Nay Myo Fitness Coach
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nay Myo Fitness Coach, Health/Beauty, Pathein.
18/07/2025
ကျွန်တော်ကတော့ ကျွန်တော့် Clientsတွေတိုင်းကို
ဘယ်တော့မှပြီးပြီးရောပြစ်ထားတယ်ဆိုတာဘယ်တော့မှမရှိခဲ့ဘူး။
Training ဆိုဘာကြောင့်ဘာအတွက်ဆော့တယ်ရှင်းပြတယ် သူတို့လိုချင်တဲ့ body goal အပေါ်မူတည်ပြီးမတူညီတဲ့ Training Program တွေနဲ့ Customize Training တွေဆွဲပြီး Train တယ်ဆိုတာကို ကျွန်တော့် PT Client တိုင်းသိတယ်။
အပြင်မှာရော Online မှာရော Daily activity/diet check လုပ်ပေးတယ်။
ဘာကြောင့်အဲ့လိုလုပ်ပေးလဲဆိုတော့ သူတို့ကကျွန်တော့်ကိုယုံကြည်လို့ငှားတဲ့အတွက် သူတို့ပေးရတာထက်တန်တဲ့ Service ကိုအမြဲပေးတယ်။
လိုအပ်တဲ့ Moti တွေ လိုအပ်တဲ့ Fitness Knowledge တွေလဲပြောပြ funny လေးတွေလဲပြောတယ်ဆိုတော့ကျွန်တော်နဲ့ဆော့ဖူးတဲ့သူတိုင်းရဲ့ပါးစပ်ထဲမှာ
Good Feedbackပဲပြန်ကြားရလို့၀မ်းသာပါတယ်💪🏻💯
📌Nay Myo
Certified Personal Trainer
FatLoss Specialist
Nutrition Specialist
Functional Tools Coach
CrossFit Trainer
One on one PT or Online Coaching
Contact - 09779163682
03/07/2025
ညအိပ်ရာ၀င်ချိန် ရေသောက်ခြင်းနှင့် နှလုံးရောဂါ ကာကွယ်မှု ဆက်စပ်ပုံ
ညအိပ်ရာမဝင်ခင် ရေတစ်ခွက် သောက်တတ်တဲ့ အလေ့အကျင့်ဟာ သင့်နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ အလေ့အထကောင်းတစ်ခုဖြစ်ပါတယ်။လူတိုင်းဟာ အိပ်ရေးပျက်မှာကိုကြောက်ကြပြီးအိပ်ရာ၀င်ခါနီးရေသောက်ဖို့ကြောက်ကြပါတယ် ဒါဟာအမှားတစ်ခုပါ။
သွေးပျစ်ခြင်းဟာ သွေးခဲဖွယ်ရာနှုန်း မြင့်တက်စေပြီး နှလုံးသွေးကြောပိတ်ဆို့မှုတွေ (Heart Attack)၊ လေဖြတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝပြီး သွေးကျဲနေခြင်းက ဒီအန္တရာယ်ကို လျော့ကျစေပါတယ်။
ရေဓာတ်နည်းခြင်း (Dehydration) ဟာ ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး သွေးပေါင်ချိန်တက်စေနိုင်ပါတယ် (အထူးသဖြင့် ဆိုဒီယမ်ဓာတ်များသူတွေမှာ)။
ရေဓာတ်ပြည့်ဝနေခြင်းက သွေးကြောတွေကို ပုံမှန်အခြေအနေမှာ ထိန်းထားရာမှာ အကူအညီဖြစ်စေပါတယ်။
သွေးတိုးရောဂါ (Hypertension) ဟာ နှလုံးရောဂါ၊ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။သွေးပျစ်နေရင် နှလုံးဟာ သွေးကိုညှစ်ထုတ်ဖို့ ပိုအားစိုက်ရပါတယ်။
ရေဓာတ်ပြည့်ဝပြီး သွေးကျဲနေတဲ့အခါ နှလုံးက သွေးကို ပိုမိုလွယ်ကူစွာ ညှစ်ထုတ်နိုင်ပါတယ်။
