Kujue's House
Welcome�
သိချင်တာလေးတွေ ပြောထားပေးပါရှင့်
မင်မင် လိုင်းပေါ်ရောက်တာနဲ့ ပြန်ဖြေပေးပါ့မယ်ရှင့်
02/04/2023
LouisWill UV Block Sunglasses
✨UV 400 အထိ ကာပေးနိုင်တာကြောင့် အရမ်းအဆင်ပြေတယ်။
✨ပီးတော့ ဗူးသေးသေးလေးနဲ့ ခေါက်လို့ရတဲ့ မျက်မှန်လေးမို့ အိတ်ထဲထည့်သွားလည်းအဆင်ပြေတယ်။
✨ပုံကလည်း မျက်နှာကျ တော်တော်များများနဲ့လိုက်တယ်။
✨နောက်ပီးတော့ ကိုင်းလေးက ပေါ့ပေါ့ပါးပါးလေးမို့ အကြာကြီးတပ်လည်း မညောင်း မနာဘူး။
သင်္ကြန်မှီရောက်မယ်နော်
Price - 14000 mmk
Waiting time - 10days
Preorder/No prapaid
#မှာယူပြီးcancel မရပါရှင့်
/png အိမ်ရောက်ငွေချေပါ
02/04/2023
အထာကျတဲ့အိတ်လေး😍
Price - 16500 mmk
Waiting time - 10 days
Pre order/ No prepaid
မှာယူပြီး cancel မရပါရှင့်
/png အိမ်ရောက်ငွေချေပါရှင့်
02/04/2023
Thai half moon ခေါ် လိပ်ပြာအိတ်လေး👜
Price - 15500 mmk
waiting time - 10 days
Pre order/ No Prepaid
မှာယူပြီး cancel မရပါရှင့်
/png အိမ်ရောက်ငွေချေပါရှင့်
02/04/2023
အခုလိုပူပြင်းတဲ့နွေရာသီမှာ UPF 50+ ပါတဲ့ UV protection hoodie or UV Cut လေး တစ်ထည်တော့ ရှိကိုရှိသင့်ပါတယ်နော်🌞
✅ Price - 16500 ks
#စျေးနှုန်းလေးလဲသက်သာတယ်နောိ
Uv shirt
Color (5)ရောင်
Size L to 3xl
Sizeကြိုက်သလိုရွေးရ ✔️
Cuttingသေးတာမို့ Lကနေဘဲ စယူလိုက်ပါတယ်
ခေါင်းစွပ်ပါ လက်အပေါက်ပါ
Uniqlo UV cut က ခုဆို 1 သိန်း ဝန်းကျင်ရှိနေပီ
ဒီ UV cut လေးက 10000 ကျော်လေးနဲ့ ရမှာဆိုတော့ ယူကိုယူသင့်တယ်
အသားကလည်း Uniqlo ပုံစံမျိုး အသားပဲနော်
ခေါင်းစွပ်လည်း ပါပီးသားပါ
Size ကလည်း S ကနေ 4XL ထိလာပီးတော့ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေး ဖြစ်ဖြစ် ဝတ်လို့ရပါတယ်
🌞သူကတကယ် ကို protection Factor UPF 50+ထိကို ကာကွယ်ပေးပါတယ်
🌞စက်ဘီးတွေ ဘာတွေစီးရင်လည်း wind breaker အနေနဲ့ ဝတ်လည်းရတယ်
🌞Breathableလည်း ဖြစ်လို့ gym တွေဘာတွေသွား ရင်လည်း အပေါ်ထပ်အနေနဲ့အဆင်ပြေတယ်
🌞အပြင်အလုပ်သွားနေရသူ အပြင်အမြဲထွက်နေသူလေးတွေယူသင့်တယ်နော်
🌞နွေရာသီအတွက်ကတော့ မရှိမဖြစ်ပဲ ရောင်စုံသာ ယူချပစ်🤩
Preorder✅✅
Waiting ~10 days
Sittwe/PNG အိမ်ရောက်ငွေချေပါ🤑
crd. ...
