုတုံးအတယ်လို့လည်း မထင်စေချင်ဘူး ။
ကိုယ့်စိတ်ဟာ … ဒီအတိုင်းပဲမို့ … ။
သင်ယူခဲ့ဖူးတဲ့ အဆုံးမတွေဟာ လူကောင်းတစ်ဦးသာ ဖြစ်ချင်ခဲ့လို့ ။ ပြန်ရဖို့မျှော်လင့်တဲ့စိတ်နဲ့ စေတနာထားတတ်သူ မဟုတ်ခဲ့တာမို့ … ။
ကိုယ်ပေးနိုင်တဲ့ မေတ္တာနဲ့ နွေးအောင် နေထိုင်ခဲ့ပြီးသားပဲမို့ ။
ဒါပေမဲ့ ကိုယ်ယုံကြည်တာ တစ်ခုကလေ …
စိတ်ကောင်းထားတဲ့သူဟာ ဆိုးတဲ့ ဘဝမှာ ကြာကြာမနေရဘူး ။ မကောင်းတဲ့သူတွေဟာ သူ့အလိုလို ထွက်သွားလိမ့်မယ် ။ ကောင်းတဲ့ စိတ်စေတနာကံကလည်း အချိန်တန် အကျိုးပေးလိမ့်မယ် ။
ဒီကံကြမ္မာဟာ ကိုယ့်ဘဝရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ ။
Happy Ending ဆိုတာ မရှိတဲ့ လူ့ဘဝမှာ .. တစ်နေ့နေ့တော့
အကြောင်းပြချက်တစ်ခုခုနဲ့ သေချာပေါက်ခွဲကြရမှာပဲ ။
အဲဒီအခါ အမြဲသည်းခံခဲ့တဲ့ကိုယ် …
ကောင်းတာတွေချည်း ပေးချင်ခဲ့တဲ့ကိုယ် …
လုံလောက်တာထက်ပို စေတနာထားခဲ့တဲ့ကိုယ်က
ဝမ်းနည်းရတဲ့သူအဖြစ် ကျန်နေရစ်မှာမဟုတ်ဘူး ။
ဘာလို့ဆို ကိုယ်ဖြတ်သန်းခဲ့သမျှ နေ့တွေမှာ …
လူတွေနဲ့ ပတ်သက်ရင် နောင်တမရှိလို့ ။
လူတွေဟာ ခွဲရပြီး … မှတ်ဉာဏ်တွေသာ ကျန်ခဲ့မှာ ။
ကျန်ခဲ့တဲ့ မှတ်ဉာဏ်တွေမှာ … သတိရတိုင်း အပြစ်ရှိစိတ်တွေသာ ခံစားနေရမဲ့သူဟာ ကိုယ်မဟုတ်ဘူး ။
ပေါ့ပါးတဲ့ စိတ်အစဉ်နဲ့ အေးအေးလူလူ ရှေ့ဆက်သွားနေမဲ့သူဟာ ကိုယ်ပဲ ။
ဒါကြောင့် ကိုယ်ကြည်ကြည်ဖြူဖြူ ပေးလှူခဲ့တဲ့
စိတ်စေတနာ နှင့် မေတ္တာ အတွက် …
တန်ဖိုးထားမခံရလည်း … အသွားပြန် မရှိလည်း
ယနေ့ချိန်အထိ အကြွင်းမဲ့ နောင်တကင်းလျက်ပါပဲ ။
# k(3-5-26)
Crd
21/02/2026
"ကိုယ့်စိတ်ကို မလောင်စေချင်ရင်... မသိချင်
ယောင်ဆောင်တတ်ဖို့ သင်ယူပါ" ✨
အသက်ရှင်ရတဲ့နေ့ရက်တွေမှာ အရာရာကို "စုံထောက်" လုပ်နေဖို့ မလိုပါဘူး။ တကယ်တော့ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ "
သူ ဘယ်လောက်အထိ လွှတ်ချနိုင်သလဲ" ဆိုတာပေါ်မှာပဲ မူတည်နေတာပါ။
ဘယ်သူက ကိုယ့်ကွယ်ရာမှာ ဘာပြောသလဲ၊ ဘယ်သူက ကိုယ့်ကို ဟန်ဆောင်နေသလဲ... ဒါတွေကို သိအောင်လုပ်တာဟာ ကိုယ့်နှလုံးသားထဲကို အဆိပ်ရည်တွေ ကိုယ်တိုင်လောင်းထည့်နေသလိုပါပဲ။
