Let's Be Gorgeous With Sandi

Let's Be Gorgeous With Sandi

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Let's Be Gorgeous With Sandi, Beauty, cosmetic & personal care, Naypyidaw.

27/05/2024

😍😍

Double Cleansing ကို ဘယ်သူတွေလုပ်သင့်လဲ? ဘယ်အချိန်တွေမှာလုပ်သင့်လဲ?

Double Cleansing လို့ဆိုရင် skincare လုပ်နေကျသူတော်တော်များများကတော့ သိကြမှာပါ။ ဒါပေမယ့် အခုမှ skincare စလုပ်နေတဲ့သူတွေ ၊ မသိသေးတဲ့သူတွေအတွက် နိုနိုပြန်ပြီးရှင်းပြပေးပါမယ်။

Double Cleansing ဆိုတာက သူ့နာမည်အတိုင်းပဲ " နှစ်ဆင့် သန့်စင်ပေးခြင်း " လို့ မှတ်ထားလို့ရပါတယ်။ နိုနိုတို့ ပုံမှန်ကတော့ မျက်နှာသစ်ဆေးလို့ခေါ်ကြတဲ့ Facial foam နဲ့ မျက်နှာသစ်တယ် ၊ သန့်စင်ပေးတယ်။ ပြောရရင် တစ်ခေါက်ပဲ သန့်စင်ပေးတာပေါ့။

Double Cleansing မှာတော့ facial foam မသုံးခင် မျက်နှာပေါ်က ဂျီး ၊ အဆီတွေ ၊ မိတ်ကပ် နဲ့ Sunscreen လို layer တွေကို အရင်ဖယ်ရှားပစ်တဲ့ အဆင့်တစ်ခု ပိုလာပါတယ်။ အလွယ်အနေနဲ့ မိတ်ကပ်ဖျက်တယ်လို့လဲ ပြောကြတယ်။ ဒီအဆင့်ပြီးတော့မှသာ facial foam နဲ့မျက်နှာကို နောက်တစ်ကြိမ် ထပ်သန့်စင်ပေးတာပေါ့။ ဒါကို Double Cleansing လုပ်တယ်လို့ ခေါ်ကြတာပါ။

ဘာအကျိုးကျေးဇူးရလဲ ?
အကျိုးကျေးဇူးကတော့အများကြီးပဲ။ ပထမဆုံး ချက်ချင်းလက်ငင်းသိသာတာကတော့ မျက်နှာပေါ်က ဂျီးနဲ့အဆီတွေ ပြောင်ရှင်းထွက်သွားတာ ၊ မိတ်ကပ်လိမ်းတဲ့သူတွေ မျက်နှာသစ်ဆေးတစ်ခုထဲသုံးတာနဲ့ ၊ double cleansing လုပ်တာ feeling တူလား။ ဘယ်ဟာက ပိုပြောင်တယ်ခံစားရလဲဆိုတာ လက်တွေ့သိလိမ့်မယ်။

နောက်တစ်ခုကတော့ အဆီဖုနဲ့ ဆားဝက်ခြံတွေရဲ့ ရန်က ကြိုကာကွယ်ပေးလိမ့်မယ်။ ချွေးပေါက်ထဲ ရှင်းနေတော့ ထွက်လာစရာ အဆီဖု ၊ ဆားဝက်ခြံ နဲလာမယ် ၊ ချွေးပေါက်လေးတွေသန့်နေတော့ အသားအရေကြည်လင်ချောမွေ့ပြီး ချွေးပေါက်ကျဉ်းသယောင်ထင်ရစေမယ်။ double cleansing သေချာလုပ်ပေးရတာ အကျိုးလုံးဝမယုတ်ပါဘူး။ skin ကောင်းချင်ရင် ဒီ step က မဖြစ်မနေလိုပါတယ်။

Double Cleansing ရဲ့ ပထမအဆင့်မှာ
📌 Micellar Water ,
📌 Cleansing Water ,
📌 Cleansing Oil ,
📌 Cleansing Balm စတဲ့ product တွေထဲက တစ်ခုကို သုံးပေးရပါတယ်။

Micellar water နဲ့ Cleansing water ကတော့ water based ဖြစ်ပြီး အရည်ဘူးလေးတွေအနေနဲ့လာတယ် ၊ cotton pad လေးတွေနဲ့ သုံးပေးရတယ်။ အဆီပါတာမကြိုက်တဲ့ oily , combination skin သမားတွေ ၊ heavy makeup မလိမ်းသူတွေဆို ဒါလေးက သင့်တော်တယ်။

