Veri-Q Mico BioMed
Health care products
05/09/2021
♦️ Instock ♦️
Veri-Q IgG/IgM Rapid Test (Biokit)
(သွေးဖောက်စစ်ရသော Antibody text kit )
1 kit - 13500 ks
🇰🇷KOREA နိုင်ငံ Mico BioMed ကထုတ်တဲ့ Veri-Q တံဆိပ် Biokit လေးတွေကိုရောင်းချပေးပါမယ်....
🌟ဆေးရုံဆေးခန်းသုံး Veri Q အန်တီဘော်ဒီ တက်စ်ကစ်လေးရဲ့ customer feedbackလေးနဲ့ မိတ်ဆက်ပေးပါရစေ .....🌟
တချို့က china made တွေနဲ့စစ်ပီးပီ 2ကြောင်းပေါ်သလို 3ကြောင်းပေါ်သလိုနဲ့ အဖြေက clear မဖြစ်ဘူး qualityကောင်းတာလေး ပြပေးပါဆိုတဲ့ မိတ်ဆွေတွေကို Korea Madeစစ်စစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ......❤️❤️
😍ကျွန်တော်တို့ Pageကနေပဲ ဆရာ၀န်တွေဆေးခန်းသုံးဖို့ , companyတွေက ၀န်ထမ်းစစ်ဖို့ လက်ကား၀ယ်ယူသွားကြတဲ့ Customerတွေကိုလဲ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...😍
💯 တက်စ်ကစ်လေးတွေကို လေယာဉ်နဲ့ သယ်ယူခဲ့တာဖြစ်လို့ လမ်းခရီးမှာ temperature controlကောင်းကောင်းနဲ့ မူရင်း Qualityမပျက် အသုံးပြုနိုင်မှာဖြစ်ပါတယ်....💯
အဖြေပိုတိကျတာလိုချင်ပါတယ်ဆိုတဲ့ Customerတွေအတွက်လဲ အာမခံနဲ့ ရောင်းချပေးတယ်နော်....✅
✅ Vaccineထိုးပီးသူတွေလဲ ခုခံအားထွက်မထွက် စစ်လို့ရပါတယ်
‼️ FDA က ပြန်ရုပ်သိမ်းတဲ့ listထဲမှာ တရုပ်ထုတ်တော်တော်များများပါတယ်နော်။
Veri Q လေးကတော့ EU Authorized ရွေးချယ်စရာ No.1 ပါပဲခင်ဗျာ....
တချို့က ဈေးကွက်ထဲက 4,5ထောင်တန်နဲ့တော့ ယှဉ်ပီးဈေးမဆစ်ပါနဲ့ခင်ဗျာ China ထုတ်နဲ့ Koreaထုတ် qualityမတူနိုင်ပါဘူးနော်။။😁😁
📌📌ငွေအကုန် အသားနာ နှစ်ခါမခံပါနဲ့ 📌📌
Qualityကောင်းတဲ့ ပစ္စည်းကိုရှာနေသူတွေကို ကျွန်တော်တို့က ကျန်းမာရေး ၀န်ဆောင်မှုလေးပေးပါရစေခင်ဗျာ.....❤️
✅ Korea FDA approved
✅ EU Authorized
✅ Germany technologyနဲ့ ထုတ်လုပ်ပါတယ်....
👩🔬Text kit တစ်စုံမှာ ဘာတွေပါမလဲ?
1. Text Device တစ်ခု
2. Capillary tube တစ်ခု
3. Buffer Solution တစ်ဘူး
4. Alcohol swab တစ်ခု
5. Safety lancet တစ်ခု
6. Waste Bag တစ်ခု ပါ၀င်ပါတယ်....👩🔬
📌 အကုန်လုံး original တစ်set စာပါတာဖြစ်တဲ့အတွက် Korea quality အပြည့်ရမှာဖြစ်ပါတယ်...
📌 Buffer solution က original sealedဖြစ်တဲ့ အတွက် ခွဲသုံးတဲ့ အခါဖြစ်တတ်တဲ့ contaminationတွေ device errorတွေ လုံး၀မဖြစ်ပါဘူး ...🚫🚫
မှာယူလိုပါက ☎️09693628260☎️
ခုမှာခုပို့ပေးပါတယ်နော်...
