Htet Myat Nay Chi
လုပ်ငန်းအတွက် content အပ်ချင်ရင် လာရောက်ဆက်သွယ်နိုင်ပါတယ်🤗
31/12/2024
"အစားလေး နည်းနည်းမှားလိုက်ရုံနဲ့ လေထိုး၊ လေအောင့်ဖြစ်တတ်တဲ့သူတွေအတွက်📌"
တကယ့်ကို စိတ်ရှုပ်ရပါတယ်။ဘာမှလဲ မလုပ်နိုင်၊မကိုင်နိုင် ဗိုက်ကို ဖိနေရုံသာတတ်နိုင်တယ်။ဆေးတွေကလဲ အောင့်တိုင်း သောက်နေကျဆိုတော့ ဆေးယှဉ်ပြီး ဆေးမတိုးတော့။ဘာဆေးသောက်သောက် မသက်သာတော့တာမျိုးပေါ့။
အဲ့လိုဖြစ်လာပြီဆိုရင် လုပ်ရမဲ့နည်းက တစ်ခုပဲရှိပါတော့တယ်။သဘာဝနည်းလမ်းလေးတွေကို အားကိုးရမှာပါ။အဲ့နည်းလမ်းလေးတွေကို သိထားမယ်ဆိုရင် လေထိုး၊ လေအောင့်ဖြစ်လဲစိတ်ပူစရာမလိုတော့ပါဘူး။တကယ့်
ကို အဆင်ပြေတဲ့နည်းလမ်းလေးတွေမို့ မျှဝေပေးလိုက်ပါတယ်နော်☘️
(၁) လေထိုး၊ လေအောင့်ဖြစ်တဲ့နေရာကို အသာအယာနှိပ်နယ်ပေးပါ။နှိပ်နယ်ပေးတဲ့အခါ သွေးလည်ပတ်မှုအားကောင်းစေပြီး လေလည်သွားတဲ့အခါ လေထိုးတာ သက်သာစေပါတယ်။
(၂) ပူစီနံဖျော်ရည် (သို့) ပူစီနံ လက်ဖက်ရည်ဟာ လေထိုးတာ သက်သာစေပါတယ်။
(၃) ရေနွေးအိတ်ကပ်ပေးတာကလဲ လေထိုး၊ လေအောင့် သက်သာစေပါတယ်။
(၄) ဂျင်းကိုနှပ်ထားပြီး လက်ဖက်ရည်အနေနဲ့သောက်ပါ။
(၅) ရေများများသောက်ပေးပါ။စစချင်းတော့ ပိုအောင့်သလိုခံစားရနိုင်ပေမဲ့ နောက်ပိုင်း အဆင်ပြေသွားမှာပါ။
(၆) လေလည်စေမဲ့ ပြင်းပြင်းထန်ထန်မဟုတ်တဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။
(၇) အပူမပြင်းတဲ့ ဆေးအဆီတစ်မျိုးမျိုးနဲ့ ဗိုက်ကိုညင်ညင်သာသာ လှည့်ပတ်နှိပ်နယ်ပေးပါ။
(၈) သံပုရာရည်နွေးနွေးလေးသောက်ပေးပါ။( သံပုရာသီးနဲ့ ဓာတ်မတည့်တဲ့သူတွေ ရှောင်ကြဉ်ပေးပါ)
သဘာဝနည်းလမ်းတွေမို့ ချက်ချင်းကြီး ယူပစ်လိုက်သလို ပျောက်သွားတာ
မျိုး မဟုတ်ပေမဲ့ ဖြည်းဖြည်းချင်းသက်သာစေမှာပါ။အရင်ကထက်တော့ အောင့်တာ ပိုသက်သာသွားစေမှာပါနော်🤍
နည်းလမ်းလေးတွေ သေချာလိုက်လုပ်ကြည့်ပြီး အဆင်ပြေကြပါစေရှင့်...
