Beauty Bella Aesthetic & Wellness

Beauty Bella Aesthetic & Wellness

Share

Your confidence of beauty is Bella

12/05/2026

ဆံပင်ကျွတ်တယ်ဆိုတာ လူတိုင်းဖြစ်တတ်ကြတယ်ဆိုပေမဲ့ အပြင်းအထန် ဆံပင်ကျွတ်တာမျိုးကို ခံစားနေရသူတွေသာ ဆံပင်ပြန်ပေါက်ဖို့ ဘယ်လောက်ခက်လဲဆိုတာ သိနိုင်ပါတယ်။

ဒီနေ့မှာတော့ ဆံပင်ပြန်ပေါက်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားနေသူတွေ၊ သူများတွေက ဆံပင်ထူပေမဲ့ ကိုယ့်အတွက်ကျမှ ခက်ခဲနေသူတွေအတွက် ထည့်စဉ်းစားသင့်တဲ့ နောက်ဆုံးပေါ် နည်းလမ်းတစ်ခုဖြစ်တဲ့ ဆံပင်စိုက်ကုထုံးအကြောင်း Beauty Bella မှ မျှဝေပေးချင်ပါတယ်ရှင်။

ဆံပင်စိုက်ကုထုံး (Hair Transplant) အလုပ်လုပ်ပုံ
--------------------------------------------
ဆံပင်စိုက်တယ် ဆိုတာကတော့ အခြေခံအားဖြင့် "ရွှေ့ပြောင်းစိုက်ပျိုးခြင်း" သဘောတရားပါပဲ။ အပင်တစ်ပင်ကို မြေဆီလွှာကောင်းတဲ့နေရာကနေ တခြားတစ်နေရာကို ပြောင်းစိုက်သလိုမျိုးပဲ ဆံပင်အမြစ်တွေကို နေရာရွှေ့ပေးတာ ဖြစ်ပါတယ်။

ဒီလို ရွေ့ပြောင်းစိုက်ပျိုးပုံ အဆင့်ဆင့်ကတော့ -

၁။ အလှူရှင်နေရာ ရှာဖွေခြင်း (Donor Area)
လူတစ်ယောက်ရဲ့ နောက်စေ့နဲ့ နားထင်ဘေးဘက်တွေက ဆံပင်တွေဟာ မျိုးရိုးဗီဇအရ ကျွတ်ခဲတဲ့ ဆံပင်အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီနေရာတွေကို "Donor Area" လို့ သတ်မှတ်ပြီး ဆံပင်အမြစ်တွေကို ထုတ်ယူပါတယ်။

၂။ ဆံပင်အမြစ် ထုတ်ယူတဲ့ နည်းလမ်းများ

လက်ရှိမှာ အသုံးအများဆုံး နည်းလမ်း (၂) မျိုး ရှိပါတယ်။

FUE (Follicular Unit Extraction): ဒါက အခုနောက်ပိုင်း လူကြိုက်အများဆုံးပါ။ ဆံပင်အမြစ် တစ်ပင်ချင်းစီကို စက်ငယ်လေးနဲ့ အပေါက်ဖောက်ပြီး ထုတ်ယူတာဖြစ်လို့ အမာရွတ် သိပ်မကျန်သလို အနာကျက်လည်း မြန်ပါတယ်။

FUT (Follicular Unit Transplantation): ဆံပင်သန်တဲ့ နောက်စေ့ အရေပြားအစိပ်အပိုင်းလေးကို လှီးထုတ်ပြီးမှ အမြစ်တွေကို တစ်ပင်ချင်းစီ ပြန်ခွဲထုတ်တာပါ။ ဆံပင်အမြောက်အမြား တစ်ခါတည်း စိုက်ချင်သူတွေအတွက် သုံးလေ့ရှိပါတယ်။

🔸Beauty Bella မှာ ပြုလုပ်နိုင်တာကတော့ ပထမနည်းလမ်းဖြစ်တဲ့ ဆံပင်အမြစ်လေးတွေကို ထုတ်ပြီး ပြန်လည်စိုက်ပျိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။