နှလုံးအလုပ်လုပ်ရတာ ပိုမိုလွယ်ကူခြင်းဟာ နှလုံးကြွက်သားပင်ပန်းမှုကို လျော့ကျစေပြီး နှလုံးကို ပုံမှန်အတိုင်း ကျန်းမာစွာ အလုပ်လုပ်စေပါတယ်။
ရေဟာ ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်အားလုံးအတွက် အရေးပါပါတယ်။
ညဘက်အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ဟာ ပြန်လည်ပြုပြင်ရေး၊ သန့်စင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပါတယ်။ဇီဝကမ္မဖြစ်စဉ်တွေ ပိုမိုထိရောက်စွာ လည်ပတ်နိုင်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာစေပြီး နှလုံးအပါအဝင် အရေးကြီးအင်္ဂါတွေ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။
သတိထားရမည့်အချက်များ
ပမာဏ မှန်ကန်ပါစေ ရေတစ်ခွက်ခန့် (200-300ml) လောက်သာ သောက်ပါ။ အလွန်အကျွံသောက်မိရင် ညဘက် ဆီးခဏခဏထဖို့လိုပြီး အိပ်ရေးပျက်စေနိုင်ပါတယ်။
အချိန်မှန်ကန်ပါစေအိပ်ရာမဝင်ခင် နာရီဝက်ခန့် အလိုလောက်မှာ သောက်ပါ။ အိပ်ခါနီးမှ သောက်ရင် ဆီးသွားချင်စိတ်ပိုဖြစ်စေနိုင်ပါတယ်။
ဆီးခဏခဏထရတတ်သူများ ညအိပ်ရာမဝင်ခင် ရေအလွန်အကျွံမသောက်မိအောင် ဂရုစိုက်ပါ။
နှလုံးရောဂါအခံရှိသူများ / ကျောက်ကပ်ရောဂါရှိသူများ ရေပမာဏကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးပါ။
#နှလုံးကျန်းမာရေး
#ရေသောက်ခြင်း
23/06/2025
အချိန်ရဲ့တန်ဖိုးသိချင်လား?
(Plank) 1 min ထောက်ကြည့်ပါ။
နေ့စဉ်အချိန် 1 min လေးပေးရုံဖြင့် ဗိုက်ကြွက်သားများ သန်မာစေပြီး ကယ်လိုရီလောင်ကျွမ်းစေကာ အဆီကျစေနိုင်ပါတယ်။
ဒါ့အပြင် ပခုံး၊ နောက်ကျော၊ တင်ပါးနှင့် ခြေထောက်ကြွက်သားများ သန်မာစေပါတယ်။
ပြီးတော့ 1 min ကဘယ်လောက်ကြာလဲဆိုတာပါ
သင်မြင်တွေ့နိုင်ပါတယ်🤣✌🏻
ဝိတ်ချတော့မယ် အဆီချတော့မယ်လို့
ဆုံးဖြတ်ပြီး Gymလာတဲ့သူတွေတော်တော်များများမှားလေ့ရှိတဲ့အမှားတွေကဘာလဲဆိုရင်.....
ဘာမှမစားဘူး ညစာရှောင်မယ် အပြုတ်တွေစားမယ်ဆိုပြီးဘောင်တစ်ခုကိုသတ်မှတ်လိုက်တာပဲ။🤷🏻
အဲ့တာအမှားနော်🙅🏻
ဘယ်လောက်အပြုတ်စားစား ဘယ်လောက်ပဲညစာရှောင်ရှောင် ကိုယ့်ရဲ့တစ်နေ့တာလိုအပ်တဲ့ Calories ထက်ပိုနေရင်ဝိတ်ကကျမှာမဟုတ်သလို ကိုယ့်ရဲ့တစ်နေ့တာလိုအပ်တဲ့ Calories ထက်နည်းနေပြန်ရင်လဲ ကြွက်သားတည်ဆောက်ဖို့လုံလောက်တဲ့ Protein ပမာဏမရတဲ့အတွက် ဝိတ်ကကျသင့်သလောက် ကျမှာမဟုတ်ဘူး။
ကိုယ်က ရှေ့ဆက်မလုပ်နိုင်တော့လို့ပုံမှန်အတိုင်းပြန်စားတဲ့အခါဝိတ်ကနှစ်ဆပြန်တက်လာတာကိုမြင်ရမှာဖြစ်ပါတယ်။
Calories အလွန်အကျွံလျော့စားပြီး ကျသင့်သလောက်ကျမလာဘဲ အဲ့ဝိတ်မှာတင် တစ်နေတဲ့ Clientsပေါင်းများစွာကိုလဲ အာပေါက်အောင်ပြောပြီးပါပြီ အသားကုန်လျော့စားတိုင်း ဝိတ်/အဆီကျလာမှာမဟုတ်ပါဘူး။✌🏻