Cleansing oil နဲ့ balm တွေကတော့ oil based ဖြစ်ပြီး oil သို့ cream ပုံစံမျိုးတွေ လာတတ်
တယ်။ waterproof makeup and sunscreen တွေကအစ ပြောင်စင်စေလို့ မိတ်ကပ်အမြဲလိမ်းသူတွေ ၊ dry skin သမားတွေအတွက် အဆင်ပြေပါတယ်။

Double Cleansing ကို ဘယ်သူတွေလုပ်ဖို့လိုလဲ
✅ နိုနိုကတော့ sunscreen လိမ်းတယ်ဆိုရင်ကို double cleansing လုပ်စေချင်ပါတယ်။ မိတ်ကပ်လိမ်းတဲ့သူတွေကတော့ မေးစရာကိုမလိုဘူးနော် မဖြစ်မနေလုပ်ကိုလုပ်ရမယ်။ ပြီးတော့ အဆီဖု ဝက်ခြံ အရမ်းထွက်တတ်တဲ့သူတွေ ၊ ဖုန်မှုန်တွေနဲ့အမြဲထိတွေ့နေရသူတွေ double cleansing နေ့တိုင်းလုပ်ပေးသင့်ပါတယ်။ (ကိုယ်က skincare နေပြီဆိုရင်ကို ကျားမ ၊ အသက်အရွယ်မရွေး လုပ်စေချင်ပါတယ်)

ဘယ်အချိန်မှာလုပ်ရမလဲ?
✅ ညနေ သို့မဟုတ် ညဘက်မှသာ လုပ်ပေးဖို့လိုပါတယ်။ (ကိုယ်က night out ထွက်ပြီး မနက်မှ ပြန်ရောက်လို့ မနက်မှ double cleansing လုပ်တာမျိုးကတော့ ချွင်းချက်ပေါ့)
မနက်အိပ်ယာနိုးစအချိန်မျိုးမှာ လုပ်ပေးဖို့မလိုအပ်ပါ။ မနက်ပိုင်းက မျက်နှာသစ်ဆေးနဲ့ သန့်စင်ပေးရုံနဲ့တင် လုံလောက်ပါတယ်။

ဒီလို Cleansing steps တွေမှာသာ ကိုယ်နဲ့ ကီးကိုက်တဲ့ product ကို သေချာရွေးနိုင်မယ် ၊ သေချာဂရုတစိုက် caring လုပ်တတ်မယ်ဆိုရင် skin ကောင်းဖို့က အဲ့လောက်မခက်ခဲတော့ပါဘူး။

With loves,
Your Dear Noh 💕

Photos from Get Along With Phway's post 14/05/2024

😘😘

09/05/2024

😍😘

“အဆီဖု” နဲ့ပတ်သက်ပြီး Skin Problems ကြုံဖူးလား ???
“အဆီဖု” ဘာကြောင့်ထွက်လာတာလဲရော သိကြလား ???

လူတိုင်းနီးပါး အဆီဖုဖြစ်ဖူးကြမယ်ထင်တယ်
အဆီဖုပြဿနာက ဝက်ခြံပြဿနာလိုဘဲ တော်တော်များများဖြစ်ကြတဲ့ Skin Problems ထဲမှာပါတယ်

ကျွန်တော်ကိုယ်တိုင်လည်း (2018)လောက်က တော်တော်ဆိုးဆိုးဖြစ်ခဲ့ဖူးတယ်
အဲ့ဒါကြောင့် ဒီ Post မှာတော့ အဆီဖုနဲ့ပတ်သင်ပြီး Knowledge Sharing ရေးပေးသွားပါမယ်

“အဆီဖု”တွေကို English လိုဘယ်လိုခေါ်ကြလဲဆိုရင် - [Closed Comedones] လို့ ခေါ်ကြသလို [Whiteheads] လိုလည်း ခေါ်ကြပြီး

ဆားဝက်ခြံကိုတော့ [ Blackheads ] လို့ခေါ်သလို [Open Comedones] လို့ခေါ်တယ်

✔️ အဓိက အဆီဖုဘယ်လိုဖြစ်လာလဲ ၊ ဘာကြောင့်ဖြစ်တာလဲ ဆိုရင်

ချွေးပေါက်ပိတ်တာကြောင့် ၊ အဆီပိုတွေများတာကြောင့် ၊ ဟော်မုန်းပြောင်းလဲတာကြောင့် အဖြစ်များတယ်