၃။ ပြန်လည်စိုက်ပျိုးခြင်း
ထုတ်ယူထားတဲ့ ဆံပင်အမြစ်လေးတွေကို ဆံပင်မရှိတဲ့နေရာ (ဥပမာ - ထိပ်ပြောင်တဲ့နေရာ) မှာ အပေါက်ငယ်လေးတွေဖောက်ပြီး တစ်ပင်ချင်းစီ သေချာစိုက်ထည့်ပါတယ်။ ဆံပင်ပေါက်တဲ့ လားရာအတိုင်း သဘာဝကျအောင် စိုက်ပျိုးရတာဖြစ်လို့ ဆရာဝန်ရဲ့ ကျွမ်းကျင်မှုက အရမ်းအရေးကြီးပါတယ်။

🔸စိုက်ပြီးရင် ဘာဖြစ်မလဲ?

စိုက်ပြီး ၁ လအတွင်း: စိုက်ထားတဲ့ ဆံပင်တွေ ပြန်ကျွတ်သွားတတ်ပါတယ်။ ဒါကို Shock Loss လို့ ခေါ်ပြီး စိုးရိမ်စရာမရှိပါဘူး။ အမြစ်က ဦးရေပြားထဲမှာ ကျန်နေခဲ့ပြီးပါပြီ။

- ၃ လမှ ၄ လအတွင်း: ဆံပင်အသစ်တွေ စတင်ပေါက်လာပါပြီ။

- ၉ လမှ ၁ နှစ်အတွင်း: စိုက်ထားတဲ့ ရလဒ်ကို အပြည့်အဝ မြင်တွေ့ရပြီး သဘာဝအတိုင်း ထူထူထဲထဲ ဖြစ်လာမှာပါ။

အားသာချက်များ

🔸ကြာရှည်တည်မြဲခြင်း: နောက်စေ့ကယူထားတဲ့ အမြစ်တွေဖြစ်လို့ နောက်ထပ် ထပ်မကျွတ်တော့ဘဲ တစ်သက်လုံး ရှိနေမှာပါ။

🔸သဘာဝကျခြင်း: ကိုယ့်ရဲ့ ကိုယ်ပိုင်ဆံပင်တွေ ဖြစ်လို့ ညှပ်လို့ရတယ်၊ ဆိုးလို့ရတယ်၊ ပုံမှန်အတိုင်း ပြုစုရုံပါပဲ။

❗ အရေးကြီးဆုံးအချက်ကတော့ ဆံပင်စိုက်တာက ခွဲစိတ်မှု တစ်မျိုးပဲ ဖြစ်လို့ ကျွမ်းကျင်တဲ့ ဆရာဝန်၊ သန့်ရှင်းစနစ်ကျတဲ့ Clinic မျိုးနဲ့ သေချာတိုင်ပင်ပြီးမှ လုပ်ဆောင်သင့်ပါတယ်ရှင်။

ဒါဆိုရင်တော့ ဆံပင်စိုက်တာနဲ့ပတ်သက်ပြီး အသေးစိတ်သိသွားကြမယ်လို့ မျှော်လင့်ပါတယ်နော်။

Beauty Bella မှာကတော့ အားလုံးသိကြတဲ့အတိုင်း ကျွမ်းကျင်တဲ့ဆရာဝန်နဲ့အတူ အောင်မြင်စွာ ဆံပင်စိုက်ပြီးသွားတဲ့သူတွေ အများကြီးလည်းရှိတာမို့ ဆံပင်စိုက်ချင်တယ်ဆိုရင် စိတ်ချစွာ ပြုလုပ်နိုင်ပါတယ်နော်။

( Appointment Only )
☎️ Phone: 09 761 333 304
Beauty Bella Aesthetic and Wellness Center