26/12/2024
"ရာသီလာချိန် မဖြစ်မနေစားပေးသင့်တဲ့ အစားအသောက်(၇)မျိုး"
မိန်းကလေးတွေအတွက် ဒီလိုအချိန်ကိုရောက်လာပြီဆို အင်မတန်မှကို ခက်ခဲတဲ့ကာလပါ။စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာရော အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့ အချိန်တွေဖြစ်လာတဲ့အတွက် နေရထိုင်ရအဆင်ပြေသက်သာအောင် ဆေးသောက်တာပဲဖြစ်ဖြစ်၊ မပြင်းထန်တဲ့လေ့ကျင့်ခန်းလေးတွေပဲဖြစ်ဖြစ် လုပ်ပြီးတော့ ကြံဖန်နေရပါပြီ။
ကိုယ်တိုင်ကလဲ မိန်းကလေးဖြစ်တာမို့ အဲ့အချိန်တွေရောက်ပြီဆို တကယ်အဆင်မပြေတာပါ။ဒါကြောင့်မို့ ကိုယ်တိုင်လုပ်ဖြစ်တဲ့ နည်းလမ်းလေးကို မျှဝေပေးချင်တာပါ။အစားအသောက်ကြိုက်တဲ့သူမို့ အဲ့အချိန်ဆို နာကျင်ကိုက်ခဲတာပိုမဆိုးအောင် အစားအသောက်နဲ့ပတ်သတ်ပြီး ဆင်ခြင်ရပါတယ်။
အဲ့လိုဆင်ခြင်တာက အဆင်ပြေသက်သာတယ်လို့ ကိုယ်တိုင်က ခံစားရတာမို့ အကုန်လုံးသိသွားအောင် ပြောပြပေးလိုက်ပါတယ်နော်♥️
(၁) ရေဓာတ်ပြည့်ဝဖို့ အရေးကြီးတာမို့ တစ်နေ့ ရေ(၂)လီတာခန့် ပုံမှန်သောက်ပေးပါ။
(၂) အသီးအနှံများများစားပေးပါ။
(၃) အစိမ်းရောင်ရှိသော အရွက်တွေများများစားပေးပါ။
(၄) ဂျင်းပြုတ်ရည်သောက်ပေးပါ
(၅) Omega 3 ကြွယ်ဝသော အစာတွေများများစားပေးပါ။
(၆) သံဓာတ်ချို့တဲ့ပြီး သွေးအားမနည်းစေရန် အသားဓာတ်ပြည့်ဝအောင်စားပါ။
(၇) Probiotics ကြွယ်ဝသော အစာတွေစားပေးပါ။(ဥပမာ-ဒိန်ချဉ်၊ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ)
အခုလို ဆင်ခြင်ပြီး စားပေးတာက နာကျင်ကိုက်ခဲတာကို အရှင်းပျောက်မယ်လို့ အာမမခံပေးနဲ့ အရင်ထက်ပိုပြီး နေရထိုင်ရတာ အဆင်ပြေသက်သာစေမှာပါ📌
content လေးတွေ လက်ခံနေပါတယ်နော်☘️
#ကျန်းမာရေး
23/12/2024
"ဆောင်းရာသီမှာ အစိုဓာတ်ကိုပေးတဲ့ cream၊ lotion လိမ်းတာနဲ့ပဲ အသားပက်တာ သက်သာမယ်လို့ ထင်နေကြတုန်းလား😳"
ဆောင်းရာသီမှာ အသားမပက်တဲ့သူရယ်လို့မရှိပါဘူး။လေထုက အေးမြပြီးခြောက်သွေ့တဲ့ ရာသီဖြစ်တာကြောင့် ဖြစ်နေကြအရာလေးတစ်ခုပါ။အများစုက အသားပက်တာ သက်သာအောင် cream၊ lotion လိမ်းကြပါတယ်။