လုံးဝ လုံးဝ ဝိတ်မချကြပါနဲ့👍👍
Page လေး ပြန် run ပါတော့မယ်နော်😍
Give away လေးတွေရှိမှာမလို့ like&follow လေး လုပ်ပေးထားဖို့ မမေ့နဲ့နော်💟
08/01/2020
ရခိုင္အစားအစာ အစစ္အမွန္မ်ား😋
03/01/2020
ဝိတ်ကျချင်သူလေးတွေ လိုက်နာရမယ့် အချက် (၁၁)ချက်
ဝိတ်ချ မယ်ဆို ပြီး ဝိတ်ချနည်းအမှားတွေ
ကိုယ်ကို တိုင်တောင် မသိဘဲ လုပ်မိနေတဲ့
သူတွေ ရှိတတ်ပါတယ်...
အဲတော့ ဝိတ်က ကျသင့်သလောက်မကျပဲ
ဝိတ်ချတဲ့ အချိန်က ကြာလာရင် စိတ်မှာ
Preesure တွေ ရလာတတ်ပါတယ်..
မင်မင် လည်းဖြစ်ဖူးပါတယ်..
ဒါကြောင့် ....
ချစ်လေးတို့သတိထားရအောင် ဝိတ်ချတဲ့အခါ ဆာင်ရန်/ရှောင်ရန် လေးတွေ ရေးပေးလိုက်ပါတယ်နော်....
1•☑️ Don't skip your breakfast
မနက်စာ ကို မစားပဲ မနေပါနဲ့ .မနက်စာမစားပဲ နေတာက ဝိတ်ချတဲ့အချိန်မှာ အထောက်အကူမပြု ပါဘူး. မနက်စာကို
မစားပဲ နေလိုက်တဲ့အတွက် ကျန်တဲ့အချိန်တွေမှာ ဗိုက်ပိုဆာပြီး အလွယ်တစ်ကူ
ဝစေတဲ့ Snack တွေ cookies တွေ ပိုပြီးစားမိနိုင်ပါတယ်..
2•☑️ Eat Regular Meals
အစားအသောက်ကို အမြဲပုံမှန် စားသောက်ပေးပါ.. အစားအသောက်ကို အချိန်မှန်စားသောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ထဲမှာရှိတဲ့ သကြားနဲ့ ကာဗွန်ဟိုက်ဒရိတ် တွေ လျော့ချပေးပြီး ကယ်လိုရီ လောင်ကျွမ်းဖို့ ပိုပြီးအားပေးပါတယ်.
3•☑️ Eat Plenty of Fruit and Veg
အသီးအနှံတွေ နဲ့အသီးအရွက်ကိုများများစားပေးပါ. အသီးအရွက်တွေမှာ Vitamin & Minerals ဓာတ်တွေ အများကြီးပါဝင်ပါတယ်..ပြီးတော့ ကယ်လိုရီ ပါဝင်မှု နည်းတယ်/အဆီပါဝင်မှု နည်းတယ်/Fibre အမျှင်ဓာတ် တွေ အများကြီးပါပါတယ်.. ဒီ ဓာတ်သုံးခုကြောင့် weight loss Goal နိုင်ပါတယ်နော်...
4•☑️ Get More Active
လှုပ်လှုပ်ရှားရှား သွက်သွက်လက်လက် နေထိုင်ပါ. Active ဖြစ်တာက ဝိတ်ကိုကျစေနိုင်ပြီး ကျန်းမာရေးအတွက် လည်းသင့်တော်ပါတယ်..ကယ်လိုရီတွေ လည်းပုံမှန်ထက်လောင်ကျွမ်းစေနိုင်ပါတယ်..ဝိတ်ချတယ်ဆို ပြီး Diet ပဲ လုပ်နေတာက ဝိတ်ကျဖို့ခက်ပါတယ်...
5•☑️ Drink Plenty of water
ရေများများသောက်ပါ.တစ်ခါတစ်လေ မှာ လူတွေကမခွဲ ခြားနိုင်ပါဘူး ကိုယ့်ကိုကိုယ်
ရေဆာနေတာလား?ရေငတ်နေတာလား
ဆိုတာကိုပါ..ခန္ဓာကိုယ်မှာ တစ်ကယ်လိုအပ်တဲ့ရေပမာဏ ကို သောက်သုံးပေးခြင်းဖြင့် မလိုအပ် တဲ့ကယ်လိုရီအပိုတွေ ကို
လျော့ချ စေနိုင်ပါတယ်..
