Lucky 7 Zumba&Fitness Studio
Eat Healthy & Exercise Daily
#ဘယ်သူအကဲဆုံးလဲဖြေပါ (၁၀မှတ်)😁
Lucky 7 Zumba&Fitness Studio
#အမှတ်တရလေး #အားလုံးပျော်နေကြလို့ပီတိဖြစ်
U Aung Ye Paing
➡
ကဲ သီတင်းလဲကျွတ်ပီဆိုတော့ #ခိုးပြေးကြမယ်
#သီတင်းကျွတ်အမှတ်တရ
17/04/2025
*ချစ်ခင်ရပါသော Lucky7 မိသားစုဝင်များအပါအဝင်
၇ ရက်သားသမီးအပေါင်း မဂ်လာနှစ်သစ်လေးဖြစ်ပါစေဗျ
*နှစ်သစ်မှာ ရေလိုအေးပြီးပန်းလိုမွှေးကာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
*ကပ်ကြီးသုံးပါးကင်းကွာ၍ အသက်ရှည်အနာမဲ့စွာ
ဘေးဘယာကင်းဝေးပါစေ
*စီးပွားဥစ္စာများ ဒီရေအလားတိုးပွားစေရန်
ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ကြပါစေလို့
နှစ်သစ်ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျ
💢📢📢 မေတ္တာတန်းလေးစပါတော့မယ်ဗျို့📢📢💢
ဒီအပတ် 27.2.2025 က စပြီး အပတ်စဥ် ကြာသပတေး သောကြာ
မနက်ခင်းလေးတွေမှာ Icon ရှေ့ က ရုပ်တု နေရာလွတ်လေးမှာ Zumba Free Class စတင်ပါမယ်ဗျ
တခါမှ မကဖူးတဲ့ အန်တီအရွယ်တွေကို အခြေပြုသင်ပေးမှာမို့ မည်သူမဆိုလာ join လို့ရမယ့် အခြေခံလှုပ်ရှားမှုလေးတွေ ရိုးရှင်းလွယ်ကူသော ကကွက်လေးတွေနဲ့စတင်ပါမယ်ဗျ
ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးတွေလုပ်ချင်တဲ့ လူကြီးမိဘတွေ အတွက်ပိုသင့်တော်သလို Zumba ကကြည့်ချင်တယ် မကတတ်မှာစိတ်ပူတယ်ဆိုတဲ့ အရွယ်စုံအတွက်လဲ သင့်တော်တာမို့ လက်ဆင့်ကမ်းပြောကြားပေးကြပါအုံးနော်
လက်ရှိသင်တန်းချိန်လေးတွေနဲ့တိုက်နေလို့ ” မနက် ၅ခွဲ ၆ခွဲလေး” ဖြစ်နေတာကိုတော့ သည်းခံပေးကြပါ အချိန်ညှိုလို့အဆင်မပြေတော့လို့ပါဗျ
အခမဲ့ Free Class လေးမို့ အခကြေးငွေ လူံးဝ (လူံးဝ) ပေးဖို့မလိုပါဘူးခင်ဗျ
ခြေထောက်သက်သာစေမယ့် အားကစားဖိနပ် လှုပ်ရှားရလွယ်ကူမယ့် ဘောင်းဘီလေးတွေဝတ်ဆင်လာရင်ကို ဝင် join လို့ရပါတယ်နော်
သိချင်တာလေးတွေရှရင် 095407287 ကို ဆက်သွယ်မေးမြန်းလို့ရသလို
U Aung Ye Paing အကောင့် Cb မှာလဲ မေးမြန်းစုံစမ်းလို့ရပါတယ်ဗျ
18/01/2025
ဒီအကောင့်ပိုင်ရှင်လေးရဲ့ မနက်ဖြန်မှာ ကျရောက်မယ့်
မွေးနေ့ရက်မြတ် အကြို လက်ဆောင်အဖြစ်
သင်တန်းကြေးလေး တစ်လကြိုသွင်းပေးသွားပါတယ်ဗျ
ဘယ်သူလဲဆိုတာ မပြောပြပါနဲ့လို့လဲ မှာသွားပါတယ်
မွေးနေ့ရှင်လေး အမြဲကျန်းမာလန်းဖြာနိုင်ပါစေကြောင်း Lucky7 Zumba မိသားစုများကလဲ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ
🤶🎅🤶🎅❄❄☃☃❄❄
15/12/2024
"မေတ္တာရပ်ခံ ကြိုတင်အသိပေးခြင်း"
တဖြေးဖြေးတိုးမြင့်လာကြသော မီတာခ ဓာတ်ဆီစျေး စားသောက်ကုန်များနှင့် အစစအရာရာ မြင့်တက်လာသော အသုံးစရိတ်များကြား 2နှစ်ကျော် တလူးလူးတလိမ့်လိမ့်နဲ့ ပေကပ်ပြီး ရပ်တည်လာတဲ့ Lucky 7 ရဲ့ သင်တန်းကြေးလေးကို နောက်နှစ် 2025 မှာ အနည်းငယ်တိုးမြှင့်သတ်မှတ်ခွင့်ပြုပါရန် အသိပေးတောင်းဆိုပါရစေဗျ
ယခု 2024အထိ Mon to Fri တစ်ပတ် ၅ရက် ကို တစ်လ 30000 မှ
2025တွင် Mon to Fri တစ်ပတ် ၅ရက် ကို တစ်လ 40000 တိုးမြှင့်ပါရစေဗျ
သင်တန်းချိန်တွေကတော့ ယခင်အတိုင်း
မနက် 6ခွဲ _7ခွဲ တစ်ချိန်
ညနေ 5ခွဲ_ 6ခွဲ တစ်ချိန် ရှိပါမယ်ဗျ
01/12/2024
(အာရောဂျံ ပရမံ လာဘံ)
December မွေးနေ့ရှင်လေး Daw Lae အတွက်
"ငါ့ညီမလေး အမြဲ ကျန်းမာလန်းဆန်းပြီး
ပျော်ရွှင်ရအောင် Zumba ကပါ" ဆိုပြီး
သင်တန်းကြေးတစ်လစာ မွေးနေ့လက်ဆောင် သွင်းပေးသွားပါတယ်နော်
Lucky 7 Zumba&Fitness Studio မိသားစုများကလဲ
မွေးနေ့ရှင် မမလှလှ အမြဲကျန်းမာပျော်ရွှင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးပါတယ်ဗျ
Click here to claim your Sponsored Listing.
Telephone
Website
Address
Taungoo