တကယ်ကောင်းတဲ့ cream၊ lotion တွေလဲအများကြီးရှိပါတယ်။တကယ်လဲ သက်သာပါတယ်။ဒါပေမဲ့ ကိုယ်က အဲ့ပစ္စည်းတွေကို အသုံးပြုတာနဲ့ပဲ ကျန်တဲ့ အသားပက်တာကို ပိုဖြစ်စေမဲ့ အရာတွေကို မေ့ထားလို့မရပါဘူး။
ကိုယ့်ရဲ့ နေ့စဉ်လုပ်နေကြ အရာတွေမှာ အသားပက်တာကိုဖြစ်စေတဲ့ မသိသာတဲ့ အကြောင်းအရာလေးတွေရှိနေတတ်ပါတယ်။ဒါကြောင့်မို့ ရှောင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်နော်🥰
(၁) သနပ်ခါးကို ထူပိန်းနေအောင် မလိမ်းပါနဲ့။
(၂) ခန္ဓာကိုယ်ရဲ့အရေပြားပေါ်မှာ အနံ့ပြင်းတာတွေ မသုံးပါနဲ့။
(၃) ရေအကြာကြီး မချိုးပါနဲ့။
(၄) scrub ပုံမှန်တိုက်ပါ။
(၅) ဆပ်ပြာ အပြင်းစားတွေ မသုံးပါနဲ့။
(၆) လေတိုးမခံပါနဲ့။(အပြင်ထွက်ရင် လက်ရှည်လေးတွေ ဝတ်ပေးပါ)
(၇) ရေများများသောက်ပါ။
ကဲ အကြောင်းအရာလေးတွေ သိပြီဆိုတော့ သေချာမှတ်ထားပြီး သေချာရှောင်လိုက်တော့နော်။
content လေးတွေ လက်ခံနေပါတယ်နော်🤗
#အလှအပ
ဒီတစ်ပတ် သင်တန်းတစ်ခုတက်စရာရှိလို့ post တင်တာလေးတွေ နားထားပါမယ်ရှင့်။အခုထက် ပိုပြီးရေးနိုင်လာအောင် ဖန်တီးလာနိုင်အောင် လုပ်မှာပါ ပိုပြီးလေ့လာမှာပါ။ဒါကြောင့် ဒီထက်ပိုကောင်းတဲ့ အတွေးအမြင်၊ ဖန်တီးမှုတွေကို ဆက်လေ့လာလိုက်ပါအုန်းမယ်နော်🤗💪
13/12/2024
"ဝိတ်ချဖို့ စိတ်ကူးနေတဲ့ သူလေးတွေအတွက်😜"
ဝိတ်ချနေတဲ့သူလေးတွေနဲ့ ဝိတ်ချဖို့စိတ်ကူးနေတဲ့သူလေးတွေအတွက်
ဝိတ်ချတဲ့ချတဲ့နေရာမှာ အထောက်အကူပြုမဲ့ အသီးလေးတွေကို ပြောပြပေးပါမယ်နော်။အသီးလေးတွေက ဝယ်ဖို့ လွယ်ကူပြီး အရမ်းလဲဈေးမကြီးဘဲ ရာသီမရွေးပေါ်တဲ့အသီးလေးတွေဖြစ်တော့ ပိုပြီးအဆင်ပြေတာပေါ့။
ရေဓာတ်အပြည့်ပါတဲ့ အသီးလေးတွေမို့ ဝိတ်ချဖို့ အများကြီး အထောက်
အကူပြုသွားမှာပါ။အများစု ကြိုက်နှစ်သက်တဲ့အသီးလေးတွေလဲ ဖြစ်ပြီး
စားလို့ကောင်းတဲ့အပြင် အလွယ်တကူဝယ်လို့ရတာမို့ စိတ်မပူနဲ့နော်။
ကဲ အသီးလေးတွေကိုကြည့်လိုက်ရအောင်📌
(၁) ပန်သီး
(၂) လိမ္မော်သီး
