K for Khoon
Khoon's Corner
03/08/2025
"Shot" တွေအကြောင်းပြောကြရအောင် 🥰
အောက်က ပုံလေးကတော့ ကျွန်တော် လက်ရှိမှာသုံးနေတဲ့ထဲက "အကြိုက်ဆုံး" ရွေးချယ်ထားတဲ့ Shot 3 မျိုးပါ။
2025 မှာ Shot တွေမသုံးဖူးသေးဘူးဆိုရင် skincare update မဖြစ်သေးဘူးလို့ဆိုရမှာပါ။
🔸Shot ဆိုတာဘာလဲ?
shot” တွေဆိုတာက “highly concentrated skincare boosters” အမျိုးအစားဖြစ်ပြီး active ingredient တစ်မျိုး (သို့) နှစ်မျိုးပါဝင်တဲ့ ကိုယ်လိုချင်တဲ့အသားအရေကို အချိန်တိုတိုနဲ့ အလျှင်မြန်ဆုံး သိသာစေတဲ့ပစ္စည်းဘဲဖြစ်ပါတယ်။
🔸အသုံးပြုတဲ့အကြောင်းအရင်း?
-အသားအရေ ပြဿနာတစ်ခုကို တိုက်ရိုက် target လုပ်ဖို့ပါ။
🔸ဘယ်လိုသုံးရမလဲ?
-serum မလိမ်းခင် Toner လိမ်းအပြီးသုံးနိုင်ပါတယ်
-တပတ်ကို ၂ ကြိမ်,မှ ၃ ကြိမ် အထိ သုံးလို့ရပါတယ်
-night skincare routine မှာသုံးပေးတာပိုသင့်တော်ပါတယ်
✔️ဒါဆိုအောက်က ကျွန်တော်သုံးတဲ့ shot လေးတွေ အကြောင်းဆက်သွားရအောင် 😍😍
🔸Filorga NCEF-Shot
အကြိုက်ဆုံးဖြစ်သလို daily use သုံးလို့ရပြီး နေ့|ည သုံးလ်ို့ရပါတယ်။တခြား shot တွေလို စူးတာ၊စပ်တာ မျိုးမရှိဘူး။"၁၀"ရက်အတွင်းမှာ သိသာတယ်လို့ တိတိကျကျ ဆိုထားပေမယ့် တပတ်အတွင်းမှာတင် တော်တော်သိသိသာသာ အသားရေက ကြည်လာတယ်။Firming ဖြစ်လာတာ သိသာတယ်။ရေဓာတ်ပြည့်လာတာတယ်။
မစူးဘူး။မစပ်ဘူး။pinkish ဖြစ်လာတယ်။တော်တော်လေးကို result သိတာတယ်။တနေ့ပီးတနေ့ ကြည့်နေရတာတောင်မရိုးသော result ကို မြင်နေရတာ။ဆက်သုံးမလားမေးရင် ဆက်သုံးဖြစ်မယ့် brand တခုပါဘဲ။
🔸La Plante PDRN Bioleedle 300
ဒါကတော့ shot တွေထဲမှာ အချစ်ဦးပေါ့။သူ့ကိုစသုံးဖူး တုံးက 100 အားနဲ့စသုံးခဲ့တာ။ချွေးပေါက်တွေဆိုတာ ရှာမရအောင်ပျောက်သွားပြီး အသားဖြူပြီးကြည်လာတာကတော့ တော်တော်သိသာစေတယ်။
စူးစူးလေး feeling ကတော့ စစသုံးချင်းတုံးက နေရခက်တယ်။မကြိုက်ဘူး။ဒါပေမဲ့ Result ကို သိသိသာသာမြင်ရပြီးနောက်ပိုင်း စူးလဲ အနာခံဆိုပြီး တညခြား တခါ လိမ်းလာတာ ခုဆိုရင် 300 အားကို တပတ် (၂)ခါ သုံးဖြစ်နေတဲ့ brandပါဘဲ။
300 အား စစ သုံးတုံးက အရမ်းပြင်းတော့ အသားတွေခြောက်ပီး ယားတာတွေဖြစ်ပါလေရော။ဘာဆက်လုပ်ရလဲဆိုရင် moisturizer ကို ထူထူလေး ၂ ထပ်လောက် လိမ်းလိုက်တော့မှ အသားကျသွားတယ်။
300 အားသုံးလိုက်မှ မျက်နှာက lifting ပိုဖြစ်လာတယ်ခံစားရတယ်။ပိုသဘောကျတယ်ပေါ့။သုံးပူံသုံးနည်း မှန်ကန်ဖို့တော့အရေးကြီးဆုံးပါ။
🔸Medicube PDRN pink collagen exosome shot 7500