နယ်ကိုလဲ ပို့ပေးပါတယ်နော်.. ❤️
❌🙅 ပုံနှင့်စာများ ယူသုံးခွင့်မပြု
28/08/2021
UK နိုင်ငံ အသိအမှတ်ပြု Deep Vein Thrombosis Test - D-Dimer test kit လေးရောက်ပါပီနော်🌟
သွေးခဲမှုရှိမရှိကို 10 မိနစ်အတွင်း သိနိုင်ပါပီ....
📌D-Dimer ဆိုတာဘာလဲ?
D-dimer ဆိုတာ သွေးခဲများပြိုကွဲခြင်းမှ ထွက်လာတဲ့ ပရိုတင်းအပိုင်းအစတစ်ခုဖြစ်ပါတယ်....
📌ဘာကြောင့်ဒီ D-Dimer test kit နဲ့စစ်ဖို့ ကိုလိုအပ်ရတာလဲ?
ခန္ဓာကိုယ်ထဲမှာ သွေးခဲမှုရှိမရှိ အမြန်စစ်ဆေးချင်တဲ့အခါ Test-kit ကိုသုံးနိုင်ပါတယ်။ Negative ရလဒ်ရလျှင်၎င်းသည်သွေးခဲရန်အလွန်မဖြစ်နိုင်ပါဟုဆိုလိုသည်။ မြင့်မားသော D-dimer အဆင့်သည်ပုံမှန်မဟုတ်ပါ။ အများအားဖြင့်သွေးခဲတစ်ခုဖွဲ့စည်းပြီးဖြိုဖျက်နေစဉ်၌ ၎င်းကိုအများအားဖြင့်တွေ့ရသည်။ သင်သည်သင့်ခန္ဓာကိုယ်၌သိသိသာသာဖွဲ့စည်းခြင်းနှင့်သွေးခဲများပြိုကွဲခြင်းရှိလျှင်သင်၏ D-dimer ကိုမြင့်တက်စေနိုင်သည်။ D-Dimer Testမြင့်တက်နေလျှင် သမားတော်နှင့်တိုင်ပင်ရန်လိုအပ်ပါတယ်...
📌Features and benefits
♦️သွေးတွင်း D-Dimer အဆင့်အတွက် ရိုးရှင်းသော positive သို့မဟုတ် negative ရလဒ်များပြပေးပါတယ်...
♦️D-Dimer သည် Deep Vein Thrombosis (DVT), Disseminated Intravascular Coagulopathy (DIC) နှင့် Pulmonary Embolism (PE) ရောဂါရှာဖွေရာတွင်အဓိကအကူအညီတစ်ခုဖြစ်သည်။
♦️ရလဒ်များကို ၁၀ မိနစ်အတွင်း သိနိုင်ပါတယ်...
♦️ Fully CE approved for professional use.
What will You Receive:
✓Test Cassettes
✓Pipettes
✓Buffers
✓Instructions for Use
(Professional Blood clot test kitပါ ကျွမ်းကျင်ပညာရှင်မှသုံးပေးရန်လိုအပ်ပါတယ်)
Qualitative ဖြစ်လို့ D-Dimer level ကို ကိန်းဂဏန်းတော့ မဖော်ပြနိုင်ပါနော်။
မှာယူလိုပါက ☎️09693628260☎️
ရန်ကုန် အပြင် နယ်မြို့များကိုလဲ အိမ်ရောက်ငွေချေပို့ပေးပါတယ်နော်....
1 test kit 12000ks
❌🙅 ပုံနှင့်စာများ ယူသုံးခွင့်မပြု
21/08/2021
♦️ Instock ♦️
1 Biokit- 15000
10 Biokits- 14000
🌟ကျွန်တော်တို့ Veri Q Antibody test kitလေးရဲ့ customer feedbackလေးနဲ့ မိတ်ဆက်ပေးပါရစေ .....🌟
တချို့က china made တွေနဲ့စစ်ပီးပီ 2ကြောင်းပေါ်သလို 3ကြောင်းပေါ်သလိုနဲ့ အဖြေက clear မဖြစ်ဘူး qualityကောင်းတာလေး ပြပေးပါဆိုတဲ့ မိတ်ဆွေတွေကို Korea Madeစစ်စစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ......❤️❤️
😍ကျွန်တော်တို့ Pageကနေပဲ ဆရာ၀န်တွေဆေးခန်းသုံးဖို့ , companyတွေက ၀န်ထမ်းစစ်ဖို့ လက်ကား၀ယ်ယူသွားကြတဲ့ Customerတွေကိုလဲ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...😍
💯Test kitလေးတွေကို လေယာဉ်နဲ့ သယ်ယူခဲ့တာဖြစ်လို့ လမ်းခရီးမှာ temperature controlကောင်းကောင်းနဲ့ မူရင်း Qualityမပျက် အသုံးပြုနိုင်မှာဖြစ်ပါတယ်....💯
အဖြေပိုတိကျတာလိုချင်ပါတယ်ဆိုတဲ့ Customerတွေအတွက်လဲ အာမခံနဲ့ ရောင်းချပေးတယ်နော်....✅
🚫FDA removed လုပ်လိုက်တဲ့ list ထဲမှာလဲ မပါလို့ Veri Q လေးကတော့ ရွေးချယ်စရာ No.1 ပါပဲခင်ဗျာ....
