Mati Mum Gold
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mati Mum Gold, Health/Beauty, 520, Pyay Htuang Su Road Yuzana Quarter, Myitkyina.
21/12/2023
မေမေ့ဗိုက်ထဲက ကလေးလေး "လ"အလိုက် ကြီးထွားလာပုံ အဆင့်ဆင့်
မိခင်လောင်းများအနေဖြင့် မိမိလွယ်ထားသော ကိုယ်ဝန်အတွက် သားသားလား မီးမီးလား သိချင်သူများရှိသကဲ့သို့၊ ကလေးလေး ကိုယ်အင်္ဂါစုံရဲ့လား? ဘယ်အချိန် နှလုံးခုန်မလဲကအစ ရင်ခုန်စိတ်လူပ်ရှားမူအပြည့်ဖြင့် သိချင်ဇောများကြပါတယ်။
ကိုယ်ဝန်ဆောင်ရက်စတွက်ရာမှာ အမျိုးသမီးရဲ့ နောက်ဆုံးရာသီလာတဲ့ ပထမဦးဆုံးရက်က စတင်တွက်ချက်ပါတယ်။ ကိုယ်ဝန်ပတ် ၄၀ ခန့်လွယ်ထားရပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့ကာလကို ၃ ပိုင်းပိုင်းပြီး အမည်တပ်သတ်မှတ်လေ့ ရှိပါတယ်။ ပထမ၊ ဒုတိယနဲ့ တတိယပိုင်းဆိုပြီး တစ်ပိုင်းလျှင် ၃ လစီ သတ်မှတ်ထားပါတယ်။ မိခင်တွေ အလွယ်တကူနားလည်စေရန် လအပိုင်းအခြားလိုက် တလအတွင်းကြီးထွားမှုကို ဗဟုသုတအဖြစ်မှတ်သားရန် ရေးသားပေးလိုက်ပါတယ်။
21/12/2023
ကလေးက ထမင်းကျွေးရင်မစားဘူး... ဘာကျွေးကျွေးပါးစပ်ပိတ်ထားတယ်ဆိုပြီး အမြဲလိုလိုလာေပြာပြကြပါတယ်။ အရင်ကလည်း ဒီအကြောင်းနဲ့ပတ်သတ်ပြီး မျှဝေပေးဖူးပါတယ်။
ကျွန်မတို့ကိုယ်တိုင် ကလေးထမင်းမစားခြင်းကြောင့် ဖြစ်လာတဲ့ မိခင်တစ်ယောက်ရဲ့စိတ်ဖိစီးမှု၊ မိမိကိုယ်ကို အပြစ်တင်မှု၊ စိတ်အလိုမကျမှု၊ ကလေးငယ်ပေါ် ဒေါသထွက်ပြီးဆူအော်ကြိမ်းမောင်းမှုတွေ မရှိရအောင်၊ မဖြစ်ရအောင် အရင်ကရေးခဲ့ဖူးတဲ့ အချက်အလက်လေးေတွကို ထပ်မံဖြည့်စွက်ပြီး ဘာကြောင့် ကလေးငယ်တို့ဟာ ဒီလိုငြင်းကြလဲဆိုတာ ကျွန်မတို့မေမေတွေ အရင်နားလည်ပေးနိုင်ဖို့ လေ့လာကြည့်ကြရအောင် 👩👦
အစားအစာကို အကြောင်းအမျိုးမျိုးကြောင့် ငြင်းဆန်တတ်ကြပါတယ်။ ဗိုက်မဆာလို့ဖြစ်စေ၊ ဗိုက်ပြည့်သွားလို့ဖြစ်စေ၊ အစားအစာပေါ် အာရုံစိုက်မှုမရှိရင်ဖြစ်စေ၊ နေမကောင်းလို့ဖြစ်စေ(သွားအသစ်ပေါက်တာမျိုး၊ ဝမ်းဗိုက်ထဲနေလို့မကောင်းတာမျိုး)၊ ထမင်းစားချိန်မတိုင်မှီ အဆာပြေစားသည့်အချိန်နှင့်နီးကပ်နေလျှင် ငြင်းဆန်တတ်ကြပါတယ်။
❓ဘာတွေကို ငြင်းဆန်တတ်ကြလဲ
⛔ အစာသစ်ကျွေးခြင်း