-အပေါ်က Filorga နဲ့ယှဉ်ရင်တောင် အရမ်းမနိမ့်တဲ့ထဲပါတယ်။စူးတာတော့စူးတယ်။7500 အားဆိုတော့ နည်းနည်းလေးတော့ပြင်းတာပေါ့လေ။ဒါပေမဲ့ ကျနော်က shot တွေ သုံးလာနေကြမို့ အရမ်းစူးတယ်ဆိုတဲ့ feeling မျိုးမရှိတော့သလို shot 2000 အားရှိတာတောင် မသုံးတော့ဘဲ 7500 ကို တန်းသုံးခဲ့တာပါ။သူ့ဆီကပါတဲ့
PDRN(sodium DNA) ဆိုတာ salmon DNA ကနေ ထုတ်ထားတဲ့ nucleic acid တမျိုးပါ။
-Skin repair,cell regeneration,hydration boost,anti-inflammatory,brightening စတဲ့ အာနိသင်တွေ ပေးနိုင်ပါတယ်။ဒီ shot 7500 ကလည်း သိသိသာသာ အာနိသင် ပြတဲ့ထဲပါတယ်။
အသားရေ ကြည်ပြီးတင်းရင်း နေတာကတော့ သိသိသာသာ မြင်ရတယ်။
စသုံးမယ့်သူတွေကတော့ shot 2000 ကနေ စပြီးသုံးလို့ရပါတယ်။
အခုနောက်ပိုင်း trend ဖြစ်တဲ့ brand တွေထဲမှာ သုံးကိုသုံးကြည့်သင့်တဲ့ထဲမှာ Medicube ကိုချန်ထားလ်ု့မရပါဘူး...
‼️အရမ်း sensitive ဖြစ်တဲ့သူတွေ ကတော့ သေချာလေ့လာပြီးမှ သုံး
‼️moisturizer များများ လိမ်းပေးရပါမယ်
‼️AHA,BHA,Retinol ပါတာတွေနဲ့ လုံးဝ(လုံးဝ) တွဲမသုံးရပါ
‼️ကိုယ့်အသားရေ တုံ့ပြန်မှုပေါ်မူတည်ပြီးလိုတိုးပိုလျှော့လုပ်နိုင်ရပါမယ်
‼️ညဘက် အသုံးပြုတာပိုသင့်တော်ပါတယ်
‼️နောက်ရက်မှာ sunscreen ကို သေချာပေါက်လိမ်းပေးရပါမယ်။2 နာရီခြားတခါ reapply လုပ်နိုင်ရင်ပိုကောင်းပါတယ်။
Social media မှာ အရမ်းနာမည်ကြီးဖူးတဲ့ Dove body scrub နဲ့ The Ordinary AHA,BHA peeling တွဲသုံးရင် အသားဖြူတယ်ဆိုတဲ့ကိစ္စလေး Tittok reply video လေးအနေနဲ့ ပြောပြပေးထားပါတယ် 🥰🥰
27/06/2025
Cleansing oil ကို blame ရင် ကျွန်တော်အရမ်းမုန်းပါတယ်။
Cleansing oil သုံးတဲ့အခါ “အဆီဖု (comedones)” တွေထတာဟာ
"ကိုယ်ကိုယ်တိုင် နည်းစနစ်လွဲမှားစွာသုံးနေမိတာလား" ဆိုပြီးပြန်မေးပါရစေ။
ဒါပေမဲ့ ဒီအကြောင်းကို နားလည်ဖို့ အရေးကြီးပါတယ်။ အမှန်တကယ်မှာ cleansing oil သုံးလို့ အဆီဖုထတယ် ဆိုတာ အမြဲမှန်ကန်နေတဲ့ အကြောင်းပြချက်တော့ မဟုတ်ပါဘူး။
🧴 Cleansing Oil သုံးလို့ အဆီဖုထတတ်တဲ့အကြောင်းအရင်းတွေကိုပြောပြပါမယ်
1. Double cleansing သေချာမလုပ်ခြင်း
• Cleansing oil သုံးပြီးနောက် အမြှုပ်များများပါတဲ့ facial cleanser (သို့မဟုတ်)cleansing သေချာလုပ်ပေးနိုင်တဲ့ မျက်နှာသစ်ဆပ်ပြာကို သေချာပေါက်သုံးပေးရပါမယ်။oil တွေကို သေချာ မသန့်စင်ပေးနိုင်တဲ့အခါ oil residue ကျန်သွားပြီး ချွေးပေါက်(pores )ထဲမှာပိတ်မိနိုင်ပါတယ်။ ဒါကြောင့် double cleansing လုပ်ဖို့လိုပါတယ်။
2. ကိုယ့်အသားရေကို နားမလည်ခြင်း
အဆီပြန်လွယ်တဲ့အသားရေရှိတဲ့သူတွေက cleansing oil သုံးရင် ပိုပြီး အဆီဖုထလွယ်ပါတယ်...(ဒါဆိုရင် အဆီပြန်တဲ့သူတွေက cleansing oil မသုံးရဘူးလားဆိုတော့ မဟုတ်ပါဘူး) Non-comedogenic cleansing oil ရွေးချယ်လ်ို့ရပါတယ်။ဥပမာ-