တချို့က ဈေးကွက်ထဲက 4,5ထောင်တန်နဲ့တော့ ယှဉ်ပီးဈေးမဆစ်ပါနဲ့ခင်ဗျာ China ထုတ်နဲ့ Koreaထုတ် qualityမတူနိုင်ပါဘူးနော်။။😁😁
📌📌ထပ်လောင်းပြောချင်တာကတော့ ငွေအကုန် အသားနာ နှစ်ခါမခံပါနဲ့
Qualityကောင်းတဲ့ ပစ္စည်းကိုရှာနေသူတွေကို ကျွန်တော်တို့က ကျန်းမာရေး ၀န်ဆောင်မှုလေးပေးပါရစေခင်ဗျာ.....❤️
Veri-Q Covid 19 IgG/IgM Rapid Test (Biokit)
(သွေးဖောက်စစ်ရသော Antibody test kit )
🇰🇷KOREA နိုင်ငံ Mico BioMed ကထုတ်တဲ့ Veri-Q တံဆိပ် Biokit လေးတွေကိုရောင်းချပေးပါမယ်....
✅ Korea FDA approved
✅ EU Authorized
✅ Germany technologyနဲ့ ထုတ်လုပ်ပါတယ်....
လေယာဉ်နဲ့ တိုက်ရိုက်တင်သွင်းတာ ဖြစ်တဲ့အတွက် Quality ပိုင်းနဲ့ပက်သက်ပီး ယုံကြည်စွာသုံးစွဲနိုင်ပါတယ်...💯💯
👩🔬Test kit တစ်စုံမှာ ဘာတွေပါမလဲ?
1. Test Device တစ်ခု
2. Capillary tube (သွေးစုပ်ပြွန်) တစ်ခု
3. Buffer Solution တစ်ဘူး
4. Alcohol swab တစ်ခု
5. Safety lancet (သွေးဖောက်ရန်အပ်) တစ်ခု
6. Waste Bag တစ်ခု ပါ၀င်ပါတယ်....👩🔬
📌 အကုန်လုံး original တစ်set စာပါတာဖြစ်တဲ့အတွက် Korea quality အပြည့်ရမှာဖြစ်ပါတယ်...
📌 Buffer solution က original sealedဖြစ်တဲ့ အတွက် ခွဲသုံးတဲ့ အခါဖြစ်တတ်တဲ့ contaminationတွေ device errorတွေ လုံး၀မဖြစ်ပါဘူး ...🚫🚫
မှာယူလိုပါက ☎️09693628260☎️
ခုမှာခုပို့ပေးပါတယ်နော်...
12/08/2021
Veri-Q Covid 19 IgG/IgM Rapid Test (Biokit)
(သွေးဖောက်စစ်ရသော Antibody test kit )
🇰🇷KOREA နိုင်ငံ Mico BioMed ကထုတ်တဲ့ Veri-Q တံဆိပ် Biokit လေးတွေကိုရောင်းချပေးပါမယ်....
✅ Korea FDA approved
✅ EU Authorized
✅ Germany technologyနဲ့ ထုတ်လုပ်ပါတယ်....
လေယာဉ်နဲ့ တိုက်ရိုက်တင်သွင်းတာ ဖြစ်တဲ့အတွက် Quality ပိုင်းနဲ့ပက်သက်ပီး ယုံကြည်စွာသုံးစွဲနိုင်ပါတယ်...💯💯
👩🔬Test kit တစ်စုံမှာ ဘာတွေပါမလဲ?
