T'Care Inhaler & Balm oil

T'Care Inhaler & Balm oil

Share

ကျန်းမာရေးနှင့်ပတ်သတ်သည်များ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

02/06/2026

ကျန်းမာသက်ရှည်နေထိုင်နိုင်ရေး ဖော်မြူလာလေးတစ်ခု ...
ဒီနေ့ဖတ်လိုက်ရတဲ့ဆောင်းပါးလေးတစ်ခုကိုပြန်လည်မျှဝေချင်ပါတယ်။ မူရင်းဆောင်းပါးလေးရဲ့အမည်က “Lifestyle Interventions for Brain Health” ဖြစ်ပြီး Dr. Tanzi ရဲ့ ဦးနှောက်ကျန်းမာရေးအတွက် ပြူမူနေထိုင် သင့်တဲ့ပုံစံလေးကိုအကြံပြုထားတာပါ …
"SHIELD" "ဒိုင်း" လို့အတိုကောက်မှတ်ထားနိုင်ပါတယ်တဲ့၊ "အကာအကွယ်" ပေါ့ ...
S ... Sleep Well: ကောင်းမွန်စွာအိပ်စက်ပါတဲ့၊ အိပ်ချိန် (၇-၈)နာရီ လောက်ယူသင့်ပါတယ်တဲ့ ...
H ... Handling Stress: စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းပါတဲ့။ Meditation - ကမ္မဋ္ဌာန်းအားထုတ်တယ်၊ တရားထိုင်တယ် လို့ခေါ်တဲ့ စိတ်ကိုငြိမ်းအေးအောင် လေ့ကျင့်တာ က နည်းလမ်းကောင်းတစ်ခုပါတဲ့။ နောက်တစ်ခုအကြံပြုတာကတော့ မှန်းချက်နဲ့ နှမ်းထွက်ကိုက်အောင် ညှိယူဖို့ကြိုးစားပါတဲ့၊ လုပ်နိုင်/ရနိုင်တာထက်အများကြီးပိုမျှော်လင့်ထားပြီး လက်တွေ့နဲ့ ကွာဟချက်ကြီးလေ ဖိစီးမှုများလေပဲလို့ဆိုပါတယ် ...
I ... Interaction: အပြန်အလှန်ဆက်ဆံရေးတည်ဆောက်ပါတဲ့။ အထီးကျန်နေထိုင်ခြင်းက အယ်လ်ဇိုင်းမားလို မှတ်ဉာဏ်၊ တွေးခေါ်မှုနဲ့ အမူအကျင့်တွေကိုထိခိုက်နိုင်တဲ့ ဦးနှောက်နဲ့အာရုံကြောရောဂါမျိုးတောင်ဖြစ်စေနိုင်လို့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ထိတွေ့ဆက်ဆံတာ/ စကားဝိုင်းဖွဲ့တာ/ ဆွေးနွေးတာမျိုး ရှိသင့်ပါတယ်တဲ့ ...
E ... Exercise: လေ့ကျင့်ခန်းလုပ်ပါတဲ့။ ခန္ဓာကိုယ်သွေးလေလှည့်ပတ်မှုမှန်ကန်နေဖို့ တစ်နေ့ကို အနည်းဆုံးခြေလှမ်း (၁၀၀၀၀)လောက်ရအောင် လမ်လျှောက်ပဲဖြစ်ဖြစ်၊ ဂျင်မ်ကစားတာပဲဖြစ်ဖြစ်၊ အားကစားတစ်ခုခုလုပ်နေတာပဲဖြစ်ဖြစ်၊ နောက်ဆုံး ကိုယ့်အိမ်မှာမြေပိုလေးရှိတယ်ဆိုရင် စိုက်လိုက်ပျိုးလိုက် ပေါင်းနှုတ်လိုက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုရှိနေဖို့လိုပါတယ်တဲ့ …
L … Learn: သင်ယူမှုတစ်ခုခုကိုပြုနေပါတဲ့။ ဘယ်အသက်အရွယ်မှာရှိနေပါစေ တစ်ခုခုကို လေ့လာသင်ယူ နေခြင်းအားဖြင့် ဦးနှောက်ကို လေ့ကျင့်ခန်းတစ်ခုပေးထားပြီးသားဖြစ်နေစေပါတယ်တဲ့ …
D … Diet: ကျန်းမာရေနဲ့ညီညွတ်မယ့်စားသောက်မှုပုံစံကိုထိန်းသိမ်းပေးပါတဲ့။ အာဟာရလိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး ကာဗိုဟိုက်ဒရိတ်၊ သကြားဓါတ်နည်းတဲ့အစားအစာ၊ အသီးအနှံတွေ များများစားပေးရပါမယ်တဲ့ …

