Yoga Treasure by Choco

Yoga Treasure by Choco

Share

Be Healty & Smart

11/03/2026

နွေရာသီ ကျောင်းကြီးလည်းပိတ်ပြီ.....
Kids Yoga Summer Class ကို Join ဖို့အချိန်ရောက်လာပြီပေါ့.....
ပေါ့ပေါ့ပါးပါးနဲ့ Relax လည်းဖြစ်မယ်.....
ကျန်းမာရေးအတွက်လည်းအကျိုးပြုမယ်.....
ကိုယ်ခန္ဓာ ဖွံ့ဖြိုးကြီးထွားလာဖို့အတွက်လည်းအထောက်အပံ့ကောင်းတစ်ခုဖြစ်မယ်.....
စိတ်ကိုတည်ငြိမ်စေပြီးအာရုံစူးစိုက်မှုအားလည်းပိုမိုကောင်းမွန်လာစေမယ်.....
သူငယ်ချင်းတွေနဲ့လည်းပိုရင်းနှီးလာပြီးပျော်ပျော်ရွှင်ရွှင်လေ့လာခွင့်ရမယ့် Yoga Class မို့သတ်မှတ်ထားတဲ့လူဦးရေမပြည့်ခင်လေးမှာအမြန်ဆုံးစာရင်းသွင်းအပ်နှံဖို့တော့လိုမယ်ရှင်..... ☺️
တက်ရောက်ရမယ့်နေ့ရက်နဲ့အချိန်တွေကိုအသေးစိတ်ဖော်ပြထားတာမို့သင်္ကြန်တွင်းခရီးထွက်ကြမယ့်မီးမီးလေးတို့အတွက်အဆင်ပြေစေဖို့မျှော်လင့်ပါတယ်နော်.....

*Summer Class Timetable & Durations

*Sat & Sun 4:30pm to 5:30pm

*March - 14,15,21,22,28,29
*April - 4,5,25,26
*May - 2,3,9,10,16,17,23,24

🕉️ Yoga Treasure
☎️ 09421089396
🏡 A388 မြရူပါ ၁ လမ်း၊ ထန်းတပင် VIP၊ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်အနီး၊နေပြည်တော်။

02/02/2026

ကျန်းမာရေးကိုဦးစားပေးပြီး Yoga ကိုနှစ်သက်ပျော်ရွှင်စွာလေ့ကျင့်သင်ကြားချင်တဲ့သူတွေအတွက်
Yoga Treasure ရဲ့အတန်းလေးတွေနဲ့မိတ်ဆက်ပေးပါရစေ....

Kids Summer Class လေး March တွင်ဖွင့်လှစ်ပါမယ်ရှင်!
Time Table လေးအတိအကျထွက်ရင်နောက်တစ်ကြိမ်ပြန်လည်ကြော်ငြာပေးပါမယ်....
Private Group Class များအတွက်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်....

မေမေ,တီတီ,မမ တွေအတွက် Regular Class တွေကိုတော့ပုံမှန်အတိုင်းဖွင့်လှစ်ထားပါတယ်....

*Regular Class for Adult
Mon & Tue - 10am to 11am
Thurs & Fri - 10am to 11am
Sat & Sun - 3pm to 4pm

*Regular Class for Kids
Sat & Sun - 9:30am to 10:30am

🕉️ Yoga Treasure
☎️ 09421089396
🏡 A388 မြရူပါ ၁ လမ်း၊ ထန်းတပင် VIP၊ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်အနီး၊
နေပြည်တော်။

