L .P. N Magic Jelly & Beauty Cosmetics
စိတ်ချ ယုံကြည်စွာ ဝယ်ယူအားပေးနိုင်?
30/01/2025
🔥 Sunscreen အကြောင်း 🔥
လူတိုင်းက Glow Skinလေးလိုချင်ကြတယ် အမဲစက်ကင်းစင် Glow Glass Skinလေးလိုချင်ကြတယ်မလား အဲ့တာဆိုSunscreen ကိုသေချာပေါက်လိမ်းကိုလိမ်းရမယ် Sunscreen မလိမ်းရင်ဘာဖြစ်နိုင်လဲဆိုတော့
-အရေးကြောင်း(Aging) ဖြစ်တာလွယ်မယ်
-အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ပြီးအသားတွေတွဲကျလာမယ်
-အသက်အရွယ်ရလာတဲ့အခါမှာတင်းတိတ် ၊ မှဲ့ခြောက်တွေဖြစ်ခြင်း
-အသားအရည်အရောင်မညီပဲ တစ်ခုခုလိုအပ်နေခြင်း
-တစ်ခုခုကြောင့်ကျန်ခဲ့တဲ့အမာရွတ်ပျောက်ဖို့အချိန်ကြာခြင်း
-နေလောင်ခံရခြင်း တို့ဖြစ်နိုင်ပါတယ်
Sunscreen လိမ်းတယ်ဆိုတာ နေရောင်ခြည်ကထုတ်လွှတ်လိုက်တဲ့ UV Raysတွေကို ကာကွယ်တာပါ နေရောင်ခြည်က ဖြာထွက်လာတဲ့ အလင်းတန်းတွေကို UltraViolet Radiation(UV Rays) လို့ခေါ်ပြီးUV rays မှာမှ UVA rays နဲ့ UVB rays ဆိုပြီး အမျိုးအစားထပ်ကွဲသွားပါတယ် Sunscreen မလိမ်းဘူးဆိုရင် UVA rays ကြောင့် အရေးကြောင်းဖြစ်တာ အသားရည်လျော့တွဲတာတွေဖြစ်ပေါ်လာနိုင်ပြီး UVB raysကြောင့်နေလောင်ပြီး အသားကရဲတက်လာနိုင်ပါတယ် နောက်ပြီး အသက်ရွယ်ရလာတဲ့အခါမှာ အမဲစက် တင်းတိတ်တွေဖြစ်လာ နိုင်ပါတယ်
📌 Sunscreen ဘယ်နှစ်မျိုးရှိတာလဲ?
Sunscreen (2) မျိူးရှိပါတယ် Physical Sunscreen နဲ့ Chemical Sunscreen ပါ Physical Sunscreen က အရေပြားအပေါ်ယံကနေ အလွှာတစ်ခုအနေနဲ့ကာကွယ်ပေးပြီး Chemical Sunscreen က UV နေရောင်ခြည်ကို absorb လုပ်ပြီး အပူပြောင်းပြီးကာကွယ်ပေးပါတယ်
Zinc Oxide ,Titanium dioxide တို့က Physical Sunscreen ရဲ့ ingredients တွေဖြစ်ပြီး များသောအားဖြင့် Skin typesတော်တော်များများနဲ့တည့်ကြပါတယ် Chemical Sunscreen က Lightweight ဖြစ်တဲ့အတွက်ကြောင့် blendရတာ ပိုလွယ်ကူပြီး Physical Sunscreen ကကြတော့ များသောအားဖြင့် White Cast တွေကျန်နေတာ ဖြစ်တတ်ပါတယ်(အခုနောက်ပိုင်း Sunscreen တွေကတော့ သိပ်မတွေ့ရတော့ပါဘူး)
📌 Chemical Sunscreen ကိုဘယ်လိုသူတွေသုံးသင့်လဲ?