01/06/2026
27/05/2026

27/05/2026

🔺 ( #ပုခုံးခဲ၊လက်ကပ်ရောဂါ)အကြောင်းသိကောင်းစရာ

✅ပုခုံးခဲရောဂါဆိုတာဘာလဲ?
ပုခုံးခဲရောဂါဆိုတာ ပုခုံးအဆစ်ပတ်ပတ်လည်မှာအုပ်ပြီးထိန်းထားတဲ့ အရွတ်ပြားရောင်ရာမှတဆင့် ပုခုံးလှုပ်ရှားမှုတဖြည်းဖြည်းလျော့နည်းလာတဲ့ရောဂါဖြစ်ပါတယ်။

✅ပုခုံးခဲရောဂါဖြစ်စေတဲ့အကြောင်းရင်းတွေကဘာတွေလဲ?
(၁) ပုခုံးထိခိုက်ဒဏ်ရာ(သာမန်) ရရာမှတဆင့်ဖြစ်တတ်ပါတယ်။
(၂)အချို့လူနာတွေမှာ အဆုတ်နဲ့ရင်သားခွဲစိတ်မှုပြုလုပ်ရာမှတဆင့်ဖြစ်တတ်ပါတယ်။
(၃) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာခံစားနေရသူများ၊ သိုင်းရွိုက်ရောဂါ၊ သွေးလေးဖက်နာရောဂါနဲ့ အဆုတ်ရောဂါခံစားနေရသူတွေမှာအဖြစ်များပါတယ်။
(၄)အသက်အရွယ်အားဖြင့် ၄၀ မှ ရ၀ အတွင်းအဖြစ်များပြီး အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။

✅ပုခုံးခဲရောဂါဖြစ်ရင်ဘယ်လိုတွေ ခံစားရမှာလဲ?
ပုခုံးခဲရောဂါရဲ့လက္ခဏာများကို အဆင့် ၃ ဆင့်ခွဲပြီးပြောလေ့ရှိပါတယ်

အဆင့်-၁ (အေးသည့်အဆင့်- Freezing Phase)

ဒီအဆင့်မှာ အဓိကလက္ခဏာက ပုခုံးနာခြင်းပါ။ အထူးသဖြင့် ညဖက်မှာပိုနာတတ်ပါတယ်။ ပုခုံးနာတာ တဖြည်းဖြည်းဆိုးလာပြီး လှုပ်ရှားဖို့ခက်လာပါတယ်။ ဒီအဆင့်က ခြောက်ပါတ်မှ ကိုးလအထိကြာတတ်ပါတယ်။

အဆင့်-၂ (ခဲသည့်အဆင့် - Frozen Phase)

