Naw Eh Julia Chaw

Naw Eh Julia Chaw

Share

God is good all the time🙏🏻

12/04/2026

ခေတ္တ အယုဒ္ဓယ

16/03/2026

Singapore မှာရှိနေရင်တစ်ခါလောက်တော့အရောက်သွားသင့်တဲ့နေရာလေးဖြစ်ပါတယ်
Reservoir Park

09/02/2026

ဘဝမှာ ကိုလုပ်မယ့် အရာဒါမှမဟု လုပ်မယ့်အလုပ်တစ်ခုခုကို
တစ်ယောက်ယောက်က အကြံ လာပေးခဲ့ရင်
အဲအကြံပေးတဲ့သူက ကိုလုပ်မယ့်အလုပ်ကို လုပ်ဖူးတဲ့ ဟုမနေခဲ့ရင် သူအကြံပေးတာကို ဆုံးအောက်ဘဲနားထောင်ပေးတယ် လက်မခံသလိုမယူဘူး
နောက်တမျိုးကို ကိုလုပ်မယ့်အလုပ်ကို လုပ်ဖူးပေမဲ့ အောင်မြင်သွားတာမဟုဘဲကျရှုံးသွားရင်
သူရဲ့အကြံပေးချက်ကိုမယူဘူး သူပြောပြတဲ့ကျရှုံးတဲ့အကြောင်းအရင်းကိုဘဲမှတ်သားထားတယ် ကို့ အလှည့်ကျရင် အဲလိုမဖြစ်စေရအောင်
ဘယ်လိုလူမျိုးနဲ့အကြံဉာဏ်ကိုယူလဲဆိုရင်
ကို့လုပ်မယ့်လုပ်ငန်းကိုလုပ်ဖူးတဲ့သူ အောက်လဲအောင်မြင်နေတယ် လက်ရှိလဲညအဲလုပ်ငန်းဘဲလုပ်နေတယ်ဆို အဲလူရဲ့အကြံပေးချက်ကို 100%
လက်ခံပြီးသင်ယူပါတယ်။
ဘဝမှာ သင်ယူတာကောင်းပေမဲ့
ကောင်းတဲ့သူဆီက သင်ယူမှကောင်းတဲ့အရာရမှာပါ
မကောင်းတဲ့သူဆီကသင်ယူရင် မကောင်းတာဘဲရမှာဖြစ်ပါတယ်။
💛🧡

05/02/2026

စိတ်ထဲမှာ ငါဆယ်တန်းအောင် ပြီး
တက္ကသိုလ်တက်မယ် သူငယ်ချင်းတွေနဲ့
မေဂျာတူတူယူမယ် ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့
ရုပ်ရှင်ထဲကလိုတက္ကသိုလ်ကျောင်းသားဘဝကို
ပျော်ပျော်ကြီးဖြတ်သန်းမယ်ပေါ့
အရာအားလုံးဟာမျက်စိ တမှိတ်အတွင်းမှာလို့ထင်ရပေမဲ့ 10စုနှစ် တစ်ခု ဖြစ်သွားခဲ့ပြီး🥹
2015/16ကပေါ့ အသက်16မှာဆယ်တန်းအောင်ရင် တက္ကသိုလ်တက်မယ် ပြီးရင် အသက်21 မှာ ဘွဲ့ရမယ်
အလုပ်လုပ်မယ် အသက် 25မှာ မဂ်လာဆောင်မယ်ပေါ့
အဲတုန်းက စိတ်ကူးယဉ်ခဲ့တာပေါ့
ခုတော့
ဆယ်တန်းကို 3နှစ်လောက်တက်လိုက်ရတယ်
2018မှာအောင်ပြီး 2019မှာ တက္ကသိုလ်တက်ဖို့စောင့်
2020ကိုဗစ် 2021 အာဏာသိမ်း
ခုတော့ ပထမနှစ်နဲ့ 6/7နှစ်လောက်ဖြစ်နေပြီး
အသက်ကလဲ 27ထဲ ဝင်နေပြီးကိုး
ဘဝက ရိုးရှင်းမနေခဲ့ဘူး
ကို ထင်သလို လဲ ဖြစ်လာချင်မှဖြစ်လာမယ်
စိတ်ကူးနဲ့ လက်တွေ့ကလည်း တစ်ခါတစ်လေ မှာ
ထပ်တူ ကျမနေခဲ့ဘူး
အကြောင့် ရှိနေတဲ့နေရာမှာ ရှိနေတဲ့အချိန်မှာ
လုပ်ချင်တာ တစ်ခုခုရှိရင် လုပ်ချလိုက်ပါ
အချိန်ဆိုတာနောက်ပြန်ဆုတ်လို့ရတဲ့အရာမဟုခဲ့ဘူး
ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့အရာတွေ
မရခဲ့ရဘူး ခုရပေမဲ့ မလိုချင်‌တော့ဘူး
အဲဒါကြောင့် ရှိနေတဲ့အချိန် စားချင်တာ လုပ်ချင်တာ သွားချင်တာ ရှိရင်တစ်ခါထဲလုပ်
နောက်ဆိုရင် အဲစိတ်ကရှိချင်မှရှိတော့မှာ။
ပျော်ပျော်နေပါငါတို့က ဘယ်တော့မှပြန်မငယ်တော့ဘူး။