( မျက်လုံးထဲမြင်အောင်ထပ်ပြောရရင် အဆီတွေ ၊ ဖုန်မှုန်တွေ ၊ dead cells တွေက

ချွေးပေါက် နဲ့ hair follicles လို့ခေါ်တဲ့ မွှေးညှင်းပေါက်တွေမှာပိတ်သွားတဲ့အတွက်ကြောင့် အဆီဖုလို့ခေါ်ကြတဲ့ အဖုသေးသေးလေးတွေဖြစ်လာကြတာပါ )

ဘာလို့သူ့ကို close comedones လို့ခေါ်တာလဲဆိုရင် ဆားဝက်ခြံလိုအပြင်ကိုထွက်နေတာမျိုးမဟုတ်ဘဲ အသားရေအတွင်းထဲမှာဘဲရှိနေလို့ပါ

*** အဲ့ဒါကြောင့် whiteheads ဆိုတာ အဆီဖုလေးတွေပါနော် ၊ ဆားဝက်ခြံဖြူဖြူလေးတွေကိုခေါ်တာမဟုတ်ပါဘူး 🌚

✔️ အဆီဖုမဖြစ်ချင်ဘူးဆိုရင်
- Heavy ဖြစ်တဲ့ Skincare တွေ အရမ်းမသုံးပါနဲ့ ၊ lightweight ဖြစ်တာကိုသုံးပါ
- မလိုအပ်ဘဲ skincare steps တွေ အများကြီးသုံးတာကိုရှောင်ပါ ၊ လိုအပ်သလောက်ဘဲ သုံးပါ

- Oil-based skincare နဲ့ make up တွေရှောင်ပါ
Hair Care Products တွေ နဖူးနဲ့ မျက်နှာထိတွေ့တာကိုရှောင်ပါ
- နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ
- ခေါင်းမကြာခဏလျှော်ပါ
- Double Cleansing သေချာလုပ်ပါ

🔺ဒီနေရာမှာတစ်ချက်ပြောချင်တာက အဆီဖုတွေက cleansing မနိုင်တာကြောင့်အဖြစ်များတယ်ဆိုပေမယ့်

အပေါ်မှာပြောထားသလို လိုအပ်တာထက်ပိုတဲ့ skincare steps တွေ heavy ဖြစ်တဲ့ skincare တွေသုံးမိတဲ့အခါမှာလည်း ဖြစ်နိုင်တာမို့

အဆီဖုထွက်တိုင်း double cleansing ချည်း ဖိလုပ်မျိုးကိုလည်း သတိထားရှောင်ပါ ၊ ပုံမှန်ဆိုရပါတယ်

✔️ အဆီဖုသက်သာအောင် ဘာတွေလုပ်လို့ရလဲဆိုရင်

- အလွယ်ကူဆုံးက Clay mask , WashOff mask သုံးလို့ရမယ် ၊ Peeling သုံးလို့ရမယ်
- Active Ingredients တွေဖြစ်တဲ့ AHA , BHA သုံးပေးလို့ရမယ်

AHA ထဲကဆိုရင် Lactic Acid , Citric acid နဲ့ Glycolic acid ကို အများဆုံးသုံးကြပြီး BHA ထဲကဆိုရင် Salicylic Acid ကိုအသုံးများကြတယ်

AHA, BHA ကဘာတွေလဲဆိုတာ ဒီမှာဖတ်လို့ရပါတယ်

https://www.facebook.com/100081628533147/posts/222329690497981/?mibextid=DcJ9fc

ဒီနေရာမှာသတိပေးချင်တာက
အဆီဖုမြန်မြန်ပျောက်အောင်ဆိုပြီး skincare steps တိုင်းကို active ingredients တွေချည်း မသုံးပါနဲ့ ၊ Skin Barrier ထိနိုင်လို့ပါ

✔️ ကျွန်တော့်အတွေ့အကြုံအရတော့ အဆီဖုအရမ်းများတဲ့သူတွေဆိုရင် ရက်ပိုင်း နဲ့တော့ အရမ်းသိသာမှာမဟုတ်ဘူး

အသားရေနဲ့ အခြေအနေပေါ်မူတည်ပြီး အနည်းဆုံး 1/2လလောက်အချိန်ပေးရလိမ့်မယ်

ဒီလောက်ဆိုရင်တော်တော်လေးပြည့်စုံလောက်ပြီလို့ထင်ပါတယ် ၊ သိချင်တာရှိရင်လည်း comment မှာ ထပ်မေးခဲ့ပေးပါ

အခုလို Knowledge Sharing Post တွေ အကုန်လုံးကို Pin Post မှာဝင်ဖတ်နိုင်ပါတယ်

▪️Pin Post : https://www.facebook.com/100081628533147/posts/129630516434566/?mibextid=DcJ9fc