ဒီအဆင့်မှာ အဓိကခံစားရတာက ပုခုံးတောင့်ခြင်းပါ။ လက်မောင်းကို အပြည့်မြှောက်မရဘဲ တဝက်လောက်သာမြှောက်လို့ရတတ်ပါတယ်။ လက်မောင်းလှုပ်ရှားမှုတဖြည်းဖြည်းနည်းလာပါလိမ့်မယ်။ ဒီအဆင့်မှာ ပုခုံးနာတာတဖြည်းဖြည်းသက်သာလာပေမယ့် ပုခုံးတောင့်တာပိုဆိုးလာတတ်ပါတယ်။ လက်မောင်းကိုအပြည့်မြှောက်မရဘဲ တဝက်လောက်သာမြှောက်လို့ရမှာပါ။ ဒီအဆင့်က ၄ လမှ ၁ နှစ်လောက်အထိကြာတတ်ပါတယ်။
ဒီအဆင့်မှာ နာတာလျော့လာတဲ့အတွက် စက်ပစ္စည်းတွေအသုံးပြုပြီး အရွတ်တွေတောင့်တင်းတာလျော့လာအောင်လုပ်မယ်၊ လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုရင် ရောဂါအမြန်သက်သာစေဖို့အရမ်းထိရောက်တဲ့အဆင့်ဖြစ်လို့ ထိထိရောက်ရောက်ကုသမှုခံယူဖို့လိုပါလိမ့်မယ်။

အဆင့်-၃ (အရည်ပျော်သည့်အဆင့်/ပြန်ကောင်းသည့်အဆင့် - Thawing Phase)

ဒီအဆင့်မှာတော့ နာတာသက်သာလာပြီး လက်မောင်းလှုပ်ရှားမှုလဲ အပြည့်နီးပါးပြန်ရလာမှာပါ။ လူကောင်းပကတိလိုပြန်လည်လှုပ်ရှားနိုင်ဖို့ဆိုရင်တော့ဒီအဆင့်က ၆ လမှ ၃ နှစ်အထိကြာတတ်ပါတယ်။

✅ပုခုံးခဲရောဂါဟုတ်/မဟုတ်ဘယ်လိုသိနိုင်မလဲ?
ဆရာဝန် ဒါမှမဟုတ် အကြောအဆစ်ကျွမ်းကျင်ပညာရှင်က စမ်းကြည့်ရင်သိနိုင်ပါတယ်။
လူနာကိုယ်တိုင်လဲသတိထားကြည့်ရင်သိနိုင်ပါတယ်။ အထက်မှာပြောခဲ့တဲ့ လက္ခဏာတွေအပြင် နာနေတဲ့ မိမိလက်မောင်းကို ကိုယ်တိုင်မြှောက်ကြည့်တာနဲ့ တခြားတယောက်ကိုင်မြှောက်တာနဲ့ယဉ်ကြည့်ရင် ကိုယ်တိုင်မြှောက်တာကပိုခက်ခဲမယ်ဆိုရင် ပုခုံးခဲရောဂါလို့ အလွယ်သိနိုင်ပါလိမ့်မယ်။

✅ဘယ်ကုထုံးတွေကပုခုံးခဲရောဂါကိုမြန်မြန်ပျောက်ကင်းစေမှာလဲ?

အဆင့်-၁ မှာတော့ နာတာအရမ်းဆိုးတဲ့အတွက် အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးသောက်ရပါတယ်။
Radient Heat လို့ခေါ်တဲ့ အနီအောက်ရောင်ခြည်ကုထုံး၊ TENS လို့ခေါ်တဲ့ လျှပ်စစ်ဓါတ်နဲ့အာရုံကြောနှိုးဆွတဲ့ကုထုံးတွေကတော့ ဘေးထွက်ဆိုးကျိုးမရှိလို့ အကိုက်အခဲပျောက်ဆေးမတည့်သူတွေနဲ့ ဘေးထွက်ဆိုးကျိုးရှောင်ရှားလိုသူတွေအတွက် အရမ်းထိရောက်တဲ့ကုထုံးတွေပဲဖြစ်ပါတယ်။ ဒီအဆင့်မှာ လေ့ကျင့်ခန်းကို အနာခံနိုင်ရုံလှုပ်ရှားမှုပေါ့ပေါ့ပါးပါးတွေသာ လုပ်ဖို့အရေးကြီးပါတယ်။
စတီးရွိုက်နဲ့ထုံဆေးပေါင်းပြီးပုခုံးအဆစ်ထဲထိုးတာလဲ ပုခုံးခဲရောဂါအတွက်ထိရောက်တဲ့ကုထုံးဖြစ်လို့ နိုင်ငံတကာမှာအသုံးပြုနေတဲ့နည်းလမ်းဖြစ်ပါတယ်။