19/06/2025
ကျန်းမာသန်စွမ်းတဲ့ နေထိုင်မှုအတွက် Gym လေ့ကျင့်ခန်း၏ အရေးပါမှု
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံအတွက်
Gym လေ့ကျင့်ခန်းလုပ်ခြင်းက အရေးကြီးပါတယ်။ Gym မှာ ပုံမှန်လေ့ကျင့်ခြင်းက ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။
Gym လေ့ကျင့်ခန်း၏ အကျိုးကျေးဇူးများ
1.ကြွက်သားများ သန်မာစေခြင်း– Weight training နဲ့ Resistance exercises တွေက ကြွက်သားတည်ဆောက်မှုကို အားပေးပါတယ်။
2.ဇီဝကမ္မဖြစ်စဉ် မြန်ဆန်စေခြင်း– ပုံမှန် Gym ဆော့ခြင်းက ကယ်လိုရီလောင်ကျွမ်းမှုကို မြင့်တက်စေပြီး အဆီပိုတွေကို လျော့ချပေးနိုင်ပါတယ်။
3.စိတ်ဖိစီးမှုလျော့ကျစေခြင်း– လေ့ကျင့်ခန်းလုပ်ချိန်မှာ Endorphin ဟော်မုန်းထွက်ရှိခြင်းကြောင့်
စိတ်ဖိစီးမှုလျော့ကျစေပါတယ်။
4. နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း
– Cardio workouts (ဥပမာ - treadmill, cycling) တွေက နှလုံးသွေးကြောစနစ်ကို အားကောင်းစေပါတယ်။
Gymလေ့ကျင့်ခန်း စတင်မည်ဆိုရင် သိထားသင့်သော အချက်များ
✔ Personal Trainer နဲ့ တိုင်ပင်ပါ – မှန်ကန်တဲ့ လေ့ကျင့်နည်းကို သိရှိဖို့ အရေးကြီးပါတယ်။
✔ Warm-up & Cool-down လုပ်ပါ– ဒဏ်ရာမရအောင် ကြိုတင်ပြင်ဆင်ပါ။
✔ အာဟာရပြည့်ဝစွာ စားသုံးပါ– Protein, Carbs, Healthy Fats တွေ မျှတစွာ စားပေးပါ။
✔ ရေများများသောက်ပါ – လေ့ကျင့်ခန်းလုပ်နေစဉ် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ဖို့ အရေးကြီးပါတယ်။
“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့စကားအတိုင်း Gym လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပြီး
ကိုယ်ရောစိတ်ပါ ကျန်းမာအောင် ဂရုစိုက်လိုက်ကြရအောင်ဗျာ! 💪🔥
📌ကျန်းမာစွာအဆီချချင်ရင်တော့
Online / Face to Face Training ယူနိုင်ပါတယ်ခဗျာ။💪🏻
ကျန်းမာစွာအဆီချပေးနိုင်ဖို့ကျွန်တော့်တာ၀န်ထားပါ။
မိတ်ဆွေတို့ကဆွဲမြဲစွာလိုက်လုပ်ဖို့နဲ့တိကျတဲ့စိတ်တစ်ခုသာယူလာခဲ့ပါ။✌🏻💪🏻
#ကျန်းမာရေး
25/05/2025
ဘယ်အလုပ်မဆို ကိုယ့်ရဲ့ Target ရောက်ဖို့အချိန်ပေးရပါတယ်။
အဆီကျဖို့လေ့ကျင့်ခန်းပဲလုပ်လုပ်၊လုပ်ငန်းတစ်ခုအောင်မြင်အောင်ပဲလုပ်လုပ် အချိန်ဆိုတာရင်းနှီးရစမြဲ
ပါ။
နှစ်ရှည်လများလေ့ကျင့်ခန်းမလုပ်ပဲစားသောက်နေချင်သလိုနေလာတဲ့ခန္ဓာကိုယ်ကို ၁လ၂လနဲ့တော့ပြောင်းလဲမယ်မထင်ပါနဲ့❗
ကျွန်တော်ကိုယ်တိုင်လဲ Body Transform ဖြစ်ဖို့အချိန်တစ်ခုရင်းနှီးပြီး Healthy Life style တစ်ခုကို change ပြီးမှရလာခဲ့တာပါ။
အောက်ကပုံတွေကသက်သေပါ👇🏻
