Tr Tatt Nay Yaung - Teddy Chris
Never old told to learn & Honesty is the best policy.
20/07/2022
#ကောသလအိပ်မက်၁၆ချက် #
*******************
မသိသေးသူများဗဟုသုတရစေရန်
**--*--*--*--*--*--*--**
မေး (၁) နွာနက်လေးခု ၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြပဲ၊ ရှောင်လွဲသည်မြင်။
ဖြေ -အရှေ့အနောက်၊ တောင်မြောက်မိုးဆင်၊ ခြိမ်းသံပေး ၊ မိုးဝေး လွင့်ပျောက်စင်။
======================
မေး (၂) မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေမြင်။
ဖြေ- အရွယ်မမျှ၊ လုံမပျိူခင်၊ သမီးသား၊ လင်သားအိမ်ထောင်ဆင်။
======================
မေး (၃) ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေတာ။
ဖြေ- သမီးနှင့်သား၊ စီးပွားပိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရတာ။
======================
မေး (၄) နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
ဖြေ- ကြီးသူဖယ်ရှား၊ မြှောက်စားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့တယ်။
======================
မေး (၅) ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးလေသမျှ၊ မ၀နိုင်တာ။
ဖြေ- မှုးမတ်မင်းစိုး၊ လာတ်ထိုးသူရှာ၊ နှစ်ဖက်စား၊ တရားစီရင်မှာ။
======================
မေး (၆) ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
ဖြေ- မျိူးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိူးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။
======================
မေး (၇) ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျိူ။
ဖြေ- လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား၊ မယားလောကွတ်ပို။
======================
မေး (၈) အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ၊ ရေဆွဲလောင်းပြန်။
ဖြေ- ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်အတွက်၊ နှိပ်စက်ငွေကောက်ခံ။
======================
မေး (၉) ကြာမျိူးငါး၀၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျှက်၊ ကမ်းဖက်ကြည်ပြန်။
ဖြေ- မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စီကားရန်။
======================
မေး (၁၀) တအိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆပ်၊ ပျော့နပ်သုံးလီ။
ဖြေ- မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။
======================
မေး (၁၁) မွှေးထုံနံ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
ဖြေ- အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။
======================
မေး (၁၂) သံကြေးမပေါင်း၊ ဗူးတောင်းဗူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
ဖြေ- ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောက မသုံးကုန်။
======================
မေး (၁၃) အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖြာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လား။
ဖြေ -ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်လာ။
======================
မေး (၁၄) အဆိပ်ပြင်းထောက်၊ မြွေဟောက်ကြီးကို၊ ဖားမငယ်များ၊ ကိုက်ဝါးကာမျိူ။
ဖြေ- ကညာယူထား၊ သက်ကြားဖိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။
======================
မေး (၁၅) အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
ဖြေ- ပညာသီလ၊ ပြည့်၀သူဟာ၊ သူယုတ်အား၊ ၀တ်တွားနေရမှာ။
======================
မေး (၁၆) ဆိပ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့ သစ် ကျား၊ ခုန်လွှားပြေးပြန်။
ဖြေ- သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း၊ ပုန်းအောင်းတောမြိုင်ယံ။
၅၅၀- မဟာသုပိနဇာတ်
Credit-Original Writer
Tr Tatt Nay Yaung - Teddy Chris
TCE Training Course & UDE Service Centre
13/07/2022
မိဘကျေးဇူး ဆပ်နည်း ( ၆ )နည်း.......
1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း
2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း
3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း
4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း
5 တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း
6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း
တို့ပဲဖြစ်ပါတယ်.......
1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း.......
မိဘအတွက်
စားဦးစားဖျား ဖယ်ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေက
မိဘတွေ အလွန်ပဲ ၀မ်းသာပါတယ် တဲ့.....
ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။
2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း........
မိဘများ
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင်
မိဘတွေက အလွန်ပဲ ဝမ်းသာပါတယ် တဲ့.......
ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......
ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။
3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း........
အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်၀င်ရောက်ပြီး
မိဘတွေမပင်ပန်းအောင် ပြုလုပ်ပေးခြင်း
မိဘကို နင်း နှိပ် ပေးခြင်း
ပြုစုပေးခြင်း စတဲ့
ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........
