Skip to content
Salons10
Swal Taw Learning Centre

Swal Taw Learning Centre

Pathein

Education Centre (on campus and online classes)

02/11/2026

Comment လေးတစ်ခုကို ဖတ်ပြီး ပီတိဖြစ်ရတဲ့ အချိန်လေးပါပဲ 😍

ဆရာ၊ ဆရာမတွေအတွက် ဒီလိုအသိအမှတ်ပြုမှုလေးတွေက ရှေ့ဆက်လျှောက်လှမ်းဖို့ အားအင်တွေပေးတဲ့ တန်ဖိုးရှိတဲ့ ဆုလာဘ်လေးတွေပါ။

မိဘတစ်ယောက်အနေနဲ့လည်း ကိုယ့်ရင်သွေးရဲ့ ပညာရေးအတွက် စိတ်ချယုံကြည်ရခြင်းဟာ ဘယ်လောက်အဖိုးတန်တဲ့ ခံစားချက်လဲဆိုတာ နားလည်ပါတယ်။ ❤️

ကလေးတွေရဲ့ တိုးတက်မှုနဲ့ မိဘတွေရဲ့ စိတ်ချမ်းသာမှုက ကျွန်မတို့ရဲ့ အကြီးမားဆုံး ပီတိပါပဲ။

01/11/2026

💚 ကောင်းသတင်းလေးတွေက တစ်ဆင့်စကား တစ်ဆင့်နဲ့ စွယ်တော်ဆီ ရောက်လာတဲ့အခါ… 🌱✨

ကိုယ်တိုင်မသိလိုက်ရတဲ့ နေရာလေးတွေမှာတောင် စွယ်တော်ရဲ့ ကလေးလေးတွေအကြောင်း ကောင်းသတင်းလေးတွေ ပြောပြပေးပြီး သားသား၊ မီးမီးတို့ကို ယုံကြည်စွာ အပ်နှံပေးတဲ့ မေမေတို့ရဲ့ မေတ္တာကို အမြဲတန်ဖိုးထား ကျေးဇူးတင်လျက်ပါရှင်။ 🥰💚

စွယ်တော်အတွက် အပျော်ရွှင်ရဆုံး ဆုလာဘ်က ကလေးတွေရဲ့ တိုးတက်မှုလေးတွေဖြစ်ပြီး အားအဖြည့်ရဆုံးအရာကတော့ မေမေတို့ရဲ့ ယုံကြည်မှုနဲ့ အချင်းချင်း မျှဝေပေးကြတဲ့ ကောင်းသတင်းလေးတွေပါပဲ။ 🌷

ယုံကြည်မှုကနေ အောင်မြင်မှုဆီ၊ တစ်ဆင့်စကားကနေ မေတ္တာတရားတွေဆီ… ✨

သားသား၊ မီးမီးတို့ရဲ့ ပညာရေးခရီးလမ်းလေးမှာ စွယ်တော်ကို ယုံကြည်စွာ လက်တွဲပေးကြတဲ့ မေမေတို့အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်။ 💚

ချစ်ခြင်းမေတ္တာတွေနဲ့အတူ ကလေးလေးတွေရဲ့ အနာဂတ်ကို အတူတူ ပုံဖော်သွားကြရအောင်နော်။ 🌱📚

Swal Taw Learning Center
Be a Star with Education ⭐💚

30/10/2026

📣 Hello, Sweethearts! 💚

သားသားမီးမီးလေးတို့ရေ 🥰
အတန်းပြန်စဖို့ ရက်လေးရောက်လာပြီနော်။ 🎒📚

📅 Saturday, 31 October 2026

အားလုံးပဲ အပြုံးလေးတွေနဲ့အတူ ပြန်ဆုံကြမယ်နော်။ 💚 ပျော်ရွှင်စရာ Learning Journey လေးကို ဆက်လက်လျှောက်လှမ်းဖို့ စွယ်တော်မှာ စောင့်နေမယ်နော် ချစ်တို့ရေ။ 🌱✨

See you soon, Sweethearts! 💚

— Swal Taw Learning Center —

26/10/2026

🐰🐱 My Favourite Animal – Presentation Day 🐼🦁

သားသားမီးမီးတို့ရဲ့ တိုးတက်လာမှုလေးတွေကို အမှတ်တရအဖြစ် မျှဝေပေးချင်လို့ပါရှင့် 💚

အခုဆိုရင် သားသားမီးမီးတို့ဟာ ကိုယ်နှစ်သက်တဲ့ တိရစ္ဆာန်လေးတွေအကြောင်းကို ပြောပြတတ်ရုံတင်မကဘဲ Computer နဲ့ PowerPoint Slides လေးတွေကိုပါ ကိုယ်တိုင်ဖန်တီးတတ်နေကြပြီ ဆိုတော့ မေမေတို့အတွက်လည်း ဂုဏ်ယူစရာလေးပါရှင့်။ 🥰