(၃) ငှက်ပျောသီး (ငှက်ပျောသီးက ကယ်လိုရီဓာတ်ပါဝင်မှုများတယ်ဆိုပြီး ရှောင်ကြတဲ့သူတွေရှိပါတယ်။တကယ်တော့ သူ့မှာပါဝင်တဲ့ အခြားဓာတ်တွေက ဝိတ်ချဖို့ အများကြီးအထောက်အကူပြုနေပါတယ်။အများကြီစားတာမျိုး သင့်တော်တဲ့ ပမာဏလာက်တော့ စားပေးစေချင်ပါတယ်)
(၄) ထောပတ်သီး ( သူလဲ ငှက်ပျောသီးလိုပါပဲ။ဖျော်ရည်လုပ်ပြီး သောက်တာထက် အစိမ်းစားတာ ပိုထိရောက်ပါတယ်။သူကတော့ ရာသီစာ ဖြစ်လို့ သူ့ရာသီရောက်ဖို့ နည်းနည်းတော့ စောင့်ရပါတယ်)
(၅) ဂရိတ်ဖုသီး
ဒီအသီးလေးတွေကို ပုံမှန်စားပြီး အတူတူဝိတ်လျော့လိုက်ရအောင်။အသီးလေးတွေက အများကြီး ပံ့ပိုးပေးသွားမှာပါ😘
အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတဖြစ်စေမဲ့ content လေးတွေ ပုံမှန်တင်ပေးနေပါတယ်။Like and Follow မစကြပါအုန်း🤌🥺
ဘယ်လို content မဆိုလက်ခံနေပါတယ်နော်။
#ကျန်းမာရေး
11/12/2024
"ကျန်းမာခြင်းသည် လာဘ်တစ်ပါး"
ဒီနေ့တော့ အိမ်တိုင်းလိုလိုမှာရှိကြတဲ့ လျှားစောင်းလက်ပတ်လေးရဲ့ ကျန်းမာရေးအသုံးဝင်ပုံလေးတွေကို ပြောပြပေးသွားပါမယ်ရှင့်။ဘာလို့လဲဆိုတော့ လူအများစုသိကြတာက လျှားစောင်းလက်ပတ်ကို အလှအပအတွက်သာ လိုအပ်တယ်လို့ သိထားကြပါတယ်။
ကျန်းမာရေးအတွက်လဲ လိုအပ်တယ်ဆိုတာ သိထားကြတာနည်းပါတယ်။သိမယ်ဆိုရင်တောင် ဘာအတွက်ကောင်းတယ်ဆိုတာ သိထားတဲ့သူ ခပ်ရှားရှားပါ။ဒါကြောင့် အားလုံးကိုသိစေချင်လို့ မျှဝေပေးလိုက်ပါတယ်နော်။
အချက်လေး(၅)ချက်ရှိပါတယ်📌🥰
(၁) ကောင်းမွန်သော အပင်ဒြပ်ပေါင်းများ ပါဝင်ခြင်း။
(၂) ရောဂါပိုးကူးစက်နေတဲ့ ဘက်တီးရီးယားတွေရဲ့ ကြီးထွားနိုင်မှုကို တားဆီးပေးခြင်း။
(၃) အနာကျက်မြန်စေခြင်း။
(၄) ဝမ်းချုပ်ခြင်းကို လျော့နည်းစေခြင်း။
(၅) သွေးတွင်းသကြားဓာတ် လျော့ကျစေခြင်း။
အဲ့ဒါကြောင့် လျှားစောင်းလက်ပတ်ကို စားပေးခြင်း၊သောက်သုံးပေးခြင်း
ဖြင့် ကျန်းမာရေးအတွက် အများကြီး အသုံးဝင်နိုင်ပါတယ်။ပုံမှန် အသုံးပြုခြင်းဖြင့် ကျန်းမာတဲ့ခန္ဓာကိုယ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ🤗
အလှအပ၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ content လေးတွေပုံမှန်တင်ပေးနေပါတယ်။Like and Follow လုပ်သွားပေးပါအုန်း။