ကလေးငယ်မစားဖူးတဲ့ အစားအစာအသစ်ကို မိတ်ဆက်တဲ့အခါမှာ အရသာကိုကောင်းစွာမသိသေးခင် မစားကြည့်ပဲ ငြင်းတာတွေရှိသလို၊ ပထမဆုံးတစ်ဇွန်းမှာတင် မျက်နှာရှုံမဲ့စွာနဲ့ ငြင်းဆန်တာမျိုးကြုံဖူးကြမှာပါ။ တခါတရံ ဒီအစားအစာကိုလက်ခံဖို့ ရက်ပိုင်းကြာသလို လပိုင်းလည်းကြာတတ်ပါတယ်။ ကလေးမစားဖူးတဲ့အစားအစာအသစ်ဆိုတာလည်း အမြဲရှိနေအုံးမှာမို့ ဒါကိုမိခင်တွေက ကောင်းစွာနားလည်လက်ခံပေးဖို့လိုပါတယ်။
မိခင်ဘက်ကလည်း သူငြင်းဆန်ခဲ့ရင် ဥပမာ "သားရယ်...ဒါလေးကိုစားစေချင်လို့မေမေကလုပ်ပေးထားတာလေ၊ ဘာလို့မစားတာလဲ၊ သေချာအရသာမသိဘဲဘာလို့ထွေးပစ်တာလဲ" စတဲ့ အပြုအမူမျိုးတွေ ကလေးအပေါ်အလွန်အကျွံ မတုန့်ပြန်မိဖို့လိုပါတယ်။
⛔ အဆင်သင့်မဖြစ်ခြင်း
အဆင်သင့်မဖြစ်ခြင်းဆိုသည့်နေရာမှာ အစာအသစ်ကိုပြောတာမဟုတ်ပဲ အစာပြစ်ပြစ်ကိုဖြစ်စေ၊ ဝါးစားရသည့်အရာများကိုဖြစ်စေ၊ အရည်များလွန်းသည့်အစားအစာများကိုဖြစ်စေ ဆိုလိုခြင်းဖြစ်ပါတယ်။ တချို့ကလေးတွေမှာ သွားမပေါက်သေးတဲ့အရွယ်ဆိုပေမဲ့ သွားဖုံးနဲ့ကြိတ်ချေ ပြီး စားချင်ကြတတ်ပါတယ်။ ဒါမျိုးမှာ မိခင်က စက်နှင့်ကြေညက်သည်အထိကြိတ်ပြီးကျွေးတာမျိုးဆိုငြင်းဆန်တဲ့အမူအရာပြမှာပါ။
နောက်ထပ် ရှိနိုင်သေးတာကတော့ သွားပေါက်တဲ့ကလေး ဝါးမစားချင်လို့ အစားငြင်းတဲ့ပြဿနာပါ။ ၁နှစ်ပြည့်ခံနီးနှင့် ၁နှစ်ကျော်ခါစ ကလေးငယ်တွေမှာ ဒီလိုငြင်းဆန်တဲ့ပြဿနာရှိကြပါတယ်။ သားတုန်းကလည်း ဝါးစားတတ်ပြီဆိုပေမဲ့ ၁နှစ် ၃လလောက်ထိ ထမင်းဟင်းကျွေးတဲ့နေ့ဆို ကျွေးရခက်တာမျိုး၊ သိပ်မစားတာမျိုးတွေရှိခဲ့ပါတယ်။ ဒါကြောင့် ၁ပတ်မှာ ၃ရက်လောက် ဆန်ပြုတ်ပျော့ပျော့ပြောင်းပြောင်းလေးတွေကို အသီးအနှံ၊ အသားငါးအစုံရောလို့ ကျွေးခဲ့ရပါတယ်။
⛔ ဗိုက်ပြည့်နေခြင်း
ရှေ့မှာကျွေးထားတဲ့ ပထမအစားအစာ၊ အဆာပြေအစားအစာတစ်ခုခုနှင့်အချိန်နီးကပ်သွားလျှင် ဗိုက်မဆာသည့်အတွက်လည်း ငြင်းဆန်တတ်ကြပြန်ပါတယ်။
⛔ Allergies
ကလေးနှင့် ဓာတ်မတည့်သည့်အစားအစာဆိုတာရှိနေနနိုင်တယ်။ ဒါကြောင့် ဘယ်အစားအစာဟာ ကလေးအတွက် အဆင်မပြေဖြစ်နေလဲဆိုတာမျိုးကိုပြသဖို့အတွက်လည်း ငြင်းဆန်ပြတတ်ပါတယ်။ ဒါကြောင့် သူ့တုန့်ပြန်မှု အမူအရာကို စောင့်ကြည့်ပြီး ခန္တာကိုယ်မှာပါဘာလက္ခဏာတွေဖြစ်လာလဲစောင့်ကြည့်ပါ။