1. Test Device တစ်ခု
2. Capillary tube (သွေးစုပ်ပြွန်) တစ်ခု
3. Buffer Solution တစ်ဘူး
4. Alcohol swab တစ်ခု
5. Safety lancet (သွေးဖောက်ရန်အပ်) တစ်ခု
6. Waste Bag တစ်ခု ပါ၀င်ပါတယ်....👩🔬
📌 အကုန်လုံး original တစ်set စာပါတာဖြစ်တဲ့အတွက် Korea quality အပြည့်ရမှာဖြစ်ပါတယ်...
📌 Buffer solution က original sealedဖြစ်တဲ့ အတွက် ခွဲသုံးတဲ့ အခါဖြစ်တတ်တဲ့ contaminationတွေ device errorတွေ လုံး၀မဖြစ်ပါဘူး ...🚫🚫
📋Specifications
Sensitivity- 98.99%
Specificity - 99.87%
Storage - 2-30 degree Celsius
Exp - 7/22
Test kit ကိုဝယ်မယ်ဆိုရင် Test kit ဘယ်နိုင်ငံလဲ၊ Test kit ဘာဘရန်းလဲ၊ သိဖို့လိုပါတယ်။ Sensitivity and Specificity ဘယ်လောက်ရှိသလဲကိုလည်းသိဖို့လိုပါတယ်။‼️‼️
Yangon Instock💯
မှာယူလိုပါက 09693628260 ကို ဆက်သွယ်နိုင်ပါတယ်
1 Biokit - 17000 ks
10 Biokits - 16500 ks
12/08/2021
Sensitivity and Specificity
==================
(Test kit တစ်ခုရဲ့ Positive ဘယ်လောက်တိတျကျကျပြသလဲ? သိချင်သူများအတွက်သာရည်ရွယ်ပါတယ်။)
ရောဂါပိုးရှိမရှိအမြန်စမ်းသပ်တဲ့ Rapid Antigen Test kit နဲ့ ရောဂါခုခံအား antibodies ထွက်မထွက်စမ်းသပ်တဲ့ Rapid Antibodies Test Kit နှစ်ခုစလုံးမှာ "Sensitivity and Specificity" ဟာအလွန်အရေးကြီးပါတယ်။
IgG/IgM positive ဖြစ်မဖြစ် အခုဝယ်လို့ရနေတဲ့ Antibodies Test kit နဲ့ စမ်းသပ်မယ်ဆိုပါစို့။
Sensitivity = IgG/IgM Positive ဖြစ်နေသူဘယ်လောက်ရှိသလဲ အမိဖမ်းနိုင်စွမ်း။
Specificity = IgG/IgM Negative ဖြစ်နေသူကို Negative လို့ ဘယ်လောက်မှန်မှန်ပြနိုင်စွမ်း။
Test kit တစ်ခုကိုဝယ်မယ်ဆိုရင် သူ့ရဲ့ Sensitivity (Positive ဖြစ်သလားရှာတာဘယ်လောက်ကောင်းသလဲ❓) နဲ့ Specificity (Negative မရှိတာဘယ်လောက်တိတိကျကျပြောနိုင်သလဲ❓) ကို ရွေးဝယ်ရပါတယ်။
ဟုတ်ပြီ။ Sensitivity 100% နဲ့ Specificity 100% ဖြစ်တာမရှိဘူးလားလို့မေးရင် မရှိသေးပါ။
Sensitivity ကောင်းရင် Specificity ကျပါတယ်။ နှစ်ခုစလုံးအကောင်းဆုံးဖြစ်အောင် မျှချေကိုယူပြီး ဒီဇိုင်းထုတ်ကြပါတယ်။
ကဲ ... အခုတလော လူတွေစစ်နေတဲ့ IgG/IgM antibodies ထွက်မထွက်စစ်နေတဲ့ Test kit ရဲ့ #တိကျမှုအကြောင်းပြောကြပါစို့။
အားလုံးက IgG ဆိုတဲ့ ကိုယ်ခံအားထွက်တယ်ဆိုရင် ဘယ်လောက်သေချာသလဲကို သိချင်ကြပါတယ်။
IgG ဆိုတာအကြမ်းဖျင်းအားဖြင့် လူမှာ 🦠 ရောဂါပိုးစဝင်ပြီး (၁၄) ရက်အကြာလောက်မှာထွက်တဲ့ ရောဂါခုခံအားပါ။ အဲ့ဒီ IgG လိုင်းလေးပေါ်ရင် IgG positive ဖြစ်တာဘယ်လောက်သေချာသလဲ❓
ဥပမာ - 🇸🇬စင်ကာပူ Camtech ရဲ့ antibodies Test kit ကသူ့စာရွက်ထဲမှာရေးထားချက်အရ ...