📍 လိပ်စာ: Shop 12၊ ရွှေမင်္ဂလာလမ်း၊ မြကျွန်းသာအိမ်ရာ၊ ပုသိမ်မြို့။

10/05/2026

အမေများနေ့မှာ ကမ္ဘာပေါ်မှာ စိတ်ထားအလှဆုံးနဲ့ ကျွန်တော်တို့အပေါ် မေတ္တာအကြီးမားဆုံးဖြစ်တဲ့ မေမေတို့အားလုံး စိတ်ကိုယ်နှစ်ဖြာ ကျန်းမာလန်းဖြာကြပါစေကြောင်း Beauty Bella မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

09/05/2026

မိခင်တိုင်း သိထားသင့်တဲ့
ရင်သားကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ (၅) မျိုး 🎀

မိခင်တွေဆိုတာ သားသမီးတွေရဲ့ ကိစ္စရေးရာ အမျိုးမျိုးကိုသာ မမေ့မလျော့ကြပေမဲ့ ကိုယ်တိုင်အတွက် ဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်။

ကိုယ့်ရဲ့ ချစ်ရတဲ့ မေမေတို့ကို ကျန်းကျန်းမာမာနဲ့ အကြာကြီး နေနိုင်ဖို့ဆိုရင် ကိုယ့်မေမေရဲ့ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို ပုံမှန်သတိထားကြည့်ဖို့ မေမေ့ကို သတိပေးဖို့လိုပါတယ်နော်။ မေမေတို့အတွက် ရင်သားကင်ဆာကို မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်ဖို့ ဒီလက္ခဏာ (၅) မျိုးကို သတိထားကြည့်ကြပါစို့လားရှင်။

1️⃣ အလုံးအကျိတ်ရှိနေခြင်း 🩺
ရင်သား သို့မဟုတ် ချိုင်းအောက်မှာ ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်၊ အသားမာမာလေးတွေကို စမ်းမိခြင်း။

2️⃣ ပုံသဏ္ဍာန်ပြောင်းလဲခြင်း ✨
ရင်သား အရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန်က သိသိသာသာ ပြောင်းလဲလာခြင်း။

3️⃣ အရေပြား အပြောင်းအလဲ 🍊
ရင်သားအရေပြားက လိမ္မော်သီးခွံလိုမျိုး ချိုင့်ဝင်တာ၊ အဖုအထစ်ဖြစ်တာ ဒါမှမဟုတ် နီမြန်းပြီး ယားယံလာခြင်း။

4️⃣ နို-.သီးခေါင်း ပြောင်းလဲခြင်း 🔙
နို-.သီးခေါင်းက အတွင်းဘက်ကို ချိုင့်ဝင်သွားခြင်း၊ ပုံစံပျက်သွားခြင်း။

5️⃣ ပုံမှန်မဟုတ်သော အရည်ထွက်ခြင်း💧
နို့ရည်မဟုတ်ဘဲ သွေးရောင် သို့မဟုတ် ပုံမှန်မဟုတ်တဲ့ အရည်များ နို့သီးခေါင်းမှ ထွက်လာခြင်း။

💡 ဒီလက္ခဏာတွေ ရှိနေတာနဲ့ ကင်ဆာလို့ တစ်ခါတည်း မသတ်မှတ်နိုင်ပေမယ့်၊ ဒီလိုထူးခြားမှုမျိုး ခံစားရရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းပါရစေရှင်။

ဒီစာလေးကို အမေများနေ့မှာ မေမေ့ရဲ့ chatbox ဆီ ပို့ပေးဖို့ မမေ့ပါနဲ့နော်။ ❤️

( Appointment Only )
☎️ Phone: 09 761 333 304
Beauty Bella Aesthetic and Wellness Center

📍 လိပ်စာ: Shop 12၊ ရွှေမင်္ဂလာလမ်း၊ မြကျွန်းသာအိမ်ရာ၊ ပုသိမ်မြို့။

08/05/2026

အမေ့အတွက် သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ထားပေးခြင်းဟာ ကြီးမားတဲ့ မေတ္တာလက်ဆောင်ပါပဲ။ 🩷