6•☑️ Eat High-fibre Foods
အမျှင် ဓာတ်များတဲ့ အစားအသောက်တွေ
စားပေးပါ။ အမျှင်ဓာတ်များတဲ့အစားအသောက်တွေက အဆာခံတာကြောင့် ဝိတ်ချတဲ့နေရာ မှာ အထောက်အကူပြု ပါတယ်..
ဥပမာ - နာနတ်သီး,ကီဝီသီး ,ကညွတ် ,
Oats /whole grain bread,brown rice and pasta, beans and Peas တို့ဖြစ်ပါတယ်..
7•☑️ Read Food Labels
ကိုယ်စားမဲ့အစားအသောက်ရဲ့ အကျိုး
အာနိသင် တွေ အရင်လေ့လာပြီးမှစားပါ။
ကိုယ်စားမဲ့ အစားအစာ က ကျန်းမာရေးနဲ့
ညီညွှတ်ရဲ့လား /ကယ်လိုရီ ဘယ်လောက်ပါလဲ ဆိုတာမျိုးသိရအောင် စာအညွှန်း
ကို ဖတ်ပြီးမှစားပါ ။နေ့စဉ် ကယ်လိုရီဘယ်လောက်စားပြီပြီလဲ ဆို တာ တွက်ချက်စားတာက ဝိတ်ချတဲ့နေရာမှာ အထောက်အကူ ဖြစ်ပါတယ်။
8.☑️ Use A Small Plate
ပန်းကန် အသေးနဲ့စားပါ။
ပန်းကန်အသေးနဲ့စားတာက နည်းနည်းပဲ ထည့် လို့ရတော့ နည်းနည်းပဲစားဖြစ်တယ်
စားတဲ့အခါမှာဖြည်းဖြည်းစားပါ. အစာအိမ်က တဖြည်းဖြည်းပြည့်လာတဲ့ ခံစားမှု မျိုးရရင် စားတာရပ်လိုက်ပါ..
ဒီနည်းလမ်းက မဆာပဲနဲ့စားတာမျိုးမဖြစ်တော့ပါဘူး..
9.☑️ Don't Stock Junk Food
သရေစာတွေ ကို အိမ်မှာ ဝယ်မထားပါနဲ့။
Junk Food တွေဖြစ်တဲ့ chocolate,biscuits,chips တွေနဲ့ sweet drink တွေ အိမ်မှာဝယ်ထားရင် အလွယ်တကူစားမိနေပါလိမ့်မယ်။အိမ်မှာ ဝယ်ထားသင့်တာက healthy ဖြစ်တဲ့အသီးအနှံတွေ /Oat bar/Cracker တွေကိုပဲ
ဝယ်ထားပါ။
10.☑️ Cut Down on Alcohol
အရက်ဖြတ်ပါ ။
အရက်တို့ ဘီယာတို့က သောက်တာများရင် လွယ်လွယ်ကူကူ ဝိတ်တက်နိုင်လို့ပါ..
11.☑️ Plan Your Meals
ကိုယ့်စားမဲ့အစားအသောက်ကို ကိုယ်ကိုယ်တိုင် စီစဉ်ပါ
Breakfast,lunch,Dinner တွေကို ဘယ်နေ့မှာ ဘာစားမယ်ဆိုတာ ကြိုတင်ပြီး ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပါ..
ကယ်လိုရီနည်း တဲ့အစားအသောက်နဲ့
Fibre ဓာတ်များတဲ့ အစားအသောက်ကို သင့်တင်မျှတအောင်စားဖို့ စာရင်းကြို ရေးထားပါ။ အဲစာရင်းက တစ်ပတ်စာ အတွက်ဈေးဝယ်ထွက်ရင် အထောက်အကူ ပြုပါလိမ့်မယ်။
👆👆အပေါ်က အချက်တွေကတော့
ဝိတ်ချနေတဲ့သူတွေ အတွက်
ဆောင်ရန်/ရှောင်ရန် လေးတွေ ရေးထားပေးတာပါ..