4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း........
မိဘတွေ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးများက
မိဘတွေ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........
5 တရားနာ,ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း......
မိဘတွေ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......
မိဘတွေ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........
မြတ်ဗုဒ္ဓ၏
အမြတ်ဆုံးကျေးဇူးအကျေဆပ်နည်းပါ.....
ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....
မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......
6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း.........
နောက်ဆုံးကတော့......
မိဘများ
သက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး ကောင်းမှုကုသိုလ်များ
ပြုလုပ်ကာ
အမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။
🌸🌸🌸
30/05/2022
#ဘွဲ့ရပြီး_ဘာလုပ်ရမှန်းမသိလမ်းပျောက်နေသူများအတွက်
28/05/2022
အဝေးသင်တက္ကသိုလ် ကိစ္စ အမေးများသည်များ
ဖြေကြားပေးထားပါသည်..........
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
2020 ဆယ်တန်းအောင်ပြီး အဝေးသင်တက္ကသိုလ်တက်ရောက်ရန်လျှောက်ထားကြသော ပထမနှစ်
အဝေးသင်အတွက် မေဂျာက လိုင်းပေါ်ကပဲ သိကြရသေးတာပါ။
အပြင်မှာ မေဂျာကျတဲ့စာရွက် ဘယ်သူမှ မရောက်ကြသေးပါဘူး။
အခု ကျပြီးတာက Day တွေပဲဖြစ်ပါတယ်။
ယခင်ကတည်းက Day နဲ့ Distance မေဂျာကျရင် တစ်လဝန်းကျင်ကွာပါတယ်။
တက္ကသိုလ်တွေအားလုံးကလည်း ကျောင်းတက်နေတဲ့Final တွေ ကလွဲရင် အဝေးသင်နဲ့ ပတ်သတ်သမျှ ဘယ်ကိစ္စမှ လက်မခံသေးပါဘူးခင်ဗျာ။မြန်မာတစ်နိုင်ငံလုံးစာကိုမထွက်သေးတာပါ။
Day သင်တန်းများ May 12 မှစ၍ ကျောင်းစတက်နေရပါပြီ Day အပ်ရန် ကျန်ရှိနေသော ကျောင်းသားများ အား May 27 အထိ Last date ထားဆောင်ရွက်လျှက်ရှိပါတယ်။
Day သင်တန်းများပြီး မှ June လပိုင်းလဝက်လောက်မှာ Distance ကျလာပါလိမ့်မယ်။
အခုသိနေရတဲ့ သူတွေကလိုင်းပေါ်ကကြည့်နေကြတာများပါတယ်။တရားဝင်မေဂျာကျလာတဲ့ ဖြတ်ပိုင်း လက်ထဲ မရောက်သေးကြပါဘူး။
