Phyo Yoga

Phyo Yoga

Share

Love yourself and then spread to others.
ကောင်းကျိုးလိုရာဆန္ဒများပြည့်စုံပြည့်၀ကြပါစေ🙏

27/07/2026

Day 40/108 🤍

Self Love Meditation❤️🌿

ဒီနေ့တော့ ကိုယ့်ကိုယ်ကို အကောင်းဆုံးပြုံးပြနိုင်ခဲ့တဲ့နေ့လေးပါ။
တစ်နေ့လုံး အရမ်းပင်ပန်းခဲ့လို့ မတော်တဆ အိပ်ပျော်သွားပြီး ညကျမှ Meditation လေးထိုင်ဖြစ်ခဲ့ပါတယ်။
အချိန်ဘယ်လောက်နောက်ကျနေပါစေ၊ ကိုယ်နဲ့လုပ်ထားတဲ့ကတိကို မဖျက်ဘဲ ဆက်လုပ်နိုင်ခဲ့တာကိုပဲ ကျေးဇူးတင်မိတယ်။❤️
နေ့တိုင်း ကိုယ့်ကိုယ်ကို နည်းနည်းချင်း ပိုချစ်တတ်လာဖို့၊ ပိုလက်ခံတတ်လာဖို့၊ ပိုနွေးထွေးတတ်လာဖို့ ဒီခရီးလေးကို ဆက်လျှောက်နေပါတယ်။ 🤍

27/07/2026

Day 24/28 🤍

ကိုယ့်အတွက်လည်း Challenge၊ သူတို့အတွက်လည်း Challenge လေးက ဒီနေ့ဆို ၂၄ ရက်မြောက်ကို ရောက်လာခဲ့ပါပြီ။

ဒီခရီးလမ်းက ကိုယ့်တစ်ယောက်တည်းရဲ့ ကြိုးစားမှုမဟုတ်ဘဲ အတူတူယုံကြည်ပြီး လျှောက်လှမ်းပေးနေတဲ့ သူတစ်ယောက်ချင်းစီရဲ့ ကြိုးစားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။

ဒီ Challenge လေးမှာ အချိန်ပေးပြီး ပါဝင်ခဲ့ကြတဲ့ အားလုံးကို စိတ်နှလုံးအပြည့်နဲ့ ကျေးဇူးတင်ပါတယ်။ 🤍

နောက်ဆုံးရက်အထိ အတူတူ ဆက်ပြီးကြိုးစားကြရအောင်နော်။ 🙏✨

26/07/2026

Day 39/108 🤍🤍

Vijjā-Caraṇa-Sampanno

ရိုးရိုးရှင်းရှင်းနဲ့ အကျင့်တရားတွေကို နေ့စဉ်တည်ဆောက်ရင်း၊သိမြင်မှုနဲ့ အပြုအမူကို တဖြည်းဖြည်း ညီညွတ်လာအောင် လေ့ကျင့်နေပါတယ်။🌿

အပြောင်းအလဲကြီးတွေထက်
နေ့စဉ် မပျက်မကွက် လုပ်ဆောင်တဲ့ အကျင့်ကောင်းလေးတွေကပဲဘဝကို တဖြည်းဖြည်း ပြောင်းလဲပေးပါတယ်။ 🤍🙏

26/07/2026

Day 23/28 🤍🌿

ဒီနေ့လည်း Challenge ကို မပျက်မကွက် ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
နေ့တိုင်း အတူတူကြိုးစားပေးနေတဲ့ အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။
တစ်ယောက်တည်းဆိုရင် ဒီခရီးလမ်းက ပိုခက်ခဲနိုင်ပေမယ့် အားပေးမှုတွေနဲ့ အတူတူဆိုတော့ ပိုပြီး အင်အားရှိလာပါတယ်။
နောက်ထပ် ၅ ရက်ပဲ ကျန်တော့တယ်။
အဆုံးထိ အတူတူဆက်လျှောက်ကြရအောင်။ 🤍🙏

