The Glamsoul

The Glamsoul

Share

Authentic Korea Skincare & Cosmetics များကိုဝယ်ယူနိုင်ပါတယ်ရှင်

Photos from Sukie’s Cart's post 26/06/2023

Sale price -21500 နဲ့ Instock ရှိပါတယ်ရှင့်!

Review link ↘️
https://www.facebook.com/100083272272447/posts/131025193016556/?mibextid=cr9u03

24/06/2023

Hello!!

Admin နောက်လတွေကျရင် personal ကိစ္စကြောင့် pg ကို ဆက်မrun နိုင်တော့လို့ ကျန်ရှိနေတဲ့ skincare products ကို sale price နဲ့ထားပေးပါမယ်နော်

ခုငွေစျေးတက်တဲ့ချိန်မှာ ဒီစျေးနဲ့ရတာအရမ်းကိုတန်ပါတယ်နော် 🥹
Pg cb ကကော အပြင်ကနေကော လာဝယ်တဲ့ customer များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် 🫶🏻🩷

Sale price ကိုတော့ product ပုံနှင့်တကွ cmt မှာတင်ထားပေးပါ့မယ်ရှင့်

07/05/2023

20ml လေး Instock ရှိ!

နွေရာသီ မိတ်ကပ်မလိမ်းချင်သူတွေ သုံးသင့်တဲ့ Sunscreen

နွေရာသီ အတွက် Sunscreen အကြံလာတောင်းရင် များသောအားဖြင့် အမြဲတမ်း ဂီ ညွှန်းပေးဖြစ်တဲ့ Sunscreen က Espoir က Water Splash အစိမ်းရောင် Sunscreen လေးပေါ့ ။ ဒါလေးက ကိုယ်လဲ သုံး နေပြီး အရမ်းလဲ အာနိသင်ကောင်းတာကြောင့် သုံးဖို့အကြံပေးလေ့ရှိတယ် ။
ခုတော့ Mostly Recommend လုပ်ဖို့ နောက်အမျိုးအစား တခု ထပ်တိုး လာပြီ ။

သူက ' Espoir Water Splash Cica Tone Up Sun cream ' ။ ဂီ့အနေနဲ့ ဝက်ခြံ ၊ အဆီဖုသမားတွေ ၊ မိတ်ကပ် မလိမ်းချင်သူတွေ အတွက် နွေရာသီ မှာ အထူးထူး သင့်တော်သော Sun cream ဖြစ်ကြောင်းပြောချင်ပါတယ် ။

ဒီတော့ Review ကို တော့ ဂီ အဓိကအချက်တွေပဲ လိုတိုရှင်း ပြောပြပေးသွားပါမယ် ။

နွေရာသီမှာ အရမ်းပူတဲ့ အချိန် ဂီ့လို Oily Skin တွေပိုသိသာမယ် ။ Foundationလိမ်းရတာ အဆင်မပြေဘူး ။ အရမ်းပူသလို နေရတာ comfort မဖြစ်ဖူး။ ချွေးထွက် ၊ အဆီပြန်ရင် Foundation တွေ ကွက်လို့ကွက် ။ နောက် Foundation နဲ့ အပြင်ကအညစ်အကြေးတွေ ရောပြီး အဆီဖု ၊ ဝက်ခြံပေါက်လို့ပေါက်ဆိုတော့ makeup မလိမ်းချင်လောက်အောင်ပဲ ။

ဒီ Sun cream ကတော့ နေလောင်ဒဏ် ကာကွယ်သလို Foundation လိမ်းစရာမလိုအောင် အသားအရေ Bright ဖြစ်စေပြီး ကြည့်လို့ ကောင်းစေတယ် ။

Main Ingredients အနေနဲ့ Cica ပါတယ်ဆိုတော့ အဆီဖု ၊ ဝက်ခြံ သမားတွေ ယုံကြည်စိတ်ချစွာ သုံးလို့ရပါတယ် ။ Tone up ပါလို့ သုံးချင်ပေမဲ့ ဝက်ခြံ ကြောင့် သုံးမရ ဖြစ်နေတဲ့ သူတွေအတွက် သတင်းကောင်းပါပဲ ။ဒါ့အပြင် All Skin Type ( Even Sensitive Skin )ပါ သုံးလို့ရတယ်နော်

Tone up ပါတယ်ဆိုပေမဲ့ ပြာသွားတာမျိုးမဖြစ်ပဲ Natural ဆန်ဆန် ပါးပါးကြည်ကြည် ဝင်းဝင်းလေး ဖြစ်နေစေတာကြောင့် ဘယ်အသားရောင် မဆို လိမ်းဖို့ အဆင်ပြေပါတယ် ။

