Health care by May

Health care by May

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Health care by May, Health/Beauty, .

Photos from Thandar:HealthTips's post 12/03/2022
18/01/2022

ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာတာနဲ့ ရိုးရိုးခါးနာတာကို ဒီလိုခွဲနိုင်ပါတယ်။

နာကျင်မှုပုံစံ
ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးခနဲ နာတာမျိုးခံစားရပြီး ကျောက်ကပ် ပိုးဝင်နေတာဆိုရင်တော့ ခါးအောက်ပိုင်း အောင့်တောင့်တောင့် ဝေဒနာကို ခံစားရမှာပါ။
လှုပ်ရှားမှုကြောင့် ခါးပိုနာတာမျိုး မရှိသလို သူ့ဘာသာသူလည်း သက်သာမသွားတတ်ပါဘူး။ ဒါပေမယ့် အထဲက ကျောက်ကလေး နေရာရာရွေ့သွားတဲ့အချိန်မျိုးမှာတော့ နာကျင်မှု ပြင်းထန်တတ်ပါတယ်။
ရိုးရိုး ခါးနာတာမှာကျတော့ ကြွက်သားဒဏ်ဖြစ်နေတာဆိုရင် အောင့်တောင့်တောင့် ဝေဒနာခံစားရတတ်ပြီး အာရုံကြောထိတဲ့ ခါးနာခြင်းမှာကျတော့ တင်ပါးပတ်လည် ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးတို့မှာပါ စူးကနဲ ကျင်ခနဲနာကျင်တဲ့ခံစားမှုမျိုး ခံစားရတတ်ပါတယ်။
ကြွက်သားထိလို့ နာတာဆိုရင် ခါး ၂ ဘက်လုံးနာတတ်ပေမယ့် အကြောထိလို့ နာတာဆိုရင်တော့ ခါးတစ်ဘက်တည်းက နာနေတတ်ပါတယ်။

နာကျင်မှု ပျံ့နှံ့ခြင်း
ကျောက်ကပ်ကြောင့်ဖြစ်တဲ ခါးနာခြင်းဟာ ပေါင်အတွင်းပိုင်းနဲ့ ဗိုက်အောက်ပိုင်းတွေကိုပျံ့သွားပြီး အဲဒီနေရာတွေမှာပါ နာနေတတ်ပါတယ်။
အာရုံကြောထိလို့နာတဲ့ခါးနာခြင်းမှာတော့ နာကျင်မှုဟာ ခြေထောက် အောက်ပိုင်းအထိ ပျံ့သွားတတ်ပြီး ကြွက်သားထိလို့နာတဲ့ ခါးနာခြင်းကတော့ ခါးပတ်လည်မှာပဲ နာကျင်မှု ဝေဒနာ ရှိနေတတ်ပါတယ်။
သက်သာသွားတာ ပိုးဆိုးသွားတာ။
ကျောက်ကပ် ကြောင့်ဖြစ်တဲ့ခါးနာခြင်းက ဆေးကုသမှု မခံယူမချင်း သက်သာသွားမယ့် နာကျင်မှု မျိုး မဟုတ်ပါဘူး။
ကိုယ်ခန္ဓာပုံစံအမှန်လေးပြင်လိုက်ရုံနဲ့သက်သာသွားမှာမဟုတ်သလို လှုပ်လှုပ်ရှားရှား လုပ်လွန်းလို့ ပိုဆိုးသွားတာမျိုးလည်း မရှိပါဘူး။
ရိုးရိုးခါးနာတာကျတော့ တစ်ချိန်လုံး ခါးကိုအားပြုထိုင်နေတာ၊ မတ်တပ်ရပ်တာ ကြာတဲ့ အခါမျိုးတွေမှာ ပိုဆိုးတတ်ပြီး ကိုယ်အနေအထားကို ပြင်လိုက်တဲ့အချိန် လေ့ကျင့်ခန်း ညင်ညင်သာသာ လုပ်ပေးတဲ့အခါ သက်သာသွားတတ်ပါတယ်။
ခါးနာတာနဲ့အတူရှိနေတတ်တဲ့အခြား လက္ခဏာတွေ
ကျောက်ကပ်ကျောက်တည်တာ ၊ ပိုးဝင်တာမျိုးတွေမှာ ချမ်းတုန်ပြီးဖျားတာ ၊ပျို့အန်တာ၊ ဆီးသွားရင်နာတာ၊ ဆီးအနည်ထိုင်တာ ၊ဆီးထဲ သွေးပါတာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။

ရိုးရိုး ခါးနာတာမှာကျ နာနေတဲ့ ခါးနေရာက ရောင်နေတာ ၊ထိလိုက်ရင် ပိုနာတာ၊ ကြွက်သားတွေ တင်းနေတာနဲ့ ခါးအောက်ပိုင်း အားမရှိတာ စတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

ခါးနာတာနဲ့အတူ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်တာတွေပါရှိနေတယ်ဆိုရင်တော့ ခါးဆစ်ရိုးထဲက အကြောတွေ ထိနေတဲ့ ပြဿနာဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုပါတယ်။