09/12/2024
"ဆံပင်လုံးဝမကျွတ်တော့အောင် လုပ်လို့ရတဲ့ နည်းလမ်းလေးရှိတယ် မသိချင်ဘူးလား🤫"
ပထမဦးဆုံးပြောချင်တာက ဆံပင်မကျွတ်အောင် လုပ်လို့မရပါဘူးနော်🥺
ဆံပင်ကျွတ်တာက ကုသလို့ ရတဲ့အထဲမှာမပါပါဘူး။ဒါပေမဲ့ ပိုမဆိုးအောင်
တော့ ရှောင်ရမဲ့အချက်လေးတွေရှိပါတယ်ရှင့်။အဲ့အချက်လေးတွေကို အ
ကုန်လုံးသိအောင် မျှဝေပေးပါမယ်နော်။
အချက်လေး(၉)ချက်ရှိပါတယ်🤗
(၁) အစားအသောက် အလွန်အမင်းထိန်းခြင်း။(အစားအသောက်အရမ်းထိန်းတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို မရဖြစ်နေတတ်ပါတယ်။ဒါကြောင့် လိုအပ်တဲ့ အာဟာရကိုတော့ ပုံမှန်စားပေးသင့်ပါတယ်)
(၂) မျိုးရိုးလိုက်ခြင်းနှင့် ဟော်မုန်းအပြောင်းအလဲ။
(၃) ဆံပင်ကို အပူပေးပြီး မကြာခဏပုံသွင်းခြင်း။
(၄) နေရောင်ကြာမြင့်စွာ ထိခြင်း။
(၅) ဆေးလိပ်သောက်ခြင်း။
(၆) ဆေးဝါးများနှင့် ဓာတ်ရောင်ခြည် ကြာရှည်စွာထိတွေ့ခြင်း။
(၇) ဓာတ်ကင်ခြင်း။
(၈) အိပ်ချိန်မပြည့်ဝခြင်း။
(၉) စိတ်ဖီစီးမှုများခြင်း။
ဒီအချက်လေးတွေကို သေချာရှောင်ကြဉ်မယ်ဆိုရင်တော့ ဆံပင်တွေ ပုံပျက်ပန်းပျက် ကျွတ်တာမျိုးကနေတော့ ကင်းဝေးမှာ သေချာပါတယ်။
အလှအပ၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ content လေးတွေကို ပုံမှန်တင်ပေးသွားပါမယ်ရှင့်။content လေးတွေ လက်ခံနေပါတယ်နော်📌🥰
#ကျန်းမာရေး
05/12/2024
ဆားဝက်ခြံနဲ့ဝက်ခြံတွေ မရှိတဲ့မျက်နှာလှလှလေးမလိုချင်ဘူးလား📌❓
ပိုက်ဆံအကုန်ခံပြီး အလှကုန်ပစ္စည်းတွေ ဝယ်စရာမလိုတဲ့အပြင် အိမ်မှာ အလွယ်တကူရှိနေတဲ့ ပစ္စည်းလေးတွေနဲ့တင် လုပ်လို့ရတာဆိုတော့ budget ချွေတာရာလဲရောက်တာပေါ့။နည်းလမ်းလေးတွေ အများကြီးပြောပြမှာမို့လို့ ကိုယ်အဆင်ပြေမဲ့ နည်းလမ်းလေးကို ရွေးချယ်ပြီး လုပ်လို့ ရပါတယ်ရှင့်။
နည်းလမ်းလေး(၄)ခုရှိပါတယ်နော်🥰
(၁) ရှားစောင်းလက်ပတ်ကို သန့်ရှင်းအောင်ဆေးပါ။အခွံခွာပြီး ဂျယ်များ ကို ဇွန်းဖြင့်ခြစ်ယူပါ။ခြစ်ယူထားတဲ့ ဂျယ်များကို မျက်နှာပေါ်တွင် လိမ်းပေးပါ။