သိပြီးသားသူတွေ လည်း လိုက်နာအောင် ကြိုးစားပေးပါ။
မသိသေးတဲ့သူတွေ သိရအောင်
အချင်းချင်း Mention ခေါ်ပြီး သတိပေးလိုက်
ပါဦးနော်...😄👋
Credit-
01/01/2020
😂😁နည်းနည်းလေးပြုံးလိုက်ရင်တောင် အသက်၁ရက်ပိုရှည်စေဖို့ ဟာသ လေးတွေ ဖတ်ကြည့်ပါ အချစ်တို့😄😄😄
01/10/2019
“အလုပ်လုပ်ပါ၊
လှအောင်နေပါ..
ပြီးတော့စာဖတ်ပါ“
ကျမတို့လူ့အဖွဲ့အစည်းထဲမှာ မိန်းမဆိုရင် လင်ကောင်းကောင်းရအောင်ယူ။ အိမ်မှာ နေပြီး ကလေးထိန်း လင်ကို ပြုစု ဒါဆိုရင် ရပြီ …ဆိုတဲ့ အတွေးအခေါ်တွေက
ဘယ်လောက်တောင် မြဲမြံ့နေကြပါသလဲ။
“ပညာလည်း သင်ပြီးပြီ ဆိုတော့ ဘာအလုပ်မှလုပ်စရာမလိုဘူး မိသားစုကိုပဲ ဂရုစိုက်ရင် ရပြီ“ ကျောင်းပြီးလာတဲ့သမီးကို အိမ်ထောင်ချပေးဖို့ စီစဉ်တဲ့မိဘတွေ။
“မိန်းကလေးဆိုတာ ယောကျာ်းကောင်းကောင်းရဖို့က ပိုအရေးကြီးတယ်၊ ချမ်းသာတဲ့လူ တွေ့ရင် ရအောင်သာ ယူထား ကောင်းတာမကောင်းတာ နောက်ပြုပြင်ယူ” လို့ ဆိုတဲ့ အသိုင်းအဝိုင်းတွေ။တကယ့်ကို …စိတ်မကောင်းစရာပါပဲ။
ကျမကတော့ မိန်းမဆိုတာ လင်ယူသားမွေး အလုပ်တစ်ခုတည်းရှိတာ မဟုတ်ဘူးလို့ ဆိုချင်တဲ့သူပါ။
အမျိုးသမီးတိုင်း ပျိုပျိုအိုအို အလုပ်လုပ်ပါလို့ တိုက်တွန်းချင်တဲ့သူပါ။
ဘာကြောင့်လဲ ဆိုတော့အမျိုးသမီးတိုင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်မားမား မတ်မတ်ရပ်နိုင်လေ ကိုယ့်ဘ၀ရဲ့ကောင်းခြင်းဆိုးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို လွတ်လပ်စွာ ချမှတ်ပိုင်ခွင့်ရှိလေ..လို့ ယူဆမိလို့ပါပဲ။
ဘယ်လောက်ပဲ မိဘချမ်းသာပါစေ…သမီးဘ၀မှာ အလုပ်မရှိ အကိုင်မရှိနဲ့ မိဘကိုသာ မှီခိုရတဲ့သမီးနဲ့ကိုယ့်အလုပ်နဲ့ကိုယ့်ဝင်ငွေနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့သမီးရဲ့စိတ်ပိုင်းဆိုင်ရာ ယုံကြည်ချက်ဟာ မတူပါဘူး။
အဲင်္ဒီလိုပဲ အိမ်ထောင်သည်ဘ၀မှာလည်း ခင်ပွန်းဖြစ်သူကပေးတဲ့ငွေ ဘယ်လောက်ပဲ များနေပါစေ၊ကိုယ့်ကို စာရင်းမစစ်ပါဘူးလို့ပဲ ပြောနေပါစေ…အဲဒီငွေဟာ ကိုယ်ပိုင်ငွေ မဟုတ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုမှာတော့အားနည်းပြီးသားပါ၊ ဒါ့အပြင် ကိုယ့်ငွေကိုယ်တိုင်သုံးပြီး ငွေကြေးဆိုင်ရာ လွတ်လပ်စွာ အမှီခိုကင်းတဲ့ဘ၀ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု အပြည့်ရှိစေတဲ့ဘ၀တစ်ခုပါ။ ဒါကြောင့် အမျိုးသမီးတိုင်း ပျိုပျို၊အိုအို အလုပ်လုပ်စေချင်တာပါ။
ပြီးတော့အားလုံးကိုလည် လှအောင်နေစေ့ချင်တယ်။
ဘာကြောင့်လဲ ဆိုတော့ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် လှနေတယ်လို့ ယူဆနေချိန်မှာ ယုံကြည်မှု ရှိနေတတ်လို့ပါပဲ။