17/11/2025

Yoga ဆိုတာပေါင်းစပ်ခြင်းနိယာမတစ်ခုပါ...
ခန္ဓာကိုယ်နဲ့စိတ်ဝိဥာဥ်ထဲကို အင်အားတွေ... ခွန်အားတွေ... လှပခြင်းတွေပေါင်းထည့်ခြင်းဟာ Yoga ပါပဲ...
Addition နဲ့ Subtraction ဆိုရင်ဘယ်ဟာကိုရွေးချယ်သင့်လဲ?
အဖြေကတော့နှစ်ခုစလုံးလိုအပ်ပါတယ်ရှင်! ☺️
ဘဝမှာမိမိအတွက်ကောင်းသောအရာမှန်သမျှ Addition လုပ်နိုင်ဖို့ကြိုးစားပါ...
မလိုချင်ပဲရရှိလာတဲ့ စိတ်ပင်ပန်းမှုအမျိုးမျိုးကို Subtraction လုပ်ပြီးလျစ်လျူရှုလိုက်ပါ...
နေ့စဥ်ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ရဲ့ပင်ပန်းမှုတွေ ခန္ဓာကိုယ်ရဲ့မကျန်းမာမှုတွေကို ဟန်ချက်ညီညီ ကျော်လွှားနိုင်ဖို့Yoga နဲ့အတူ
ကျန်းမာခြင်းအစစ်အမှန် ပျော်ရွှင်ခြင်းအစစ်အမှန်ကိုရှာဖွေလိုက်ပါ...😍

🕉️ Yoga Treasure
☎️ 09421089396
🏡 A388 မြရူပါ ၁ လမ်း၊ ထန်းတပင် VIP၊
ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်အနီး၊
နေပြည်တော်။

09/09/2025

ဒီနေ့တော့ သင်တန်းစုံစမ်းကြတဲ့အခါ အမြဲတမ်းမေးလေ့ရှိကြတဲ့အကြောင်းအရာလေးကိုဖြေပေးမယ်နော်!

Q 1 : Yoga လေ့ကျင့်ရင်ပိန်မှာလား?

Ans : ဟပ်ချလောင်းဆိုပြီး အဆီတွေအမြန်ကျချင်ရင် GYM ဆော့သင့်တယ်လို့ထင်ပါတယ်....

Yoga ဆိုတာပန်းပုဆရာတစ်ယောက်လိုပဲတဖြည်းဖြည်းချင်းထုဆစ်ပုံဖော်ရတာပါ....

အစားအသောက်လည်းဆင်ခြင်မယ် Yoga ကိုလည်းပုံမှန်လေ့ကျင့်မယ်ဆိုရင်

Healthy Body ရဖို့ဆိုတာအရမ်းမဝေးပါဘူးနော်!

Q 2 : လပြတ်အတန်းရှိလား?

Ans : Yoga ကိုဘယ်နှစ်လအပြတ်ဆိုပြီးသင်ကြားပေးလို့မရပါဘူးနော်!

နေ့စဥ်နေ့တိုင်းကျန်းမာရေးအတွက်ပြုလုပ်သင့်တဲ့အလေ့အကျင့်တစ်ခုအနေနဲ့အချိန်ပေးလုပ်ဆောင်ရမယ့်အရာပါ....

သင်ယူလို့မဆုံးနိုင်တဲ့ပညာရပ်တွေထဲမှာ Yoga ကလည်းတစ်ခုအပါအဝင်ပါ....

၃ လ လောက်သင်တန်းတက်ပြီးရင်တော့ Basic Posture တွေနဲ့ခန္ဓာကိုယ်ကရင်းနှီးသွားတဲ့အခါမှာသင်တန်းမလာပဲအိမ်မှာပဲလေ့လာပြီး လေ့ကျင့်လို့ရပါတယ်....

အိမ်မှာ မလေ့ကျင့်ဖြစ်ရင်တော့ ကိုယ်နှစ်သက်ရာသင်တန်းတစ်ခုကိုရွေးချယ်တက်ရောက်ဖို့အကြံပြုပါရစေရှင်!

Yoga ဆိုတာ Mind & Body ထပ်တူကျပြီး
စိတ်အေးချမ်းမှုနဲ့ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုကိုရရှိနိုင်အောင်ကြိုးစားလေ့ကျင့်ရတဲ့ကျင့်စဥ်တစ်ခုပါ....