အချိန်ပေးပါ မလောပါနဲ့✌🏻
လှေကားတစ်ဆင့်ချင်းစီတက်ပါ ကျော်တက်ရင်ပြုတ်ကျတတ်ပါတယ်။သတိပြုပါ❗
16/05/2025
Over Training ရဲ့ Side effectsများ
Gym မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်ပေမယ့် တစ်ပတ် ၆ ရက် (သို့)
နေ့တိုင်း အလွန်အကျွံ ဆော့ခြင်းက ခန္ဓာကိုယ်ကို
ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကို Overtraining Syndrome (OTS) လို့ခေါ်ပြီး ကြွက်သားတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဟော်မုန်းတွေအပေါ် သက်ရောက်မှုရှိပါတယ်။
🔴 Over Training ရဲ့ဆိုးကျိုးများ
1️⃣ ကြွက်သားနာကျင်မှု ပိုများခြင်း
- ခန္ဓာကိုယ်က ပြန်လည်အနားယူဖို့ အချိန်မရတဲ့အခါ DOMS (Delayed Onset Muscle Soreness)လို့ခေါ်တဲ့ နာတာရှည်ကြွက်သားနာကျင်မှုတွေ ဖြစ်လာနိုင်တယ်။
- ကြွက်သားတွေ ပြန်လည်ပြုပြင်ဖို့ ပရိုတင်းနဲ့ အာဟာရ လုံလောက်စွာ မရရင် အားနည်းပြီး ဒဏ်ဖြစ်လွယ်တယ်။
2️⃣ အားနည်းခြင်းနှင့် စွမ်းဆောင်ရည်ကျဆင်းခြင်း
- လေ့ကျင့်ခန်းအလွန်အကျွံလုပ်ရင် စွမ်းအင်ကုန်ခမ်းပြီး ပုံမှန်ထက် ပိုမောပန်းလာတတ်တယ်။
- ကြာလာတဲ့အခါ Strength & Endurance ကျဆင်းလာပြီး ရလဒ်မကောင်းတော့ဘူး။
3️⃣ အိပ်မပျော်ခြင်း (Insomnia)
- Overtraining ဖြစ်နေရင် Cortisol (စိတ်ဖိစီးမှုဟော်မုန်း) မြင့်တက်လာပြီး အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတယ်။
- အိပ်ရေးပျက်တာကြောင့် ကြွက်သားတွေ ပြန်လည်ပြုပြင်ဖို့ အခက်အခဲဖြစ်စေတယ်။
4️⃣ ကိုယ်ခံအားကျဆင်းခြင်း
- လေ့ကျင့်ခန်းအလွန်အကျွံလုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ Immune System ကိုထိခိုက်စေပြီး အအေးမိ၊ ဖျားနာလွယ်လာတယ်။
5️⃣ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်း
- Overtraining က Serotonin & Dopamine
(စိတ်ပျော်ရွှင်စေသော ဟော်မုန်းများ) ကိုလျော့နည်းစေတဲ့အတွက် စိတ်ဓာတ်ကျ၊ စိတ်တိုလွယ်လာတတ်တယ်။
6️⃣ ထိခိုက်ဒဏ်ရာရနိုင်ခြေများခြင်း
- ခန္ဓာကိုယ်က အနားယူဖို့ အချိန်မရရင် အရွတ်များ၊ အဆစ်များ၊ အရိုးနုများပျက်စီးလွယ်ပြီး လေ့ကျင့်ခန်းကြောင့် နာတာရှည်ဒဏ်ရာ ရနိုင်တယ်။
✅ ဘယ်လိုရှောင်ကြဉ်မလဲ?
✔ တစ်ပတ်ကို ၃-၅ ရက်လောက်သာ Gym ဆော့ပြီး Rest Day ယူပါ။
✔ အိပ်ချိန် ၇-၈ နာရီပြည့်အောင် အိပ်စက်အနားယူပါ။
✔ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ် မျှတစွာ စားသုံးပါ။
✔ ကြွက်သားနာကျင်နေရင်အနားယူပါ၊ ရေခဲကပ်ပါ၊ Stretching လုပ်ပါ။
📌 သတိပြုရန်
"More is not always better!"