အဲ့ဒီဖြတ်ပိုင်း မရောက်သေးဘဲနဲ့လည်း ကျောင်းအပ်လို့မရပါဘူး။မေဂျာတင်စဉ်က ရေးသွင်းဖော်ပြထားတဲ့ အိမ်လိပ်စာ အတိုင်း မေဂျာကျဖို့ စာရိုက်ရုံးကတဆင့် ဖော်ပြပါအိမ်လိပ်စာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံသို့ ရပ်ကွက်အလိုက်ပို့ပါတယ်။ရပ်ကွက်ကတဆင့် ရေးသားဖော်ပြခဲ့သော ဆက်သွယ်ရန်လိပ်စာများသို့ အိမ်တိုင်ရာရောက်ပို့ပေးပါတယ်။အိမ်လိပ်စာရှာမတွေ့ပါက စာတိုက်ရုံးသို့ပြန်ပို့ပေးထားပါတယ်။
အဲဒီတော့မေဂျာကျမကျသိချင်ရင် သက်ဆိုင်ရာ မြို့နယ်စာတိုက်များသို့ တိုက်ရိုက် သွားရောက်စုံစမ်းကြပါ။ရပ်ကွက်အုပ်ချုပ်ရေးရူံများသို့လည်းစုံစမ်းလိုက်ပါ။မရောက်သေးရင် မကျသေးပါဘူး။
ဆန္ဒမစောကြပါနဲ့ ခင်ဗျာ။
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
2020 ဆယ်တန်းအောင်ပြီး မေဂျာမလျှောက်ရသေးသူများ
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
သက်ဆိုင်ရာမြို့နယ်စာတိုက်တွေမှာစုံစမ်းကြည့်ပါ။မရတော့ရင် ရန်ကုန် အဆင့်မြင့်ပညာဦးစီးဌာနကိုသွားပါ။
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
Assignment တင်ရန်နောက်ကျနေသူများ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
2019 ခုနှစ်ဆယ်တန်းအောင်အထိ February လကုန်က 1st semester အတွက် Last date သတ်မှတ်ခဲ့ပြီးပါပြီ။
Second Semester အတွက်တောင် နောက်ကျနေပါပြီ။တင်မယ်ဆို အမြန်သွားတင်ပါ။နောက်ကျကြောင်း ခံဝန်လက်မှတ်ရေးထိုးပြီးတင်ရပါတယ်။
စာရေးမတွေအားချိန်စောင့်ပြီး ဘာကြောင့်နောက်ကျရကြောင်း သေချာ ပြောပြဆွေးနွေးပြီး
မသိလို့ခုမှတင်ရကြောင်း ဆွေးနွေးပြောပြပါ။အဆင်ပြေပါလိမ့်မယ်။
သိပ္ပံမေဂျာများ အနေနဲ့ မကြာခင် Practical စပါတော့မယ် ။မိမိတို့သက်ဆိုင်ရာ တက္ကသိုလ်တွေကို အမြန်ဆုံးဆက်သွယ်စုံစမ်းကြည့်ကြပါရန်။
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
2020 ရှေ့ပိုင်း ကျောင်းအပ်ရန်ကျန်ရှိသူများ
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
2022 အတွက် Feb လကုန်အထိ ဖွင့်ပေးခဲ့ပြီးပါပြီ။
ကျောင်းအပ်ရန် Last date ကုန်ခဲ့ပါပြီ။ကျောင်းအပ်ရန်ကျန်ရှိနေသော ကျောင်းသားများ ပါချုပ်ထံ ဝင်တွေ့ဆွေးနွေးနေကြပါတယ်။အဆင်ပြေရင် June လထဲ အသံကြားရပါလိမ့်မယ်။
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
မေတ္တာမွန်ဖြင့်
Tr Tatt Nay Yaung (TCE)
Teddy Chris
26/05/2022