▪️IG Acc : https://instagram.com/austin_thet?igshid=YmMyMTA2M2Y=

▪️Tik Tok : https://www.tiktok.com/?_t=8iwe6XYz1gw&_r=1

▪️YouTube Channel : https://youtube.com/

🔺Unauthorized copying is not permitted.
(ခွင့်ပြုချက်မယူဘဲ ပုံနဲ့စာအား ကူးယူခွင့်မပြုပါ)

#အဆီဖု #အဆီဖုဘာကြောင့်ထွက်တာလဲ





Your Friend ( Austin )

06/05/2024

Soap & Glory Glad Hair Day Treatment Mask
price - 16500ks (300ml)
Exp: 3/2026

✔ ဆံပင်အတွက် အကျိုးပြုတဲ့ Keratin, Vitamin B5, Argan Oil ပါဝင်ပြီး ဆံသားမွဲခြောက်ပြီး အဖျားဖွာတဲ့ ဆံသားတွေအတွက် အထူးသင့်လျော်သောပါနော်

✔ သုံးနေကျ ဆံပင်ပေါင်းဆေး နေရာမှာ အစားထိုး အသုံးပြုလို့ ရပါတယ်

✔ ခေါင်းလျော်ပြီး စိုနေတဲ့အချိန်မှာ 3-5 mins လောက်ပဲ နှပ်ထားပြီး ပြန်လျော်ချလို့ ရပါတယ်ရှင်

Direct from Bkk official

Thanks a lot for shopping with me!!!
💛💛💛

Photos from Let's Be Gorgeous With Sandi's post 05/05/2024

Revlon Matte Lipstick & Super Lastrous Lipstick - 13500ks
Love that Pink -435
Love that Red - 725

435, 725 ကာလာ ၂ ရောင်

ဆိုးလိုက်ရင်နှုတ်ခမ်းသား ခြောက်ခြောက်ကြီးမဖြစ်ဘူး
စိုစိုလေး
Avocado Oil ပါဝင်လို့ နှုတ်ခမ်းသားကို အစိုဓတ်ဖြည့်ပေးတယ်

Thanks a lot for shopping with me!!!
💛💛💛

Photos from Let's Be Gorgeous With Sandi's post 04/05/2024

ရောက်ဖို့ရှိ 😍😍

Photos from Touch by Kelly's post 02/05/2024

😍😍

17/04/2024

နှစ်သစ်မင်္ဂလာမှာ မင်မင့်ကာကာလေးတွေ ဘေးဘယာကင်းကွာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘတွေ တိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်🙏🙏🙏

24/03/2024

တပေါင်းလပြည့်နေ့ အခါသမယလေးမှာ မင်မင့်ကာကာလေးတွေ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်🙏🙏🙏

Photos from Let's Be Gorgeous With Sandi's post 11/03/2024

Soap & Glory 50% off

Soap & Glory Glad Hair Day Moisturising Shampoo
price - 14500ks (300ml)

✔ ဆံပင်အတွက် အကျိုးပြုတဲ့ Keratin, Vitamin B5, Argan Oil ပါဝင်ပြီး....

✔ ခြောက်သွေ့ ပျက်စီးပြီး အဖျားဖွာတဲ့ ဆံသားတွေ

✔ ဆံပင်ကျွတ်တဲ့ သူတွေအတွက် အထူးသင့်လျော်သောပါနော်

✔ အနံ့လေးကလဲ ဒီ pink ကာလာလေးက မွှေးနေရောနော်

Thanks a lot for shopping with me!!!
💛💛💛

08/03/2024

ဟုတ်ပ ဟုတ်ပ မင်မင်အိမ်ကလူက ဒီ video ထဲကအတိုင်းပဲ
ဘူးသစ်ဖောက်ရမှာ နှမျောလို့ ကိုယ်က အကပ်လေးသုံးနေတုန်း Yves Rocher hair balm ကို ဖောက်ချပြီး မနက်ရော ညရော ခေါင်းလျှော်ပြီးတိုင်း လိမ်းနေတာရော
Kahi mist ကို တရွှီးရွှီးဖြန်းတာရော ခုထိ မျက်လုံးထဲက မထွက်ပါပု ယူတို့ရဲ့မင်မင်က😅
ကျယ်မကာကာလေးတွေလဲ အစမလုပ်ကျနဲ့နော်😁

Photos from Austin Thet's post 25/02/2024

😍😍

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Telephone

Website

Address

Naypyidaw