(ပိုလုပ်တိုင်း ပိုကောင်းတာမဟုတ်ပါဘူး)
Gym ဆော့တာက ခန္ဓာကိုယ်ကို ပြုပြင်ဖို့အတွက်မဟုတ်ဘဲအနားယူဖို့အချိန်ပေးမှသာ တကယ်တိုးတက်မှာပါ။
ဒါကြောင့် တစ်ပတ် ၆ ရက် Gym ဆော့တာကို ရှောင်ပြီး သင့်တင့်မျှတတဲ့ Workout Planနဲ့ အနားယူဖို့
မမေ့ပါနဲ့❗
ဝိတ်ချဖို့အတွက် ဘာလုပ်ရမလဲ?
အများကြီးမတွေးနဲ့
Muscle တည်ဆောက် muscle များလာလေ Fat ပါးလာလေပဲမို့လို့ အလေးမဖို့မကြောက်ပါနဲ့!
25/04/2025
Fitness & Mental Health
1.စိတ်ပျော်ရွှင်မှုဟော်မုန်း တိုးစေတယ်
လေ့ကျင့်ခန်းလုပ်တိုင်း Endorphins ဟော်မုန်းတွေ ထွက်စေပြီး စိတ်ဖိစီးမှုကို ချက်ချင်းလျှော့ချပေးပါတယ်။
2. စိတ်ဖိစီးမှု လျော့ကျစေတယ်
ခန္ဓာကိုယ်က Cortisol (စိတ်ဖိစီးမှုဟော်မုန်း) ကို ထိန်းချုပ်ပေးပြီး စိတ်ငြိမ်စေပါတယ်။
3.မိမိကိုယ်ကို ယုံကြည်မှုတိုးလာစေတယ်
ကိုယ်ခန္ဓာကျစ်လျစ်လာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ယုံကြည်မှု တက်လာမယ်။
4. နှစ်ချိုက်စွာအိပ်ပျော်စေတယ်
ပုံမှန်လေ့ကျင့်ခန်းလုပ်သူတွေဟာ အိပ်ရေးဝဝ အိပ်ပျော်ပြီး စိတ်ကျန်းမာရေး ကောင်းစေပါတယ်။
5. အထီးကျန်ခြင်းကိုသက်သာစေတယ်
အားကစားလုပ်စဉ် လူမှုဆက်ဆံရေး တိုးတက်ကာ စိတ်ထဲအထီးကျန်မှု လျော့စေတယ်။
6.ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးတယ်
သွေးလှည့်ပတ်မှုကောင်းစေလို့ မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်မှု တိုးတက်စေတယ်။
7.စိုးရိမ်ပူပန်မှု/စိတ်ကျရောဂါများကို သက်သာစေတယ်
လေ့လာချက်တွေအရ လေ့ကျင့်ခန်းက ဆေးဝါးမပါဘဲ စိတ်ကျန်းမာရေးကို ထိန်းပေးနိုင်တယ်။
သိပ်မကြိုးစားနဲ့!
တစ်ပတ်ကို ၃ ကြိမ်၊ ၃၀ မိနစ်စာ လမ်းလျှောက်တာ၊ ယောဂကျင့်တာလောက်နဲ့လည်း စိတ်ကြည်လင်လာပါလိမ့်မယ်။
စလုပ်ဖို့ပဲလိုတယ်!
စိတ်ရောကိုယ်ပါ ကျန်းမာဖို့ ဒီနေ့ပဲစလိုက်စို့။💪🏻💯
လေ့ကျင့်ခန်းလုပ်ခြင်းက မိမိရဲ့ခန္ဓာကိုယ်သာမကစိတ်ကိုပါအများကြီးပြုပြင်ပေးပါတယ်။
13/04/2025
ဒီနေ့မှာကြရောက်တဲ့ မြန်မာ့နှစ်သစ်ကူးသင်္ကြန်အကြိုနေ့မှာ၃၁ဘုံ၌ရှိသောသတ္တဝါများအားလုံး ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ🙏🏻
ကပ်၃ပါးမှကင်းလွတ်နိုင်ကြပါစေ🙏🏻
ဘ၀အမောများ ကင်းစင်ကြပါစေ🙏🏻
Click here to claim your Sponsored Listing.
Category
Website
Address
10011