1-skin 1004 centella light cleansing oil
2-Manyo pore cleansing oil
3-softy mo
4-BOJ cleansing oil
5-Anua cleanisng oil
6-Neutrogena ultra light cleanisng oil
7-Purito green cleansing oil
8-Iunik Calendula cleansing oil
ဒါလေးတွေ recommend လုပ်ပါတယ်။
စိတ်ပါဝင်စားရင် ကိုယ်ဝယ်မဲ့ cleansing oil ရဲ့ ingredient မှာ
coconut oil, wheat germ oil စတာတွေပါရင် ဒါတွေကအဆီဖုထတတ်ပါတယ်။
3. အရေပြား sensitive ဖြစ်လွယ်တဲ့သူများ
• fragrance, essential oils စတဲ့ ပစ္စည်းတွေပါရင် irritation ရပြီးရောင်ရမ်းလာပြီး အရေပြားပြဿနာတွေဖြစ်နိုင်ပါတယ်။
⸻
✅ Cleansing Oil သုံးနည်းအကောင်းဆုံးအကြံပေးပါ့မယ်။
Triple cleansing သာလုပ်ပါ 😎😎
-cleansing oil(မိမိ အသားရေနဲ့လိုက်ဖက်မှုရှိတာ)
-Micellar water နဲ့ oil တွေကို သေချာပြန်ဖျက်ပါ
-မျက်နှာသစ်ဆပ်ပြာနဲ့ သေချာပြန်သစ်ပါ
ဒါကတော့ ကျွန်တော် သုံးနေကြ Cleansing oil သုံးနည်းပါဘဲ။အခုထိ အဖုတဖု မထစေခဲ့တဲ့နည်းပါ။
အဲဒီတော့ ကျွန်တော်သုံးသလို နေ့စဉ် Triple cleansing လုပ်ဖို့ကလိုအပ်လား ဆိုရင် လုံးဝ "No" ပါ။
⛔️ဒါကလည်း နေ့စဉ်လုပ်ရမှာမဟုတ်ပါဘူး။မိတ်ကပ်တွေ လိမ်းထားတဲ့အခါ၊ဖုန် ထူထပ်တဲ့နေရာတွေကနေပြန်လာတဲ့အခါ မျိုးလောက်မှသာ လုပ်ဖို့လိုအပ်တာပါ။
🚫sunscreen လောက်လိမ်းထားပြီး ဖုန်အရမ်းမထိထားတာမျိုးဆိုရင် Micellar water,Cleansing water နဲ့တင်လုံလောက်ပါပြီ။
‼️အဲတာကိုမှ အရမ်းပျင်းလွန်းလို့ မျက်နှာသစ်ဆပ်ပြာနဲ့ဘဲ ဆိုရင်ရော လုံလောက်လားမေးရင် လုံလောက်ပါတယ်။မျက်နှာသစ်နည်းမှန်မှန်ကန် နဲ့ လုံလောက်တဲ့ အချိန်ပမာဏ အတိုင်း သေချာ မျက်နှာကိုသန့်စင်ပေးန်ိုင်ရင်၊ကိုယ်သုံးတဲ့ မျက်နှာသစ်ဆပ်ပြာက သေချာ cleaning ကိုနိုင်တယ်ဆိုတဲ့ ပစ္စည်းမျိုးကိုသုံးထားရင် ရပါတယ်😽😽
ဒီလောက်ဆိုရင် နားလည်သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်🥳🥳
25/06/2025
ကိုရီးတို့ မရီးတို့ တောင်ပေါ်သားလေး စားပါဦး 🥺
24/06/2025
Peace looks good on me 🤍🤍🤍
Hince Dimension radiance balm နဲ့ Tirtir red cushion လေးကို တွဲပီး သုံးပြထားပါတယ် ❤️❤️❤️
ယောကျားလေးရော၊မိန်းကလေးရော အရမ်းသုံးရအဆင်ပြေပြီး မသုံးမိရင်ခေတ်နောက်ကျနေပါပြီ
ကိုယ်တိုင်လည်းအရမ်းသုံးရတာအဆင်ပြေလို့ try ကြည့်ကြဖို့ recommend လုပ်ပါတယ် 😚😚
Expiry date နီးတဲ့ skincare တွေကို Discount ချတဲ့အခါ ဘယ်လိုရွေးချယ်ဝယ်ယူကြမလဲ 🥰🥰🥰
Click here to claim your Sponsored Listing.
Category
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