▪️ရောဂါလက္ခဏာတစ်ခုခုပြအပြီး (၇) ရက်အကြာမှာစစ်ရင် IgG/IgM Sensitivity က 87•5% ရှိတယ်။
သဘောကအဲ့ဒီ (၇) ရက်အကြာမှာ IgG /IgM တကယ်ထွက်နေသူ (၁၀၀) ရှိရင် သူက (၈၈) ယောက်ကို IgG သို့မဟုတ် IgM Positive လို့အမှန်သိနိုင်တယ်။ ကျန်တဲ့ (၁၂) ယောက်ကလွတ်သွားနိုင်တယ်။ အဲ့ဒီအချိန်က antibodies စထွက်ကာစ အချိန်အပိုင်းအခြားကိုး။
▪️ ရောဂါလက္ခဏာတစ်ခုခုပြအပြီး ( ၁၀) ရက်အကြာမှာစစ်ရင် Sensitivity က 95% ရှိတယ်။
သဘောကအဲ့ဒီ (၁၀) ရက်အကြာမှာ IgG/IgM တကယ်ထွက်နေသူ (၁၀၀) ရှိရင် သူက (၉၅) ယောက်ကို IgG သို့မဟုတ် IgM Positive လို့အမှန်သိနိုင်တယ်။ ကျန်တဲ့ (၅) ယောက်ကလွတ်သွားနိုင်တယ်။
▪️ ရောဂါလက္ခဏာတစ်ခုခုပြအပြီး ( ၁၃) ရက်အကြာမှာစစ်ရင် Sensitivity က ၁၀၀% ရှိတယ်။
သဘောကအဲ့ဒီ (၁၃) ရက်အကြာမှာ IgG/IgM တကယ်ထွက်နေသူ (၁၀၀) ရှိရင် သူက (၁၀၀) ယောက်ကို IgG သို့မဟုတ် IgM Positive လို့အမှန်သိနိုင်တယ်။ လွတ်သွားနိုင်ခြေမရှိသလောက်ပဲလို့ ဆိုတယ်။
👉 ဒါက IgG/IgM Positive သမားကိုရှာနိုင်စွမ်းနော်။
IgG/IgM တကယ်မထွက်သေးတဲ့ IgG Negative သမားကို IgG/IgM Positive လို့ "မှားမပြနိုင်ခြေ" Specificity က 100% ရှိတယ်တဲ့။ သဘောက သူ့မှာ IgG/IgM မထွက်ပဲထွက်တယ်လို့ လုံးဝမှားမပြဘူးဆိုတဲ့သဘော။
[သို့သော် သူတို့စမ်းသပ်ထားတာက ကပ်ရောဂါစကာစတုန်းကနမူနာနဲ့စမ်းထားတာ။ အခု Variant အခြေအနေမှာဘယ်လောက်တိကျသလဲ? အခုလက်ရှိ ရာနှုန်းလားမသိရပါ]
တချို့ Test kit တွေက ထုတ်တဲ့နိုင်ငံကညံ့ရင်ညံ့သလောက် စာရွက်ထဲမှာ 90% ရေးထားလည်း #သူ့ရဲ့တကယ်မှန်နိုင်ခြေဟာ 30% ပဲရှိပါတယ်။
ကိုဗစ်စကာစမှာ တရုတ်ပြည်က Test kit တွေကိုအားကိုးချိန်မှာ 30% လောက်ပဲမှန်ခဲ့လို့ အနောက်နိုင်ငံတွေမှာ အကြီးအကျယ်ပြဿနာတက်ခဲ့ပါတယ်။
အဲ့ဒီတော့ Test kit ကိုဝယ်မယ်ဆိုရင် Test kit ဘယ်နိုင်ငံလဲ၊ Test kit ဘာဘရန်းလဲ၊ သိဖို့လိုပါတယ်။ Sensitivity and Specificity ဘယ်လောက်ရှိသလဲကိုလည်းသိဖို့လိုပါတယ်။
Sensitivity and Specificity အကြောင်းကို ဗဟုသုတရလိုသူတွေကို ထပ်ရှင်းပြပါမယ်။
၁၉၄၇ ခုနှစ်က အမေရိကန် ဇီဝစာရင်းအင်းပညာရှင် Jacob Yerushalmy ကစတင်ပြီး Sensitivity and Specificity ကိုအဆိုပြုခဲ့တာပါ။