⛔ အာရုံပျံ့လွှင့်ခြင်း
ကလေးအတွက် ထမင်းစားချိန်မှာ ပတ်ဝန်းကျင်မှ အရမ်းဆူညံလွန်းခြင်း၊ TV အသံကျယ်ကျယ်ဖွင့်ခြင်း၊ ကျယ်လောင်သောသီချင်းများဖွင့်ခြင်း စတာတွေကလည်း ထမင်းစားမဲ့ကလေးကို အစားအစာဆီမှအာရုံပျံ့လွှင့်စေနိုင်ပါတယ်။
⛔ အစားကျွေးချိန်ပြောင်းလဲခြင်း
လူကြီးတွေ ထမင်းစားချိန်လိုပဲ ကလေးငယ်ကို ထမင်းစားချိန် သတ်သတ်မှတ်မှတ်ကျွေးသင့်ပါတယ်။ အကယ်၍ အချိန်ပြောင်းကျွေးခြင်းမျိုးလုပ်ခဲ့ခြင်းဟာကလေးအစားစားချင်စိတ်ကို အနှောက်အယှက်ပေးတတ်ပါတယ်။
🥣 အစားကောင်းစွာစားချင်စိတ်ရှိတဲ့ကလေးတစ်ယောက်ဖြစ်စေဖို့ ဒီအချက်လေးတွေ လုပ်ဆောင်ပေးပါ။
✅ အချိန်မှန်မှန်ကျွေးပါ
ဒါကတော့ အရမ်းတိကျဖို့ပြောတာမဟုတ်ပါဘူး တခါတရံကိုယ်စားဖို့လုပ်ကိုင်နေတာနဲ့ အဆင်သင့်မဖြစ်သေးရင် လွဲတတ်ပါတယ် သားဆိုမနက်စာကို ၈-၉နာရီမှာကျွေးပါတယ် နေ့လည် ၁၂-၁နာရီဝန်းကျင်၊ ညနေအဆာပြေနို့နဲ့ မုန့်က ၄နာရီဝန်းကျင်၊ ညစာ ၇နာရီဝန်းကျင်ပါ ကျန်အချိန် Snack timeနဲ့ အသီး၊ ဒိန်ချဉ်စသဖြင့်အချိန်တွေလည်း သူတောင်းရင်တောင်းသလိုရှိပါတယ်
✅ သူစားဖို့ နေရာသတ်မှတ်ပေးပါ
ဒီအလေ့အကျင့်ကတော့ ကလေး ၆လမှာကတည်းက မေမေတို့ စနစ်တကျလုပ်ပေးရပါမယ် တချို့မေမေတွေက Baby Chair လေးတွေ သီးသန့်ဝယ်ဖို့ မလိုအပ်ဘူးထင်တတ်ကြပါတယ် ငယ်ငယ်ထဲက နေရာသတ်သတ်မှတ်မှတ်မကျွေးခဲ့ရင်တော့ ဆော့တဲ့အရွယ်ရောက်ရင်တော့ မေမေတို့မောပြီသာမှတ်ပါတော့
သားဆို ခုသူစားဖို့ အမေကယူလာပြီဆို သူ့ခုံကိုဆွဲပြီး သူစားနေကျနေရာမှာ ချ၊ ထိုင်ပြီး ရှေ့အဖုံးကိုတခါတည်းတပ်ခိုင်းတတ်ပါတယ်
✅ စားချိန်သတ်မှတ်ကျွေးပါ
စားပြီဆို အချိန်လေး ကြည့်ထားပြီး အများဆုံး ၄၅မိနစ်နောက်ဆုံးထားပြီးကျွေးဖြစ်ပါတယ် ကြာနေပြီဆိုမေမေတို့ သိရပါမယ် သူမစားချင်ပဲအတင်းကျွေးနေရင် ကိုယ်လည်း စိတ်ပင်ပန်း သူလည်း ပင်ပန်းပါတယ်
ဒီလို ငြင်းဆန်နေတဲ့ပုံစံပြရင် ၅မိနစ်ပဲရမလား ထပ်ကြိုးစားကြည့်ပါတယ် မရတော့ဘူးဆို ခုံကထုတ်ပေးပြီး ခဏသူစိတ်ပြောင်းအောင် အနားပေးပြီး ခဏနေမှာ တခြားတခုခုတန်းစီစဉ်ပေးလိုက်ပါတယ် အဓိကက ဗိုက်ဝဖို့နဲ့ အစားဝင်ဖို့ပဲလေနော်
✅ တခါတရံသူ့ဘာသာစားပါစေ