-အားကစားလုပ်တဲ့သူ, ရေကူးတဲ့သူ တို့ဆို ပိုပြီးသင့်တော်ပါတယ် Chemical က Physical Sunscreen ထက်ပိုပြီး ချွေးစို၊ရေစိုခံတဲ့အတွက်ကြောင့်ပါ နောက်ပြီး Sun spray လည်းသုံးလို့ရပါတယ်
📌SPF (Sun Protection Factor)
Sunscreen မှာ SPF သည်လည်းအရေးကြီးတဲ့ထဲကတစ်ခုပါ SPF များလေ ပိုပြီးကာကွယ်နိုင်လေပါပဲ မိမိက အပြင်မထွက်ဘူး Work from home ပဲဆိုရင် SPF 30 လောက်ကလုံလောက်ပါပြီ ဒါမှမဟုတ်ပဲ အပြင်ခနခန ထွက်ရမယ်ဆိုရင် SPF 50 PA++++ ကိုလိမ်းပါ UVB Rays တွေက အရေပြားအပေါ်ယံလွှာကို ထိုးဖောက်ပြီးအသားရည်ထိခိုက်စေနိုင်ပါတယ်။UVB rays တွေကို ကာကွယ်နိုင်တာ SPFပါ UVA raysတွေက အရေပြားရဲ့ အနက်ဆုံးလွှာကို ထိုးဖောက်နိုင်တဲ့အတွက်ကြောင့် အရေးကြောင်းတွေဖြစ်နိုင်ပြီး အရေပြားကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။၄င်းကို ကာကွယ်နိုင်တာ PAပါ အဲ့တော့ အလွယ်နည်းနဲ့မှတ်ရမယ်ဆိုရင် 🔹A = Aging , 🔸B = Burning
📌Sunscreen ကိုဘယ်အဆင့်မှာလိမ်းရမလဲ? Moisturiser မလိမ်းပဲနဲ့ကောလိမ်းလို့ရလား?
Sunscreen ကို Skincare step တွေရဲ့နောက်ဆုံးမှာထားပြီးလိမ်းရပါမယ် အဲ့အပေါ်မှာမှ Cc cream , BB Cream , Foundation တို့ကိုလိမ်းရမှာပါ ။ Moisture မလိမ်းပဲ Sunscreen လိမ်းလို့ရပါတယ်နော် ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ လုံလောက်တဲ့ အစိုဓာတ်ကိုတော့ ရမှာမဟုတ်ပါဘူး (Dry Skinတွေက လိမ်းကိုလိမ်းပါ) Sunscreen က 2နှာရီခြားတစ်ခါလိမ်းရမှာပါ
📌Sunscreen က နွေရာသီပဲလိမ်းရမှာလား?
Noနော် No! နေပူပူ မိုးရွာရွာ အမြဲလိမ်းရမှာပါ မှန်ကနေ အလင်းပြန်တဲ့ အလင်းတန်းမှာလည်း UV raysတွေရှိပါတယ်
🔸 အသားဖြူတဲ့သူက အသားညိုတဲ့သူတွေထက် Melanin ထုတ်နှုန်းနည်းလို့ နေလောင်ဒဏ်ခံရဖို့ ပိုလွယ်ပါတယ် Sunscreen မလိမ်းတာ ငယ်တုန်းရွယ်တုန်းမှာချက်ချင်းကြီး မသိသာပေမဲ့ လိမ်းတဲ့သူနဲ့ မလိမ်းတဲ့သူက အသက်ကြီးလာရင် ကွာခြားချက်ကိုတွေ့ရမှာပါ
အားလုံးပဲ Be safe & strong ပါ 💛
နောက်နေ့မှာ Sunscreenတွေရဲ့ Reviews တွေနဲ့အတူပြန်လာခဲ့ပါမယ်
ြောင်း
-Han’s Details
06/06/2022
“moisturizer အကြောင်း စနစ်တကျ လေ့လာရအောင်"
…………………………………………………………………………
Credit Dr Aye Min Htoo
Moisturizer ဆိုတာ အစိုဓာတ်ထိန်းဆေးဖြစ်တယ်။ အစိုဓာတ်ထိန်းတာ မှန်သမျှ moisturizer ထဲပါတယ်။ ဒါ့ကြောင့် ကပ်သီးကပ်ဖဲ့ပြောရင် serum, essence, ampoule တွေကိုလည်း moisturizer ထဲထည့်လို့ရတယ်။ မြန်မာနိုင်ငံမှာတော့ moisturizer ဆိုတာ day cream နဲ့ night cream ကိုခေါ်ကြတာ။ အမှန်တော့ moisturizer အမျိုးအစား (၄)မျိုးရှိတယ်။