အဆင့်-၂ နဲ့ ၃ မှာတော့ နာတာသက်သာလာပြီဖြစ်လို့ ပုခုံးနဲ့လက်မောင်းလှုပ်ရှားမှုတွေမြန်မြန်တိုးတက်အောင် အာရုံစိုက်ပြီး လေ့ကျင့်ခန်းလုပ်ရမှာဖြစ်တဲ့အတွက်ကျွမ်းကျင်တဲ့အကြောအဆစ်အထူးကုဆရာဝန်များ၊ပညာရှင်များနဲ့တိုင်ပင်ပြီး ထိရောက်တဲ့ကုထုံးတွေကို ကိုသေသေချာချာယူရမှာဖြစ်ပါတယ်။




#ကျန်းမာရေး

22/05/2026

💥ပါကင်ဆန်ရောဂါ အဓိပ္ပါယ်ဖွင့်ဆိုချက်
*****************************
ပါကင်ဆန်ရောဂါသည် စိတ်ဆန္ဒအလျောက် လှုပ်ရှားခြင်းကို ထိခိုက်စေသော အာရုံကြောစနစ်၏ တိုးတက်မှုဆိုင်ရာရောဂါတစ်ခုဖြစ်သည်။

💥ပါကင်ဆန်ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားကြပြီး ပုံမှန်အားဖြင့် ပိုဆိုးလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ တစ်ဖက်ခြမ်းကို ဦးစွာ ထိခိုက်တတ်သည်။ အစောပိုင်းလက္ခဏာများသည် ပျော့ပျောင်းပြီး သတိမပြုမိပါ။

💥ပါကင်ဆန်ရောဂါ၏ ယေဘူယျလက္ခဏာများမှာ-
• တုန်ခါ - ခြေလက်များ တုန်ခါခြင်း၊ လက် သို့မဟုတ် လက်ချောင်းများတွင် မကြာခဏ ငြိမ်နေခြင်း၊ "ဆေးပြားလူးခြင်း" ဟု သိကြသော သင့်လက်မနှင့် လက်ညှိုးကို နောက်သို့ ပွတ်တိုက်ခြင်း

• ဆန္ဒအလျောက်လှုပ်ရှားမှုနှေးကွေးခြင်း (bradykinesia) - ရွေ့လျားခြင်းနှင့် လမ်းလျှောက်နိုင်မှု၊ သေးငယ်သောခြေလှမ်းများဖြင့် ခြေဖဝါးများကို ဆွဲယူနိုင်သည့်အပြင် အိပ်ရာ/ကုလားထိုင်မှ ထရန်ခက်ခဲခြင်း၊

• Orthostatic hypotension - ရပ်နေစဉ် ခေါင်းမူးခြင်း သို့မဟုတ် မူးဝေခြင်း။

• ကြံ့ခိုင်ကြွက်သား - ခန္ဓာကိုယ်ရှိ ကြွက်သားများ တောင့်တင်းခြင်းနှင့် ပုံမှန်မဟုတ်သော လေသံများသည် သင်၏လှုပ်ရှားမှုကို ကန့်သတ်ပြီး နာကျင်မှုကို ဖြစ်စေသည်။

• ကိုယ်ဟန်အနေအထားနှင့် ဟန်ချက် ချို့ယွင်းခြင်း။ - မတ်တတ်ရပ်ပြီး ဟန်ချက်မညီခြင်း၊

• အလိုအလျောက်လှုပ်ရှားမှုများဆုံးရှုံးသည် - လမ်းလျှောက်သည့်အခါ မျက်တောင်ခတ်ခြင်း၊ ပြုံးခြင်း သို့မဟုတ် လက်နှစ်ဖက်လွှဲခြင်းကဲ့သို့သော မျက်နှာလှုပ်ရှားမှုကို လျော့ကျစေသည်။

