Drama world
we just fall in love with the eyes closed �
စ/ဆုံး______⚔️🇨🇳 ပုလဲပျိုမေ 🇨🇳⚔️
⚔️🇨🇳The Story Of Pearl Girl 🇨🇳⚔️(2024)
ဇာတ်လမ်းအကျဉ်းလေးကို မိတ်ဆက်ပေးရမယ်ဆို...
သွမ့်ဝူလေးက ငယ်စဉ်မှာ မိသားစုနဲ့ ကွဲကွာပြီး ဟယ်ဖူက အစေခံဖြစ်လာခဲ့တယ်...
နေ့စဉ် ရေငုပ်ပုလဲရှာပေးရပြီး... ရှာရသမျှကိုလည်း ခေါင်းပုံဖြတ်ခံခဲ့ရတဲ့ ဇာတ်နိမ့် ပုလဲကောက်အစေခံပေါ့...
တစ်နေ့တစ်နေ့ သူက အသက်ကို လောင်းကြေးထပ်ပြီး အသက်ဆက်ရှင်နေခဲ့ရသူပေါ့...
တစ်နေ့မှာ သူလွတ်မြောက်နိုင်ဖို့အတွက် အနောက်ဒေသကလာတဲ့ ကုန်သည် ယန်ဇီကျင်းနဲ့ သူ့လွတ်မြောက်မှုကို လောင်းကြေးထပ်ခဲ့တယ်...
တစ်ချိန်တည်းမှာပဲ ကျန်းကျင်းရန် သခင်လေးနဲ့ တွေ့ဆုံခဲ့တာပေါ့...
ဒီလိုနဲ့ပဲ သွမ့်ဝူရဲ့ အနောက်မြောက်ခရီးကြမ်းကို စတင်ခဲ့ရပြီး သူ့ဘဝမှန်ကို တစ်စပြီး တစ်စပုံပေါ်လာခဲ့တယ်...
ဒါကတော့ ယန်ဇီကျင်းဟာ သူလက်စားချေရမယ့် ရန်သူဆိုတဲ့ အမှန်တရားတစ်ခုလည်းပါနေတာပေါ့...
နောက်တော့ ယန်ကျိုးမှာ စူးမုကျယ်လို့ နာမည်ပြောင်းပြီး ဘဝအသစ်စဖို့ စတင်ခဲ့တယ်...
ကျန်းကျင်းရန်နဲ့အတူ ရတနာလောကမှာ ကြိုးစားဖို့ဆုံးဖြတ်ခဲ့တယ်...
ဒါကတော့ ရတနာပုံကြမ်း ဖန်တီးပြီး ရတနာအလှပြိုင်ပွဲ ပါဝင်ဖို့ကြိုးစားခဲ့တာပါပဲ...
ဘဝကြမ်းတဲ့ အမျိုးသမီးလေးတစ်ယောက်အတွက် သူ့ဘဝကို ပြောင်းလဲပေးဖို့ အားကိုးနိုင်ခဲ့တာက သူကိုယ်တိုင်ပါပဲ...
ဒီတော့ သွမ့်ဝူတစ်ယောက် စူးမုကျယ်ဘဝမှာ မတူညီတဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာလား...
ကျန်းကျင်းရန်လို သူ့ကို နားလည်သနားပေးမယ့် သခင်လေးနဲ့ ဖူးစာဆုံမှာလား...
အကျိုးအမြတ်ကို ဦးစားပေးတဲ့ ယန်ဇီကျင်းနဲ့ပဲ ရေစက်ဆုံမှာလား...
နောက်ပြီး သူတို့ ၃ ဦးကြားမှာ တခြားဘာပတ်သက်မှုရှိသေးလဲ...အမျိုးသမီးဇာတ်မှ ကိုယ်ဒူးကိုယ်ချွန်ပြီး ဘဝအနာဂတ်ပုံဖော်သွားတဲ့ ဇာတ်ကောင်ကိုမှ ခံစားချင်တယ်ဆို ဒီကားလေးကို လာကြည့်လိုက်တော့နော်
Click here to claim your Sponsored Listing.
Website
Address
Myitkyina
2222222