တချို့အမှန်တရားတွေက ကိုယ့်ကို မတိုးတက်စေတဲ့အပြင် စိတ်ဓာတ်ပဲ ကျစေတာပါ။ အဲဒီလိုအရာတွေကို သိနေရင်တောင် "မသိချင်ယောင်ဆောင်" ပြီး အေးအေးဆေးဆေး ဖြတ်သန်းလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ကာကွယ်
လိုက်တာပါပဲ။
မသိလို့ ပြုံးနေတာ မဟုတ်ပါဘူး၊ အကုန်သိနေပေမယ့် ကိုယ့်ရဲ့ အေးချမ်းမှုကို အပျက်စီးမခံချင်လို့ မသိချင်ယောင်ဆောင်ပြီး ပြုံးနေတာပါ။
အဲဒီအပြုံးကမှ တကယ့်ကို အနှစ်သာရရှိတာပါ။
"လူတွေက သင်မသိဘူးလို့ ထင်ပြီး လှည့်စားနေတာကို သင်က အေးအေးဆေးဆေး ပြုံးကြည့်နေနိုင်တဲ့နေ့ဟာ... သင် စိတ်ပိုင်းဆိုင်ရာအရ အဆင့်အတန်းတစ်ခုကို ရောက်သွားတဲ့နေ့ပါပဲ။" 🕊️
မူရင်းရေးသားသူအား လေးစားပါတယ်🔯🔯🔯
ကိုယ်လည်းအတတ်နိုင်ဆုံးကြိုးစားသင်ယူနေပါတယ်
22/01/2026
TikTok · Paing Zaw Oo(ငါန်းဇွန်) 9296 likes, 231 comments. “ #စမ်းရေမိုး #အေးမြဖြူ ゚ ”
02/01/2026
"နှစ်ဟောင်းကို ကရုဏာနှင့် မုဒိတာဖြင့် ပြန်ကြည့်ပြီး
နှစ်သစ်ကို သတိနှင့် မေတ္တာဖြင့် ကြိုဆိုကြရအောင်"
နှစ်တစ်နှစ်ဆိုတာ လူတစ်ယောက်ရဲ့
ဘဝခရီးလမ်းပေါ်က အခန်းတစ်ခန်းပါပဲ။
အဲဒီအခန်းထဲမှာ အောင်မြင်မှုတွေ ရှိခဲ့သလို
နာကျင်မှုတွေ၊ အဆင်မပြေမှုတွေ၊ မျှော်လင့်ချက်
ပျက်ယွင်းမှုတွေလည်း ပါဝင်နေတတ်ပါတယ်။
ဘဝဆိုတာ “ဒုက္ခရှိတတ်သော အရာ” ဖြစ်တဲ့အတွက်
ဒုက္ခကို မငြင်းပယ်ဘဲ သတိနဲ့ ကြည့်မြင်နိုင်ခြင်းကသာ
အမှန်တကယ် လွတ်မြောက်ရာ လမ်းဖြစ်ပါတယ်။
✅ ကရုဏာမျက်လုံးနဲ့ နှစ်ဟောင်းကို ပြန်ကြည့်ပါ။
နှစ်ဟောင်းမှာ အဆင်မပြေခဲ့တဲ့ အချိန်တွေကို
ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်း၊ နောင်တရခြင်းနဲ့
မကြည့်ဘဲ ကရုဏာမျက်လုံးနဲ့ ပြန်ကြည့်ပါ။
ကရုဏာဆိုတာ တစ်ပါးသူကိုပဲ မဟုတ်ဘဲ
ကိုယ့်ကိုယ်ကိုပါ နားလည်ပေးနိုင်တဲ့ စိတ် ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ငါ အကောင်းဆုံး ကြိုးစားခဲ့တယ်။
မသိသေးတဲ့ အခြေအနေထဲမှာ