26/01/2026

မွေးကတည်းက မိရိုးဖလာ ခရစ်ယာန်ပေမဲ့
ခရစ်တော်နဲ့ အဲလောက်ထိမရင်းနှီးခဲ့သလို
လက်ဝါးကားတိုင်မှာ ကျွန်ပ်တို့အတွက်အသေခံတဲ့ဘုရား ကယ်တင်ရှင်ဘုရားဆိုတာသိခဲ့ပေမယ့်
ဘာကို ကယ်တင် ပေးမှန်းမသိ ဘာတွေ လုပ်ပေးခဲ့မှန်းလဲသေချာမသိခဲ့ဘူး ဘုရားလိုဘဲ သိခဲ့တာဘဲ
ဒါပေမဲ့ ဘဝတစ်လျှောက်လုံးမှာ လိုအပ်တဲ့အချိန်လောက်မှ သူ့ကို ခေါ်ခဲ့ပေမဲ့ သူက ဘယ်‌ောတ့မှ မ ငြိုငြင်ဘဲခေါ်တဲ့အချိန်တိုင်းအနားမှာအတူရှိပေးတဲ့ဘုရား
လူမှန်းသိတက်စအရွယ်ထဲက ဘာကြောက်တက်လဲမေးရင် ဘာမှ မကြောက်ခဲ့တာဘဲ
အရမ်းကိုလဲ စွာခဲ့တာဘဲ လောကသားတစ်ယောက်လိုပေါ့
ကျောင်းတက်တုန်းကဆို မော်နီတာနဲ့လဲ ရန်ဖြစ်ခဲ့တာဘဲ
Day တက်တော့လဲအသံအကျယ်ဆုံးနဲ့ အစွာဆုံး
ဆရာတောင်ပြောရတယ် ငါထိန်းမရတဲ့ကျောင်းသားတွေလဲ အယ်ဂျူးရဲ့
အသံအောက်မှာငြိမ်ဝပ်နေတာဘဲတဲ့
Night Study ရှိတော့ ညဆို 10/11လောက်မှာ အိမ်ပြန်ရတဲ့ညတွေရှိတယ် မိနစ် 30လောက်သွားရတဲ့အကွာအဝေးကို 15မိနစ်လောက်နဲ့ ဆိုင်ကယ်မောင်းခဲ့တာ
ညဘက်ဆို ဆို အန္တာရာယ်များတယ်ဆိုပေမဲ့
လုံးဝမတုန်လှုပ်ခဲ့ဘူး 2ပေလောက်ရှည်တဲ့ တုတ်ချောင်းကြီးတစ်ချောင်အမြဲပါတယ် ညပြန်လာတဲ့ လမ်းမှာ ကို့ကိုယ်ကာကွယ်ဖို့ ပေါ့
အမလေး ဖိုက်တာမကြီးအလားဘဲ 😂
ညဘက် ဆိုက်ကယ်မောင်းရင် အရှေ့ကလာတဲ့ကားကမီးချပေးရင်တောင် ကိုက လုံးဝမီးမချခဲ့ဘူး မိန်းခလေးမှန်းသိရင် ဆင်းပြီးနောက်ယှက်မှာစိုးလို့
အဲဒီအခြေ‌အနေတွေကို ကို့သတ္တိနဲ့တော့ဘယ်ဟုမလဲ ဘုရားပေးတဲ့ သတ္တိပေါ့
ဆိုင်ကယ်ပြိုင်မောင်းတာဖြစ်ဖြစ်
အမြန်မောင်းတာဖြစ်ဖြစ်
ဆာလံ 23 က ကို့ရဲ့လက်စွဲပေါ့ အဓိပ္ပာယ်တော့ သေချာသိမနေခဲ့ဘူး
ဆိုင်ကယ်မောင်းတာ အရမ်းကြမ်းလို့ အိမ်ကို ခဏခဏတိုင်ခံရပေမဲ့
အဆူခံရလဲ မမှုခဲ့ဘူးတော့
ပြန်တွေးကြည့်လိုက်ရင်အရာရာတိုင်းဟာကျေးဇူးတော်ဘဲ ဆိုင်ကယ်ပြိုင်မောင်းခဲ့တဲ့အချိန်တုန်းက မှောက်သာမှောက်ခဲ့ရင် ပွဲခြင်းပြီးဘဲ