Sensitivity ကိုလိုချင်ရင် Test kit က Positive ပြနေတဲ့ အရေအတွက်ကို (Positive ပြသူ + Positive ဖြစ်ရဲ့သား နဲ့ Positive မပြသူ) အရေအတွက်နဲ့စားရတယ်။
Test kit ထုတ်တဲ့ ကုမ္ပဏီက အခြားနည်းနဲ့စမ်းလို့ #သေချာသိပြီးသား P သမား ၁၀၀၀ ကို သူ့ Test kit နဲ့စမ်းလို့ P ပြတာ ၉၉၅ ယောက်ရှိရင် (၉၉၅ ÷ ၁၀၀၀) သူထုတ်တဲ့ test kit ရဲ့ sensitivity က 99•5% ပဲ။
Specificity ကိုလိုချင်ရင် Test kit က Positive မပြတဲ့ #တကယ့် Negative အရေအတွက်ကို (Positive အဖြစ်မှားပြသူ + Negative ဖြစ်လို့ Positive မပြသူ) အရေအတွက်နဲ့စားရတယ်။
နားတော့ရှုပ်သွားမှာပဲ။ သေချာပြန်ဖတ်ပြီး စဉ်းစားရတယ်။ ပုံကြည့်ရင်ရှင်းတယ်။
သဘောက Positive မဟုတ်တာသေချာတဲ့ Negative လူ ၁၀၀၀ ကို သူ့ Test kit နဲ့စမ်းလို့ မှားပြီး ၄ ယောက်က P လို့ပြရင် (၉၉၆ ÷ ၁၀၀၀) သူထုတ်တဲ့ test kit ရဲ့ specificity က 99•6% ရှိတယ်။
IgG ကို သူ့ထက်ပိုတိတိကျကျသိချင်ရင် quantitative serology test လုပ်ရတယ်။
အဲ့ဒီ Serology test (၄) မျိုးအကြောင်းကို Serology test များခေါင်းစဉ်နဲ့ ဆက်ရေးပါမယ်။
အဲ့ဒီတော့မှ IgG တကယ်ပေါ်မပေါ် အလုပ်လုပ်မလုပ်ဘယ်လိုစမ်းလဲသိမှာဖြစ်ပါတယ်။
Richard Myo Thant
4-August -2021
(ဆရာ့ကို လေးစားစွာ creditပေးပါတယ်)
12/08/2021
Rapid Test Kit များအကြောင်းသိကောင်းစရာ အပိုင်း (၁)
ကျနော်ရေးချင်တာက Test kit တွေရဲ့တိကျမှု Sensitivity နဲ့ Specificity အကြောင်းပါ။ ဒါပေမယ့်အခြေခံလေးသိမှဖြစ်မှာမို့နည်းနည်းပြောပါမယ်။
အမြန်စစ်တဲ့ Test kit တွေမှာ ရောဂါမဖြစ်မှန်းမသိခင်မှာ #ရောဂါပိုးရှိမရှိ Antigen Rapid Test (ART) နဲ့ စစ်ဆေးပါတယ်။ RDT rapid diagnostic test လို့လည်းခေါ်ပါတယ်။
ရောဂါဖြစ်ပြီးသွားရင် ရောဂါခုခံအား Antibodies ထွက်မထွက် Test kit နဲ့စစ်ဆေးပါတယ်။
ရောဂါခုခံအား Antibodies စစ်တာကို Immunoglobulin Test လို့ခေါ်ပါတယ်။
IgA, IgG, IgM, IgE, IgD စသည့် ရောဂါခုခံအားတွေရှိပါတယ်။
ကျနော်တို့အဓိကစစ်ချင်တာ IgG (Immunoglobulin G) ပါ။
IgG ဟာ ကိုယ်ခန္ဓာမှာအများဆုံးတွေ့ရတဲ့ ရောဂါကိုခုခံတဲ့ ပဋိပစ္စည်း antibodies အမျိုးအစားပါ။