• Emulsion
Emulsionဆိုတာ ရေဓာတ်အခြေခံ အစိုဓာတ်ထိန်းပစ္စည်းပါပဲ။ အဆီပြန်တဲ့အသားအရေအတွက် emulsion type ကို ရွေးချယ်သင့်တယ်။ အစိုဓာတ်ကို ထိနိးပေးရုံမက အသားအရောင်ကို နညိးနည်းတင်ပေးတယ်။အသားရောင် ဖြူစင်ဝင်းပစေတယ်။ အဆီဂလင်းပိတ်ဆို့မှု လျှော့နည်းစေတယ်။ အရေပြားပါးပြီး sensentive သိပ်ဖြစ်ရင် Emulsion ကိုသုံးပါ။
• Lotion
လိုးရှင်းဆိုတာ အရေပြားကို လိမ်းရတဲ့ ခပ်ကျဲကျဲအရည်ကို ခေါ်တာပါ။ Emulsion ထက် နည်းနည်းပိုပြစ်တယ်။ ဒါပေမယ့် ထုတ်တဲ့ နိုင်ငံပေါ်မူတည်ပြီး လက်တွေ့မှာ အခေါ်ဝေါ်တွေ မတူညီကြပါ။ ကိုရီးယားလိုးရှင်းတွေဟာ moisturizer အများစုမှာ သုံးတဲ့အခေါ်ဖြစ်ပါတယ်။ ဂျပန်လိုးရှငိးတွေဆိုရင် toner ကို အဓိကပြောချင်တာပါဂ။ ဥပမာ Kose Sekkisei Lotion ဆိုတာ refreshing toner တိုနာတမျိုး ဖြစ်ပါတယ်။
• Cream
အဆီကို အခြေခံထုတ်ထားတယ်။ ဒါပေမယ့် အဆီပြနိတဲ့အသားအရေမှာ မသုံးပဲ အရေပြားခြောကိသွေ့သူတွေ သုံးသင့်တယ်။ အထူးသဖြင့် ဆောငိးရာသီမှာ သုံးရတယ်။ ခရင်မ်တွေထဲမှာလည်း အသားဖြူတာ၊ အရေးအကြောငိးကင်းစင်တာ၊ ရေဓာတ်အားဖြည့်တာနဲ့ ဝက်ခြံအတွက်ဆိုပြီး ထုတ်ထားတယ်။ မိမိနှစ်သက်ရာ ရွေးချယ်သုံးပါ။ day cream, night cream တွေက moisturizer တွေဖြစ်ကြတယ်။
• Gel
ရေဓာတ်အခြေခံဖြစ်လို့ အဆီပြန်တဲ့အသားအရေတွက်သင့်တော်တယ်။ silicone or gylerin မျိုး ထည့်ထားတယ်။ ဂျယ်ပုံစံဖြစ်လို့ cream (သို့) emulsion တို့ထက် အရောင်ပိုကြည်တယ်။ သုံးထားရင် အရေပြားက သန့်စင်ကြည်လင်သလို ဖြစ်နေတယ်။ ဥပမာ Neutrogena Hydra Boost ဆိုတာ အစိုဓာတ်ထိန်းဂျယ်(Gel moisturizers )တမျိုး ဖြစ်ပါတယ်။
ခြုံသုံးသပ်ရရင် အဆီပြန်တဲ့အသားအရေမှာEmulsion နဲ့ Gel moisturizers ကို သုံးရမှာ ဖြစ်ပြီး အရေပြားခြောက်သွေ့သူမှာ Creamကိုသုံးရမှာ ဖြစ်ပါတယ်။ lotion ကတော့ ပါဝင်ပစ္စည်းကို ကြည့်ပြီး သုံးသင့်တယ်။
ဒေါက်တာ အေးမင်းထူး
၂၁.၇.၂၀
02/06/2022
ရေမွှေးမစွပ်ရင်နေ ဂျိုင်းလေးတော့ နံအောင်မထားနဲ့😪😪😪
ဂျိုင်းနံ့ကြီး နံနေရင် ကိုယ့်ကိုယ်ယုံကြည်မှုကင်းမဲ့စေသလို ဘေးကလူတွက်လဲ အနှောင့်ယှက်ဖြစ်စေတယ်😠😠😠
LORA Cream ကဂျိုင်းလဲဖြူစေသလို ဂျိုင်းနံ့လဲ ပျောက်စေပီး ခန္တာကိုယ်က မဲညစ်နေတဲ့ နေရာတော်တော်များများအတွက် အသုံးဝင်စေတယ်😊😊😊
02/06/2022
💖 EOU လေးလိမ်းထားရင် မျက်နှာလေးက အဲ့သလို ကြည်ပြောင်တင်း 🇰🇷✨💦