Slide လေးတွေ ပြုလုပ်ရင်း မသိတာလေးတွေရှိရင်လည်း ဆရာ၊ ဆရာမတို့ကို လာမေးကြတယ်။ သင်ယူထားတာလေးတွေကို ကိုယ်တိုင်လက်တွေ့အသုံးချကြတယ်။ နောက်ဆုံးမှာတော့ Presentation Day လေးမှာ ကိုယ်တိုင်ပြင်ဆင်ထားတဲ့ PowerPoint Slides လေးတွေနဲ့ အောင်မြင်စွာ Present လုပ်နိုင်ခဲ့ကြပါပြီရှင့်။ 👏✨

ဒီလိုအတွေ့အကြုံလေးတွေက စာသင်ခန်းထဲမှာ စာတွေသင်ယူရခြင်းထက် ပိုတဲ့တန်ဖိုးလေးတွေကို ပေးစွမ်းနိုင်ပါတယ်။

🌱 ကိုယ်တိုင်လေ့လာတတ်လာခြင်း
💻 နည်းပညာကို အသုံးချတတ်လာခြင်း
🗣️ လူအများရှေ့မှာ ယုံကြည်မှုရှိရှိ ပြောဆိုတတ်လာခြင်း
💡 မသိတာကို မေးမြန်းပြီး ကိုယ်တိုင်ကြိုးစားသင်ယူတတ်လာခြင်း

ဒါလေးတွေဟာ သားသားမီးမီးတို့ရဲ့ အနာဂတ်ပညာရေးခရီးလမ်းအတွက် အရေးပါတဲ့ အရည်အချင်းလေးတွေပါပဲရှင့်။ 💚

စွယ်တော်မှာတော့ ကလေးတွေကို သင်ခန်းစာတွေ နားလည်ရုံသာမက ကိုယ်တိုင်လက်တွေ့လုပ်ဆောင်နိုင်ဖို့၊ တွေးခေါ်တတ်ဖို့နဲ့ ယုံကြည်မှုရှိရှိ မိမိတတ်မြောက်ထားတာတွေကို ပြန်လည်မျှဝေတတ်ဖို့ အမြဲအားပေးသင်ကြားပေးနေပါတယ်ရှင့်။ 🌟

ဒီနေ့လေးမှာတော့ သားသားမီးမီးတို့ရဲ့ “My Favourite Animal” PowerPoint Presentation အမှတ်တရ Video လေးကို မျှဝေပေးလိုက်ပါတယ်နော်။ 🐻💕

ကလေးတို့ရေ… ဒီထက်ပိုပြီး တတ်မြောက်လာကြပါစေ။ သင်ယူရတာကိုလည်း ပျော်ရွှင်ကြပြီး ကိုယ်တိုင်ကြိုးစားမှုတိုင်းအတွက် ဂုဏ်ယူတတ်တဲ့ ကလေးလေးတွေ ဖြစ်လာကြပါစေရှင့်။ 🥰

Swal Taw Learning Center
Be a Star with Education! ⭐💚

23/10/2026

📢 ပိတ်ရက်ကြေညာခြင်း 💚

ချစ်ရတဲ့ မိဘများနှင့် သားသားမီးမီးလေးများရှင့် 🌿

စွယ်တော် Learning Center ၏ သင်တန်းများကို [24.10.2026-Saturday ] မှ [30.10.2026- Friday] အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင့်။ 💌

ပိတ်ရက်လေးအတွင်း ချစ်ရတဲ့ သားသားမီးမီးတို့လည်း မိသားစုနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ 🏡💕

မိဘများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်အေးချမ်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။ 🌷

ပြန်လည်ဖွင့်လှစ်မယ့်နေ့လေးမှာလည်း ချစ်စရာအပြုံးလေးတွေနဲ့အတူ ပြန်လည်ဆုံတွေ့ကြမယ်နော်။ 🥰

With Love, 💚
Swal Taw Learning Center
Be a Star with Education! ⭐

📢 HOLIDAY ANNOUNCEMENT 🌿💚

Dear Parents and Lovely Students,

Please be informed that Swal Taw Learning Center will be closed from [24.10.2026-Saturday ] to [30.10.2026-Friday].

We hope all our lovely students enjoy a wonderful holiday filled with happiness, laughter, and precious moments with their families. 🏡💕

We wish all our parents and students good health, happiness, and peace during the holiday.

We look forward to welcoming our little stars back to class with bright smiles and renewed energy! 🌟

Thank you for your kind understanding and continued support.