သူ့လက်ချောင်းလေးတွေသုံးပြီးကိုင်စားတတ်တဲ့အရွယ်မှာ ကိုယ့်အားကိုယ်ကိုးကာ စားခွင့်ပေးလိုက်ပါ။ တခါတရံမှာ လူကြီးတွေရဲ့ အမှီအခိုကင်းစွာ ကိုယ့်အားကိုယ် ကိုးချင်ကြပါတယ်။
ခုဆို သားကသူကျွေးပြီဆို ခုံပုတ်ပြီး ချချ ထားထားနဲ့တောင်းတတ်လာပါပြီ သူ့ဘာသာ စားတတ်စေဖို့ ဇွန်း တချောင်းပေးထားလိုက်တယ် သူ့ဘာသာလည်းစား လူကြီးခွံတာလည်း စားဖြစ်ပါတယ်
✅ ချီးကျူးစကားဆိုပေးပါ
သူ့ဘာသာစားချင်သည့်ကလေးကို ပေပွနေအောင်စားထားပါစေ တော်လိုက်တာ ကိုယ့်ဘာသာကောင်းကောင်းစားတတ်နေပြီဆိုပြီး ချီးကျူးအသိအမှတ်ပြုပေးပါ။ လူကြီးတစ်ယောက်ရဲ့ ချီးကျူးစကားဟာ ကလေးငယ်အတွက်ယုံကြည်မှုရှိစေပါတယ်။
✅ လာဒ်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းများ မလုပ်ရပါ
ဒါလေးစားရင် ကလေးကြိုက်တတ်သည့်သရေစာမုန့် ဥပမာ ရေခဲမုန့်ကျွေးမည်ဆိုတာမျိုး အပေးအယူလုပ်ခြင်းမျိုးရှောင်ပါ။ ကလေးအစားစားစေလို၍ ကလေးကြောက်သည့်အရာများနှင့် ခြိမ်းခြောက်ခြင်းများလည်း မပြုလုပ်ရပါ။ ကြောက်၍စားခြင်းမျိုး၊ တခုခုမျှော်ကိုးပြီး အစာစားခြင်းမျိုးမဖြစ်အောင် ဂရုစိုက်ပါ။
✅ မိသားစုတူတူထမင်းစားပါ
များသောအားဖြင့် ကျွန်မတို့မိဘတွေဟာ ကလေးကိုအရင်သီးသန့်ကျွေးပြီးမှ လူကြီးများကသပ်သပ်စားကြပါတယ်။ တခါတရံ ကလေးငယ်လေးတွေကိုလည်း မိသားစုဝင်တစ်ဦးအဖြစ်အသိအမှတ်ပြုလို့ တူညီလက်စုံစားရင်း နွေးထွေးတဲ့တူညီလက်စုံထမင်းဝိုင်းလေးအဖြစ်ဖန်တီးကြည့်ပါ။
✅ ပန်းကန်ပြောင်းကျွေးကြည့်ပါ
နောက်တခုသားနဲ့ ဟိုတလောက ဖြစ်တဲ့ဟာလေးကိုမေမေတို့အတွက် ထပ်အကြံပေးပါရစေ ဟိုတလောက သူ့ပန်းကန်ထဲကဟာကျမစားချင်ဘူး လူကြီးစားတဲ့ပန်းကန်ကိုပဲ လက်ညှိုးတထိုးထိုးတောင်းတာပါ ဒါနဲ့လူကြီးပန်းကန်ထဲပြောင်းထည့်ကျွေးတော့ စားပါတယ် အဓိကက သူတို့အတွက် သီးသန့်လုပ်ထားတဲ့အရာတွေကို ကလေးတွေက သိပါတယ် သားနဲ့မေမေနဲ့တူတူပဲနော်ဆိုတာမျိုး ခုနောက်ပိုင်းလုပ်ဖြစ်ပါတယ် သူ့အတွက်လုပ်ထားတာကျွေးရင်း ကိုယ့်အတွက်လုပ်တာပါ တူတူစားဖြစ်နေပါတယ်
✅ ဖန်တီးကြည့်ပါ
ရောင်စုံ Colourful ဖြစ်တဲ့အရာတွေကို ကလေးတွေနှစ်သက်တတ်ကြပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်အသီးအနှံလေးတွေသုံးပြီး စားချင်စဖွယ်ဖန်တီးကြည့်ပါ။ စားချင်စဖွယ်အပြင်အဆင်လေးကတဆင့် ကလေးကို အစားစားချင်စိတ်ကိုဖြစ်စေနိုင်ပါတယ်။