26/07/2026

28 Days Online Group Class(5AM to 6AM)🧘‍♀️

🌿Pranayama(အသက်ရှူလေ့ကျင့်စဥ်)
&
Yoga Meditation🌿

🕔 မနက် ၅:၀၀ နာရီ မှ ၆:၀၀ နာရီအထိ

၂၈ ရက်တာအတွင်း ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ကျန်းမာတဲ့ အလေ့အကျင့်ကောင်းလေးတစ်ခုကို အတူတူ တည်ဆောက်ကြရအောင်။ 🤍

🌿 အသက်ရှူကျင့်စဥ်ဖြင့် အသက်ရှူမှန်ကန်စွာ လေ့ကျင့်မယ်။

🧘 Yoga ဖြင့် ခန္ဓာကိုယ်ကိုပေါ့ပါးသွက်လက်စေလာမယ်။
🤍 Meditation ဖြင့် စိတ်ကို ငြိမ်းချမ်းစေပြီး နေ့သစ်ကို ကြည်လင်တဲ့စိတ်နဲ့ စတင်နိုင်မယ်။

✨ ၂၈ ရက်တာ အတူတူလေ့ကျင့်ရင်း...

ကျန်းမာတဲ့ ခန္ဓာကိုယ်

တည်ငြိမ်တဲ့ စိတ်

ကောင်းမွန်တဲ့ အလေ့အကျင့်

ပိုကောင်းတဲ့ ဘဝပုံစံ

"မနက်ခင်းမှာ ကိုယ့်ကိုယ်ကို ပေးတဲ့ တစ်နာရီက တစ်နေ့တာလုံးကို ပြောင်းလဲပေးနိုင်ပါတယ်။" 🌿

📩 အတန်းအပ်နှံလိုပါက Page Messenger မှ ဆက်သွယ်နိုင်ပါတယ်။ 🤍

25/07/2026

Day 38/108 💙

ဒီနေ့မနက်တော့ နှာပိတ်ပြီး အသက်ရှူလေ့ကျင့်စဉ်ကို ပုံမှန်အတိုင်း လုပ်လို့မရခဲ့ဘူး။🌿
ဒါနဲ့ Power Breathingနဲ့လေ့ကျင့်လိုက်တဲ့အခါ နှာခေါင်းထဲက ချွဲတွေနဲ့ နှပ်တွေ ထွက်လာပြီး အသက်ရှူရတာ ပိုပြီး လွယ်ကူသွားတယ်။💙🌿

တစ်ခါတလေ ကိုယ့်ခန္ဓာကိုယ်အခြေအနေနဲ့ ကိုက်ညီတဲ့ လေ့ကျင့်စဉ်ကို ရွေးချယ်တတ်ဖို့လည်း အရေးကြီးတယ်ဆိုတာ ဒီနေ့မှာ ထပ်ပြီး သင်ယူမိခဲ့တယ်။💙

တစ်နေ့ထက်တစ်နေ့ ပိုကျန်းမာ၊ ပိုသတိရှိတဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ရင်း ဆက်လျှောက်နေပါတယ်။ 🤍🌿

25/07/2026

Day 22/28 💙

အလေ့အကျင့်လေးတွေကို နေ့တိုင်း မပျက်မကွက် တည်ဆောက်ရင်းနဲ့ ဒီနေ့တော့ Day 22/28 ကို ရောက်လာခဲ့ပါပြီ။
ရလဒ်က ချက်ချင်းမမြင်ရသေးရင်တောင် နေ့စဉ်လုပ်ဆောင်နေတဲ့ အလေ့အကျင့်က ကိုယ့်ကို တဖြည်းဖြည်း ပြောင်းလဲပေးနေပါတယ်။
ကိုယ့်ကိုယ်လည်းကျေးဇူးတင်တယ်။မပျက်ဘဲ ဆက်လျှောက်လာနိုင်ခဲ့တဲ့ ကိုယ့်ရဲ့ ကြိုးစားမှုအတွက် ဂုဏ်ယူတယ်။
နောက်ထပ် ၆ ရက်ပဲ ကျန်တော့တယ်။ အဆုံးထိ အတူတူ ဆက်ကြိုးစားကြရအောင်နော်။ 🤍🌿

