Nway Nami Cosmetic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nway Nami Cosmetic, Beauty, cosmetic & personal care, Myitkyina.
03/02/2022
ကိုယ့် Skin type က ဘာမှန်းမသိဘူး ဆိုတဲ့ သဲတို့အတွက် ပါ ..💁💁💁
Skin Type -4 မျိုး
1-Dry skin
2-Normal skin
3-combination skin
4-oily skin
အာ့ လေးမျိုး ကိုသိချင်ရင် Facial Foam နဲ့ အရင်မျက်နှာသစ်ပါ ပြီးရင် အနဲ ဆုံး ၁ နာရီ / ၁ နာရီ ခွဲ လောက်ဘာမှ မလိမ်းပဲ ထားလိုက်ပါ
No-1 Dry skin
Dry skin သမားတွေ က မျက်နှာ အသားရည် ကခြောက်ကပ်ပြီး အစိုဓါတ်လုံးဝ မရှိတဲ့ မျက်နှာ မျိုးပါ တချို့ဆို အရေ ခွံတွေ အဖြူဖတ်တွေတောင်လန်နေတက်ပါတယ်
No-2 Normal skin
Normal skin သမားတွေ ကြတော့ မျက်နှာ က အဆီလည်းမပြန်သလို ခြောက်လည်း မခြောက်ပါ ဘူး
ပုံမှန် အသားအတိုင်း ဖြစ်နေတာမျိုးပါ
No-3 Oily skin
Oily skin သမားတွေကြ မျက်နှာ ပြင်တစ်ခုလုံး အဆီ ပြန်နေတာ မျိုးပါ တချို့ဆိုအဆီစုပ် စက္ကူလေး တွေပါ ဆောင်ရပါတယ် မျက်နှာ တစ်ပြင်လုံး အဆီ ထွက်မှသာ oily skin ပါ (ဖြစ်နိုင်ရင် အဆီစုပ်စက္ကူမသုံးပေးပါနဲ့)
No-4 Combination skin
Combination သမားတွေ ကြ T zone လို့ ခေါ်တဲ့ နှာခေါင်း နှ ဖူးပြင် နှာခေါင်းကြား အာ့နေရာ တွေ ပဲ ကွက်ပြီး အဆီ ထွက်တာပါ တပြင်လုံး မထွက်ရင် combination ပါ
Skincare step ရွေးပြီဆိုရင် ကိုယ် က ဘာ skin Type အမျိုး အစားလဲ ဆိုတာ သိမှသာ အဆင်ပြေမှာပါ 💫
26/01/2022
Toner အကြောင်းသိကောင်းစရာ(7)ချက်
1. Toner ကို အဆီပြန်တဲ့ အသားအရည်သမားတွေနဲ့ ဝက်ခြံထွက်တတ်တဲ့သူတွေ ကတော့ မသုံးမဖြစ်ကို သုံးပေးရပါတယ်။
2. ဘာဖြစ်လို့လဲဆိုတော့ Toner ဟာချွေးပေါက်တွေကိုကျဉ်းသွားအောင် လုပ်ဆောင်ပေးနိုင်လို့ပါ။ပြီးတော့ မျက်နာမှာရှိတဲ့ အဆီတွေ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါသေးတယ်။
3. တကယ်လို့ Toner ဝယ်မယ်ဆိုရင် Alcohol free လား Alcohol ပါလား ဆိုတာ ရွေးဝယ်ဖို့လဲပြောချင်ပါတယ်။
4. Alcohol free toner ကတော့ ချွေးပေါက်ကျဉ်းဖို့အဓိကလုပ်ဆောင်ပေးပြီး sensitive အသားအရည်တော်တော်များများနဲ့လဲ အဆင်ပြေပါတယ်နော်။
5. လူတစ်ယောက်ရဲ့ မျက်နာအသားအရည်အတွင်းပိုင်းမှာ PH level 5 ကနေ 6 အထိ ပုံမှန်ရှိပြီးတော့ မျက်နာသစ်ဆပ်ပြာတွေနဲသစ်လိုက်တဲ့အခါ PH level လျော့သွားတာမျိုးဖြစ်တတ်တယ်တဲ့ချစ်တို့။ အဲ့လို လျော့သွားတဲ့ PH level ကိုပြန်ရအောင် Toner က ပုံမှန်ပြန်ဖြစ်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။
6. တချို့Toner တွေမှာ မျက်နာအသားအရည်ကို စိုစွတ်အောင်လုပ်ပေးနိုင်တဲ့ အာနိသင်ပါ ပါတာကြောင့် moisturizer တစ်ခုလိုလဲ ပေးစွမ်းနိုင်ပါတယ်။
7. ပြီးတော့ Toner မှာ gylcolic acid ပါဝင်တာဖြစ်လို့ မျက်နာမှာ အမွှေးနုတွေပေါက်တာကို သက်သာစေနိုင်သေးတယ်တဲ့ချစ်တို့❤️
နောက်ထပ်နောက်ထပ် အလှပဆိုင်ရာ သဘာဝ SkinCare နည်းများနှင့် Knowlage များကို ထပ်လေ့လာချင်သေးလျှင် Page လေးကို Like & Followလေးလုပ်ထားကြနော်😗
25/01/2022
၃၀၊ ၄၀ အရွယ်ရောက်ရင်လည်း နုပျိုလှပနေစေဖို့အတွက် အသက် ၂၀ အရွယ်ကတည်းက အသားအရေထိန်းသိမ်းမယ်နော်။
အသက် ၂၀ ဝန်းကျင်အရွယ်မှာ အသားအရေထိန်းသိမ်းမှု မလုပ်ဘူးဆိုရင် သင့်အသားအရေဟာ အလွယ်တကူ အိုးမင်းရင့်ရော်ပြီး အရေးကြောင်းတွေဖြစ်လာစေပါတယ်။ အသက် ၂၀ ဝန်းကျင်ကစပြီး အသားအေရ ထိန်းသိမ်းမှုလုပ်ပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။
