Khine's Collections

Khine's Collections

Share

korea skincare & cosmeticsများကိုပစ္စည်းမှန်ဈေးနှုန်းမှန်ကန်စွာရောင်းချပေးပါသည်

27/12/2021

Skin care အသားကုန်လုပ်တယ်ပြောပြီး sunscreen မလိမ်းဘူးလို့ပြောရင် စိတ်ဆိုးပါမယ် 😒

တော်တော်များများက sunscreen ကို skin cancer မဖြစ်အောင်ကာကွယ်ဖို့လောက်ပဲထင်ကြတာ တကယ်တော့အဲ့ထက်ပိုပြီးကျယ်ပြန့်ပါတယ်ရှင့်

နေရောင်ခြည်မှာ rays နှစ်မျိုးရှိပါတယ် UVA rays နဲ့ UVB rays ဆိုပြီးရှိပါတယ် UVB rays ကတော့ မှန်တွေကနေဖောက်ထွက်နိုင်ပါတယ် skin cancer တို့ sunburn ဖြစ်စေနိုင်ပါတယ် UVA rays ကတော့ blemish တွေဖြစ်မယ် အရေးအကြောင်းတွေပိုဖြစ်မယ် ဝက်ခြံအမာရွတ်တွေပါပိုဆိုးလာနိုင်တယ်

🥺ဝက်ခြံသမားတွေ sunscreen သုံးသင့်လား

ပိုသုံးသင့်ပါတယ်နော် ကိုယ်ကဝက်ခြံပျောက်အောင် AHA BHA တွေအစရှိတဲ့ active ingredient တွေသုံးတဲ့အခါ skin ရဲ့ sensitivity ပိုမြင့်လာတဲ့အတွက် sunscreen မလိမ်းရင် acne တွေကအခြေအနေပိုဆိုးလာနိုင်ပါတယ်

💕Sunscreen မှာပါတဲ့ SPF ဆိုတာ UVB cover ကိုဆိုလိုတာဖြစ်ပြီး PA ဆိုတာ UVA protection level ကို ပြောတာပါ PA +များလေ higher protection ဖြစ်လေပါပဲ

🥺Sunscreen အမျိုးအစား 2 မျိုးရှိပါတယ်
Physical နဲ့ chemical ဆိုပြီး

❤️Physical sunscreen က skin ပေါ်မှာတင်ပြီး လာသမျှ rays တွေကို block လုပ်ပေးတယ် လိမ်းလိုက်တာနဲ့ ချက်ချင်း respond လုပ်ပြီး cover ပေးတယ် blend ရခက်တယ် (eg Dr.G sunscreen)

❤️Chemical suncscreen ကစိမ့်ဝင်လွယ်တယ် ဒါပေမယ့် skin ထဲရောက်ပြီးမှ ကျလာတဲ့ UV rays တွေကို skin မပျက်စီးစေတဲ့ အပူအဖြစ်ပြောင်းလဲပေးတယ် (eg espoir sunscreen)

❤️Sunscreen ကို အပြင်မထွက်ခင် min 30 လောက်ကြိုလိမ်းမှ အပြင်ထွက်ရင် fully cover ဖြစ်မှာပါရှင့်

❤️Reapply ကလည်းအရေးကြီးပါတယ်နော် every 2 hour လို့ပြောထားပေမယ့် ခင်ကအပြင်မထွက်ခါနီးမှ reapply ပြန်လုပ်ပါတယ် လုံးဝမလိမ်းတာထက်စာရင်တော့ ကိုယ်လိုမယ်ထင်သလောက်သာလုပ်ပါ

❤️Sunscreen လိမ်းပြီးရင် double cleansing သေချာလုပ်ဖို့တိုက်တွန်းပါတယ်နော်😘

22/12/2021

ကဲ suncreamလေးတွေ ဘာလို့လိမ်းသင့်လဲသိပြီနော်😊😘

❗️Sunscreen အကြောင်း❗️
Sunscreen လိမ်းပါလိမ်းပါဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူးနော်

လူတိုင်းက Glow Skinလေးလိုချင်ကြတယ် အမဲစက်ကင်းစင် Glow Glass Skinလေးလိုချင်ကြတယ်မလား အဲ့တာဆိုSunscreen ကိုသေချာပေါက်လိမ်းကိုလိမ်းရမယ် Sunscreen မလိမ်းရင်ဘာဖြစ်နိုင်လဲဆိုတော့
-အရေးကြောင်း(Aging) ဖြစ်တာလွယ်မယ်
-အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ပြီးအသားတွေတွဲကျလာမယ်
-အသက်အရွယ်ရလာတဲ့အခါမှာတင်းတိတ် ၊ မှဲ့ခြောက်တွေဖြစ်ခြင်း
-အသားအရည်အရောင်မညီပဲ တစ်ခုခုလိုအပ်နေခြင်း
-တစ်ခုခုကြောင့်ကျန်ခဲ့တဲ့အမာရွတ်ပျောက်ဖို့အချိန်ကြာခြင်း
-နေလောင်ခံရခြင်း တို့ဖြစ်နိုင်ပါတယ်

Sunscreen လိမ်းတယ်ဆိုတာ နေရောင်ခြည်ကထုတ်လွှတ်လိုက်တဲ့ UV Raysတွေကို ကာကွယ်တာပါ နေရောင်ခြည်က ဖြာထွက်လာတဲ့ အလင်းတန်းတွေကို UltraViolet Radiation(UV Rays) လို့ခေါ်ပြီးUV rays မှာမှ UVA rays နဲ့ UVB rays ဆိုပြီး အမျိုးအစားထပ်ကွဲသွားပါတယ် Sunscreen မလိမ်းဘူးဆိုရင် UVA rays ကြောင့် အရေးကြောင်းဖြစ်တာ အသားရည်လျော့တွဲတာတွေဖြစ်ပေါ်လာနိုင်ပြီး UVB raysကြောင့်နေလောင်ပြီး အသားကရဲတက်လာနိုင်ပါတယ် နောက်ပြီး အသက်ရွယ်ရလာတဲ့အခါမှာ အမဲစက် တင်းတိတ်တွေဖြစ်လာ နိုင်ပါတယ်

📌 Sunscreen ဘယ်နှစ်မျိုးရှိတာလဲ?
Sunscreen (2) မျိူးရှိပါတယ် Physical Sunscreen နဲ့ Chemical Sunscreen ပါ Physical Sunscreen က အရေပြားအပေါ်ယံကနေ အလွှာတစ်ခုအနေနဲ့ကာကွယ်ပေးပြီး Chemical Sunscreen က UV နေရောင်ခြည်ကို absorb လုပ်ပြီး အပူပြောင်းပြီးကာကွယ်ပေးပါတယ်

Zinc Oxide ,Titanium dioxide တို့က Physical Sunscreen ရဲ့ ingredients တွေဖြစ်ပြီး များသောအားဖြင့် Skin typesတော်တော်များများနဲ့တည့်ကြပါတယ် Chemical Sunscreen က Lightweight ဖြစ်တဲ့အတွက်ကြောင့် blendရတာ ပိုလွယ်ကူပြီး Physical Sunscreen ကကြတော့ များသောအားဖြင့် White Cast တွေကျန်နေတာ ဖြစ်တတ်ပါတယ်(အခုနောက်ပိုင်း Sunscreen တွေကတော့ သိပ်မတွေ့ရတော့ပါဘူး)

📌 Chemical Sunscreen ကိုဘယ်လိုသူတွေသုံးသင့်လဲ?
-အားကစားလုပ်တဲ့သူ, ရေကူးတဲ့သူ တို့ဆို ပိုပြီးသင့်တော်ပါတယ် Chemical က Physical Sunscreen ထက်ပိုပြီး ချွေးစို၊ရေစိုခံတဲ့အတွက်ကြောင့်ပါ နောက်ပြီး Sun spray လည်းသုံးလို့ရပါတယ်

📌SPF (Sun Protection Factor)

Sunscreen မှာ SPF သည်လည်းအရေးကြီးတဲ့ထဲကတစ်ခုပါ SPF များလေ ပိုပြီးကာကွယ်နိုင်လေပါပဲ မိမိက အပြင်မထွက်ဘူး Work from home ပဲဆိုရင် SPF 30 လောက်ကလုံလောက်ပါပြီ ဒါမှမဟုတ်ပဲ အပြင်ခနခန ထွက်ရမယ်ဆိုရင် SPF 50 PA++++ ကိုလိမ်းပါ UVB Rays တွေက အရေပြားအပေါ်ယံလွှာကို ထိုးဖောက်ပြီးအသားရည်ထိခိုက်စေနိုင်ပါတယ်။UVB rays တွေကို ကာကွယ်နိုင်တာ SPFပါ UVA raysတွေက အရေပြားရဲ့ အနက်ဆုံးလွှာကို ထိုးဖောက်နိုင်တဲ့အတွက်ကြောင့် အရေးကြောင်းတွေဖြစ်နိုင်ပြီး အရေပြားကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။၄င်းကို ကာကွယ်နိုင်တာ PAပါ အဲ့တော့ အလွယ်နည်းနဲ့မှတ်ရမယ်ဆိုရင် 🔹A = Aging , 🔸B = Burning

📌Sunscreen ကိုဘယ်အဆင့်မှာလိမ်းရမလဲ? Moisturiser မလိမ်းပဲနဲ့ကောလိမ်းလို့ရလား?

Sunscreen ကို Skincare step တွေရဲ့နောက်ဆုံးမှာထားပြီးလိမ်းရပါမယ် အဲ့အပေါ်မှာမှ Cc cream , BB Cream , Foundation တို့ကိုလိမ်းရမှာပါ ။ Moisture မလိမ်းပဲ Sunscreen လိမ်းလို့ရပါတယ်နော် ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ လုံလောက်တဲ့ အစိုဓာတ်ကိုတော့ ရမှာမဟုတ်ပါဘူး (Dry Skinတွေက လိမ်းကိုလိမ်းပါ) Sunscreen က 2နှာရီခြားတစ်ခါလိမ်းရမှာပါ

📌Sunscreen က နွေရာသီပဲလိမ်းရမှာလား?
Noနော် No! နေပူပူ မိုးရွာရွာ အမြဲလိမ်းရမှာပါ မှန်ကနေ အလင်းပြန်တဲ့ အလင်းတန်းမှာလည်း UV raysတွေရှိပါတယ်

🔸 အသားဖြူတဲ့သူက အသားညိုတဲ့သူတွေထက် Melanin ထုတ်နှုန်းနည်းလို့ နေလောင်ဒဏ်ခံရဖို့ ပိုလွယ်ပါတယ် Sunscreen မလိမ်းတာ ငယ်တုန်းရွယ်တုန်းမှာချက်ချင်းကြီး မသိသာပေမဲ့ လိမ်းတဲ့သူနဲ့ မလိမ်းတဲ့သူက အသက်ကြီးလာရင် ကွာခြားချက်ကိုတွေ့ရမှာပါ

အားလုံးပဲ Be safe & strong ပါ 💛
နောက်နေ့မှာ Sunscreenတွေရဲ့ Reviews တွေနဲ့အတူပြန်လာခဲ့ပါမယ်

ြောင်း

-Han’s Details

Photos from It's me Thiri's post 22/12/2021

သဲတို့ skin toneလေးကို ခွဲတတ်ဖို့ shareပေးလိုက်ပြီနော်😘

22/12/2021

၁၆နှစ်မလေးတွေဖတ်ဖို့ 🙈💓

ဆယ်ကျော်သက်လေးတွေ အများစုကြုံရတဲ့ skin problems တွေအတွက် သတိထားသင့်တဲ့ general knowledge တွေသေချာရေးပေးထားတာမို့ အဆုံးထိမဖတ်မိရင် နောင်တရပါလိမ့်မယ်နော် 🌝

အသက် 13-18ကြား အရွယ်လေးတွေဆိုတာ အသစ်အသစ်တွေကို လက်တည့်စမ်းရတာသဘောကျတဲ့ အရွယ်မို့ များများသိထားလေ ရွေးချယ်မှုမှန်ကန်လေ ဖြစ်မှာပါ ခုပြောမယ့် skincare tipsက ဆယ်ကျော်သက်တွေတင်မဟုတ်ပဲ လူတိုင်းအတွက် basis အနေနဲ့သိထားသင့်ပါတယ်

Baby skin is 20-30% thinner than grown-up’s skin!
Skincare မသုံးဖူးသေးတဲ့ skin, တစ်နည်းအားဖြင့် virgin skin လေးတွေက baby skinလေးတွေပါပဲ
သူတို့ skinတွေက သာမန်ထက်ပိုပါးပြီး နူးညံ့တာကြောင့် harmful chemical တွေသုံးမိရင် irritation ဖြစ်စေနိုင်ပါတယ်

💡Baby Skin Safety Tips
🔺Get to know your skin type _ airကို ဘာသုံးရမလဲလို့လာမေးတိုင်း skin typeနဲ့ မတည့်တဲ့ingredients တွေရှိလားလို့ အမြဲမေးပါတယ်
အချို့က skin typeတောင် သေချာမပြောနိုင်ပါဘူး
အရင်ဆုံး “ဘယ်လို conditionsတွေဆို irritateဖြစ်တတ်လဲ? ဘယ်အရာတွေနဲ့allergyရှိလဲဲ?”စသဖြင့် ကိုယ့် skinအကြောင်း ကောင်းကောင်းနားလည်အောင်လုပ်ပါ

🔺Use a gentle cleanser _ facial foam အပြင်းစားကြီးတွေသုံးခြင်းက သင့်skinကို ပိုမကောင်းလာစေပါဘူး oil glandsတွေရဲ့သဘောက dry outဖြစ်လေ ပိုပြီးအဆီထုတ်လေမို့ deep foaming cleanser တွေရဲ့နောက်ဆက်တွဲက အဆီပိုပြန်ပြီး skin pH levelကို unstable ဖြစ်စေပါတယ်

🔺Do exfoliate once a week _ AHAs or SA နဲ့ mild exfoliating လုပ်ပေးလို့ရပါတယ် Facial scrubs တွေကိုတော့ လုံးဝ(လုံးဝ)မသုံးစေချင်ပါဘူး scrubbing ဒဏ်ကို body skinတွေတောင် မခံနိုင်ပဲ bruisesလေးတွေဖြစ်တတ်သေးတာ Face skinက ဘယ်လိုမှခံနိုင်စရာမရှိပါဘူး ၁ခါ၂ခါနဲ့မသိသာပေမယ့် အကြိမ်အရေအတွက်များလာတဲ့အခါ infection ဝင်ပြီး breakouts တွေဖြစ်နိုင်ပါတယ် Exfoliation တစ်ပတ်၁ကြိမ်ထက်ပိုလုပ်ရင် sebum production ကို stimulateလုပ်မိပြီး အဆီပိုပြန်ပြီး skin typeပြောင်းတဲ့ထိဖြစ်နိုင်ပါတယ်

🔺Choosing moisturizer _ Oily, acne prone, breakouts skin တွေအနေနဲ့ gel-based moisturizer တွေကိုရွေးချယ်သင့်ပါတယ် Combination,sensitive,dehydrated oily skinတွေက gel cream moisturizer၊ dry,dull skin တွေက cream based moisturizer တွေကို သုံးပေးပါ
Climate changes ကိုလိုက်ပြီးလည်း adjustလုပ်နိုင်ရပါမယ်

🔺Chemical peeling _ 13/14လေးတွေက peeling အတွက် ဘာသုံးရမလဲလာမေးကြတော့ 20+မိမိမှာ ကြောင်အအ🤧 chemical peeling အကြောင်းကတော်တော်လေးကျယ်ပြန့်တော့ နောက်မှသီးသန့် သေချာရေးပေးပါမယ်!
Chemical peeling က aging skinတွေအတွက်ဆို wrinkles & freckles, deep acne scars, hyperpigmentation, uneven skin tone အတွေအတွက် target ထားပြီးသုံးပေးရတဲ့ treatment မျိုးပါ
Dark/red spots လေးတွေသက်သာပြီး အသားညီချင်တာလောက်နဲ့တော့ သုံးဖို့မလိုအပ်ပါဘူးနော်
Upper layer removing processမို့ scrub လောက်နီးနီး riskယူရပါတယ် အသားအရေပါးတဲ့သူတွေဆို ပိုလို့တောင်မလုပ်သင့်ပါဘူး

🔺Common acne _ ဆယ်ကျော်သက်အရွယ်မှာ လူပျို/အပျိုဖော်စဝင်တာကြောင့် hormones changes တွေဖြစ်လေ့ရှိပါတယ် အဲ့ကနေမှ oil glands တွေ active ဖြစ်အောင်လှုံ့ဆော်ပေးလို့ အဆီပြန်တာမျိုးတွေဖြစ်ပါတယ် oil+bacteria+dead cells ၃မျိုးပေါင်းပြီး ဝက်ခြံတွေဖြစ်လာတာပါ
အဲ့တာတွေသက်သာအောင် ဘယ်လိုလုပ်ကြမလဲ?
Non-comedogenic ဖြစ်တဲ့ skincare တွေပဲသုံးပေးပါ Salicylic acid & benzoyl peroxide က bacteriaနဲ့ dead cellsတွေကိုဖယ်ရှားပေးလို့ facial wash အနေနဲ့လည်းသုံးနိုင်ပါတယ် Adapalene gel က unclogged pores နဲ့ future breakouts တွေကိုကာကွယ်ပေးလို့ topical treatment အနေနဲ့သုံးလို့ရပါတယ်
OTC Anti-acne creams တွေကိုလည်း နားလည်တတ်ကျွမ်းတဲ့သူတွေကိုတိုင်ပင်ပြီး သုံးလို့ရပါတယ်
မသက်သာပဲ ပိုဆိုးလာနေတယ်ထင်ရင် dermatologist နဲ့ပြဖို့လုပ်ပါ (ရမ်းကုပြီးမှ ဆရာဝန်ဆီပြေးခိုင်းတာမဟုတ်ဘူးနော် OTC productsတွေဆိုတာ safeဖြစ်တာတွေပဲများပါတယ် သူ့ကြောင့်ပိုဆိုးလာတယ်ဆိုတာ rare caseပါ)

🔺Use suncream daily _ ပြောပါများလို့ နားမဝင်တော့သလိုပဲ 🤧 Suncream လိမ်းပါလို့ ဘလော့ဂါတိုင်းပြောတယ် ဒါမဲ့လိမ်းဘူးဗျ🤣 ဘယ်လိုပြောပြောကိုမလိမ်းတာ 🙁
Sunburn ဖြစ်တာကလေ ဟောဒိုင်းဆိုပြီး ခံရတာမဟုတ်ဘူး နည်းနည်းချင်းနဲ့ စုသွားပြီး ပြန်ကုရလည်းအင်မတန်ခက်တယ် acne scars ကိုမှ အမဲစက်ကြီးတွေကျန်ခဲ့တယ်ဆိုတာလည်း sun protection မလုပ်ခဲ့တာကြောင့် အများကြီးပါတယ်
မျက်နှာတစ်ရောင် လည်ပင်းတစ်ရောင်ဖြစ်နေတဲ့သူတွေဆို ပိုသိသာမယ်ထင်တယ် 🌝 မနက်၊နေ့လည်ဘက်တွေမှာ မျက်နှာရော လည်ပင်းကိုပါ Suncream သုံးပေးပါ with 2 fingers method ✌🏻

🔺Wash your hand first _ မျက်နှာကိုမကိုင်ခင် ကိုယ့်လက်သန့်ရဲ့လား အရင်သတိထားပါ
လက်ဆိုတာက ဟိုကိုင်ဒီကိုင် ဟိုလုပ်ဒီလုပ်မို့ အမြဲညစ်ပတ်နေတတ်လို့ မျက်နှာကိုခဏတိုင်းထိကိုင်တာမျိုး မလုပ်မိပါစေနဲ့ pimplesတွေရှိနေရင် ပိုသတိထားရမယ် အဖုဆိုလက်နဲ့စမ်းကြည့်လိုက်ရမှဆိုတဲ့သူတွေ😂

🔺Use micellar water _ makeup လိမ်းတဲ့နေ့တွေ ၊သနပ်ခါးအထူကြီးတွေလိမ်းမိပြီး ဖျက်ရခက်တာမျိုးတွေမှာ micellar water /cleansing oil or balm သုံးပေးပါ Double cleansing လုပ်တဲ့အခါ technique မှန်မှန်လုပ်ပေးနော် မဟုတ်ရင်အဆီတွေကျန်ခဲ့ပြီး အဆီဖုဖြစ်နိုင်ပါတယ် ညဖက်အိပ်ယာမဝင်ခင် မျက်နှာသစ်အိပ်ဖို့မပျင်းပါနဲ့နော် ⚠️

🔺Apply Thanaka _ မြန်မာသနပ်ခါးကလေ harmful effects မရှိတဲ့ natural suncream ပါ
သနပ်ခါးလိမ်းရင် ချွေးပေါက်ပိတ်တယ်တို့ဘာတို့က သေချာ cleansing ပြန်မလုပ်ပေးလို့ပါ
သနပ်ခါးမှမဟုတ်ဘူး cleansing မနိုင်ရင် အဆီဖုပေါက်မှာပဲနော် (သနပ်ခါးနဲ့မတည့်တဲ့သူတွေလည်းရှိပါတယ်) အရင်ကဆိုကောက်စိုက်သမတွေက သနပ်ခါးကိုနေကာဖို့အတွက်လိမ်းကြတဲ့ ဥပမာတွေတောင်ရှိပါသေးတယ် အဲ့တော့သနပ်ခါးလိမ်းလို့ရပါတယ် လိမ်းပါ စျေးသက်သာပြီး skin careလို့ရမယ့်နည်းပါပဲ

🔺Lifestyle _ Skin’s health depends on body’s overall health. ကျန်းမာရေးမကောင်းတဲ့လူတစ်ယောက်မှာ အသားအရေလည်းကောင်းစရာအကြောင်းမရှိပါဘူး Healthy diet ဖြစ်အောင် အသီးအရွက်ရော အသားရော မျှတအောင်စားပါ မချစ်ပေမယ့် အောင့်ကာနမ်းဆိုသလိုပေါ့ 🤧 Greasy food & sugary items တွေကလည်း skin ကို direct attack မလုပ်ပေမယ့် မစားတဲ့သူနဲ့စားတဲ့သူယှဉ်လာရင် fast food ရှောင်တဲ့သူတွေကပိုသာပါတယ်
Exercises ပုံမှန်လုပ်တာတွေ၊ တရားထိုင်၊yogaကျင့်တာတွေကလည်း mental health ကိုမြှင့်တင်ပေးလို့ stress နည်းပြီး အသားအရေကိုပါကျန်းမာစေပါတယ်
ညဖက်တွေစောစောအိပ်ပါ skin rejuvenation timeက ပျှမ်းမျှအားဖြင့် 11pmနောက်ပိုင်းမှာ စပြီးဖြစ်ပေါ်တာမို့ အဲ့အချိန်အမှီအိပ်တဲ့သူတွေက healthy skin ပိုရနိုင်ပါတယ် airကိုယ်တွေ့ပါ ညဖက်စောအိပ်ပြီးနောက်မနက်တွေမှာ breakoutsတွေပိုသက်သာပါတယ် နောက်ကျမှအိပ်တဲ့နေ့တွေဆိုပိုဆိုးလာတတ်တယ်

🔺Skincare tips_ Skincare is a process & journey. ခုသုံးခုလှသွားရအောင် နတ်ဆေးလည်းမဟုတ်ပါဘူး 🥲တစ်ယောက်နဲ့တစ်ယောက် resultပြတဲ့အချိန်လည်း မတူပါဘူး စိတ်ရှည်ပါ ကိုယ့်skinနဲ့ကိုက်တဲ့ productsမျိုးတွေ့ရင်လည်း အဲ့တာကိုဆက်သုံးပါ Skincare trends တွေနောက်လိုက်ရင်း ဘဝပျက်တဲ့သူမြင်ဖူးချင်ရင် airကိုသတိရလိုက်ပါ ☺️
Skincare routine အမြဲပြောင်းနေတဲ့သူတွေမှာ irritation ပိုအဖြစ်များတာတွေ့ရပါတယ်!

🔺Suitable skincares & ways_ dermatologist tested ဖြစ်တဲ့skincareတွေကို အသားပေးရွေးချယ်ပါ ကိုယ်ကိုယ့်ကိုယ် sensitiveလို့ထင်ရင် sulfate,parabens,fragrance,alcohol,mineral oil ,harmful chemicals freeဖြစ်တာတွေ၊fungal safe,vegan,non-comedogenic စတာတွေ checkလုပ်ပြီးမှ ဝယ်ပါ ingredients listကိုလည်း ပစ္စည်းမဝယ်ခင်စစ်တတ်တဲ့အကျင့်လုပ်ပါ နောက်ဆို”ဘာပါမှ ဝယ်သင့်တယ် ဘာပါရင် မသုံးသင့်ဘူး” ကိုယ်တိုင်သိလာပါလိမ့်မယ်
Skincare သုံးတဲ့အခါ basic wayက thinner consistency ကစပြီးလိမ်းရပါတယ်
အဲ့ဒါကိုမှ ကိုယ်သုံးတဲ့ပစ္စည်းအပေါ်မူတည်ပြီး customized ပြန်လုပ်လို့ရပါတယ်
Moisture lossမဖြစ်အောင် moisturizer sandwich လုပ်ပြီးသုံးလို့ရပါတယ် မျက်နှာလိမ်းတဲ့အခါ comfort zoneမှာနေရသလို နူးနူးညံ့ညံ့applyလုပ်ပါ
First layer မခြောက်ခင် နောက်layerထပ်မတင်ပါနဲ့ fully absorbed ဖြစ်အောင် Sec 30 or 1minလောက်ခြားပြီး အသုံးပြုပါ

🔺Patch test_ ကိုယ်တိုင်တောင်သိပ်မလုပ်ဖြစ်လို့ ရေးရတာတောင်နည်းနည်းမျက်နှာပူပါတယ် 🤐
Skincare အသစ်တစ်ခုမစမ်းခင် jawline ပေါ်မှာ patch testလုပ်ပြီးမှ သုံးတာက တကယ်safeဖြစ်တဲ့နည်းပါ မတည့်တာတွေ product မှားသုံးတာတွေကိုကာကွယ်နိုင်မယ့်နည်းလမ်းကောင်းပါ ဒါပေမယ့် အသစ်ဆိုတာနဲ့ တန်းသုံးချင်တဲ့ airလိုရှပ်ပြာတွေအတွက် လူတိုင်းနဲ့မတည့်နိုင်တဲ့,chemical များတဲ့ productsတွေလောက်ကိုတော့ testအရင်လုပ်ပေးပေါ့ 😮‍💨

🔺Collagen _ 15/16လေးတွေက မမဘာcollagen ကောင်းလဲမေးရင် မိအဲမဖြေတတ်ပါ🤣
20ကျော်နေပေမယ့် ကိုယ့်ဟာကိုယ် ကလေးလေးလို့မြင်နေတာလဲပါတာပေါ့ ☺️
အမှန်ဆို ခန္ဓာကိုယ်က သူ့ဘာသာcollagen ထုတ်ပါတယ် ဆယ်ကျော်သက်ဆိုတာ ခုမှပွင့်ဆဲပန်းလေးတွေပါ သူ့အလိုလိုအရွယ်တင်နုပျိုနေတာ ဘာcollagenမှမလိုသေးဘူးရယ် acne ပျောက်ချင်တာတို့,အသားပိုကြည်ချင်တာတို့ဆိုရင် သစ်သီးဖျော်ရယ်များများသောက်ပါ fiber supplements တွေ omega 3တွေသောက်လို့ရပါတယ် ခုတည်းကcollagen သောက်နေရင် တကယ်သောက်ရမယ့် အရွယ်ကျ တော်ရုံလောက်ဆို ဆေးမတိုးတော့ဘူးဖြစ်တတ်ပါတယ်

စာလဲအတော်ရှည်သွားပြီမို့ ဒီညတော့ဒီလောက်ပါပဲ
Air ရေးတဲ့sharingတွေကြောင့် တစ်စုံတစ်ရာအကူအညီဖြစ်သွားရင် လက်ညောင်းရကျိုးနပ်ပါပြီရှင်💓
See you guys …
Youth with air ✨

Photos from Get Along With Phway's post 22/12/2021
Photos from Re-Han’s Details's post 22/12/2021
22/12/2021

တွဲဖက်မသုံးသင့်သော 𝙨𝙠𝙞𝙣𝙘𝙖𝙧𝙚 ပါဝင်ပစ္စည်းများ

၁။ 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾 + 𝘼𝙃𝘼/𝘽𝘼𝙃

Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(glycolic, salicylic,lactic acid..စသည်) ကလည်း အက်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ...အတူတူသုံးမိတဲ့အခါ ကိုယ်ရဲ့ပင်ကိုယ်ပသားအရေ က PH levelတွေကို မတည်မငြိမ်ဖြစ်စေတဲ့အတွက်အချိန်ကြာလာတဲ့အခါ break out တွေအသားအရေပါးလာတာတွေနဲ့...skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့

Vitamin C က အေရကြောင်းတွေကိုသက်သာစေတယ် အသားအေရကို ကြည်လင်စေတယ် အမဲစက်နဲ့ ဝက်ခြံသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်

AHA/BHA တွေကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်စို့ခြင်းကို သက်သာစေပြီး အသားအေရကို ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး ဆဲလ်သေ ဖြစ်ပျက်နှုန်းကို မြန်စေတဲ့အတွက် အရေပြားနုပျိုစေတဲ့ peeling acid တွေဘဲဖြစ်ပါတယ် ]

၂။ 𝙍𝙚𝙩𝙞𝙣𝙤𝙡+ 𝘼𝙃𝘼/𝘽𝙃𝘼

Retinol က AHAနဲ့ BHAလို ဆဲလ်သေဖယ်ရှားပေးတဲ့ပစ္စည်းမဟုတ်ပေမဲ့ အရေပြားအတွင်းပိုင်းက ဆဲလ်သေ တွေကို အပေါ်ယံအရေပြားကို တွန်းတင်ကွာကျ စေပြီးဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ကူညီပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

Retinol နဲ့ AHA/ BHAလို acidတွေနဲ့ တြဲသုံးမိတဲ့အခါ အရေပြားအလွန်အမင်းခြောက်သွေ့စေပြီး အသားအရေရဲ့သဘာဝအစိုဓာတ်ကိုပျက်စီးစေလို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်....

၃။ 𝙍𝙚𝙩𝙞𝙣𝙤𝙡 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾

Retinol နဲ့ Vitamin C ကို တွဲသုံးမိရင် အသားအရေနီမြန်းတာ ခြောက်သွေ့တာနဲ့ အရေပြားအဖတ်လန်တာတွေ ဖြစ်စေနိုင်တဲ့အပြင် အသားအေရက နေရောင်ခြည်ရဲ့ UV Rays တွေကို အထိမခံနိုင် ဖြစ်စေတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်လို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

[မှတ်ချက်
ဝက်ခြံနဲ့အရေးကြောင်းသမားတွေအတွက်ကတော့
Vitamin C ကို မနက်ပိုင်းသုံးပြီး..ညဘက် တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ္ကို ရနိုင်ပါတယ်]

၄။ 𝙊𝙞𝙡 𝙗𝙖𝙨𝙚𝙙 + 𝙒𝙖𝙩𝙚𝙧 𝙗𝙖𝙨𝙚𝙙 𝙥𝙧𝙤𝙙𝙪𝙘𝙩𝙨

Oil based နဲ့ water based productsတွေကတော့
တြဲသုံးလို့ လုံးဝအဆင်မပြေနိုင်ဘူးနော်..စဉ်းစားကြည့်လေ ရေနဲ့ဆီ ရောလို့မှ မရတာ..oil based product တွေက water based product တွေရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို ဟန့်တားထားတဲ့အတွက် ဘာအကျိုးရလဒ်မှ ထူးလာစေမှာ မဟုတ်ပါဘူး..

၅။ 𝙂𝙡𝙮𝙘𝙤𝙡𝙞𝙘 𝘼𝙘𝙞𝙙 + 𝙎𝙖𝙡𝙞𝙘𝙮𝙡𝙞𝙘 𝘼𝙘𝙞𝙙

နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့ သုံးတဲ့ ပစ္စည်းတွေဖြစ်နေတဲ့ အတွက် တွဲသုံးမိရင် အရေပြားနီမြန်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေအပြင် ဓာတ်မတည့်မှုကိုပါဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

၆။ 𝙉𝙞𝙖𝙘𝙞𝙣𝙖𝙢𝙞𝙙𝙚 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 C

Niacinamide နဲ့ Vitamin C က အမဲစက်ထွက်တတ်တဲ့အသားအရေနဲ့ အမာရွတ်တွေကုသဖို့ အတွက် အကောင်းဆုံး ပစ္စည်းတွေ ဆိုပေမဲ့ တွဲသုံးမိရင် Niacinamide က vitamin C ကိုဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့ အသားအရေနီးမြန်းတာတွေနဲ့ ဝက်ခြံတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

ပျိုမေတို့အနေနဲ့ skincareသုံးတာဟာ အသားအေရ နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါတယ်..ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့ skincare ingredientsတွေကို သိထားမွသာ ငွေကုန် လူပမ်း မဖြစ်စေမှာ မဟုတ်ပါလား..ရှင်....