အလုပ်ကို လုပ်ပြီဆိုရင် မရပ်မနေ အလုပ်လုပ်တတ်ကြတဲ့အတွက် ဘယ်လိုအလုပ်မျိုး ဆိုပါစေ၊ ပြီးအောင်လုပ်မယ်ဆိုတဲ့ ဇွဲရှိကြတယ်။ အပင်ပန်းလည်း ခံနိုင်ကြပါတယ်။ အလုပ်တွေ ဖိလုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကို လှအောင်နေဖို့ ဂရုစိုက်ဖို့မေ့နေတတ်တဲ့သူတွေ ရှိပါတယ်။
တကယ်တော့ အလုပ်များပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်သလို ဖြစ်သလို နေထိုင်တဲ့သူ့က ကိုယ့်ကိုယ်ကို ကျေနပ်ယုံကြည်မှု နည်းပါးတတ်သလို သူ့ကို မြင်ရတဲ့အခါ အခြားသူတွေအတွက်လည်း အမြင်မလှစေပါဘူး။
အလုပ်လုပ်နေပေမဲ့ မျက်နှာပြောင်နေတာ၊ ဖြစ်သလို ၀တ်တတ်တဲ့ အ၀တ်အစားတွေ တင့်တယ် သပ်ရပ်မှု မရှိတဲ့အခါ သပ်ရပ်စွာ ၀တ်ဆင်နေသူတွေကြားမှာ ကိုယ်က လုပ်တွေအနိုင်မနင်းနဲ့ မကျွမ်းကျင်တဲ့ပုံပေါ်နေတတ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့စိတ်ဝင်စားမှုနဲ့အထင်မြင်သေးတဲ့ ဆက်ဆံရေးကို ရရှိတဲ့အခါ ကိုယ့်ရဲ့ယုံကြည်စိတ်ချမှုလည်း အားနည်းသွားတတ်ပါတယ်။
လုပ်ငန်းခွင်မှာ သပ်သပ်ရပ်ရပ်နဲ့ပြေပြစ်အောင် ပြင်ဆင်ထားပြီး အလုပ်လုပ်နေတဲ့အမျိုးသမီးတွေက အခြားသူတွေကို စွဲဆောင်မှု တစ်ရပ်ဖြစ်စေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အလုပ်ကို စိတ်ပါ ၀င်စားစွာ လုပ်နေတဲ့အတွက် သူ့ရဲ့ အရည်အချင်းနဲ့နေထိုင်မှုပုံဆန်က ထင်ရှားစေသလို၊ သပ်ရပ်ကျော့ရှင်းမှုက လူတွေအတွက် စွဲဆောင်မှုတစ်ရပ်ဖြစ်စေပါတယ်။
ကိုယ့်ကိုယ်ကိုလည်း လှအောင်ပဲ နေပြီး အလုပ်မလုပ်ဘူးဆိုရင်လည်း အမြင်လှပေမဲ့ တကယ်အလုပ်လုပ်ရတဲ့ ကျွမ်းကျင်မှု မရှိ၊ အရည်အသွေး ကျဆင်းသွားတတ်ပါတယ်။
ပြီးတော့ အလုပ်တစ်ခု လုပ်ပြီးတိုင်း ရေသောက်ပါ၊ ပြုံးပါ…ဒါတွေက ကိုယ့်ကိုယ်ကို လန်းဆန်းအောင် အပန်းဖြေနည်းပါ၊ပြိးတော့ ကိုယ့်ကိုယ်ကို အမြဲတမ်းလှပကျော့မော့နေစေဖို့အတွက် ကိုယ်နဲ့လိုက်ဖက်နဲ့ဝတ်စားဆင်ယင်မှုလေးတွေကို ဂရုတစိုက်ဝတ်ဆင်ပေးပါ။ အ၀တ်အစားဟာ ဘယ်လောက်တန်သလဲဆိုတာ အရေးမကြီးပါဘူး၊အရေးကြီးတာက ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက တင့်တယ်ပြီး လိုက်ဖက်နေဖို့ပါပဲ။
ကျမတို့ အမျိုးသမီးတွေကို စာဖတ်ကြစေချင်ပါတယ်။
ဘယ်လောက်ပဲအလုပ်တွေ များနေပါစေ စာဖတ်ဖို့တော့ အထူး တိုက်တွန်းချင်ပါတယ်။ ကျမအနေနဲ့ ညတိုင်း စာဖတ်ပါတယ်။ လူမှုကွန်ယက်ပေါ်က အကျိုးရှိတဲ့စာတွေ ရှာဖတ်ပါတယ်။ စာအုပ်တွေကိုလည်း ရှာဖတ်ပါတယ်။ စနေ၊တနင်္ဂနွေလို ပိတ်ရက်တွေမှာတော့ စာဖတ်ချိန်သီးသန့်ထားပြီး ဖတ်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့စာဖတ်ခြင်းကသာ ကျမတို့တွေရဲ့ ဦးနှောက်နဲ့ နှလုံးသားကို ရှင်သန်စေတာပါ။ စိတ်ညစ်နေတဲ့သူ စိတ်ဓါတ်ကျနေတဲ့သူက စာဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ရှင်သန်စေနိုင်တယ်။လမ်းပျောက်နေတဲ့သူက စာဖတ်ပြီး ကိုယ့်လမ်းကိုယ်ရှာဖွေနိုင်သလို၊ အားငယ်တွေဝေနေတဲ့သူက စာဖတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပြန်တိုးလာစေတာပါ။
ဒါကြောင့် ကျမတို့အမျိုးသမီးတွေက ဒီကနေ့ခေတ်မှာ စူပါမေမေတွေ ဖြစ်ကြရသလို၊ အလုပ်တွေကို လုပ်ရင်း လှအောင်ပအောင်နေရတဲ့မေမေတွေလည်း ဖြစ်လာကြတယ်၊ပြီးတော့ အမြဲတမ်းပညာရေးကို ဖြစ်စေတဲ့စာပေဗဟုသုတရှာဖွေရင်းနဲ့လည်း ကိုယ့်အနာဂတ်ကို ရှင်သန်အောင် ပျိုးထောင်နေသင့်တယ်လို့ယူဆမိတယ်။ဘာကြောင့်လဲဆိုတော့ ကျမတို့ရဲ့ လက်ထဲမှာ ကမ္ဘြာကြီးရဲ့
အနာဂတ်ရှိနေလို့ပါပဲ။
အဲဒါကြောင့် အလုပ်တွေလည်း လုပ်ပါ၊ အလှတွေလည်း ပြင်ပါ၊ စာတွေလည်း ဖတ်ပါလို့ တိုက်တွန်းပါရစေရှင်။
လေးစားစွာဖြင့်
Emily Cho Page မှ။
30/09/2019
ဝက်ခြံအကြောင်း သိကောင်းစရာ
-------------------------------
-ဘာကြောင့်ဝက်ခြံဖြစ်စေနိုင်လဲ?
-၀က်ခြံဘယ်နှမျိုးရှိလဲ?
-၀က်ခြံဖြစ်ပြီးရင် ဘယ်ဝက်ခြံအမျိုးအစားကိုဘယ်လိုကုသသင့်လဲ။အမာရွတ်ဘယ်လောက်ထင်နိုင်လဲ။
ဘာကြောင့်ဝက်ခြံဖြစ်စေနိုင်လဲ?
၁။ မျက်နှာမှာ မမြင်ရတဲ့မွေညှင်းပေါက် (hair follicles) တွေရှိပါတယ်။
အဲ့မွေညှင်းပေါက် ဘေးလေးမှာ sebum လို့ခေါ်တဲ့ အဆီ gland တွေရှိတယ်။
ကိုယ်တွေမျက်နှာကို သေချာ သန့်ရှင်းရေးမလုပ်မိတဲ့အခါ အညစ်အကြေးတွေက စုပြီးမွေညှင်းပေါက် ကို ပိတ်ပြီး အဆီတွေက မထွက်နိုင်ပဲစုနေတဲ့အခါလည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် အမြဲ first step cleansing ကို သေချာသုံးပါနော်။
------------------------------
၂။မျက်နှာမှာ ရေဓာတ်မရှိတဲ့အခါလည်း skin cells တွေက အဆီ gland တွေကို အဆီတွေ တွန်းပို့ဖို့ လှုံ့ဆော်တဲ့အခါလည်း အဆီ တွေက ထွက်သင့်တာထပ်ပိုထွက်တယ်။ အထူးသဖြင့် clay mask သုံးပြီးရင် moisturizer မသုံးရင် ပိုဝက်ခြံထွက်နိုင်ပါတယ်။ ဒါကြောင့် maskသုံးပြီးတိုင်း moisturizer ပြန်သုံးဖို့မမေ့နဲ့နော်။
------------------------------
၃။ Hormone Changes, stress management တွေကြောင့်လည်း အဆီ gland က stimulate အရမ်းဖြစ်ပြီး ၀က်ခြံပိုထွက်နိုင်ပါတယ်။
------------------------------
ဝက်ခြံဘယ်နှမျိုးရှိလဲ?