စနစ်သစ် Maths & Physics ကျွင်းကျွမ်းကျင်ကျင်လေ့လာသင်ကြားပို့ချပေးနိုင်သော Instructor များအလိုရှိပါသည်။ နှစ်ဘာသာလုံးသင်နိုင်သော ဆရာဖြစ်လျှင် ပိုအဆင်ပြေပါသည်။ကလေးများအပေါ်စေတနာပြည့်ဝ၍စိတ်ရှည်သည်းခံ နားလည်အောင်စိတ်ရှည်ရှည်သင်ကြားပေးနိုင်ရပါမည်။
#မွမ်းမံတက်ရောက်ပြီးသော In service ဖြစ်စေ Out service ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
TCE သို့ ကိုယ်တိုင်လာရောက်လူတွေ့လျှောက်ရပါမည်။
အမှတ် (၅)၊ (၃)လွှာ၊ (၅)လမ်း၊(၉)ရပ်ကွက်၊ တောင်ပိုင်းအ.မ.က ကျောင်းရှေ့၊ဖျာပုံမြို့။
09254680331/09687634047/09777827059
25/05/2022
#မအူပင်တက္ကသိုလ်
#ကြေညာချက်
24/05/2022
“Emoji လေးတွေရဲ့ အဓိပ္ပါယ်များ”
😁. ဟုတ်လား😁
😚 အို ကျေနပ်😚
🙄. ဟုတ်လို့လား 🙄
🤣. ဟားဟားဟား🤣
😂. ဟားဟား မင်းကတော့ ကွာ😂
😉. အေးဆေးပါ😉
😜. အဟိ အဟိ😜
😇. ဟမ်းနင်မပြောခင်တည်းကငါကြိုသိပြီးသား😇
😌 စိတ်လျော့လိုက်ပြီ😌
☺️. ရပါတယ် ကျေနပ်တယ်☺️
😊. သိနေပြီးသားပဲ 😊
😍. ဟယ် အချစ်ဆုံး😍
🤭. ဟယ် ပြောမိပြန်ပြီ🤭
😅. ဟာ ဟုတ်လို့လား😅
😰. ဘယ်လိုလုပ်ရမလဲ😰
😭. ငိုနေပြီ လေ😭
🤯. ဦးနှောက်တွေ ကြွကုန်ပြီ🤯
😱. ဝိုး😱
😒. အမြင်ကို ကတ်တယ် 😒
🥺. စိုးရိမ်မိတယ်🥺
🤨. ဟွန့် တွေ့မယ် 🤨
😫. မရပါဘူးဆို မဟုတ်ပါဘူးဆို😩
🥵. အမလေးဟယ် ပြောရတာ မောလိုက်တာ🥵
🤔. ဒါတွေးစရာပဲ🤔
🤮. အမလေး ရွံတာ ဝေါ့🤮
😬. မပြောရဲပါဘူးအေ😬
😷 ကိုယ့်အပေါက်ကိုယ်ပိတ်ထားမယ်😷
🤐 အေးပါ ပြန်မပြောပါဘူး🤐
🤧 ဖြစ်ရလေ 🤧
🥴 အဲ့လိုတော့ မလုပ်နဲ့လေ🥴
😎. သိပြီးသား နော် ဒါမျိုးလာမလုပ်နဲ့😎
🤩 ဟယ် မိုက်ချက်🤩
🥳 သာသာယာယာဖဲ🥳
😤ဟွန်း ဟွန်း 😤
😋ရှလွတ်😋
😝ဟုတ်လဲ မဟုတ်ပဲနဲ့😝
🤪ဟုတ်လို့လား🤪
🤔 ဘယ်လိုလုပ်ရင်ကောင်းမလဲ🤔
😏 ဟွန်း မပြောကို မပြောချင်ဘူး😏
အခုမှ သေချာသိတော့တယ် 🤗
Crd
20/05/2022
#၈တန်းအောင် ကျောင်းသားကျောင်းသူများ ရွေးချယ်ရမည့် Grade 10 သင်ရိုးသစ် စနစ်သစ် ဘာသာတွဲ {4} တွဲ ဖြစ်ပါတယ်
#၉တန်း လုံးဝမဟုတ်ပါ။
အထက်တန်း ကို ဆိုပြီး ၃နှစ် ၃တန်း တက်ရမှာပါ ။
#ကျောင်းအပ်ရတော့မယ် ခုချိန်ထိ
#ဘာသာတွဲတွေအကြောင်း မသိကြသေးသော သူများရှိနေပါသေးတယ် ။
#မိဘများနှင့်ကျောင်းသားများ အနေဖြင့် ကိုယ့် သားသမီး {သို့မဟုတ်} ကိုယ်ကိုတိုင် ရွေးချယ်ရမည့် ဘာသာတွဲကိုနားလည်ထားသင့်ပါတယ် ။ ခမျာ
#ဆရာ/ဆရာများက လည်း ရှင်းပြပေးနိုင်အောင်လေ့လာထားပေးကြပါခင်ဗျာ
15/05/2022
ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့
(၃၈)ဖြာ မင်္ဂလာကဗျာများ...
_______________
"ဓမ္မစကား နေ့တိုင်းကြားက...
စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။”
26/04/2022
Things to know as knowledge 😊😊
25/04/2022
ကံဇာတာမြင့်စေသော အလှူခုနစ်မျိုး
အခါတစ်ပါး၌ သူဆင်းရဲတစ်ယောက်သည် ဘုရားရှင်အား ဤသို့ လျောက်ထား၏။
"ဘုန်းတော်ကြီးသော မြတ်စွာဘုရား
"တပည့်တော်သည် လူမှု့ရေး၌ လည်းကောင်း၊ စီးပွားရေး၌ လည်းကောင်း၊
မိသားစုအရေး၌ လည်းကောင်း၊ ဘာလုပ်လုပ် အဆင်မပြေဖြစ်ကာ ကံနိမ့်နေပါတယ်ဘုရား🙏🏻
အဘယ်အကြောင်းကြောင့် ဤသို့ ကံနိမ့်နေရပါသလဲဘုရား။🙏🏻
ဘုရားရှင်က "ချစ်သားသည် မပေးမလှူလို့
အခုလို ဘာလုပ်လုပ် အဆင်မပြေ ဖြစ်နေရခြင်း ဖြစ်ပေတယ်။"
"တပည့်တော်က ဆင်းရဲနွမ်းပါးသူ တစ်ယောက်ပါဘုရား။"🙏🏻
"သူဆင်းရဲတွေလည်း လှူနိုင်တဲ့ အလှူရှိပါတယ်ချစ်သား"
"ဟောကြားပေးတော်မူပါဘုရား။"🙏🏻
"နားထောင်လော့ချစ်သား"
"ချမ်းသာသူသာမက သူဆင်းရဲများပါ
လှူနိုင်တဲ့ အလှူခုနစ်မျိုး ရှိပေသည်။"
(၁) မျက်နှာဟန်အမူအရာဖြင့်
အလှူ ဒါနပြုခြင်း
အပြုံးဖြင့် ဖော်ရွေစွာ ဆက်ဆံပါ။
(၂) နှုတ်ဖြင့် အလှူ ဒါနပြုခြင်း
အားပေးစကား၊ နှစ်သိမ့်စကား၊
ချီးကျူး စကား ၊ညှာတာစကား၊
နွေးထွေးသောစကားများ ပြောဆိုပါ။
(၃) စိတ်ဖြင့် အလှူ ဒါနပြုခြင်း
စိတ်တံခါးကို ဖွင့်၍ ဖြူစင်သော
စိတ်ထားဖြင့် သူတစ်ပါးကို
ပွင့်လင်း ရိုးသားစွာ ဆက်ဆံပါ။
(၄) အမြင်ဖြင့် အလှူ ဒါနပြုခြင်း
ကောင်းသောစေတနာ ကောင်းသော
အမြင်ဖြင့် သူတပါး၏ကောင်းကွက်
များကို ကြည့်ပေးပါ။
(၅) ကာယလုပ်အားဖြင့် အလှူ ဒါနပြုခြင်း
ကိုယ်နိုင်နင်းသော လုပ်ဆောင်
ပေးမှုဖြင့် သူတစ်ပါးကို ကူညီပါ။
(၆) နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း
လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံ
နေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ
နှင့် ကလေးငယ် တို့အား မိမိ၏ထိုင်ခုံ
နေရာကို ထိုင်စေပါ။
(၇) နေအိမ် အလှူ ဒါနပြုခြင်း
မိမိ၏ အိမ်နေရာကို သူတပါးတို့
အနားယူရန် ပေးကမ်းပါ။
"ထိုသို့လှူသော အကျင့်ကောင်းရှိသူ၏ နောက်သို့ အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်လာလိမ့်မည်။"ဟုဟောကြားတော်မူခဲ့လေသတည်း။
၁။ ပြုံရွှင်သော မျက်နှာ
၂။ ချိုသာသော စကား
၃။ ဖြူစင်သော စိတ်ထား
၄။ ကောင်းကွက်ကို ကြည့်ပေးခြင်း
၅။ ကာယဖြင့် ကူညီခြင်း
၆။ ကြုံလျှင် မိမိထိုင်ခုံနေရာပေးခြင်း
၇။ မိမိအိမ်၌ ခေတ္တတည်းခိုခွင့်ပေးခြင်း
ပြုလျှင် များမကြာမီ ကံဇာတာမြင့်
တက်လာပါမည်။
Credit original source
▶️ပညာရေးကောလိပ်များ
▶️စီးပွားရေးတက္ကသိုလ်များ
▶️နည်းပညာတက္ကသိုလ်များ
▶️တိုင်းရင်းဆေးတက္ကသိုလ်
▶️ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် အသီးသီးရှိ နေ့သင်တန်း(Day)များ (၁၈.၄.၂၀၂၂)ရက်နေ့မှစပြီး ကျောင်းအပ်စတင်လက်ခံနေပါပြီ။၂၇.၅.၂၀၂၂ ရက်နေ့နောက်ဆုံးအပ်နှံရမည်။
🔥Credit 🔥
Click here to claim your Sponsored Listing.