ခန္ဓာကိုယ်ကပြောပြနေတဲ့အကြောင်းအရာတွေကိုစိတ်နဲ့ခံစားနိုင်တဲ့အရာဟာ Yoga ကပေးတဲ့စစ်မှန်တဲ့ Lucky Box လေးမို့ဖွင့်ကြည့်ချင်တဲ့ မမတွေ Yoga Treasure ကိုလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်.... 😍

🕉️ Yoga Treasure

☎️ 09421089396

🏡 A388 မြရူပါ ၁ လမ်း၊ ထန်းတပင် VIP၊ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်အနီး၊
နေပြည်တော်။

07/05/2025

My Little Clients ( Private Kids Class ) 😍

သင်ယူစရာတွေများလှတဲ့ဒီနေ့ခေတ်ကလေးတွေမှာ ပြေးလွှားဆော့ကစားဖို့အချိန်ဆိုတာလည်းမရှိသလောက်နည်းလွန်းတာမို့
ခန္ဓာကိုယ်ကျန်းမာရေးကိုထိန်းသိမ်းနိုင်ဖို့
အားကစားတစ်ခုခုကိုပြုလုပ်သင့်ပါတယ်....
Baby လေးတွေအတွက် Healthy Life Style ကိုအစပြုပေးချင်တယ်ဆိုရင်
Yoga Treasure ကိုရွေးချယ်လိုက်ပါ....
ကျန်းမာဖို့နဲ့ပျော်ရွှင်ဖို့အတွက် သင်ယူရင်းဆော့ကစားကြမယ်....
စိတ်ဖိစီးမှုတွေမရှိအောင် ရင်ဖွင့်စကားပြောဆိုကြမယ်....
သူငယ်ချင်းလေးတစ်ယောက်ထပ်တိုးရသလိုသင်ကြားပေးမယ့်တီချယ်ပါရှင့်.... ☺️
အတန်းသစ်လေးကို Join ချင်တဲ့မေမေတွေ Cb ကိုလာခဲ့ပေးနော်!
Baby လေးတွေရဲ့မေမေ တီတီ မမတွေအတွက်လည်းအတန်းသစ်လေးထပ်ဖွင့်ထားပါတယ်ရှင်.... 😍

Regular Kids Class ( Sat & Sun 10am to 11am )
Start Date - 17.5.2025
( Limited persons )

Regular Adults Class ( Sat & Sun 4pm to 5pm )
Start Date - 17.5.2025
( Limited Persons )

🕉️ Yoga Treasure
☎️ 09421089396
🏡 A388 မြရူပါ ၁ လမ်း၊ ထန်းတပင်VIP၊
ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်အနီး၊
နေပြည်တော်။

25/04/2025

Yoga Treasure ရဲ့ချစ်ရပါသောလေးတို့ရေ....
ဘေးကင်းကျန်းမာကြပါစေလို့ဆန္ဒပြုပါတယ်.... ❤️

ကြောက်စရာကောင်းတဲ့သဘာဝဘေးအန္တရာယ်ကြောင့်ဝမ်းနည်းစရာအဖြစ်အပျက်တွေအများကြီးဖြစ်သွားတဲ့အတွက်စိတ်မကောင်းဖြစ်ပြီးတုန်လှုပ်မိပါတယ်....
ကံသီလို့လွတ်မြောက်ခဲ့ရသလိုပျက်စီးဆုံးရှုံးမှုလည်းအနည်းအကျဥ်းပဲရှိခဲ့ပါတယ်....

အားလုံးမှာကြောက်လန့်တဲ့စိတ် ဝမ်းနည်းတဲ့စိတ်တွေနဲ့မို့
ဖွင့်လှစ်ထားတဲ့အတန်းတွေအကုန်လုံးကို March 28 မှစတင်ပြီး‌ခေတ္တရပ်နားခဲ့ပါတယ်....

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့သလို
ဝမ်းနည်းနေရုံ ကြောက်နေရုံနဲ့ဘဝကြီးကရပ်မသွားခဲ့ဘူးလေ....
အချိန်တွေကလည်းရှေ့ဆက်သွားနေတာမို့
ကိုယ့်တာဝန် ကိုယ့်အလုပ်တွေကိုပြန်စတင်ဖို့ဆုံးဖြတ်ရင်း
နေ့ရက်တိုင်းကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေထိုင်သွားပါမယ်....

အရာရာရင်ဆိုင်နိုင်ဖို့ခွန်အားတွေအပြည့်နဲ့ကျန်းမာနေဖို့လည်းလိုအပ်နေသေးတယ်မဟုတ်လား?

အလဲလဲအပြိုပြိုဖြစ်နေတဲ့ ဘဝနဲ့တချို့လူတွေတောင်ကြိုးစားပြီးပြန်ထနေတာ....
ယိုင်နဲ့ရုံ ဘဝနဲ့လူတွေကအော်ညည်းပြီးထိုင်နေလို့မဖြစ်ဘူးလေ....