အမေဆိုတာ မိသားစုတစ်ခုလုံးရဲ့ မဏ္ဍိုင်ဖြစ်သလို ချစ်ရတဲ့သူတွေအတွက် အမြဲတမ်း နောက်ကွယ်ကနေ ပံ့ပိုးပေးနေသူတွေပါ။ ဒါပေမဲ့ တစ်ခါတလေ သူများကိုပဲ ဂရုစိုက်နေရင်းနဲ့ အမျိုးသမီးတွေ၊ အိမ်ထောင်ရှင်မေမေတွေကြားမှာ အရမ်းကို အဖြစ်များလှတဲ့ "သားအိမ်ခေါင်းကင်ဆာ" အန္တရာယ်ကို ကိုယ်တိုင်အတွက် ကာကွယ်ထားဖို့ မေ့လျော့နေတတ်ကြပါတယ်။

ဒါကြောင့် ဒီနေ့တော့ မကြာခင်ရောက်ရှိလာတော့မယ့် အမေများ နေ့မှာ မေမေတို့ရဲ့ သားအိမ်ကျန်းမာရေးကိုလည်း သတိထားမိစေဖို့ ဒီ post လေးမှတဆင့် အိမ်ထောင်ရှင် အမျိုးသမီးတွေ အဖြစ်များဆုံးဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ အကြောင်းကို မျှဝေပေးပါရစေရှင်။

❓ ဘာကြောင့် အိမ်ထောင်ရှင်အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာကို ပိုပြီး သတိထားဖို့ လိုတာလဲ။

သားအိမ်ခေါင်းကင်ဆာဖြစ်ရတဲ့ အဓိကတရားခံက HPV (Human Papillomavirus) ဗိုင်းရပ်စ်ပိုးပါ။ ဒီပိုးက အမျိုးသမီးတွေမှာ ဘာလို့ အဖြစ်များတာလဲဆိုရင်...

1. ထိတွေ့ကူးစက်မှု လွယ်ကူခြင်း: HPV ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံဖော်ကတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်ပါတယ်။ အိမ်ထောင်သည် အမျိုးသမီးအများစုဟာ သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ ဒီဗိုင်းရပ်စ်နဲ့ ထိတွေ့မိဖို့ အခွင့်အလမ်း ပိုများပါတယ်။

3. လက္ခဏာမပြဘဲ အချိန်ယူ အမြစ်တွယ်ခြင်း: ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲ ရောက်နေပေမဲ့ (၅) နှစ်ကနေ (၁၀) နှစ်ကျော်အထိ ဘာလက္ခဏာမှ မပြဘဲ ငြိမ်နေတတ်ပါတယ်။ ရောဂါလက္ခဏာ ပြလာတဲ့အချိန်မှာတော့ နောက်ကျသွားတာမျိုး ဖြစ်တတ်လို့ အိမ်ထောင်ရှင်တွေအနေနဲ့ ပိုပြီး သတိထားသင့်တာပါ။

4. သားဖွားမှုနှင့် ကိုယ်ခံအားကြောင့်ဖြစ်ခြင်း: ကလေးမွေးဖွားမှု အရေအတွက် များတာ ဒါမှမဟုတ် အသက်အရွယ်ကြောင့် ကိုယ်ခံအား အပြောင်းအလဲဖြစ်တဲ့အခါ ဒီဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က ပြန်မတိုက်ထုတ်နိုင်တော့ဘဲ ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းလဲသွားနိုင်ခြေ ရှိပါတယ်ရှင်။

❤️ သားသမီးမွေးထားတဲ့ မေမေတို့အတွက် "Beauty Bella" ရဲ့ အကြံပြုချက်က‌ တော့ သားအိမ်ခေါင်းကင်ဆာက တခြားကင်ဆာတွေနဲ့မတူဘဲ စောစောစီးစီး သိရင် (၁၀၀%) ကုသပျောက်ကင်းနိုင်သလို ကြိုတင်ကာကွယ်လို့လည်း ရပါတယ်ရှင်။