1. Whiteheads.
နှာဖူးပေါ်မှာအဖြစ်များတဲ့ အဆီဖုလေးတွေပါ။
တချို့ whiteheads ကအဆီဖုအခဲလေးတွေ တချို့ က အဆီဖုအရည်ကြည်လေးတွေ နဲ့
၃ခု ၄ခုစုပေါက်တာများတယ်။
------------------------------
2. Blackheads.
သူကိုဖြစ်စေတဲ့အရာက
အဆီ gland (called sebum)
အညစ်အကြေး
Bacteria
နှာခေါင်းမှာအဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ sebum (oil gland) တွေက နှာခေါင်းမှာ ပိုကျယ်ပြီးပိုများလို့ပါ။
------------------------------
3. Papules.
သူကအနီရောင် အဖု တခုထလာပြီး အဖုထိရင်လည်း နာနေတာမျိုး
အဆီလည်းမတွေ့ရဘူး။
ညှစ်လို့လည်းမရဘူး။
လက်နဲ့ထိလေ ပိုကြီးလေ ပဲ။
------------------------------
4. Pustules.
သူက ၀က်ခြံပြည်ဖုလိုမျိုးပေါ့။
အဖုက အရောင်က ပြည် အ၀ါရောင်ဘက် ပိုရောက် တယ်။
------------------------------
5. Cysts. ..
6. Nodules.
5 နဲ့ 6 ကတော်တော်ဆင်တူတယ်။
သူက အဖုအကြီးကြီးတွေ တပြင်(ဗျင်) လုံး ပေါက်တာမျိုးပါ။
အသားအရည် steroid , Inorganic mercury , Retinoic Acid, lead နဲ့ထိဖူးတဲ့သူတွေပိုသိပါလိမ့်မယ်။
------------------------------
ဝက်ခြံဖြစ်ပြီးရင် ဘယ်ဝက်ခြံအမျိုးအစားကိုဘယ်လိုကုသသင့်လဲ။
၁။ white heads
တော်တော်များများမှာရှိပါတယ်။ combination မှာရော oily မှာရောပေါက်တတ်ပါတယ်။ တခါတလေ dry မှာလည်းပေါက်နိုင်ပါတယ်။ ကိုယ်နဲ့သင့်တော်မဲ့ mask သုံးပြီး moisturizer အမြဲလိမ်းပေးပြီးပျောက်နိုင်ပါတယ်။အရေပြားဆရာဝန်တော်တော်များများက အဲအဆီဖုလေး ပေါက်ခါနီးဆိုညှစ်ထုတ်ပေးလေ့ရှိပါတယ်။ ညှစ်နည်းမှန်ရင် အမာရွတ် မထင်ခဲ့ပါဘူး။
------------------------------
၂။ Black heads
နှာခေါင်းမှာအဖြစ်များရင်တော့ peel off mask / clay mask သုံးသင့်ပါတယ်။ သူကတဖြေးဖြေးပါးလာပါလိမ့်မယ်။ Moisturizer လေးသေချာလိမ်း ပြီး သန့်သန့်ရှင်းရှင်းလေးထားပြီး ၁ပတ်၂ကြိမ်လောက် mask လေးသေချာသုံးပေးရင် သက်သာပါတယ်။
------------------------------
၃။ Papules
သူကို လုံးဝလုံးဝ မညှစ်ပါနဲ့။ cleansing သေချာလုပ်ပေးပါ။ moisturizer သေချာသုံးပါ။ ၁လ၂လ လောက်ထိအချိန်ပေးရပါတယ်။ အလိုလိုချက်သွားပါတယ်။ ညှစ်တာနဲ့သူက အမာရွတ်သေချာပေါက်ထင်ပါတယ်။