Credit - ဒေါက်တာonline

18/01/2022

သင် ဒါမမဟုတ် သင့်မိဘ ဘိုးဘွားတေက ခါးခနခနနာတတ်တဲ့ သူတယောက်လား
ဒါဆိုရင် ခါးခနခနမနာအောင်ဒီလိုအချက်လေးတေကို လုပ်ပေးသင့်တယ်နော်
(1)မတ်မတ်ထိုင်ပါ
(2)အကြာကြီးမထိုင်ပါနဲ့🙅
(3)စနစ်တကျအိပ်စက်အနားယူပါနော်😴
(4)ခါးကုန်းပီး အလေးမတာတွေကို ခနခနမလုပ် ပါနဲ့🙅
(5)လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
(6)ဆေးလိပ်မသောက်ပါနဲ့🙅 ဆေးလိပ်သောက်တာက ရိုးတွင်းအဆီဓာတ်ခန်းခြောက်စေတဲ့အတွက် အရျိုးအဆဈတအေလှယျတကူနာနိုငျလို့ပါနောျ
(6)အရိုးအဆစ်သန်မာစေတဲ့ အစားအစာတေပိုစားပေးပါနော်
(7)ခါးနာတဲ့နေရာကို ရေနွေးအိတ်ဖြစ်ဖြစ်ကပ်ပေးပါ
ဆေးကပ်ခွာလေးတေကပ်ပေးလို့လဲရပါတယ်ရှင့်
#ချစ်တဲ့မေ

Photos from Health care by May's post 18/01/2022

ချစ်တို့အတွက် knowledge❣

18/01/2022

အာရုံကြော အားနည်းသူတေအတွက် ဆေးစွမ်းကောင်း💙🐵

13/01/2022

ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ
အရွယ်ရောက်တဲ့လေဒီလေးတွေအတွက် အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ရာသီသွေးပုံမှန်ဆင်းဖို့ပါ။ ဒါမှ ခန္ဓါကိုယ်က ကျန်းမာလှပမှာပါ။ တစ်ခါတလေမှာ ရာသီသွေးကပုံမှန်မဟုတ်တာမျိုးခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ စိတ်ပူမိတာမျိုးရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အဖြေရှာနိုင်စေဖို့ ဒီဆောင်းပါးလေးက အကူအညီပေးနိုင်မှာပါ။

ရာသီသွေးမမှန်ခြင်း
အမျိုးသမီးအများစုဟာ လစဉ် ၄ ရက်ကနေ ၇ရက်တာလောက်အထိ ရာသီသွေးဆင်းတတ်ကြပါတယ်။ ၂၈ ရက်တိုင်းမှာ ပုံမှန်ရာသီသွေးပေါ်လေ့ရှိကြတာပါ။ ပုံမှန်အားဖြင့် ရာသီပေါ်ချိန်တစ်ခုနဲ့တစ်ခုကြားမှာ ၂၁ ရက် ဒါမှမဟုတ် ၃၅ ရက်ခန့်ခြားတတ်ပါတယ်။ ပုံမှန်ရာသီစက်ဝန်းက ၂၈ ရက်ကြာတစ်ခါဖြစ်ပြီးစောခဲ့ရင်လည်း ၇ ရက်နောက်ကျရင်လည်း ၇ ရက်လောက်ပါပဲ။

ဒီလိုအခြေအနေမျိုးတွေဖြစ်မယ်ဆိုရင်တော့ ရာသီသွေးမမှန်ဘူး၊လို့ဆိုရပါမယ်။

၂၁ ရက် မပြည့်ခင်မှာ ထပ်တစ်ကြိမ် ရာသီသွေးပေါ်တာ
၃၅ ရက်ကျော်ကြားခြားပြီးမှ ရာသီသွေးပေါ်တာ
ပုံမှန်ထက် ရာသီသွေးပိုဆင်းတာ
ပုံမှန်ထက်နည်းပြီး ရာသီသွေးဆင်းတာ
၇ ရက်ကျော်ကြာတဲ့ရာသီသွေးပေါ်နေတာ
ရာသီပေါ်ချိန်မှာ နာကျင်တာ၊ ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊အော့အန်တာမျိုးတွေခံစားရတာ
ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခုကြားမှာ ပုံမှန်မဟုတ်ဘဲသွေးပေါ်တာ

ရာသီလာတဲ့ရက်မမှန်တာ📌
ဒီအချက်တွေကြောင့် ရာသီသွေးမမှန်တာမျိုးဖြစ်နိုင်ပါတယ်
ရာသီသွေးမမှန်တဲ့အခါ ဘာအကြောင်းကြောင့်များလဲဆိုပြီး စဉ်းစားရတာတော်တော်လေးခေါင်းခြောက်စရာပါ။ တကယ်တော့ ရာသီသွေးမမှန်တာကိုခံစားရတာက အခုအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။
📌📌
လေ့ကျင့်ခန်းတွေအလွန်အကျွံလုပ်တာ🏋️‍♀️🏋️‍♀️
Diet အလွန်အကျွံလုပ်တာ
စိတ်ဖိစီးမှုများနေတာ
သန္ဓေတားဆေးတစ်ခုခုသောက်သုံးနေတာ
သိုင်းရွိုက်ပြဿနာရှိနေတာ
ရောဂါတစ်ခုခုဖြစ်နေတာ
Polycystic o***y syndrome (PCOS) မမျိုးဥအိမ် ရေအိတ်တည်ခြင်း ခံစားနေရတာ
အသက်အရွယ်ရလာတာ
ကိုယ်ဝန်ရှိနေတာ
သွေးဆုံးသွားတာ
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းအသုံးပြုထားတာ
နို့ချိုတိုက်ကျွေးနေရတာ
သားအိမ်အတွင်းနံရံထူနေတာ
အဝလွန်တာလိုမျိုး အကြောင်းအရာတွေကြောင့်လည်း ရာသီသွေးမမှန်တာမျိုးဖြစ်နိုင်ပါတယ်။

Telephone

Website