ဒါကြောင့် အသက်အရွယ်မရွေး ဆရာဝန်နဲ့ တိုင်ပင်ပြီး HPV ကာကွယ်ဆေး ထိုးထားခြင်းဖြင့် အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။

မကြာခင်ရောက်ရှိလာတော့မယ့် အမေများနေ့မှာ မေမေတို့အတွက် ဂါရဝပြုလက်ဆောင်တွေ ပေးကြတဲ့အခါ သားအိမ်‌ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးခြင်းကိုလည်း သတိတရရှိစေဖို့ ဒီ post လေးနဲ့မျှဝေပေးလိုက်ပါတယ်နော်။ 🫶🫶

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ဘယ်မှာထိုးရမှန်းမသိဘူးဆိုရင်တော့ ဆရာဝန်ကြီးတွေကိုယ်တိုင် ကာကွယ်ဆေးထိုးပေးနေတဲ့ Beauty Bella ကိုသာ လာခဲ့လိုက်ပါနော်။

( Appointment Only )
☎️ Phone: 09 761 333 304
Beauty Bella Aesthetic and Wellness Center

📍 လိပ်စာ: Shop 12၊ ရွှေမင်္ဂလာလမ်း၊ မြကျွန်းသာအိမ်ရာ၊ ပုသိမ်မြို့။

27/04/2026

Beauty Bella U to 50% OFF Promotion ကြီးက အခုဆိုရင် ပြီးဆုံးဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်နော်။

✨ နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ပြုပြင်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိပြီး လှပလာစေဖို့ပဲဖြစ်ဖြစ် အလှအပကုထုံးပေါင်းများစွာကို 50% အထိ လျော့ဈေးနဲ့ ကုသနိုင်မယ့် အခွင့်အရေးကို အခုပဲ အရယူလိုက်ပါ။

🩺 ကျွမ်းကျင်တဲ့ ဆရာဝန်ကိုယ်တိုင် စနစ်တကျ တိုင်ပင်ဆွေးနွေး ကုသပေးတာမို့ ဘေးထွက်ဆိုးကျိုးအတွက် လုံးဝ စိတ်ပူစရာမလိုဘဲ ယုံကြည်စိတ်ချစွာ ပြုပြင်နိုင်ပါတယ်ရှင်။

အရမ်းတန်တဲ့ ဒီ Promotion အခွင့်အရေးကြီးကို အမိအရဖမ်းဆုပ်ပြီး အမိုက်စားပြောင်းလဲချင်တယ်ဆိုရင်တော့ အခုပဲ Beauty Bella မှာ Appointment အမြန်ဆုံး ရယူလိုက်တော့နော်။

( Appointment Only )
☎️ Phone: 09 761 333 304
Beauty Bella Aesthetic and Wellness Center

📍 လိပ်စာ: Shop 12၊ ရွှေမင်္ဂလာလမ်း၊ မြကျွန်းသာအိမ်ရာ၊ ပုသိမ်မြို့။

24/04/2026

ရင်သားအလှအပအတွက် Filler ထိုးဖို့ စဉ်းစားနေသူတွေထဲမှာ
Filler ထိုးရင် ကင်ဆာဖြစ်နိုင်သလား? ဆိုတဲ့ စိုးရိမ်စိတ်က အမြဲတမ်း နံပါတ် (၁) ပါပဲ။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ဆေးပညာဆိုင်ရာ အချက်အလက်တွေကို ဝေမျှပေးချင်ပါတယ်။

၁။ Filler က ကင်ဆာဖြစ်စေသလား?
လက်ရှိ ဆေးပညာလေ့လာတွေ့ရှိချက်တွေအရ Filler ထိုးခြင်းဟာ ရင်သားကင်ဆာကို တိုက်ရိုက်ဖြစ်စေတယ်ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။ Filler ဆိုတာ ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းရှိတဲ့ ပစ္စည်းကို အခြေခံထားတာမို့ ပုံမှန်အားဖြင့် ဘေးကင်းပါတယ်။