------------------------------
၎။ Pustules
White head ရဲ့ ဒုတိယအဆင့်ပေါ့။ ပြည်ဝက်ခြံပါ။ သူကို အရေပြားဆရာဝန်ဆီသွားပြီး ညှစ်ထုတ်ပါ။
ညှစ်ပြီး aftercare သေချာရင် ပျောက်ပါတယ်။ ကိုယ်ဟာကိုတော့မညှစ်နဲ့နော် ပိုပြီးပွားနိုင်ပါတယ်။
------------------------------
၅။ ၆။ သူက Papules ရဲ့ ဒုတိယအဆင့်တွေပါ။ဒါပေမဲ့ papules ဖြစ်တိုင်း ဒီလိုဖြစ်မယ်တော့မဟုတ်ဘူးနော်။ ဖြစ်နိုင်ချေအရမ်းနည်းပါတယ်။ အရေပြားဆရာဝန်နဲ့သေချာ နှစ်ရှည်ကုမှရပါမယ်။ ဆရာဝန်တော်တော်များများက အဲလိုဝက်ခြံကိုဆေးထိုးပေးတာများတယ်။ သူ့အမာရွတ်က mask တွေ အမာရွတ်ဆေးတွေနဲ့မပျောက်နိုင်ပါ။ သူ့အမာရွတ်က ချိုင့်ကွက် တွေက laser သို့မဟုတ် skin repair ကို သေချာအချိန်ယူမှ သက်သာပါမယ်။
------------------------------
ကဲ.. ဒါဆို ဆုတို့ Mask ကရော ဘယ်လောက်ထိ support ဖြစ်ပေးလဲ?????
၁။Maskသုံးတာလည်း မပျောက်သေးဘူး????????
၂။နှစ်ချီနေတဲ့ ၀က်ခြံတွေကို ဒီ product သုံးတာနဲ့ပျောက်နိုင်လား??????
၃။အဆီဖုက ပိုထွက်လာတယ်ဘာလို့လဲ?????
ဒီမေးခွန်းတွေအတွက်အဖြေက……
ရှိတဲ့ ၀က်ခြံအမျိုးအစားပေါ်မူတည်ပါတယ်။
ဝက်ခြံအမျိုးအစား အထက်ဖော်ပြပါ ၁။၂။၃။၎။ က ပျောက်နိုင်ပါတယ်။ သို့မဟုတ် အဖုကို ပိန်သွားနိုင်ပါတယ်။ ဒါပေမဲ့ after care ကိုမမေ့ပါနဲ့နော်။
------------------------------
-Mask သုံးပြီးတိုင်း moisturizer သေချာသုံးပါ။
oil based မဟုတ်ပဲ gel based / water based ကအထိရောက်ဆုံးပါ။
moisturizer ပြန်မသုံးရင် စုတ်ထုတ်ထားတဲ့ အဆီတွေ နေရာမှာ oil gland က ချက်ချင်း အဆီတွေ ကန်ထုတ်ပေးပါတယ်။ အဲအတွက် အဆီဖုဖြစ်နိုင်လို့ moisturizer သုံးဖို့ အရေးကြီးပါတယ်။
------------------------------
-၀က်ခြံပြန်ဖြစ်နိုင်တဲ့ အညစ်အကြေးတွေ အမြဲမ၀င်နိုင်အောင် ၀င်ရင်လည်း ပြန်ပြီး cleansing သေချာလုပ်ပေးပါ။
-ညစောစောအိပ် ရေများများသောက် အားကစားသေချာလုပ်ပြီး အဆီလျှော့စားပါ။
နှစ်ချီနေတဲ့ ၀က်ခြံမှာအချက် ၅။၆။ မဟုတ်ရင် အခုအပေါ်ကပြောသလို သေချာ care ရင်ပျောက်နိုင်ပါတယ်။ ၅။၆။ က ၀က်ခြံမျိုးဆို အရေပြားဆရာဝန်နဲ့ ဆွေးနွေးတာအကောင်းဆုံးလို့ အကြံပြုပါရစေ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sittwe