စေးကပ်တာမျိုး မရှိပဲ လိမ်းလိုက်ရင် Light Weight ဖြစ်တာမို့ အဆီပြန်မှာ ၊ နွေရာသီလို နေပူပူနဲ့ မသင့်တော်မှာ စိုးရိမ်စရာ လုံးဝမလိုဘူး ။ Confident ရှိရှိ လှနေလို့ရတယ် ။

SPF 50 PA+ ပါတာမလို့ နေလောင်ဒဏ်သေချာ ကာကွယ်ပေးနိုင်တယ် ။ နေလောင်ဒဏ်လဲကာကွယ် ၊ Makeup လဲ တခါထဲ လိမ်းထားသလို ဖြစ်စေတော့ တချက်ခုတ် ၊ နှစ်ချက်ပြတ်ပဲ 🙌

ဈေးလဲ အရမ်းမများတာကြောင့် အခုကာလ မှာ Budget အဆင်ပြေပြီး တွက်ခြေကိုက်ပါတယ် ။ So, You Must Try !

ကဲ ဒီ နေ့ Review လေးကတော့ ဒီလောက်ပါပဲ ။
Bye ! See u , Mua 😚

Photos from Gi's Diary's post 07/05/2023

Instock!!

28/04/2023

𝐉𝐌 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐚𝐥𝐥𝐚 𝐂𝐚𝐫𝐞 𝐂𝐥𝐞𝐚𝐧𝐢𝐧𝐠 𝐰𝐚𝐭𝐞𝐫 {𝐫𝐞𝐯𝐢𝐞𝐰}

✔️Cleaning water တွေကို ခုခေတ်နောက်ပိုင်းအရမ်းသုံးလာကြပါတယ်။ဘာလို့လဲဆိုရင် သုံးရလွယ်လို့ပေါ့လေ..
အရင်က makeup ဖျက်မယ်ဆို make up remover တွေ remover wipe tissue တွေနဲ့ဖျက်ကြတယ်။
ခုခေတ်က Make up လူးလူး၊မလူးလူး ညဘက်မျက်နှာမသစ်ခင် double Cleaning အနေနဲ့ ခုလို Cleaning water ခေါ် Micellar water တွေကို တွင်တွင်ကျယ်ကျယ်သုံးလာကြတယ်။
ခုလို double Cleaning လုပ်ပေးခြင်းဖြင့် အသားရေအလွယ်တကူမပျက်စီးတော့ဘူး၊ဝက်ခြံထွက်နှုန်းနည်းလာမယ်၊အဆီဖုပေါက်တာနည်းလာမယ်။
Cleaning မနိုင်ခြင်းကြောင့် ဖြစ်နိုင်တဲ့ skin problem တွေကိုကာကွယ်နိုင်တယ်ပေါ့လေ..

🍀ခု ဘုန်းရှိန် all skin type အဆင်ပြေနေစေမဲ့ Cleaning water တန်တန်လေးတစ်ခု review ပေးချင်တာပါ..
JM solution ဆိုရင် အထူးတလည် မိတ်ဆက်စရာမလိုလောက်အောင် မသိတဲ့သူမရှိသလောက်ကိုဖြစ်နေပါပြီ။သူက ဈေးနှုန်းသင့်ပြီး quality ကောင်းကောင်းထုတ်ပေးတဲ့ brand တစ်ခုပေါ့..
🍀ခု Centalla care ဟာဆိုရင် တခြားဟာတွေလို Korea import မဟုတ်ပါဘူး!Japan import ပါ။ဂျပန်နိုင်ငံလိုမျိုး အရမ်းတိုးတက်တဲ့နိုင်ငံဟာ quality မကောင်းတဲ့ပစ္စည်းဆို သူတို့နိုင်ငံကို import အလုပ်မခံပါဘူး။ဒါဆို ဒီ cleaning water ရဲ့ Quality ပိုင်းကတော့ ကောင်းမယ်ဆိုတာ 50%သေချာနေပြီဟုတ်?

🍀ဘုန်းရှိန်သုံးတာ ဗူးတစ်ဝက်ကျော်ပါပြီ။အချိန်အနေနဲ့ဆို 2လခွဲလောက်ရှိပြီပေါ့လေ..
သူ့မှာ skin healing, Claiming ပေးနိုင်တဲ့ ingredient တချို့ပါဝင်တာတွေ့ရတယ်..
Centalla, Heart leaf, Madecassoside နဲ့ Tea tree တို့ပဲဖြစ်ပါတယ်။
ဒါကြောင့် ဝက်ခြံသမား၊ Sensitive သမားတွေ သုံးမယ်ဆိုရင်တောင် safe ဖြစ်စေပါတယ်။
ဒါပေမဲ့ တစ်ခုသိထားစေချင်တာကCleaning water က Cleaning အလုပ်ကိုပဲလုပ်မှာပါ။
Cleaning water သူံးပြီး ဝက်ခြံပျောက်ချင်လို့တော့မရဘူးနော်..
✨နောက်ပြီး သုံးပြီးရင် အသားခြောက်ပြီးကျန်မနေတာကြိုက်တယ်..