ပြိုလဲသွားတဲ့အရာရာတွေကို အတူတူပြန်တည်ဆောက်ကြမယ်....
စိတ်ဒဏ်ရာတွေကို အတူတူ ပြန်ကုစားကြမယ်....
ကျန်းမာအောင် အတူတူပြန်ကြိုးစားကြမယ်လေ....

ဝမ်းနည်းပြီးပြီ.... ကြောက်လန့်ပြီးပြီ....
ရှေ့ဆက်ရမယ့်နေ့ရက်တွေအတွက်ရှိသမျှခွန်အားတွေနဲ့ပြန်စတင်ဖို့အချိန်ရောက်ပြီ....

ကိုယ့်ရဲ့အားသစ်အင်သစ်နဲ့နေ့ရက်တွေအသက်ဝင်လှုပ်ရှားလာစေဖို့
Private Class, Home Class တွေပြန်လည်စတင်နေပြီဖြစ်သလို
May 1 မှစပြီး Regular Class တွေအကုန်ပြန်လည်ဖွင့်လှစ်သွားပါမယ်ရှင်!

သင်တန်းသူတစ်ဦးချင်းစီကိုလည်းဆက်သွယ်ပြီးအကြောင်းကြားပေးပါမယ်....
အဆိုးတွေပြီးရင်ရောက်လာမယ့်အကောင်းဆုံးတွေအတွက် အားတင်းထားကြရအောင်နော်!

ချစ်ရပါသောလေးတို့အားလုံး Fighting!!! 💪💪💪

🕉️ Yoga Treasure
☎️ 09421089396
🏡 A388 မြရူပါ ၁ လမ်း၊ ထန်းတပင် VIP၊
ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်အနီး၊
နေပြည်တော်။

18/03/2025

ဒီနေ့တော့ Yoga နဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုသိသလောက်လေး ပြောပြချင်လို့.... ☺️

Yoga ဆိုတာ Sanskrit Root ”Yuj” ဆိုတဲ့စကားလုံးကနေဆင်းသက်လာတဲ့အတွက်
ပူးပေါင်းရန် , စည်းလုံးရန် လို့အဓိပ္ပါယ်ရပါတယ်....
ဟန်ချက်ညီမျှအောင်ထိန်းပြီးအသုံးပြုရတဲ့ထမ်းပိုးလေးလို့လည်းတင်စားခေါ်ဝေါ်ကြတယ်....

Yoga ကျင့်စဥ်တိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ ကိုယ်နေဟန်ထား ( Asana ),
အသက်ရှူလေ့ကျင့်ခန်း ( Pranayama ) နှင့်
တရားထိုင်ခြင်း ( Dhyana) တို့ပါဝင်ပါတယ်....

‌တရားထိုင်ခြင်း ( Dhyana ) ဟာ ရှေးယခင်ခေတ်ကတည်းအိန္ဒိယလူမျိုးများရဲ့ယောဂကျင့်စဥ်မှာအဓိကအကျဆုံးအရာတစ်ခုဖြစ်ပါတယ်....

Yoga ရဲ့အဓိပ္ပါယ်စစ်စစ်ကိုမိမိကိုယ်တိုင်ရှာဖွေတွေ့ရှိနိုင်ပြီးထာဝရပျော်ရွှင်နိုင်မယ်လို့ယုံကြည်လက်ခံကြပါတယ်....

Yoga အကြောင်းကိုစိတ်ဝင်တစားလေ့လာကြည့်ချင်တယ်ဆိုရင်
Hantha, Vinyasa, Ashtanga, Power Yoga ဆိုပြီးလူသိများကြတဲ့ Yoga ကျင့်စဥ်တစ်ခုချင်းစီရဲ့လေ့ကျင့်ပုံနဲ့အကျိုးသက်ရောက်မှုတွေကိုဆက်ဖတ်ကြည့်ပေးနော်....