• Dysarthria - စကားပြောရာတွင် ခက်ခဲခြင်း၊ လျင်မြန်စွာပြောခြင်း၊ ပါးလျှောခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း၊ ငွီးညှက်ညက်ညက်ညင်သာသာ ပြောဆိုခြင်းကဲ့သို့သော ပြဿနာများ

• Dysphagia - အစာမျိုရခက်ခြင်း။

• အပြောင်းအလဲများရေးသားခြင်း။ - စာရေးရန်ခက်ခဲပြီး စာရေးနည်းသည် သေးငယ်သွားနိုင်သည်။

20/05/2026

• မျက်နှာ၊ ခြေထောက်၊ ခြေချောင်း ဖောခြင်း
• ဆီးနည်းလာခြင်း သို့မဟုတ် ဆီးများလာခြင်း
• ဆီးမှာ အမြှုပ်များခြင်း၊ သွေးပါခြင်း
• ခါးနောက်ဘက် (ကျောက်ကပ်နေရာ) နာခြင်း
• ပင်ပန်းလွယ်ခြင်း၊ အားနည်းခြင်း
• အစာစားချင်စိတ်လျော့ခြင်း၊ မူးဝေခြင်း
• ညဘက် ဆီးခဏခဏသွားရခြင်း
• အသားယားယံခြင်း
• သွေးပေါင်မြင့်နေခြင်း
• အသက်ရှူမဝခြင်း (ရေစုနေတဲ့အခါ)

အထက်ပါလက္ခဏာတွေရှိရင် ဆေးရုံမှာ သွေး၊ ဆီး စစ်ဆေးမှုလုပ်သင့်ပါတယ်။
အထူးသဖြင့် ​အောက်ပါအချက်တွေရှိရင် ကျောက်ကပ်စစ်ဆေးဖို့ ပိုလိုပါတယ်—
• Diabetes Mellitus ရှိသူ
• Hypertension ရှိသူ
• မိသားစုထဲမှာ ကျောက်ကပ်ရောဂါရှိဖူးသူ
• နာကျင်ပျောက်ဆေးတွေ (NSAIDs) ကို ကြာရှည်သောက်နေသူ

စိတ်​ရောကိုယ်​ရောကျန်းမာချမ်းသာကြပါ​စေ🙏🙏🙏


#ကျန်းမာရေး

16/05/2026

#​သွေးပျစ်ခြင်း
************
သွေးပျစ်လာပြီဆိုရင် ခန္ဓာကိုယ်ကပြတဲ့ လက္ခဏာ( ၄ )မျိုးကတော့

1️⃣ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ် မနက်စာစားပြီးမှ သာလျှင်တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်ပါတယ်။

2️⃣ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုးဖြစ်ပါမယ်။

3️⃣ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ်ဝဖြိုးတာ ဖြစ်ပါတယ်။

4️⃣ အမြင်အာရုံ ရုတ်တရက်ဝေဝါးတာ၊ ချက်ချင်းကောင်းကောင်း မမြင်ရတာ၊ခန္ဓာက သွေးပျစ်နေကြောင်းကို အ
အချက်ပြလာပြီဆိုရင် အမြန်ကုစားကြပါ

➡️သွေးပျစ်တာကို သက်သာစေဖို့ အတွက်

☑ ရေများများသောက်ပါ
☑ ကိုလက်စထရောကို တားဆီးနိုင်တဲ့ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ဗီတာမင်စီ နဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့်ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ
☑ တိရိစ္ဆာန်များ၏ဝမ်းတွင်းကလီစာ လျှော့စားပါ
☑ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ
☑ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ

to original uploder

23/04/2026

ဗီတာမင် D

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon