Thant Zin Aung

Thant Zin Aung

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thant Zin Aung, Health/Beauty, 42, Myitkyina.

14/02/2024

#ဘယ်သူ့ကိုမှ မဆက်သွယ်ပဲနေကြည့်လိုက်
ဘယ်သူကမှ တရေးတယူလုပ်ပြီး
ဆက်သွယ်မလာတာ သိလာလိမ့်မယ် . . .

ဘယ်သူကိုမှမရောပဲ ဖာသိဖာသာနေကြည့်လိုက်
ဘယ်သူအတွက်မှ အရေးမပါတော့ဘူး
ဆိုတာ သိလာလိမ့်မယ် . . .

လိုမှဆက်သွယ်တတ်တဲ့ လိုသုံးလိုလူတွေက
လွဲရင် ကိုယ်အနားမှာ ကိုယ်ပဲရှိတယ် . . . ။

တစ်ခါတလေတော့ လောကကြီးကမတရားဘူး
ကိုယ်ဘက်ကအစစ်အမှန်တွေပေးပြီး ပြန်ရတာကျ
အတုအယောင်တွေချည်းပဲ . . .

မလိုတစ်မျိုး၊ လိုတစ်မျိုး လူတွေရယ်
မျက်နှာနှစ်ခွနဲ့ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး လူတွေရယ်
ကိုယ်ထက်သာမနာလိုတဲ့ လူတွေရယ်
ချောက်တွန်းတတ်တဲ့ လူတွေရယ်ကြားမှာ . . .

သိသိရက်နဲ့ဟန်ဆောင်ပြီး ပြုံးပြရတာ
အရမ်းပင်ပန်းလာပြီး . . .

အဆင်မပြေဘူးဆိုပြီး ရင်ဖွင့်တော့လည်း
နောက်ကွယ်မှာ ဟားတိုက်ရယ်တဲ့သူတွေချည်းပဲဖို့
ခံစားချက်တွေကို မြိုသိပ်တတ်လာတယ် . . .

နောက်ဆုံးတော့လည်း ကိုယ့်ကိုယ်ကိုယ်အဖော်ပြုပြီး
တဖြေးဖြေးအဆင်မပြေမှုတွေနဲ့ ရင့်ကျက်လာခဲ့တယ် . . .


#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

Want your business to be the top-listed Beauty Salon in Myitkyina?
Click here to claim your Sponsored Listing.

Category

Website

Address

42
Myitkyina
118147