IgG ကိုသွေးနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေထဲမှာတွေ့ရပြီး IgG က ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကို ခုခံကာကွယ်ပေးပါတယ်။
IgM ကို သွေးထဲမှာအဓိကနဲ့ lymph အရည်ကြည်တွေထဲမှာတွေ့ရပါတယ်။ IgM ဟာ ရောဂါကူးစက်မှုတစ်ခုဖြစ်ရင် ခုခံဖို့ပထမဆုံးစထွက်တဲ့ antibody ပဋိပစ္စည်းပါ။
IgG နဲ့ IgM ဘယ်ဟာအရင်လဲကိုမရောထွေးရအောင် M for moment, G for gain လို့အလွယ်မှတ်ကြပါတယ်။
M က moment အချိန်တိုပဲပေါ်တာ။ G က ကြာရှည်ရရှိတာလို့ အလွယ်မှတ်ထားပါ။
IgA ဆိုရင် နို့ရည်၊ မျက်ရည်၊ တံတွေးစသည်တို့မှာတွေ့ရမယ်။ သူက လူရဲ့အသက်ရှုလမ်းကြောင်းမှာပေါ်တာမို့ ရောဂါကူးစက်မှုကာကွယ်ရေးမှာအရေးပါတယ်။ ဒါပေမယ့် Test kit တွေမှာမပါဘူး။
IgE ဆိုရင် လူမှာဖြစ်တဲ့ကပ်ပါးရောဂါတွေ၊ ယာနာတွေဖြစ်ရင်ထွက်တယ်။
IgD ကသွေးထဲမှာနည်းနည်းလေးပဲပါပြီး လူတွေအပြည့်အဝနားမလည်သေးဘူး။
ကျနော်တို့စစ်နေတဲ့ Antibodies Test Kit တွေကို ကြည့်ရင် C, IgG, IgM ဆိုတဲ့အမှတ်အသား (၃) ခုပါတယ်။
🩸သွေးကိုဖောက်ပြီး သွေးစက်ထည့်ရမယ့် sample pad အပေါက်ထဲထည့်မယ်။ ပြီးရင်ပါလာတဲ့ assay buffer နှစ်စက်လောက်ထည့်မယ်။ ပြီးရင် ၁၅ မိနစ်လောက်စောင့်မယ်။
အဲ့ဒီမှာ sample pad အကွက်ထဲကအရည်လေးတွေကို တဖက်ထိပ်က absorbtion pad ကစုပ်ယူတဲ့အတွက် Test kit တလျှောက်စီးသွားတယ်။
တဖက်ထိပ်ကနေ အခြားတဖက်ထိပ်ကိုဖြတ်ပြေးသလိုပဲ။
အထဲမှာရွှေမော်လီကျူးပါတဲ့အလွှာတွေရှိတယ်။ ပြီးရင် နိုက်ထရိုဆဲလ်လူးလို့စ်အလွှာပေါ်မှာရှိတဲ့ IgM လိုင်း၊ IgG လိုင်းတွေကိုဖြတ်ပြီး C ဆိုတဲ့လိုင်းကိုပါဖြတ်ပြီးပန်းဝင်သွားတယ်။
C ဆိုတာစစ်တာအောင်မြင်ကြောင်း သိစေတယ်မျဉ်း။ ပေါ်ကိုပေါ်ရမယ်။ သွေးရည်တွေကသူ့ဆီကိုဖြတ်စီးသွားကြောင်းပန်းဝင်ကြောင်းသေချာစေတာ။
ပြီးရင် IgM နဲ့ IgG ပေါ်လားကြည့်မယ်။
👉 C တစ်ကြောင်းပဲပေါ်ရင် Antibodies IgG ရော IgM ရောမထွက်သေးဘူး။ (လွန်ခဲ့သော ၁၀ ရက်အထိ ရောဂါပိုးလုံးဝမကူးစက်ဖူးသူလို့ယူဆရတယ်)
👉 C နဲ့ G နှစ်ကြောင်းပေါ်ရင် past infection ရောဂါပိုးကူးစက်ခဲ့တာ အနည်းဆုံး တစ်လလောက်ရှိပြီ။ ကိုယ်ခံအား IgG ရနေပြီ။ နောက်ထပ် (၃) လအတွင်း ပြန်ကူးနိုင်ခြေနည်းတယ်။ လုံးဝထပ်မကူးဘူးလို့ အာမမခံဘူး။