၁။ Suncreen လိမ်းပေးခြင်း
နေပူထဲသွားရင်ဖြစ်ဖြစ်၊ ကမ်းခြေ၊ ရေကူးကန်မှာ ရေကူးရင်ပဲဖြစ်ဖြစ် Sunscreen လိမ်းပေးရမယ်ဆိုတာ ကျွန်မတို့ အားလုံးသိပြီးသားပါပဲ။ သိပေမယ့်လည်း လိုက်မလုပ်ဖြစ်ကြတာတွေရှိပါတယ်။ သင့်အသားအရေ အိုမင်းရင့်ရော်မှုကင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ Sunscreen လိမ်းပေးတာပဲဖြစ်ပါတယ်။
၂။ နေကာမျက်မှန်တပ်ပေးခြင်း
နေကာမျက်မှန်တပ်ပေးတာဟာ သင့်မျက်လုံးကို ကာကွယ်ပေးနိုင်ရုံသာမက သင့်မျက်လုံးနားတစ်ဝိုက်က အသားအရေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။ ဝက်ခြံကိုဖြေရှင်းပါ
ဝက်ခြံဖြစ်ရင် ဝက်ခြံပျောက်အောင် အမြန်ဆုံး ကုသဖြေရှင်းဖို့လိုပါတယ်။ ဝက်ခြံမဖြစ်စေဖို့လည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အပြင်ကပြန်လာတာနဲ့ မျက်နှာပေါ်က မိတ်ကပ်ကိုသေချာပြောင်အောင်ဆေးပြီး မျက်နှာသေချာသစ်ပေးဖို့လိုအပ်ပါတယ်။
၄။ မိတ်ကပ်အများကြီးမလိမ်းပါနဲ့
မိတ်ကပ်အများကြီးလိမ်းတာဟာ သင့်အသားအရေကို အမြန်ဆုံးအိုမင်းရင့်ရော်စေသလို၊ ဝက်ခြံလည်းဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ထူထူမလိမ်းသင့်ပါဘူး။
၅။ အိပ်ယာမဝင်ခင် မျက်နှာသန့်စင်ပြီးသားဖြစ်နေပါစေ
မိတ်ကပ်လိမ်းလျက်သားနဲ့ အိပ်ယာဝင်တာမျိုး မလုပ်သင့်ပါဘူး။ သင်အိပ်ယာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်အားလုံး သန့်စင်ပြီးသားဖြစ်နေသင့်သလို၊ Moisturizer လိမ်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။
၆။ ရေများများသောက်ခြင်း
ရေများများသောက်တာဟာ သင့်ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ အေရးပါတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးပါ။
၇။ မျက်နှာမသစ်ခင်လက်ဆေးပါ
မျက်နှာမသစ်ခင် လက်ကိုသေချာဆေးပေးသင့်ပါတယ်။ သင့်လက်မှာ ဘက်တီးရီးယားတွေနဲ့ ညစ်ပတ်နေတာကြောင့် လက်ကိုသေချာဆေးပေးပြီးမှ မျက်နှာကိုကိုင်တွယ်ပေးသင့်ပါတယ်။
၇။ မနက်တစ်ကြိမ် ညတစ်ကြိမ်မျက်နှာသစ်ပါ။
မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာသစ်ပေးသင့်ပါတယ်။ ညဖက်မှာ ခန္ဓာကိုယ်အတွင် ချွေးတွေထွက်၊ အဆီတွေပြန်တာကြောင့် မနက်ဖက်မှာ မဖြစ်မနေမျက်နှာသစ်ပေးသင့်သလို၊ ညဖက်အိပ်ယာ မဝင်ခင်လည်း မျက်နှာသေချာသစ်ပေးသင့်ပါတယ်။
၈။ သင့်အလှပြင်ပစ္စည်းတွေကို ဆေးကြောသန့်စင်ပါ
၁ လတစ်ခါလောက်ပဲဖြစ်ဖြစ် သင့်အလှပြင်ပစ္စည်းတွေကို ဆေးကြောသန့်စင်တာမျိုး လုပ်ပေးသင့်ပါတယ်။ မိတ်ကပ်လိမ်းတဲ့ Brush တွေ၊ သင်နေ့စဉ်ထိတွေ့နေတဲ့ ဖုန်းတွေကို သန့်စင်ပေးပါ။
၉။ အိပ်ရေး၀၀အိပ်ပါ
အိပ်ရေးမဝရင် အသားအေရကို ထိခိုက်ပျက်စီးလွယ်စေပါတယ်။ ဒါ့ကြောင့် အိပ်ရေး၀၀အိပ်ပါ။
၁၀။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာရေးအတွက်သာမက အသားအေရကိုလွပေစသလို ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်လှပစေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပါ။
၁၁။ ပြုံးပါ
ပြုံးတာဟာ သင့်ကို အိုမင်းရင့်ရော်မှုကနေ တားဆီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပြုံးဖို့မမေ့ပါနဲ့
Click here to claim your Sponsored Listing.