ပျိုမေတိုင်း skincare လေးတွေကို မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ဆန္ဒပြုရင်း....လှပနိုင်ကြပါစေရှင်..

မင်မင်Pageထဲက အသဲလေးတွေ သိရအောင် ပြန် shareလိုက်တာပါ🙆‍♀️🙆‍♀️

22/12/2021

🌿Skincare မှာ Tea Tree နဲ့ Green Tea ဆိုတာ တူတူပဲလား?🌿

အခုနောက်ပိုင်း Korean Skincare Wave နဲ့တူတူပါလာတဲ့ famous ingredients တွေထဲမှာ ဒီ နှစ်ခုက 'tea' ဆိုတဲ့ စကားလုံးပါတာတူနေလို့ အစပိုင်းက လူတွေ ထင်ယောင်ထင်မှားဖြစ်တတ်ကြပါတယ်...တစ်ခုချင်းဆီရဲ့ origin နဲ့ benefit တွေ လေ့လာကြည့်ရင်တော့...

🍃
Tea Tree ဆိုတာ Australia တိုက်ရဲ့ ဒေသခံအပင်(native plant) ရဲ့ အရွက်ကနေ အဆီချက်ပီး ထုတ်ထားတဲ့ ingredient တစ်ခုပါ...Australia တိုက်မှာ ဟိုးအရင်တည်းကနေကြတဲ့ ဒေသခံတွေ (natives) က ဒီအပင်ရဲ့ အသုံးတည့်မှုကို သိလို့ ဆေးဖက်ဝင်အပင်လို့ သတ်မှတ်ကြပါတယ်တဲ့...tea tree oil ဟာ...
၁. Antibacterial (ပိုးသတ်နိုင်တယ်)
၂. Anti-inflammatory (အရောင်ကျစေတယ်)
၃. Treat acne, athelete's foot and lice (ဝက်ခြံ...ခြေထောက်မှိုစွဲတာ...သန်းတွယ်တာတို့ ကုရာမှာလဲသုံးကြတယ်)
အပင်နဲ့ အရွက်ပုံကို အောက်မှာ ကြည့်ပါ

Recommended:
Tea Tree Acne Gel (Thursday Plantation)
Tea Tree Relief Serum (IUNIK)

🍃
Green Tea ကတော့ ကျတော်တို့ နိုင်ငံနဲ့ မစိမ်းတဲ့ လက်ဖက်ပင်ကို ခေါ်တာပါ...သူရဲ့ အဓိက အစွမ်းက Antioxidant (ဓာတ်တိုးဆန့်ကျင်တဲ့အစွမ်း) ပါပါတယ်...
(VitaminC ကလဲ Antioxidant ဖြစ်ကြောင်း ဒီမှာ ဖတ်ကြည့်ပါ........
https://www.facebook.com/102643635542043/posts/104492935357113/?sfnsn=mo)
Green tea မှာကိုက vitamin C နဲ့ E ပါဝင်လို့ skin ကို ကြည်လင်စေတာရယ်...နူးညံ့စေတာရယ် ဖြစ်စေပါတယ်...ပီးတော့ Green Tea ကို ပျက်စီးနေတဲ့ အသားအရေ (ဥပမာ လေဆာပစ်ထားတဲ့ အသား...နေလောင်ခံထိထားတဲ့ အခါ...အသားမှာ ရေဓာတ်မရှိလို့ မွဲနေတဲ့အခါ) တွေ ပြန်လည်ကုစားရာမှာ အသုံးတည့်ပါတယ်...
Green Tea ရဲ့ ပုံကိုလည်း အောက်ပါ ပြထားပါတယ်

Recommended:
The Chok Chok Green Tea (Tony Moly)
Green Tea Seed Serum (Innisfree)

ကဲ...အခုဆို ဒီနှစ်ခုရဲ့ မူရင်းရယ် အသုံးပြုပုံရယ် ရှင်းလောက်ပါပီ...သင့် skincare မှာရော green tea ပါလား tea tree ပါလား ပြောခဲ့ပါဦး 🌿

Want your business to be the top-listed Beauty Salon in Myitkyina?
Click here to claim your Sponsored Listing.

Telephone

Website

Address

Myitkyina