*Hantha Yoga

ခန္ဓာကိုယ်ပျော့ပျောင်းမှုနဲ့ ခွန်အား ကိုမြှင့်တင်ပေးနိုင်ပြီးစိတ်ဖိစီးမှုကိုလျော့ကျစေဖို့ ကိုယ်နေဟန်ထားနဲ့အသက်ရှူခြင်းနည်းလမ်းတွေကိုအာရုံစူးစိုက်လေ့ကျင့်ရတဲ့အခြေခံယောဂကျင့်စဥ်တစ်ခုဖြစ်ပါတယ်....

*Vinyasa Yoga

စိတ်နဲ့ခန္ဓာတစ်သားတည်းဖြစ်စေဖို့ ဝင်လေထွက်လေနဲ့အတူခန္ဓာကိုယ်စည်းချက်ညီညီလှုပ်ရှားလေ့ကျင့်ရတဲ့ အားကစားတစ်ခုလိုကျင့်စဥ်တစ်ခုဖြစ်ပါတယ်....

*Ashtanga Yoga

ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာသန်စွမ်းအောင်ပြင်းထန်တဲ့လေ့ကျင့်မှုတွေပြုလုပ်ရတဲ့ယောဂကျင့်စဥ်တစ်ခုဖြစ်ပါတယ်....

*Power Yoga

Vinyasa Sequences များကိုပေါင်းစပ်ပြီး ခွန်အားနဲ့ခံနိုင်ရည်ကိုအာရုံစိုက်တည်ဆောက်ရတဲ့ Dynamic Style ( တက်ကြွသွက်လက်စွာ )
လေ့ကျင့်ရတဲ့ကျင့်စဥ်တစ်ခုဖြစ်ပါတယ်....

လေ့လာရင်လေ့လာသလောက်ကျယ်ပြန့်တဲ့ကျင့်စဥ်တစ်ခုမို့ကိုယ်တိုင်မသိသေးတဲ့အရာတွေများစွာရှိပါသေးတယ်...

ရှေ့ဆက်ပြီးအများကြီးကြိုးစားလေ့လာရင်း တတ်သိသလောက်ဝေမျှပေးချင်ပါတယ်...

အတူတူလေ့လာချင်တယ် လေ့ကျင့်ချင်တယ်ဆိုရင်တော့ Yoga Treasure ကပျော်ရွှင်နွေးထွေးစွာအမြဲကြိုဆိုလက်ခံလျက်ပါပဲရှင်.... 😍

🕉️ Yoga Treasure
☎️ 09421089396
🏡 A388 မြရူပါ ၁ လမ်း၊ ထန်းတပင် VIP၊ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်အနီး၊နေပြည်တော်။

28/02/2025

Yoga ကိုဘာလို့ရွေးချယ်ကြတာလဲ?

အဖြေမျိုးစုံ အကြောင်းပြချက်မျိုးစုံရှိလိမ့်မယ်...
ဒါပေမယ့်တူညီတာကတော့တစ်ခုတည်းပါ...

ကိုယ့်အတွက် ကောင်းကျိုးတွေသာရရှိစေနိုင်လို့ပါ...
ခန္ဓာကိုယ်ကတော့ကျန်းမာမယ်... စိတ်မှာတော့ဖိအားတွေနဲ့ဆိုရင် တကယ့် Healthy Body မဖြစ်နိုင်ဘူးနော်!

ရှင်သန်ရတဲ့နေ့ရက်တိုင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့
ကျန်းမာအောင်နေထိုင်ဖို့ကြိုးစားချင်ရင်တော့ Yoga Treasure ရဲ့ Class တွေ Join ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်...

🕉️ Yoga Treasure

☎️ 09421089396

🏡 A388 မြရူပါ ၁ လမ်း၊ ထန်းတပင် VIP၊
ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်အနီး၊
နေပြည်တော်။

23/02/2025

ဒီလိုညီညီညာညာနဲ့ကြိုးစားကြတာ
ဘယ်အတန်းကသူတွေလဲ? 😜

Photo Crd:

🕉️ Yoga Treasure

☎️ 09421089396

🏡 A388 မြရူပါ ၁ လမ်း၊ ထန်းတပင် VIP၊
ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်အနီး၊
နေပြည်တော်

14/02/2025

Happy Valentine's Day ❤️
Chocolate မရသေးဘူးလား???
ချစ်ရသောလေးတွေအတွက် Tr ရှိတယ်နော်!!! 😉

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Mya Yupar 1st Street
Naypyidaw
15011