လူသားတစ်ယောက်အဖြစ် လွဲမှားခဲ့တာပဲ
ဆိုတဲ့ သဘောနဲ့ ကြည့်နိုင်လာတဲ့အခါ
စိတ်ဖိစီးမှုတွေ တဖြည်းဖြည်း လျော့ပါးလာပါတယ်။
✅ မုဒိတာမျက်လုံးနဲ့ ကောင်းခဲ့တာတွေကို ပြန်ကြည့်ပါ။
အဆင်ပြေခဲ့တဲ့ အချိန်တွေ၊ အောင်မြင်ခဲ့တဲ့
အခါတွေကိုလည်း ပေါ့ပေါ့ပါးပါး မဖြတ်သန်းလိုက်ဘဲ
မုဒိတာမျက်လုံးနဲ့ ပြန်ကြည့်ပါ။
မုဒိတာဆိုတာ ကောင်းခြင်းတွေကို
မြင်ပြီး ဝမ်းသာနိုင်တဲ့ စိတ်ပါ။
ကိုယ့်ရဲ့ ကြိုးစားမှုတွေ၊ ကိုယ့်ရဲ့ သင်ခန်းစာတွေကို
အသိအမှတ်ပြုနိုင်ခြင်းဟာ ကိုယ့်ကိုယ်ကို
တန်ဖိုးထားနိုင်လာစေပါတယ်။
ဒီလို မုဒိတာစိတ်နဲ့ ပြန်ကြည့်နိုင်လာတဲ့အခါ
အောင်မြင်မှုတွေအတွက် မာနမဖြစ်ဘဲ
ကျေးဇူးတရားအဖြစ် ပြောင်းလဲနိုင်လာပါတယ်။
✅ ကရုဏာနှင့် မုဒိတာက နှစ်သစ်အတွက်
အုတ်မြစ် တစ်ခုအဖြစ် တည်ဆောက်ပါ။
✅ မေတ္တာက နှစ်ဟောင်းနဲ့ နှစ်သစ်ကို
ဆက်သွယ်ပေးတဲ့ တံတားအဖြစ် တည်ဆောက်ပါ။
မေတ္တာက စိတ်ကို သန့်စင်ပေးပြီး
ဒုက္ခကို ပျော့ပြောင်းစေပါတယ်။
နှစ်ဟောင်းကို ကရုဏာနဲ့ သနားတတ်စိတ်ဖြင့်
သန့်စင်ပြီး မုဒိတာနဲ့ ဝမ်းမြောက်နိုင်စိတ်ဖြင့်
တည်ဆောက်လိုက်နိုင်တဲ့အခါ နှစ်သစ်ဟာ
စိတ်အေးချမ်းမှု၊ သတိပြည့်ဝမှုနဲ့
ပိုပြီး သာယာလာပါတယ်။
✅ နှစ်ဟောင်းကို ကရုဏာနှင့် မုဒိတာဖြင့် ပိတ်ပြီး
2026 နှစ်သစ်ကို သတိနှင့် မေတ္တာဖြင့် ဖွင့်နိုင်ကြပါစေ💓💓💓💓💓💓💓
credit # # zwel khant(2-1-
2026) ပြာသိုလပြည့်နေ့
01/12/2025
..!
ဒီဇင်ဘာ နံနက်ခင်းလေးပါ...။😶🌫️
#နှစ်တစ်နှစ်ရဲ့နောက်ဆုံးလလေးမှာ...
သူတစ်ပါးပေါ် မေတ္တာထားခြင်းဖြင့်
ကိုယ့်အပေါ် မေတ္တာရှိသူနှင့်သာတွေ့ပါစေ။
#သူတစ်ပါးပေါ်ရိုးသားခြင်းဖြင့်...
ကိုယ့်အပေါ် ရိုးသားသူနှင့်သာတွေ့ပါစေ။
#သူတစ်ပါးပေါ်ယုံကြည်ခြင်းဖြင့်...
ကိုယ့်ပေါ် ယုံကြည်သူနှင့်သာတွေ့ပါစေ။
#သူတစ်ပါးပေါ်ကတိတည်ခြင်းဖြင့်...
ကိုယ့်အပေါ် ကတိတည်သူနှင့်သာတွေ့ပါစေ။
#သူတစ်ပါးပေါ်စေတနာထားကူညီခြင်းဖြင့်...
ကိုယ့်အပေါ် စေတနာဖြင့်ကူညီမယ့်သူတွေ့ပါစေ။
#ရှေ့လျှောက်ရမယ့်အနာဂတ်ခရီးလမ်း...