With love and best wishes, 💚

Swal Taw Learning Center
Be a Star with Education! ⭐




&Speaking

22/10/2026

ကလေးတို့ရဲ့ ငယ်ဘဝအမှတ်တရတွေထဲ တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။

ဆက်လက်ပြီး သင်ကြားရေးလမ်းကြောင်းက ခက်ခဲကြမ်းသောလမ်းမဟုတ်ပဲ ပျော်ရွှင်စရာခရီးလမ်းအဖြစ် အတူတူလျှောက်လှမ်းကြမယ်နော် 😍

Swal Taw Learning Center
No.135, Sanpya2nd Street, Kinmalinkyune, Pathein.
09750052021,09750050521

19/10/2026

🧮✨ MATHS IS MORE THAN NUMBERS — IT’S A LANGUAGE OF THINKING! 💚

📚 International Mathematics ကို English to English (E to E) နည်းလမ်းနဲ့ သင်ကြားပေးနေတဲ့ ကျွန်မတို့ စွယ်တော် Learning Center ရဲ့ သင်ကြားရေးပုံစံလေးကို မျှဝေပေးချင်ပါတယ်ရှင်။ 🥰

သင်္ချာတတ်မြောက်ဖို့ဆိုတာ အဖြေမှန်ရဖို့တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်ဘယ်လိုစဉ်းစားတယ်၊ ဘာကြောင့် ဒီအဖြေကို ရွေးချယ်တယ်ဆိုတာကိုပါ နားလည်တတ်မြောက်ဖို့ လိုအပ်ပါတယ်။ 💡

ဒါကြောင့် စွယ်တော်မှာ သားသားမီးမီးတို့ကို English လို သင်္ချာတွက်ချက်တတ်ရုံသာမက—

🌟 Think in English — English နဲ့ စဉ်းစားတတ်လာစေဖို့

🌟 Understand the Concepts — သင်္ချာသဘောတရားတွေကို အလွတ်ကျက်ခြင်းထက် နားလည်တတ်မြောက်စေဖို့

🌟 Explain Their Answers — ကိုယ်တွက်ထားတဲ့အဖြေကို English လို ရှင်းပြတတ်လာစေဖို့

🌟 Build Confidence — သင်္ချာနဲ့ English နှစ်မျိုးလုံးမှာ ယုံကြည်မှုရှိလာစေဖို့

ရည်ရွယ်ပြီး သင်ကြားပေးနေပါတယ်။ 💚

သင်္ချာကို English လို သင်ယူခြင်းက ကလေးတွေအတွက် ဘာသာစကားစွမ်းရည်နဲ့ သင်္ချာဆိုင်ရာ စဉ်းစားတွေးခေါ်နိုင်စွမ်းကို တစ်ပြိုင်နက်တည်း လေ့ကျင့်ပေးနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။ ✨

ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က အမှတ်ကောင်းကောင်းရတဲ့ ကလေးလေးတွေကိုသာ မွေးထုတ်ပေးဖို့ မဟုတ်ပါဘူး။ နားလည်တတ်မြောက်ပြီး ကိုယ်တိုင်စဉ်းစားနိုင်တဲ့၊ မိမိရဲ့အတွေးအမြင်ကို ယုံကြည်မှုရှိရှိ ဖော်ပြနိုင်တဲ့ ကလေးလေးတွေ ဖြစ်လာစေဖို့ပါ။ 🥹💕

ဘာသာစကားက အတားအဆီးမဟုတ်ဘဲ ကမ္ဘာ့ပညာရေးဆီကို ဖွင့်ပေးမယ့် တံခါးတစ်ချပ် ဖြစ်လာစေဖို့…

📍 Swal Taw Learning Center
🌱 Learn Today, Lead Tomorrow!

💚 Be a Star with Education! ⭐

18/10/2026

🏮✨ ကိုယ်တိုင်ဖန်တီးတဲ့ အလှတရားလေးတွေ… ကိုယ်တိုင်ခံစားရတဲ့ ပျော်ရွှင်မှုလေးတွေ 💚

သီတင်းကျွတ်အခါသမယလေးမှာ မီးပုံးလှလှလေးတွေကို ကိုယ်တိုင်ဖန်တီးကြည့်ရင်း ကိုယ့်လက်ရာလေးနဲ့ ကိုယ်တိုင်ဂုဏ်ယူပျော်ရွှင်တတ်စေချင်ပါတယ်ရှင်။ 🥰🏮