✅ ချက်ပြုတ်တဲ့ပုံစံပြောင်းကျွေးကြည့်ပါ
နောက်ထပ် ဟိုအစားအစာမကြိုက်ဘူး ဒါပါရင်မစားဘူးဆိုတဲ့ မကြိုက်တဲ့ပြဿနာရှိပါသေးတယ်
ဥပမာ ကြက်ဥမကြိုက်တဲ့ကလေး၊ ချိစ်မကြိုက်တဲ့ကလေးကို ဒီတိုင်း ကြက်ဥပြုတ်နဲ့ ချိစ်အချောင်းလိုက်ပေးရင်တော့ ငြင်းပါလိမ့်မယ်
ကြက်ဥကို Omelette ကြော်တာမျိုး၊ ပေါင်မုန့်နဲ့ကြော်တာမျိုး စသည်ဖြင့် ပုံစံပြောင်းကျွေးကြည့်ရင် စားပါလိမ့်မယ် ချိစ်ဆိုရင်လည်း ခပ်ရိုးရိုး အာလူးထောင်းကိုချိစ်နဲ့ရောတာဆိုရင် ကလေးမစားပဲကိုမနေပါဘူး
✅ မကြိုက်သည့်အစားအစာများ ကို အနည်းဆုံး (၃)ကြိမ်တိုင်အောင် ကြိုးစားကျွေးကြည့်ပါ
ပထမတကြိမ်ငြင်းဆန်တာနဲ့ ဒီအစားအစာကို ကလေးမကြိုက်ပါဘူးလို့ ယူဆလို့မရနိုင်ပါဘူး။
ကလေးလက်ခံစေဖို့ သူကြိုက်နှစ်သက်တဲ့ အစားအစာလေးတွေနဲ့ တွဲပြီး အစားအစာအသစ်ကို ပမာဏအနည်းငယ် ကြားညှပ်ကျွေးတာမျိုး၊ သူအကြိုက်ဆုအစားအစာပုံစံအသွင်ပြောင်းပြီးကျွေးတာမျိုး တဖြည်းဖြည်းလက်ခံလာအောင် အနည်းဆုံး ၃ကြိမ်စမ်းသပ်ကျွေးပေးပါ။
✅ တစ်သမတ်တည်း ကျွေးခြင်းရှောင်ပါ
များသောအားဖြင့် မေမေတို့ဆီမှာအများဆုံးရှိတဲ့ ပြဿနာက ကလေးကဒါစားတယ်ဆို ဒါပဲအမြဲတစေ စီစဉ်ပေးတတ်ကြတာပါ ဒါကိုလည်း နားလည်ပေးလို့ရပါတယ် တစ်ခုတည်းကိုပဲ စွဲမြဲစွာကျွေးလာခဲ့ရင် တခြားအစားအစာအသစ်တွေကို ငြင်းဆန်ဖို့ ရာခိုင်နှုန်းများပါတယ်
သူကြိုက်ပါတယ်ဆိုတဲ့ပါဝင်ပစ်စည်းအမယ်နဲ့တခြားပါဝင်ပစ်စည်းအသစ်ဖြစ်စေ၊ တခြားနည်းနဲ့ဖြစ်စေ မီနူးပြောင်းပြီးကျွေးကြည့်ပါ (သားဆိုရင် သူ့အကြိုက်ဆုံးအစားအစာက ဘာလဲဆိုတာကို ပြောဖို့ခက်ပါတယ်)
✅ အစားထိုးကျွေးပါ
ခုချိန် အရမ်းပူနေတာဖြစ်တဲ့အတွက် အနှစ်တွေနဲ့မစားချင်တာမျိုးရှိတတ်ပါတယ် ထမင်းမစားလို့လည်း စိတ်မညစ်ကြပါနဲ့ ခေါက်ဆွဲ၊ ပါစတာစသဖြင့် မေမေတို့ တခုခုစီစဉ်ပေးပါ ထမင်းတနှပ်ပဲ ပါရင်ကို အဆင်ပြေပါတယ်
အာဟာရပြည့်ဝစေဖို့ ထမင်းအစား Oat, Muesli, ပေါင်မုန့်၊ ကိတ်မုန့်၊ ကြက်ဥ၊ အာလူး၊ ပါစတာ၊ ခေါက်ဆွဲ၊ မြူစွမ် စသည်ဖြင့် တို့ကို အခြေခံပြီး မေမေတို့ မီနူးလေးတွေ စဉ်းစားပါ