ဒါမဲ့ ဘုရားကွယ်ကာခဲ့တယ်
စစ်ဆေးရေး ဂိတ်ပေါင်း 30 ကျော်ကို ဖြတ်ရတဲ့ ခရီးမှာလဲ တစ်ယောက်ထဲ မကြောက်မရွံဖြတ်ခဲ့တယ်
Lockdown မိလို့ ကားဆက်သွား မရဘဲ လမ်းဘေးမှာ
နားရတဲ့ အချိန်တွေကို လဲ တစ်ယောက်ထဲ ရင်ဆိုင်ရဲတယ် ကားဆရာက ပြောတော့ lockdown မမိခင်ရောက်မယ်ဆို ဘာလို့နောက်ကျတာလဲ ဆိုပြီး ကားသမားနဲ့လဲ ရန်ဖြစ်ခဲ့သေးတာ
ဘုရားကိုမရခင်ကတည်းက ဘုရားက အမြဲအနားမှာရှိပြီး ကွယ်ကာပေးခဲ့တာ ပြန်တွေးလိုက်တိုင်း
ကျေးဇူးတော် သက်သက်ကြောင့်ဘဲ
စက်ာပူမှာ လဲ တစ်ယောက်ထဲ ညဘက်သွားလဲ မကြောက်မရွံ တဲ့အပြင်
Ang Mo Kioကနေ Kheam Hock ထိကို ညဘက်ကြီးတစ်ယောက်ထဲ စက်ဘီး စီးခဲ့တာ
လမ်းမှာ မီးမရှိဘဲ ချောင်ကျတဲ့နေရာကိုလဲ ဖြတ်ကျော်ခဲ့သေးတာ
မဖြတ်ခင်မှာ ဘာပြောလဲဆိုတော့
ကိုယ်တော်ရေ ခရီးက 3ပုံ 2ပုံ ရောက်ခဲ့ပြီး ပြန်လှည့်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး
(ကိုယ်ရဲ့ စိတ်က လဲ ခိုင်မာတဲ့ သူမျိုး လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်အဆုံးထိသွားရဲတဲ့သူမျိုး နောက်ပြန်လှည့်တယ်ဆိုတာ ဘဝမှာ ဘယ်တုန်းကမှမလုပ်ခဲ့ဖူးတာမျိုးပေါ့ မှားသွားရင်တောင်နောင်တမရသလို အမှား ကနေသင်ယူပြီးဆက်သွားတဲ့သူမျိုး)
ခရီးဆုံးဖို့က နာရီဝက်ဘဲလိုတော့တဲ့
Mapမှာလဲပန်းတိုင် ကို မြင်ရပြီး သမီးပြန်လှည့်ဖို့စိတ်ကူးမရှိတော့ဘူး ဒီအမှောင်ထုကို ဖြတ်ကျော်မယ် ကိုယ်တော်ရှိတယ်မလား ဆိုပြီး စွဲကိုင်ထားတဲ့ ဆာလံ 23 ကို ပါးစပ်က မနားတမ်း ရေရွတ်ပြီး မီးမရှိ လူပြတ်နေတဲ့ လှမ်းကိုအသားကုန် စက်ဘီးနှင်းချလာတာ ရည်ရွယ်ချက်က Safety ဖြစ်တယ်ဆိုပြီး တင်စားထားတဲ့ Singaporeနိုင်ငံ မှောင်နေတာ 10မိနစ်စာ ဘဲရှိတဲ့ ဒီလမ်းကိုတောင် ငါမကျော်ဖြတ်ရဲရင် ဘာမှ လုံခြုံ မှုမရှိတဲ့ ငါရဲ့ တိုင်းပြည်ကို ငါပြန် ရဲတယ်ဆိုတာ အလကားငါပြောနေတာဘဲဆိုပြီး