မီးပုံးလေးတစ်လုံး ဖြစ်လာဖို့အတွက် စိတ်ရှည်ရှည်နဲ့ ကြိုးစားရင်း၊ ကိုယ်တိုင်စိတ်ကူးပုံဖော်ပြီး ကိုယ်တိုင်ဖန်တီးနိုင်ခဲ့တဲ့အခါ ရရှိလာမယ့် “ဒါလေးက သားသား၊ မီးမီး ကိုယ်တိုင်လုပ်ထားတာလေးပါ” ဆိုတဲ့ ပီတိလေးက ကလေးတို့အတွက် အဖိုးတန်ဆုံး ဆုလာဘ်လေးတစ်ခုပါပဲ။ 💕

ကျွန်မတို့ စွယ်တော်မှာ ကလေးတို့ကို ပညာရပ်တွေ သင်ယူတတ်မြောက်စေရုံသာမက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာဖို့၊ ကိုယ့်စွမ်းရည်ကို တန်ဖိုးထားတတ်ဖို့နဲ့ ကိုယ်တိုင်ဖန်တီးနိုင်တဲ့ ပျော်ရွှင်မှုလေးတွေကိုလည်း ပိုင်ဆိုင်စေချင်တာပါရှင်။ 🌱💚

ဘာလို့လဲဆိုတော့…
လှပတဲ့အရာလေးတစ်ခုကို ရရှိခြင်းထက် လှပတဲ့အရာလေးတစ်ခုကို ကိုယ်တိုင်ဖန်တီးနိုင်ခြင်းက ပိုပြီးအဓိပ္ပာယ်ရှိလို့ပါ။ 🥹✨

🏮 သီတင်းကျွတ်အလင်းရောင်လေးတွေနဲ့အတူ ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်းလေးတွေ၊ ယုံကြည်မှုလေးတွေနဲ့ ဖန်တီးနိုင်စွမ်းလေးတွေပါ တောက်ပလာပါစေနော်။ 💛

Swal Taw Learning Center
Be a star with education. ⭐💚

#သီတင်းကျွတ်အမှတ်တရ

17/10/2026

💻💚 Online Class ဆိုတာ စာသင်ရုံသက်သက် မဟုတ်ပါဘူးနော်… 🥰✨

ကလေးလေးတွေ ပျော်ပျော်ရွှင်ရွှင် Greeting လုပ်ကြမယ် 👋🏻💕
Quiz လေးတွေ ဆော့ရင်း ကိုယ်သင်ယူထားတာလေးတွေကို ပြန်လည်အသုံးချကြမယ် 🧩🎯
တီချယ်နဲ့အတူ ရယ်မောရင်း သင်ယူကြမယ် 🤗💖

ကလေးလေးတွေ စိတ်ဝင်စားစွာ ပါဝင်သင်ယူနိုင်ဖို့၊ မေးခွန်းလေးတွေကို ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်ဖို့၊ သင်ယူမှုတိုင်းကို ပျော်ရွှင်စရာအမှတ်တရလေးတွေဖြစ်လာဖို့ Interactive Activities လေးတွေနဲ့ သင်ကြားပေးနေပါတယ်။ 🌈📚

အိမ်မှာနေရင်းလည်း သူငယ်ချင်းတွေနဲ့အတူ သင်ယူနိုင်မယ်၊ တီချယ်နဲ့ ရင်းနှီးနွေးထွေးစွာ ဆက်သွယ်နိုင်မယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ပညာတွေ တိုးတက်လာနိုင်မယ်နော်။ 🥳💕

🎥 အခု Video လေးကတော့ စွယ်တော်ရဲ့ Online Class မှာ ကလေးလေးတွေ ပါဝင်သင်ယူနေကြတဲ့ အခိုက်အတန့်လေးတွေပါရှင်။ 🫶🏻

ပျော်ရွှင်စွာ သင်ယူရင်း တစ်နေ့ထက်တစ်နေ့ တိုးတက်လာကြမယ်။ 🌱💚

🏫 Swal Taw Learning Center
✨ Be a Star with Education! ⭐





💚

16/10/2026

ရင်ထဲက စကားလေးတွေ မြင်ခွင့်ကြားခွင့်ပေးတဲ့ ဖေဖေ မေမေ အုပ်ထိန်းသူတို့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ် 🙏

ထုတ်မပြ ထုတ်မပြောလဲ ရနေတဲ့စကားတွေကို တကူးတကပြောပြတာကိုက ကျွန်မတို့အတွက် အလွန်ပီတိဖြစ်ရပါတယ်။

ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးစားသွားပါဦးမယ် 😍

Swal Taw Learning Center
No.135, Sanpya2nd Street, Kinmalinkyune, Pathein.
09750052021,09750050521

Other Pathein beauty salons

Show All

Alerts

Be the first to know and let us send you an email when Swal Taw Learning Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pathein.