၂။ ဘာကြောင့် ကြောက်ကြတာလဲ?
သတိထားရမဲ့ တကယ့်အကြောင်းရင်းက ကင်ဆာဖြစ်မှာထက် "ကင်ဆာကို စမ်းသပ်စစ်ဆေးတဲ့အခါ အနှောင့်အယှက်ဖြစ်မှာ" ကို ပိုစိုးရိမ်ရတာပါ။ ရင်သားထဲမှာ Filler တွေရှိနေရင် ဓာတ်မှန်ရိုက်တဲ့အခါ ဒါမှမဟုတ် Ultrasound ရိုက်တဲ့အခါမှာ ကင်ဆာအကျိတ်လား၊ Filler အကျိတ်လားဆိုတာ ခွဲခြားရခက်ခဲစေနိုင်ပါတယ်။
Filler ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အဖုအကျိတ်တွေက တကယ့်ကင်ဆာအကျိတ်ကို ဖုံးကွယ်ထားသလို ဖြစ်သွားတတ်လို့ ရောဂါရှာဖွေမှုကို ကြန့်ကြာစေနိုင်တာမျိုးပါပဲ။

၃။ ဒါဆို စိတ်ချရဖို့ ဘာတွေလိုအပ်သလဲ?
Filler ထိုးတာက ကင်ဆာမဖြစ်စေဘူးဆိုပေမဲ့
"ဘယ်သူက ထိုးပေးတာလဲ" နဲ့ "ဘာတွေထိုးတာလဲ" ဆိုတာက အသက်ထက် အရေးကြီးပါတယ်။

ဈေးကွက်ထဲမှာ အလွယ်တကူရနေတဲ့ Liquid Silicone ဒါမှမဟုတ် တခြား အဆင့်မမီတဲ့ ပစ္စည်းတွေကို ထိုးမိရင်တော့ တစ်သျှူးတွေ ရောင်ရမ်းတာ၊ ခဲသွားတာနဲ့ ရောဂါပိုးဝင်တာမျိုးတွေ ပြင်းပြင်းထန်ထန် ဖြစ်နိုင်ပါတယ်။ ဆရာဝန်မဟုတ်သူတွေနဲ့ ထိုးမိတဲ့အခါ အကြောထဲ Filler ရောက်သွားတာမျိုး ဒါမှမဟုတ် ပမာဏမမျှတတာမျိုးတွေ ကြုံရနိုင်ပါတယ်။

ဒါကြောင့် အနှစ်ချုပ်ရမယ်ဆိုရင်တော့ Filler က ကင်ဆာမဖြစ်စေပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက်
- စနစ်တကျ လေ့လာထားတဲ့ ဆရာဝန်
- သန့်ရှင်းစိတ်ချရတဲ့ ဆေးခန်း နဲ့
- အရည်အသွေးမြင့် Filler ဖြစ်ဖို့က အဓိကအရေးကြီးဆုံးပါပဲ။

Beauty Bella မှာဆိုရင်တော့ Filler မထိုးခင်မှာ ကျွမ်းကျင်တဲ့ ဆရာဝန်ကိုယ်တိုင်က ရင်သားရဲ့ အခြေအနေကို သေချာစမ်းသပ်စစ်ဆေးပေးပါတယ်။ အသုံးပြုတဲ့ Filler အမျိုးအစားဟာလည်း FDA အသိအမှတ်ပြုထားတဲ့ အဆင့်မြင့်ပစ္စည်းတွေကိုသာ အသုံးပြုတာဖြစ်လို့ ဘေးထွက်ဆိုးကျိုးအတွက် စိတ်ပူစရာမလိုဘဲ ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ကဲ ဒီစာလေးကိုဖတ်ပြီးရင်တော့ ကျန်းမာရေးအသိပြည့်စုံစွာနဲ့ ဘေးကင်းကျန်းမာလှပတဲ့ ရင်သားတစ်စုံကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