👉 C နဲ့ M နှစ်ကြောင်းပေါ်ရင် recent infection ရောဂါပိုးကူးစက်ခဲ့တာ အနည်းဆုံး ၃ ရက်ကနေ တစ်ပတ်ဝန်းကျင်လောက်ရှိပြီ။ ကိုယ်ခံအား IgM တွေထွက်ပြီးစတိုက်စပြုနေပြီ။
👉 C ရော G ရော M ရော သုံးကြောင်းစလုံးပေါ်ရင် ရောဂါပိုးကူးစက်ခဲ့တာ အနည်းဆုံး ၁၀ ရက်ကနေ နှစ်ပတ်ဝန်းကျင်လောက်ရှိပြီ။ ကိုယ်ခံအား IgM အပြင် IgG တွေပါထွက်ပြီးတိုက်နေပြီ။
အဲ့လို ၃ ကြောင်းစလုံးပေါ်သူကို နောက်တစ်လလောက်မှာထပ်စစ်ရင် C နဲ့ IgG ပဲပေါ်တော့မယ်။ IgM ပျောက်သွားလိမ့်မယ်။
❌ အကယ်လို့ C မပေါ်ပဲ IgG ပဲပေါ်တာ၊ IgM ပဲပေါ်တာ၊ IgG နဲ့ IgM ပဲပေါ်တာဆိုရင် မအောင်မြင်ပါ။ ပြန်စစ်ပါ။
ကိုဗစ်ကာကွယ်ဆေးထိုးထားသူမှာ IgG ပေါ်မလား❓
💯% ရာနှုန်းပြည့်မပြောနိုင်ပါ။ 🇬🇧 ယူကေနိုင်ငံမှာ Oxford ကာကွယ်ဆေးနဲ့ Pfizer ကာကွယ်ဆေးထိုးထားသူများ 95% IgG Cl ရှိပါတယ်။
💉 ထိုးထားတဲ့ ကာကွယ်ဆေးအမျိုးအစားကဘာလဲ❓
ကာကွယ်ဆေးဘယ်တုန်းကထိုးထားတာလဲ❓
ကာကွယ်ဆေးထိုးထားသူက အသက်အရွယ်ဘယ်လောက်ရှိသလဲ❓အပေါ်မှာမူတည်ပါတယ်။
အသက် ၈၀ ကျော်ရင် IgG ထွက်တာနည်းတတ်ပါတယ်။ ကာကွယ်ဆေးထိုးထားတာမကြာသေးရင်လည်း IgG မထွက်သေးတာဖြစ်တတ်ပါတယ်။ လူရဲ့ကိုယ်ခံအားအပေါ်မှာလည်းမူတည်ပါတယ်။
ဒါဆိုရင် ကိုဗစ်ဖြစ်ပြီးနလန်ထလာသူတိုင်းမှာ IgG ပေါ်ကိုပေါ်မှာလား❓
ပုံမှန်က IgG ပေါ်ကိုပေါ်ရမှာ။
ကိုဗစ်ဖြစ်ထားတာသေချာရဲ့သားနဲ့ IgG မပေါ်ဘူးဆိုရင် စစ်တဲ့ Test kit ရဲ့ Sensitivity နဲ့ Specificity ကိုပြန်စစ်ဆေးရမယ်။ ပြီးတော့ လူနာရဲ့အခြေအနေကိုလည်းပြန်ကြည့်ရမယ်။
Sensitivity နဲ့ Specificity ကိုနောက် Post အပိုင်း (၂) မှာရေးမှာပါ။ အဲ့ဒါကိုအဓိကရေးချင်လို့ ယခု post ကိုရေးတာဖြစ်ပါတယ်။
အားလုံး IgG အပြည့်အဝရရှိကြပါစေ။ 🙏
Richard Myo Thant
3-August -2021
(ဆရာ့ကို လေးစားစွာ creditပေးပါတယ်)
11/08/2021
Korea Made Veri Q test kit ပါ...
Hi
Admin တို့ ကျန်းမာရေးပစ္စည်းများကို Qualityကောင်းကောင်းနဲ့ ဈေးမှန်အောင် စတင်ရောင်းချ ပေးပါမယ်နော်....
Click here to claim your Sponsored Listing.