အသီးလေးတွေ မစားတတ်တဲ့ တချို့ကလေးလေးတွေလည်း ရှိတာသိရတဲ့အတွက် ထမင်းစားပြီးချိန်မှာ အသီးလေးတွေ သူ့ဘာသာကိုင်စားနိုင်စေဖို့ စီစဉ်ပေးပါ
အသီးလေးတွေနဲ့ milk shake လုပ်တာမျိုး အအေးစာလေးတွေစီစဉ်ပေးပါ
နွားနို့ပူပူထပ် နွားနို့အေးလေးက ကလေးပိုသောက်ချင်စိတ်ပိုဖြစ်စေပါတယ်
မှာယူရန် ဤနေရာကို သွားပါ --> https://www.azzgroup.click/matimum
21/12/2023
"Mati Mum ဟာ မိခင်နို့တိုက်ကျွေးရေး ပံ့ပိုးမှုဈေးကွက်မှာ ထုတ်ကုန်အသစ်တစ်ခု ဖြစ်ပေမယ့် မိခင်များ ရဲ့ယုံကြည်စိတ်ချရသော ရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
🇮🇳🌿 Mati Mum ၏ပါဝင်ပစ္စည်းများထဲတွင် Shatavari သည် India မှရင်းမြစ်ဖြစ်သည်။ ဤပို့စ်သည် ရှဉ့်မတက် အကြောင်း မိခင်များကို ဗဟုသုတ မျှေ၀ပေးပါမည်။
🔍 ရှဉ့်မတက် ဆိုတာ ဘာလဲ ။
🌿 ရှဉ့်မတက်သည် အမျိုးသမီးများ၏ တက်ကြွမှုနှင့် မျိုးပွားမှုကို မြှင့်တင်ပေးသည့် နာမည်ကြီး အရင်းအမြစ်တစ်ခုဖြစ်ပါသည်။
🌿 အပူပိုင်းနှင့် အပူပိုင်းဒေသများအပြင် India တွင် 1,500 မီတာအထက် အမြင့်ပေများတွင် တွေ့ရသော ရှဉ့်မတက်i သည် ရွှမ်းသောအမြစ်များပါရှိသော ချုံပုတ်ပင်တစ်မျိုးဖြစ်ပါသည်။
🌿 Steroid saponin (shatvarins)၊ cyclic hydrocarbon-Racemosol၊ sitosterol၊ flavonoids နှင့် သတ္တုဓာတ် အမျိုးမျိုး ကဲ့သို့သော အစိတ်အပိုင်းများစွာ ပါဝင်သည်။
💪 ရှဉ့်မတက် သည် နို့တိုက်မိခင်များအတွက် အသုံးဝင်သော သဘာဝဖြေရှင်းချက်ဖြစ်ပြီး မီးဖွားပြီးနောက် နို့ဆုံးရှုံးမှု၊ နို့မလုံလောက်မှုနှင့် အလုံးစုံ နို့တိုက်ကျွေးမှုကို မြှင့်တင်ပေးသည်။ ရှဉ့်မတက်root extractအမြစ် သည် မိခင်နို့တိုက်ကျွေးရန်အတွက် အရေးကြီးသောဟော်မုန်းဖြစ်သည့် Prolactinသည် အာရုံစူးစိုက်မှုကို ၃.၅ ဆ မြှင့်တင်ပေးနိုင်ကြောင်း အိန္ဒိယလေ့လာမှုများက ဖော်ပြထားသည်။ လေ့လာမှုတွင် မိခင်များသည်ထို တိုးလာမှုကို မှတ်တမ်းတင်ခဲ့ပြီး ၎င်းတို့၏ ကလေးများသည် သိသိသာသာ ကိုယ်အလေးချိန် တက်လာသည်ကို တွေ့မြင်ခဲ့ရသည်။
Mati Mum ၏ နို့တိုက်ကျွေးရေး အထောက်အကူပြု ထုတ်ကုန်ကို အသုံးပြုသောအခါတွင် မိခင်များသည် ဤပါဝင်ပစ္စည်းအကြောင်း ပိုမိုနားလည်သဘောပေါက်လာမယ်ဆိုတာကို ယုံကြည်လိုက်ပါ။ 🌟👶