(၂) သန့်စင်သော ရေခဲဖြင့် (၃) မိနစ်ခန့် ပွတ်ပေးပါ။
(၃) ကြက်သွန်ဖြူကို အခွံခွာပြီး ထောင်းပေးပါ။ငရုတ်သီးထောင်းထားတဲ့
ငရုတ်စုံထဲ မထောင်းမိပါစေနဲ့ မျက်နှာတွေ ပူကုန်လိမ့်မယ်။ထောင်းထားတဲ့ ကြက်သွန်ဖြူကို မျက်နှာပေါ်တွင် ပွတ်လိမ်းပေးပါ။
(၄) ရှားစောင်းလက်ပတ်မှ ဂျယ်ကိုခြစ်ယူပြီး ခွက်ထဲကိုထည့်ပါ။ရှားစောင်းလက်ပတ်ထည့်ထားတဲ့ ခွက်ထဲကိုပဲ ငှက်ပျောခွံမှ အဖြူအဖတ်များကို ဇွန်းဖြင့်ခြစ်ယူပြီး ထည့်ထားပါ။အဲ့ခွက်ထဲကို ပျားရည် အနည်းငယ်ထည့်ပြီး စက္ကန့် (၃၀) ခန့်မွှေပေးရပါမယ်။အသားကျအောင် မွှေပြီးတာနဲ့ မျက်နှာပေါ်တွင် ပွတ်လိမ်းပေးပါ။
နံပါတ် (၂) အချက်ကလွဲပြီး ကျန်တဲ့အချက်တွေကို လုပ်ပြီးတာနဲ့ (၁၂) မိနစ်ခန့်ထားပေးပြီး အချိန်ပြည့်တာနဲ့ ချက်ချင်း ဆပ်ပြာနဲ့မျက်နှာကို ပြန်သစ်ပေးရပါမယ်။အခုလို နည်းလမ်းလေးတွေကို စနစ်တကျလုပ်ပေးပြီး မျက်နှာပေါ်မှာရှိတဲ့ ဆားဝက်ခြံနဲ့ ဝက်ခြံတွေ အမြန်ဆုံးပျောက်ကင်းအောင် လုပ်လိုက်ကြရအောင်နော်🤗
အလှအပ၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ နည်းလမ်းလေးတွေကို အမြဲမျှဝေပေးမှာမို့
page ကို Like and Follow လုပ်ပေးပါအုန်း။
ကြိုက်နှစ်သက်ရင် content လေးတွေ လာအပ်လို့ရပါတယ်ရှင့်😘
03/12/2024
နှုတ်ခမ်းနီမဆိုးထားရင်တောင် ပန်းရောင်သန်းပြီး လှနေတဲ့ နှုတ်ခမ်းလေး မလိုချင်ဘူးလား❓
သဘာဝအတိုင်းလုပ်လို့ရမဲ့နည်းတွေရှိတာရော သိပြီးပြီလား❓
မိန်းကလေးဘဲဖြစ်ဖြစ်၊ ယောကျာ်းလေးဘဲဖြစ်ဖြစ် နှုတ်ခမ်းကြီးမဲညစ်နေတာကိုတော့ ဘယ်သူမှမလိုချင်ဘူးလေနော်။ပုံမှန် ကိုယ့်အိမ်မှာ သုံးနေကျ ပစ္စည်းလေးတွေနဲ့ပဲဆိုတော့ ပိုအဆင်ပြေတာပေါ့။အရမ်းကိုလွယ်ကူတာမို့ လုပ်ကြည့်လိုက်တော့။ဒါ့အပြင် နှုတ်ခမ်းကို မဲသထက်ပိုမမဲအောင်
ရှောင်ရမဲ့အချက်လေးတွေပါ ထည့်ပြောပေးသွားပါမယ်ရှင့်🥰
အချက်(၅)ချက်လေးနဲ့ပြောပေးသွားပါမယ်။
(၁) နှုတ်ခမ်းကို နေလောင်မခံဖို့ပါ။နေပူထဲထွက်ရင် မျက်နှာကို လိမ်းသလို