ဖြတ် ကျော်ခဲ့တာ အဓိက ပြောချင်တာ က
ရောက်လာပြီး မနေ့က ဘုရားကျောင်းမှာ
Praise and Worship သီချင်းက လမ်းမရှိတဲ့ အရပ်မှာလမ်းကိုပြင်ဆင်ပေးတဲ့ ဘုရားဆိုတဲ့သီချင်းကို ချီးမွမ်းနေချိန် တစ်ယောက်ထဲစက်ဘီးစီးခဲ့တဲ့ ညကိုပြန် သတိရသွားတယ် ခရီးရောက်ခါနီးမှာ လမ်းဆုံးသွားပြီး တောအုပ်တွေနဲ့အဝေးပြေးလမ်းမကြီး စက်ဘီး ကူးဖို့ လူကူးလမ်းမရှိဘူး ကုန်းတံတားတစ်ခုဘဲရှိတယ် အဲချိန်မှာ လမ်းဆုံးသွားတဲ့အခါ ဆိုင်ကယ်တစီးက လူပြတ်တဲ့ညအချိန်မှာ ကိုယ်လမ်းဆုံးသွားတဲ့အချိန်မှာ အချိန်မှီလမ်းပြပေးခဲ့တာဘဲ ဘယ်သွားရမလဲမသိတော့ဘဲရပ်နေချိန် အဲဆိုင်ကယ်က
ကွေ့ပြခဲ့တယ် သူကွေ့တဲ့အတိုင်းလိုက်ကွေ့တော့ လမ်းစကပေါ်လာပေမဲ့ သွားရင် အိမ်ရောက်ဖို့က နာရီဝက်ကြာ ဦးမှာ high way လမ်းမကြီးဖြစ်လို့ စက်ဘီးနဲ့လမ်းကူမရဘူး ဖြစ်နေချိန်မှာ လူ2ယောက ကုန်းတံတားပေါ်တက်သွားခဲ့တယ် အဲချိန်မှာ ကိုလဲ ချက်ချင်းဆိုသလိုသူတို့နဲ့လိုက်သွားရမယ်ဆိုတဲ့အကြံရသွားပြီး စက်ဘီးကို ချက်ချင်း ရပ် lockချပြီးကုန်းတံတာပေါ်အမှီလိုက်သွားပေမဲ့ တံတားအဆင်းမှာ အဲလူ2ယောက်ကလုံးဝပျောက်သွားခဲ့တယ်
ဒါက ပဟေဠိ အရမ်းဆန်လွန်းတယ်
ဒါမဲ့ အာရုံက အိမ်ပြန်ဖို့ဘဲ ဦးတည်နေတာမို့ အဲ လူ 2ယောက်ဘယ်နားပျောက်သွားလဲ ရှာဖို့အချိန်မရလို့
Map ကြည့်ပြီးကို့ဘာသာကို အိမ်ပြန်ခဲ့တယ်။
အိမ်ပြန်ရောက်တော့ ဘုရားကို ကျေးဇူးတင်ပြီးဆု‌တောင်း ခဲ့တယ် ပြီးတော့ တညလုံးတွေးနေခဲ့သလို ဘုရားကိုမေးခဲ့တာ ကိုယ်တော် တကယ်ဘဲ ညက လမ်းပြခဲ့တာလား ဆိုပြီး
မေးရင်းငို ရင်း နဲ့ပေါ့ လမ်းဆုံးတဲ့အချိန်မှာ လမ်းပြတဲ့ဘုရား အမှောင်ထဲရောက်တဲ့အချိန်မှာ အလင်းပေးတဲ့ ဘုရား အဲ ဘုရားနဲ့သာ အတူသွားရင်
ဘယ်နေရာ ဘယ်အခြေအနေမျိုးဘဲ ရှိ‌ရောက်ပါစေ ကွယ်ကာတဲ့ ဘုရား🤍🙏🏼
2026မှာ ဘုရားပြုခဲ့တဲ့ အမှုသစ်
Thank you LORD 🙏🏼 🤍