🥇သူရဲ့အဓိက action ဖြစ်တဲ့ Cleaning အားလဲကောင်းတယ်ပြောရမယ်..
ပုံမှန် sunscreen တွေဆို one pump လောက်နဲ့အကုန်ပျက်တယ်။
Full make up တို့ matt type lipstick or foundation တို့ သုံးထားရင်တော့2ခေါက်လောက်ဖျက်ပေးရတယ်..

သုံးရလွယ်ကူအောင် Packaging ကို pump နဲ့လုပ်ပေးထားတာမို့ အပိုသုံးမိတာ၊ဖိတ်ကျပြီး wast ဖြစ်တာမျိုးမရှိလို့ ဘုနိးရှိန်ကြိုက်တယ်..
အနံ့ကတော့ herbal scent သင်းသင်းလေးပါတယ်။

✅Alcohol Free
✅All skin type

Rating ပေးရရင် 5 out of 4 ပေးပါတယ်။

BHONE - Cosmetics Page နဲ့ Os တော်တော်များများမှာဝယ်လို့ရပါတယ်ခင်ဗျ🫶

𝑩𝒉𝒐𝒏𝒆𝒚 _𝑩𝒍𝒐𝒈

Photos from Beauty By Sandi's post 28/04/2023

Mask ,cleanser ,sleeping mask လေးတွေInstock ရှိပါတယ်ရှင့်

28/04/2023

Instock!!
Price -13500ks

JMsolution ရဲ့ အကိတ် Cleansing water တွေထဲမှာ နောက်ဆုံးထွက်တဲ့ Centella care cleansing water ကို အကြိုက်ဆုံးပဲ

ကျွန်မက Cleansing water ကို Night time skin care မှာ မဖြစ်မနေသုံးပြီးပါတယ်

Retinol လိမ်းတဲ့ညတွေဆို နောက်နေ့ မနက်မှာလည်း Cleansing water သုံးပါတယ်

✅သူက ဆေးမြင်းခွါနဲ့ လုပ်ထားလို့ ဝက်ခြံ အဆီဖု နဲ့ Sensitive ဖြစ်တဲ့ အသားအရေ အတွက်ဆို အရမ်းကောင်းပါတယ်

✅Alcohol Free ဖြစ်လို့ သုံးပြီးရင်လည်း အသားခြောက်မသွားပဲ စိုအိအိလေးကျန်ခဲ့တာ

✅ကျွန်မက Sensitive အရမ်းဖြစ်တက်တဲ့အတွက် တချို့ Cleansing water တွေသုံးရင် မျက်နှာမှာ နီပြီး ကျန်ခဲ့တာမျိုးတွေဖြစ်ပါတယ်
ဒါလေးကတော့ mild ဖြစ်ပြီး သုံးလို့ အဆင်ပြေပါတယ်

✅အနံ့ကတော့ မြင်းခွါရွက်အနံ့လို နဲနဲ တမျိုးပဲ

✅ဘူးကလည်း အကိတ်ကြီး 500 ml ကိုမှ 16000 ဝန်းကျင်လောက်ပဲ ဆိုတော့ Budget save ဖြစ်တဲ့ Product လေးပါ

ကျွန်မတို့တွေက မိတ်ကပ်မလူးရင်တောင် Sunscreen တွေ ဖုန်မှုန့်တွေ အဆီတွေ မျက်နှာပေါ်မှာ ကပ်နေနိုင်တာကြောင့် Double Cleansing သေချာလုပ်ပေးမှ အဆီဖုနဲ့ ဝက်ခြံတွေ သက်သာပြီး အသားအရေကြည်လင်လာမှာနော်

📌နောက်ပြီး အရေးကြီးတဲ့ Tip တစ်ခုက ကျွန်မတို့ ချိုင်းမှာ Roll on တွေသုံးပြီး အပြင်က ပြန်လာတဲ့အခါလည်း ချိုင်းနေရာကို Cleansing water နဲ့ သန့်ရှင်းလို့ရပါတယ်
အဲ့လိုဆိုရင် ချိုင်းကြားအသားအရေ ပိုဖြူလာအောင် ကူညီပေးနိုင်ပါတယ်နော်

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Telephone

Website

Address

16 Sittaung Street , Khan Shae Quarter
Taunggyi
06011

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00