မျိုး နှုတ်ခမ်းကိုလိမ်းပေးရမှာပါ။တကူးတက ကြီးဝယ်နေစရာမလိုပါဘူး။မျက်နှာမှာလိမ်းတဲ့ SPF ပါတဲ့ sunscreen လေးကို နေပူထွက်တိုင်း လိမ်းပေးရုံပါပဲ။
(၂) ဆေးလိပ်သောက်တာက နှုတ်ခမ်းသားကို ပိုမဲညစ်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(၃) နှုတ်ခမ်းကို ပုံမှန် scrub ကြေးချွတ်ပေးပါ။ကြေးချွတ်တာကို နှစ်မျိုးလောက်ပြောပေးသွားမယ်။န
အိမ်မှာရှိတဲ့ သွားတိုက်တံလေးနဲ့ (၂ )မိနစ်ခန့် နှုတ်ခမ်းအပေါ်အောက် တိုက်ချွတ်ပေးပါ။တစ်ပတ်ကို (၃) ကြိမ်
(ဒါမှမဟုတ်)
သကြား(၂)ဇွန်းနဲ့ ပျားရည်ရောပြီး (၂)မိနစ်ခန့် နှုတ်ခမ်းအပေါ်အောက် တိုက်ချွတ်ပေးပါ။တစ်ပတ်ကို (၂) ကြိမ်
(၄) နှုတ်ခမ်းကို ခြောက်ကပ်မနေဘဲ အစိုဓာတ်လေးရှိနေစေဖို့ moisture
လေးပုံမှန်လိမ်းပေးပါ။နှုတ်ခမ်းလိမ်းဖို့ သီးသန့်ဝယ်လို့လဲရသလို မျက်နှာမှာလိမ်းတဲ့ moisture လေးလဲလိမ်းလို့ရပါတယ်နော်။
(၅) နှုတ်ခမ်းနီမဆိုးခင်မှာ lip balm လေးတွေပုံမှန်လိမ်းပေးပါ။
ဒီအချက်လေးတွေကို ပုံမှန်လုပ်ပေးခြင်းအားဖြင့် လှပစိုပြေပြီး ပန်းရောင်သန်းတဲ့ နှုတ်ခမ်းလေးကို ရရှိစေမှာပါ။ကိုယ်တိုင်လဲ နှုတ်ခမ်းမဲတဲ့အထဲပါလို့ လိုက်လုပ်ကြည့်ဖို့ အသင့်ဖြစ်နေပြီ🤭
သင်ရဲ့အလှအပနဲ့ဆိုင်တဲ့ သဘာဝနည်းလမ်းလေးတွေ သိချင်ရင် page ကို Like and Follow လုပ်သွားပေးပါအုန်း။
တစ်ခုလောက်ပြောပြချင်လို့🤗
အရင်က page ကို run တဲ့အနေနဲ့ စိတ်ဓာတ်ခွန်အားပေးတဲ့ စာစုလေးတွေ တင်ပေးထားပါတယ်။အခုတော့ page အတွက်ရည်ရွယ်ထားတဲ့ အလှအပ နဲ့ ကျန်းမာရေး ဆိုင်ရာလေးတွေကိုလဲ ဆက်ပြီးတော့ တင်ပေးသွားပါမယ်♥️
တော်တော်ဉာဏ်ပြေးတဲ့လူ🫨
"သူဖုန်းစားတစ်ယောက်ရဲ့ ဗျူဟာ"
စာအုပ်တစ်အုပ်မှာဖတ်ဖူးတဲ့ အမေရိကန်သူတောင်းစားတစ်ယောက်ရဲ့အကြောင်းလေး။
အဲ့သူတောင်းစားက ပလက်ဖောင်းဘေးမှာထိုင်နေတယ်။သူ့ရှေ့မှာ ခွက်တွေတန်းစီချထားတယ်။ခွက်တစ်ခွက်ချင်းစီမှာ တံဆိပ်ကပ်ထားတယ်။အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဘာသာမဲ့ဝါဒီ၊ မသိဝါဒီ.....စသဖြင့်ပေါ့။