24/07/2026

Day 21/28💙🌿

ကြိုးစားမှုတိုင်းရဲ့ အသီးအပွင့်တွေ တဖြည်းဖြည်း ပွင့်လန်းလာပါစေ။💙
အားလုံးလည်း ကိုယ့်ရဲ့ပန်းတိုင်ကို မလျော့သောဇွဲနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေ။ 💙

24/07/2026

Day 37/108 💙

Vijjā-Caraṇa-Sampanno🌿🤍

နေ့စဉ် အကျင့်တရားလေးတွေကို ဆက်လက်လုပ်ဆောင်ရင်း💙
အရှိတရားတွေကို ပြန်လည်လေ့လာဖြစ်ခဲ့တဲ့ နေ့လေးပါ။

ချစ်ရတဲ့ယောဂီတွေရဲ့ မေတ္တာစာတွေ တစ်နေ့လုံးစားနေရတဲ့နေ့လေး🙏🙏 🙏

Photos from Phyo Yoga's post 24/07/2026

ကိုယ့်ဘဝရဲ့ အထောက်အပံ့မမပါ။ 🤍🌿

တီချယ်ဖြိုးအိဆိုတာကို ဘယ်သူမှ မသိသေးခင်ကတည်းက ကိုယ့်ကို ယုံကြည်ပေးခဲ့တဲ့သူပါ။❤️

အလုပ်မှာ နောက်ဆုံးရက်ဖြစ်တဲ့နေ့မှာ"နက်ဖြန် အိမ်ကိုလာသင်ပေးလို့ရမလား" ဆိုတဲ့ စကားလေးနဲ့ ကိုယ့်ရဲ့ Yoga Teacher ဘဝအစကို ဖွင့်ပေးခဲ့တဲ့ မမပါ။❤️

ဘဝမှာ ကိုယ့်ကို စောင့်နေတဲ့ ပဌာန်းဆက်တွေ၊ ကိုယ့်ကို ယုံကြည်ပြီး အခွင့်အရေးပေးမယ့်သူတွေ အများကြီးရှိနေသေးတယ်ဆိုတာ မမက အလင်းပြပေးခဲ့တယ်။

ကြားထဲမှာ ၁နှစ်လောက်အဆက်ပြတ်သွားပြီး
လက်ခိုင်းမိထားလို့
"ညီမလေး လာလုပ်ပေးပါဦး" ဆိုတဲ့ ယုံကြည်မှုလေးနဲ့
အမြဲပြန်ခေါ်ပေးခဲ့တဲ့ မမကြောင့် အားအင်တွေလည်း ပြန်ရခဲ့တယ်။🌻

လက်က မြှောက်လို့လည်းမရသလိုဆံပင်တောင် မဖီးနိုင်တဲ့ အခြေအနေကနေအခုဆို ကြိုးပေါ်မှာ ပြန်ပျံသန်းနိုင်တဲ့အခြေအနေထိဖြစ်နေပြီ။ အလုပ်တွေလည်း ပြန်လုပ်နိုင်ပြီ။❤️

မမတို့ဆီကရခဲ့တဲ့အေထာက်အပံ့တွေနဲ့ ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့Kid's yogaပညာကို သင်ယူနိုင်ခဲ့တယ်။🌿

အမြဲယုံကြည်ပေးခဲ့တဲ့ မမကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ပါတယ်။ 🙏🤍

Want your business to be the top-listed Beauty Salon in North Dagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No-1091, Sein Le Tha Yar Street, 32 Ward
North Dagon
11421