🤱 Matimum သည် ပထမ 6 လအတွင်း မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း၏ စွမ်းအားကို ယုံကြည်သည်—ပြည့်စုံသောဖွံ့ဖြိုးမှု၊ အာဟာရပြည့်ဝမှုနှင့် သင်နှင့် သင့်ကလေးကြားတွင် ပိုမိုခိုင်မာသောစိတ်ခံစားမှုဆိုင်ရာ နှောင်ကြိုးများသေချာပေါက်ရှိလာစေပါသည်။ သင့်ရဲ့အဖိုးတန်ကလေးငယ်အတွက် မှန်ကန် ကောင်းမွန်သော ရွေးချယ်မှုကို ပြုလုပ်ပါ။ 🤗💖
#မိခင်နို့တိုက်ကျွေးခြင်းအကျိုးကျေးဇူး
21/12/2023
"🌿 ရှဉ့်မတက် - မျိုးပွားကျန်းမာရေးကို မြှင့်တင်ပေးခြင်း။ 🌿🌸
တိုင်းရင်းဆေးပညာတွင် ရှဉ့်မတက်သည် အားနည်းခြင်းများကို ကုသပေးပြီး သားအိမ်နှင့် အခြားအင်္ဂါအစိတ်အပိုင်းများကို ပြုစုပျိုးထောင်ပေးခြင်းဖြင့် မျိုးပွားမှုစွမ်းရည်ကို မြှင့်တင်ပေးသည်ဟု ယုံကြည်ကြပါသည်။ ၎င်းသည် အာရုံကြောရောဂါများ၊ လည်ချောင်းပိုးဝင်ခြင်း၊ တီဘီရောဂါ၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့ကိုလည်း ထိရောက်စွာ တိုက်ဖျက်ပေးနိုင်ပါသည်။
ရှဉ့်မတက်သည် သွေးချိုတိုးလာခြင်း၊ ဟော်မုန်းမျှတမှုကို ပြန်လည်ရရှိစေခြင်း နှင့် မိခင်နို့တိုက်ချိန်အတွင်း အမျိုးသမီးများ၏ နို့ထွက်ရှိမှုကို ထောက်ပံ့ပေးခြင်းအတွက် ၎င်း၏အကျိုးကျေးဇူးများနှင့်ကောင်းကျိုးများကို အသိအမှတ်ပြုထားပါ သည်။
ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများသည် ရှဉ့်မတက်၏အကျိုးကျေးဇူးများကိုအသိအမှတ်ပြုထားပါသည်-
🤰 မိခင်နို့တိုက်ကျွေးခြင်း- မိခင်များအတွက် အထူးကောင်းမွန်ပြီး မိခင်နို့ထွက်ရှိမှုကို မြှင့်တင်ပေးပါသည်။
🌷 မျိုးပွားမှုကို မြှင့်တင်ပေးခြင်း - မျိုးပွားအင်္ဂါများကို အာဟာရဖြစ်စေပြီး မျိုးပွားမှုစွမ်းရည်ကို လည်းမြှင့်တင်ပေးနိုင်ပါသည်။
🌸 Hormonal Balance : ဟော်မုန်းတွေကို ဟန်ချက်ညီအောင် ကူညီပေးတယ်၊ စိတ်ဖိစီးမှုကို လျှော့ချပေးတယ်၊ ရာသီစက်ဝန်းကို တည်ငြိမ်စေတယ်၊ ရာသီမလာခင် လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
🍃 ကိုယ်ခံအားနှင့် သွေးတွင်းသကြားဓာတ်ကို ထောက်ပံ့ပေးခြင်း- ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ polycystic o***y syndrome ရောဂါကို ကုသရာတွင် အထောက်အကူဖြစ်ပြီး သွေးတွင်းသကြားဓာတ်များကို ထိန်းညှိပေးပါ သည်။