သာယာဖြောင့်ဖြူးပါစေ...❣❣❣❣❣❣❣December 🚶🏃♀️🏃လမ်းလျှောက်ထွက်ရင်းအမှတ်တရ⚛(1-12-2025)
ကျောက်ဖရုံသီးကြိတ်ရည်အစွမ်း အားဆေးတောင်မလိုဘူးနော် ဖတ်ချိန်၃၀စက္ကန့်
________________________
ကျောက်ဖရုံသီးကြိတ်ရည်ကို တနေ့ ဖန်ခွက် ၁ ခွက်
(350 ml )သောက်ပေးခြင်းအားဖြင့်
*အသက် ၅၁ နှစ် အရွယ် အမျိုးသမီး
ဆီးချိုရှိပါတယ် ကျောက်ကပ်မှာ ကျောက်တည်ပါတယ်၊ အချိန်တန် အဖျားတက်ပြီး ဗိုက်ထဲအောင့်ပြိးနာနေတယ်ပါတယ်ထိုအမျိုးသမီးက
ပြိးခဲ့တဲ့ ၃ လ ကျော်လောက်က ဝေဒနာပျောက်ရန်
မန္တလေး အထူးကုဆေ:ရုံမှာ သွားရောက်ကုသခဲ့ပါတယ်
အထူးကု သမားတော် အစုံပါပဲ
၂ ကြိမ် ပြစရိတ် ၁၅ သိန်း ကုန်သွားပါတယ်
အချိန်တန်ရင်
ဗိုက်နာလာပြန်ပြိ/အဖျားတက်ပြိ
ဒီလိုနဲ့ လွန်ခဲ့တဲ့ ၁ လ ကျော်က
ကျောက်ဖရုံသီးကြိတ်ရည် ၁ ဘူး( 350ml)နေ့တိုင်း
ကုသိုလ်ပြု ကြိတ်ပေး ပြိး သောက်စေခဲ့ရာ
၁ ရက် /၂ ရက်နဲ့ အဆင်ပြေတယ်ဗျာ
ဗိုက်မနာတော့ဘူး အဖျားမတက်တော့ဘူး
ယနေ့အထိပါဘဲ၊ ကျောက်ဖရုံသီးကြိတ်ရည်ဆက်သောက်နေဆဲပါပဲ
ကျောက်ကပ်မှာရှိနေတဲ့ ကျောက်ပါကျေသွားခဲ့ပါတယ်
(အစာသည်လည်းဆေ: ၊ ဆေ:သည်လည်းအစာ)
*အသက် ၇၀ နှစ်အရွယ် အမျိုးသားကတော့
ကျောက်ဖရုံသီးကြိတ်ရည်နဲ့ အရွက်စိမ်းကြိတ်ရည်
ကြောင့် သဲခြေကျောက်၊ ကျောက်ကပ်ကျောက်
ခွဲစရာမလို ပျောက်သွားပါတယ်
*ကျနော် ၅၅ နှစ် ကျောက်ဖရုံကြိတ်ရည်
မသောက်ခင်က ညတိုင်း ဆိး ၂/၃ကြိမ် ထသွားရပါတယ် ၊
ကျောက်ဖရုံကြိတ်ရည် သောက်ရတဲ့အကြောင်းရင်းကတော့ ကွမ်းအကြိုက် ကွမ်းစားတဲ့ကျနော်
ကျောက်ကပ်မှာ ကျောက်တည်မှာ ကြောက်လို့ပါပဲ၊
ကျောက်ဖရုံကြိတ်ရည်သောက်ပြိး ၁ လကျော် မှာ
ည ဆိးထမသွားရတော့ပါ
ကျနော်လို ဖြစ်သူ ၂ ဦးရှိတယ်။
လွန်ခဲ့တဲ့ ၅ ရက်က
*အသက် ၄၃ နှစ် အမျိုးသမိး ဆိး ခဏ ခဏ သွားချင်တယ်၊ ဆီး သွားပြန်တော့လည်း နည်းတယ်
ဆိးသွားပြိး မကြာဘူးထပ်သွားချင်တယ်
ဒါနဲ့ ကျောက်ဖရုံသီးကြိုက်ရည် စမ်းသောက်ကြည့်တာ
၂ ရက်နဲ့ ဆိးပုံမှန်ဖြစ်သွားပြိ ပြောပြလာပါတယ်
ကျောက်ဖရုံသီးကြိတ်ရည် ဆက်သောက်နေပါတယ်
*အော်ဒါနဲ့ ထပ်ပြောလိုက်ဦးမယ်
ချွေးထွက်အနံ့ ပြင်းတဲ့သူ ကျောက်ဖရုံကြိတ်ရည်
သောက်သင့်တယ်နော်
ကျောက်ဖရုံသီးက အပုတ်အညစ်အကြေးတွေ
စုတ်ယူတယ်ဆိုတဲ့ ဂုဏ်သတ္တိ ရှိပါတယ်
ကွမ်းကြိုက် ကွမ်းမစားရ မနေနိုင်သူတွေ
ကျောက်ဖရုံသီးကြိတ်ရည်က
သဲခြေကျောက်/ကျောက်ကပ်ကျောက် ကြေတယ်
ဆိုမှတော့ ကျောက်ဖရုံသီးကြိတ်ရည်ကို
ဘဝလက်တွဲဖေါ် အဖြစ် တွယ်ဖက်သင့်ပါကြောင်း
အကြံပြု မျှဝေလိုက်ပါသည် ခင်ဗျား။
ကျနော်နှင့်အတူ ကျောက်ဖရုံသိးကြိတ်ရည်
အတူသောက် နေတာ ၁၁ယောက်ပါပဲ
၁၀ ယောက်မှာ ၆ ယောက်ကရောဂါကုသမှုအဖြစ်သောက်ကြပါတယ် ကျန် ၅ ယောက်က. ကာကွယ်လိုသူတွေအဖြစ်
သောက်ကြပါတယ် အရမ်းတန်ဖိုးရှိတဲ့စာပါနော်
#တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Myaungmya