20/01/2026

အသက်အရွယ်အပိုင်းအခြားတစ်ခုရောက်လာတဲ့အခါ
“အတွေးအခေါ်မတူသူတွေနဲ့ မပေါင်းဖြစ်တော့တော့ဘူး” ဆိုတာက
ရုတ်တရက် အမြင်တွေ ပိုမိုက်ပိုကောင်း သွားလို့ မဟုတ်ပါဘူး။
ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ ပြောင်းလဲသွားလို့ဆိုတာ သိလိုက်ရတယ်

Psychology အရ
အသက်ကြီးလာတာနဲ့အမျှ
ဦးနှောက်က “လူတိုင်းကို ကြိုက်ဖို့ မလိုဘူး”
ဆိုတဲ့ mode ကို ပြောင်းလဲ သွားပါတယ်။

ငယ်တုန်းကတော့
– အားလုံးနဲ့ အဆင်ပြေချင်တယ်
– မပေါင်းရင် ကိုယ့်အပြစ်လို့ ခံစားမိတယ်

ဒါပေမဲ့
အသက် အရွယ်တစ်ခုရောက်လာတဲ့အခါ
ဦးနှောက်က စတင်ရွေးချယ်တတ်လာတယ် —

ဒီလူနဲ့နေရင်
ကိုယ့်အတွက် စိတ်အင်အား ပိုကောင်းလာလား ?
ကျလာလား?

အတွေးအခေါ်ပိုင်း မတူတဲ့ လူတွေနဲ့ စကားပြောတဲ့အခါ
မပျော်တော့တာက
မာနကြီးလာလို့ မာန်တခုရှိနေလို့လည်း မဟုတ်ပါဘူး
ဦးနှောက်က
“ဒီ conversation က ငါ့ကို မတိုးတက်စေဘူး”
လို့ သဘောပေါက်သွားလို့ပါ။

Psychology မှာ
ဒါကို Emotional Filtering လို့ ခေါ်ပါတယ်။
ကိုယ့်စိတ်ကို ထိခိုက်စေမယ့်
energy-draining environment ကို
အလိုအလျောက် ရှောင်တတ်လာတာပါ။

ဒါကြောင့်Growth Mindset ရှိလာပြီဆို

ကိုယ့်အချိန်၊ ကိုယ့်စိတ်၊ ကိုယ့်အနာဂတ်ကို ပိုပြီး
တန်ဖိုးထားလာလို့
ပေါင်းဖော်နည်းသွားမယ်
ဒါပေမဲ့
ကိုယ့်လမ်းကို ပိုမြင်လာမယ်

ဒီအဆင့်ကို ရောက်လာပြီဆိုရင်
ကိုယ့်ကိုကိုယ့် ပျောက်သွားတာ မဟုတ်ဘူး
နောက် တဆင့်တက်ဖို့ processing အနေအထားဖြစ် လာတာပါ။ 🌱

✨🤍

20/01/2026

ကြိုးစားဖို့ အားနည်းနေရင်
ခုထိ ဘာမှမဖြစ်လာသေးဘူး ဆိုပြီး စိတ်ဓာတ်ကျနေရင်Jack Ma ကို အတုယူ
Jack Maက -
❌ မအောင်မြင်တဲ့ကျောင်းသား
❌ အလုပ်မရတဲ့လူ
➡️ ကမ္ဘာကျော် Billionaire & Entrepreneur
မလက်မလွှတ်ရင် ဘယ်သူမဆို အောင်မြင်နိုင်တယ် ဆိုတာကို ပြသပေးတဲ့သူပါ 🌟

ကျောင်းမှာစာတော်တဲ့ကျောင်းသားက သူများအလုပ်သမားဖြစ်လာနိုင်ပြီး၊စာမတော်တဲ့ကျောက်းသားက လုပ်ငန်းရှင်ဖြစ်လာနိုင်တယ်လို့
Jack Maကပြောခဲ့ပါတယ်။
Jack Ma ရဲ့ဘဝက အောင်မြင်မှုမတိုင်ခင် အရှုံးအနာများတဲ့ဘဝ ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ၂ ကြိမ်ကျ
Harvard University ကို ၁၀ ကြိမ်ကျော် လျှောက်ခဲ့ပေမယ့် မရ
KFC အလုပ်လျှောက်တဲ့အခါ
👉 လူ ၂၄ ယောက်လျှောက်၊ သူတစ်ယောက်ပဲ မရွေးခံရ
Computer နဲ့ Internet ကို နောက်ကျမှ သိခဲ့သူ
ဒါပေမယ့်… မလက်လွှတ်ဘူး 💪

Jack Ma ကို ဥပမာယူပြီး
ဘဝမှာ ကို လက်မလျော့သေးသ၍ ကြိုးစားနေသေးသ၍ အောင်မြင်မှုက အမြဲ စောင့်နေမှာပါ။

Want your business to be the top-listed Beauty Salon in Pathein?
Click here to claim your Sponsored Listing.

Category

Website

Address

Singapore
Pathein