👩 အမျိုးသမီး ဇီဝကမ္မဗေဒ- ရှဉ့်မတက် သည် ၎င်း၏ phytoestrogens နှင့်အတူ adrenal glands၊ mammary glands နှင့် အခြားသော အင်္ဂါများ အပါအဝင် အမျိုးသမီးများ၏မျိုးပွားမှုစနစ် ကြီးထွားမှုကို ထောက်ပံ့ပေးသည်။
#မိခင်နို့တိုက်ကျွေးခြင်းအကျိုးကျေးဇူး
21/12/2023
"🌼 မိခင်နို့တိုက်ကျွေးခြင်း - ချစ်ခြင်းမေတ္တာခရီး 🤱💖
မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးအတွက် ကြီးမားသောအကျိုးကျေးဇူးများသာမက မိခင်များသားဖွားပြီးနောက် ပုံသဏ္ဍာန်ပြန်လည်ကောင်းမွန်လာစေရန်နှင့် ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာကဲ့သို့သော အမျိုးသမီးဆိုင်ရာရောဂါများဖြစ်နိုင်ချေကို လျှော့ချပေးရန် အတွက်လျှို့ဝှက်ချက်တစ်ခုလည်းဖြစ်ကြောင်း မေမေများ နားလည်ကြပါသည်။ 🌸
🌿 မိခင်နို့ကို အားကောင်းစေဖို့အတွက် မှန်ကန်တဲ့ စားသောက်မှုတွေ က အရမ်း အရေးကြီးပါတယ်။ အမဲသား၊ ငါး၊ ဟင်းသီးဟင်းရွက်စိမ်းနှင့် ပဲအမျိုးမျိုးကဲ့သို့သော အစားအစာများသည် အရေးကြီးသော အာဟာရအရင်းအမြစ်များဖြစ်ကြပါသည်။ ရှဉ့်မတက်- မိခင်နို့တိုက်ကျွေးသောဟော်မုန်း Prolactin တိုးမြှင့်ရန် အတွက်သဘာဝနှင့် ထိရောက်သောအဖြေကို အသုံးပြုခြင်းဖြင့် ကလေး၏ ဘက်စုံဖွံ့ဖြိုးမှုတိုးမြှင့်လာစေရန် အာမခံပါသည်။ 🌿💪
Mati Mum သည် လုံး၀သဘာဝပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ရှဉ့်မတက် herbal extract ပါ၀င်ပြီး နို့တိုက်ကျွေးသောဟော်မုန်း Prolactin ကို ၃.၅ ဆတိုးစေသည်။ ၎င်းသည် နို့ကို မြှင့်တင်ပေးရုံသာမက၊ နို့တိုက်မိခင်များအတွက် လုံခြုံသောဖြေရှင်းချက်တစ်ခုဖြစ်ပါသည်။ 🌈💖
👉 ဤကောင်းမွန်သော ဖြေရှင်းနည်းကို ရှာဖွေတွေ့ရှိနိုင်ရန် မိခင်များကို Share ပြီး Tag လုပ်ကြပါ။ 🤗💬
ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကလေးတွေကို ပြုစုပျိုးထောင်တဲ့ ခရီးလမ်းအသစ်ကို အတူတကွ ဖန်တီးလိုက်ကြရအောင်။ 🌟💕
#မိခင်နို့တိုက်ကျွေးခြင်းအကျိုးကျေးဇူး
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Address
Myitkyina