( Appointment Only )
☎️ Phone - 09 761 333 304

Beauty Bella Aesthetic and Wellness Center

လိပ်စာ
-------
Shop 12, ရွှေမင်္ဂလာလမ်း၊ မြကျွန်းသာအိမ်ရာ၊ ပုသိမ်မြို့

Care

21/04/2026

▫️တင်ဘေးချိုင့်တာ ဘာလို့လဲ ? လေ့ကျင့်ခန်းလုပ်လို့ရော ပျောက်နိုင်လား?

ခန္ဓာကိုယ်ပုံစံနဲ့ ပတ်သက်ပြီး အမြဲတမ်းလိုလို စိတ်ညစ်ရတတ်တဲ့အရာတစ်ခုကတော့ တင်‌ဘေးချိုင့်ခြင်း လို့ခေါ်တဲ့ Hip-Dip ပါပဲ။ တင်ပါးနဲ့ ပေါင်ရင်းဆုံတဲ့နေရာမှာ အတွင်းဘက်ကို ခွက်ဝင်နေတဲ့ ပုံစံလေးပေ့ါ။ အချို့သူတွေမှာ ပိုသိသာပြီး အချို့သူတွေမှာတော့ မသိမသာပဲ ရှိတတ်ပါတယ်။

▫️တင်ဘေးချိုင့်တာက ဘာလို့ လေ့ကျင့်ခန်းလုပ်ရင်းနဲ့တောင် ဖျောက်ရခက်တာလဲ?

အဓိကအကြောင်းအရင်းကတော့ ကြွက်သားတည်ဆောက်မှုကြောင့် မဟုတ်ဘဲ အရိုးတည်ဆောက်ပုံ (Bone Structure) ကြောင့် ဖြစ်ပါတယ်။ တင်ပဆုံရိုးနဲ့ ပေါင်ရိုးကြားက နေရာလွတ်ဟာ လူတစ်ယောက်ချင်းစီရဲ့ အရိုးတည်ဆောက်ပုံပေါ် မူတည်ပြီး ကွာခြားပါတယ်။ ဒါကြောင့်ပဲ ဘယ်လောက်ပဲ squat တွေ၊ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ပါစေ၊ Hip-Dip နေရာမှာ အသားပြည့်လာဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ အရိုးနဲ့ ကြွက်သားတွေရဲ့ တည်နေရာကြောင့် ဖြစ်တာမို့ သဘာဝအတိုင်း ဖျောက်ဖို့ အလွန်ခက်ခဲတာမျိုးပေါ့။ ဒါဟာ လုံးဝပုံမှန်ပါပဲ။ ကိုယ့်ရဲ့ အရိုးပုံစံကြောင့်မို့လို့ ဘယ်သူ့ အပြစ်မှမဟုတ်သလို၊ သိမ်ငယ်နေစရာလည်းမလိုပါဘူး။

ဒါပေမဲ့ မိန်းကလေးတချို့ကျတော့လည်း အဝတ်အစား ဝတ်တဲ့အခါ ပိုပြီး ပုံကျချင်တာမျိုး၊ တင်ပါးကောက်ကြောင်းကို ပိုပြီး ပြည့်တင်းသွားစေချင်တာမျိုး ရှိတတ်ကြပါတယ်။ အဲဒီလိုမျိုး အမြန်နဲ့ အထိရောက်ဆုံး ဖြစ်ချင်တဲ့သူတွေကတော့ Hip-Dip Filler လမ်းကြောင်းကို ရွေးကြတာ များပါတယ်။ ဒါကလည်း ကိုယ်ပြောင်းလဲချင်တယ်ဆိုရင် အထိရောက်ဆုံးနည်းလမ်းပဲမို့ ရွေးချယ်သင့်ပါတယ်။