အဲ့ဒီခွက်တွေရဲ့ ဘေးမှာကတ်ပြားတစ်ပြား ထောင်ထားတယ်။ကတ်ပြားပေါ်မှာ ရေးထားတာက'အိမ်ယာမဲ့တွေကို ဘယ်ဘာသာဝင်တွေက ပိုဂရုစိုက်သလဲတဲ့'..တဲ့။
သေချာတယ်။ဒီသူတောင်းစားက ကြော်ငြာသဘောသဘာဝကို နားလည်တဲ့သူ၊ လူအလေ့အထ ဘောဂဗေဒကိုလည်း သဘောပေါက်တဲ့သူ။
သူဘာလိိုချင်တယ်ဆိုတာကို ပြောမယ့်အစား....သူ့ပရိသတ်တွေဘာလိုချင်သလဲ ဆိုတဲ့အပေါ် ပိုအာရုံစိုက်တယ်။ကြော်ငြာ မာကတ်တင်း ဗျူဟာ တစ်ခုဖန်တီးတော့မယ်ဆိုရင်လည်း ဒီလိုပဲ စဉ်းစားရတယ်။
ဘာလိုချင်တာလဲ။ဘယ်သူ့ဆီက လိုချင်တာလဲ။
ဒီသူတောင်းစားလိုချင်တာက အလှူငွေ။
ဘယ်လို အရာမျိုးက လှူချင်တန်းချင်စိတ်ကို ဆွပေးသလဲ။
သနားကြင်နာတတ်တဲ့စိတ်ဓာတ်...။
ဘယ်သူတွေက သနားကြင်နာတတ်သလဲ။
ဘာသာတရား ကိုင်းရှိုင်းသူတွေက ပိုပြီးသနားကြင်နာတတ်တယ်။
ဟုတ်ပြီ။ဒါဆို ဘယ်သူက ပိုပြီး သနားကြင်နာတတ်သလဲ ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ဒီသူတောင်းစားက ဖန်တီးလိုက်တယ်။
လူတိုင်းကတော့ ကိုယ်ကိုးကွယ်တဲ့ဘာသာဟာ သနားကြင်နာမှု
အရှိဆုံး ဘာသာအဖြစ် ယုံကြည်ချင်ကြတာပဲ။သက်သေပြချင်ကြတာပဲ။
ခင်ဗျား ဘာသာကပိုပြီး သနားကြင်နာတတ်သလား။ဒါဆိုရင် ခွက်ထဲကို ပိုက်ဆံထည့်....။
ဘယ်ခွက်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိနေပြီလဲ ဆိုတာကိုလည်း
ဖြတ်သွား ဖြတ်လာလူတိုင်းက မြင်နေရတယ်။ဘယ်သူ နိုင်နေသလဲဆိုတာ
အတိုင်းသားပေါ်နေတယ်။
ရလဒ်ကို ပြောင်းစေချင်သလား။ပိုက်ဆံ ထပ်ထည့်။
တစ်နေကုန်သွားတော့ ခွက်ထဲက ပိုက်ဆံတွေကို သူတောင်းစားက သူ့အိတ်ထဲ ပြောင်းထည့်တယ်။
နောက်တစ်ရက်မှာ ပြိုင်ပွဲက အစကနေ ပြန်စပြန်တယ်။
တကယ်ကရှင်းပါတယ်။
ခင်ဗျား ဘာလိုချင်သလဲ။
ဘယ်သူ့ဆီက လိုချင်တာလဲ။
သူတို့က ဘာကိစ္စ ခင်ဗျားကိုပေးရမှာလဲ။(သူတို့အတွက် ဘာပြန်ရမှာလဲ)
ဒီအချက်(၃)ချက်ကို ထည့်ပေါင်းစဉ်းစားရုံနဲ့..ဒီသူတောင်းစားရဲ့ဗျူဟာက တော်တော်အလုပ်ဖြစ်နေပြီလို့ ပြောရမယ်။
ကြိုက်နှစ်သက်ရင် content လေးတွေ အပ်လို့ရပါတယ်နော်🤭
Like and follow လုပ်သွားပေးပါအုန်း။
#တစ်+တစ်=သုံး
Click here to claim your Sponsored Listing.