ဒါပေမဲ့ Filler ထိုးတယ်ဆိုတည်းက ကိုယ့်ခန္ဓာကိုယ်ကို ပြင်ပအရာသုံးပြီး ပြုပြင်တာမို့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီး ကုသမှုခံယူဖို့က အရေးကြီးတယ်နော်။ ဒါကြောင့် တင်‌ဘေးချိုင့်လို့ စိတ်ညစ်တယ်ဆိုရင် Hip-Dip Filler ကို ဆရာဝန်တွေရှိတဲ့နေရာမှာ ထိုးတာက အလွယ်ဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံးပါပဲ။

ပုသိမ်မြို့မှာ အဲလိုဆေးခန်းရှိလား ဘယ်မှာလုပ်လို့ရလဲ ဆိုရင်တော့ Beauty Bella ရှိပါတယ်။

ခန္ဓာကိုယ်ပုံစံကို နားလည်ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေက ကိုယ့်တင်ပါးပုံစံနဲ့ လိုက်ဖက်တဲ့ပမာဏကို စနစ်တကျ ထိုးပေးမှာဆိုတော့ တခြားနေရာတွေထက် ပိုစိတ်ချရတာတော့ အသေအချာပဲ။

စိတ်ဝင်စားတယ်ဆိုရင် အခုပဲ appointment ယူထားလိုက်ပါ။

( Appointment Only )
☎️ Phone - 09 761 333 304

Beauty Bella Aesthetic and Wellness Center

လိပ်စာ
-------
Shop 12, ရွှေမင်္ဂလာလမ်း၊ မြကျွန်းသာအိမ်ရာ၊ ပုသိမ်မြို့

Care

17/04/2026

နှစ်သစ်မှာ Beauty Bella ရဲ့ ချစ်ရတဲ့ customer များအားလုံး အရင်နှစ်တွေထက် ပိုမိုလှပပြီး နုပျိုလန်းဆန်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်နိုင်ပါစေ။

စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒတွေ တစ်ထပ်တည်းကျတဲ့ မြန်မာ့နှစ်သစ်လေးဖြစ်ပါစေလို့ Beauty Bella မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ 🙏

13/04/2026

အတာသင်္ကြန်မှာ အေးချမ်းပျော်ရွှင်ကြပါစေရှင်။ နှစ်ဟောင်းက အမောအပန်းတွေ အားလုံးကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အလှအပအသစ်တွေနဲ့ လန်းဆန်းနိုင်ပါစေ။

သင်္ကြန်တွင်းမှာလည်း ရေစိုစို၊ နေပူပူ ပျိုမေလေးတို့ရဲ့ အလှတရားတွေက ဆွဲဆောင်မှုအပြည့်နဲ့ တောက်ပနေဖို့ Beauty Bella က ဆုတောင်းပေးလိုက်ပါတယ်နော်။ 💦💖

09/04/2026

Beauty Bella ရဲ့ သင်္ကြန်ယိင်းအကလေးနဲ့ မြန်မာ့နှစ်သစ် အတာသင်္ကြန်ကိုကြိုဆိုလိုက်ပါတယ် 💦
အားပေးကြတဲ့ customer တိုင်းလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး သာယာအေးချမ်းတဲ့ မြန်မာ့နှစ်သစ်ဖြစ်ပါစေကြောင်း ဂါရဝပြုအပ်ပါတယ်ရှင် 🙏

31/03/2026

Beauty Bella ရဲ့ Thingyan promotion up to 50% ကို April လကုန်အထိ ပေးနေပြီမို့ ချစ်ရတဲ့ ကာကာတွေ အမြန်ရယူလိုက်ကြရအောင်နော်

Want your business to be the top-listed Beauty Salon in Pathein?
Click here to claim your Sponsored Listing.

Website

Address

S12, ရွှေမင်္ဂလာလမ်း ၊ မြကျွန်းသာအိမ်ရာ
Pathein