မိတ်ကပ်သားက မထူမပါးနဲ့ ညက်ပီး Glow နေစေတာမျိုးလေး 💡
ရွေးစရာတစ်ရောင်တည်းဘဲရှိတယ် အတက်နိုင်ဆုံး မြန်မာ့အသားရည်နဲ့ လိုက်ဖက်အောင်ထုတ်လုပ်ထားတယ် 🇲🇲🤍
18/05/2022
💁 လူတွေ ကြိတ်ကြိတ်တိုးဝယ် သိပ်ကြိုက်ကြတဲ့ EOU Foundation လေး သုံးကြည့်ပီပီလား👸👸
✅ မိတ်ကပ်ပါးပါးကလေးဘဲ လိမ်းလိမ်း
✅ သနပ်ခါးလေးနဲ့ဘဲ တွံလိမ်းလိမ်း
😍 Korea မလေးတွေလို ကြည်ကြည်လေးဘဲလိမ်းလိမ်း
တအားကို အဆင်ပြေပီး မပြာမကွက်ဘဲ ကြာရှည်အေးပီးညက်တဲ့ မိတ်ကပ်ကလေး 💕💕💕
မြန်မာ့အသားရည် မြန်မာရာသီဥတုနဲ့အညီ ကိုးရီးယားမှာ ဖော်စပ်ပီး ထုတ်လုပ်ထားတဲ့ EOU လေး
17/05/2022
💦 အသားရည်ကို ဖြူဖွေးလှပစေတဲ့အပြင် ကျန်းမာရေးတွက်အထောက်ကူပြုတဲ့✅✅
🤗 သစ်သီးသစ်ဖု အဆီနှစ်များစွာပါဝင်တာမို့ လူငယ် ရော လူလတ်ပိုင်းတွေသောက်လို့အဆင်ပြေတဲ့ Collagen ပါ ✅✅
😍 LORA Collagen ကိုသောက်တဲ့ Customer တွေထဲမှာ လူငယ်ရော / လူကြီးရော / Model / ဆရာဝန် တွေကအစ သောက်တဲ့ သိပ်ကို စိတ်ချရတဲ့ Collagen ပါ✅✅
16/05/2022
💬 LORA Cream က ဘယ်နေရာတွေမှာ အသုံးပြုလို့ရလဲ ⁉️
🔸 ပုံလေးမှာ ကြည့်ပေးနော် 🥰
- အဲ့လိုနေရာလေးတွေကို ချောမွေ့ပီး ဖြူဝင်းစေတဲ့အပြင် အနံ့ဆိုးတွေကို သိသိသာသာကြီးကိုပျောက်ကင်းစေတာပါ 💦
ထိုင်းနိုင်ငံထုတ် မြန်မာ / ထိုင်း FDA ရရှိထားပီးသား ပစ္ဆည်းဖြစ်တယ် 🇲🇲🇳🇱
13/05/2022
ဒီသုံးချင်စရာ ဆုရ မျက်နှာလိမ်း serum လေးကို သုံးကြည့်ပီပီလား🤗🤗🤗
အရည်အသွေးကို စီစစ်ပီး ဆုရထားတဲ့ Serum လေး စျေးနှုန်း အသင့်သင့်နဲ့ ဘေးထွက်ဆိုးကျိုးမရှိကြောင်း ကျန်းမာရေးထောက်ခံချက်ရ serum လေး
မျက်နှာကြည်လင်✅
စိုပြေတင်းရင်း✅
ဝက်ခြံသက်သာ ✅
၁ လ ၁ လ ဗူးရေ ရာကျော် ရောင်းရတဲ့ Serum လေး အရမ်းကောင်းပီး လူကြိုက်များတဲ့ Serum
11/05/2022
ဒီလိုကြည်လင်စိုဥနေတဲ့ Skin မျိုးလေး လိုချင်ရင် EOU Serum လေးကိုရွေးသုံးပေးပါနော်🌟🌟
ဘာကြောင့်လဲဆို🤔🤔
EOU Serum က Hyaluronic Acid နဲ့ပေါင်းစပ်ပြုလုပ်ထားတာမို့ အသားရည်ကို စိုတင်းနေစေပြီး ကြည်လင်ဝင်းပနေစေတယ် 😊😊
Main Ingredients ထဲကတစ်ခုဖြစ်တဲ့ Vit C ကအသားရည်မှာရှိတဲ့ အမဲစက် အမာရွတ်တွေကို သက်သာစေတာမို့ မျက်နှာလေးသန့်ပီး စင်ပီး ကြည် Glow နေစေပြန်တယ် 😍😍😍
မျက်နှာလေးကို ပြောင်တင်းအိစက်စိုပြေစေပီး အပြစ်နာဆာတွေကို သက်သာစေတာမို့ တနေ့တာ လိမ်းနေတဲ့ Skin Care တွေမှာ EOU Serum လေး must have ပါဘဲနော်😊
10/05/2022
LORA Cream လေးလိမ်းမယ်ဆို သတိထားရမယ့် အချက်လေးတွေရှိတယ် 🤗🤗🤗
ဂျိုင်းအတွက်လိမ်းမယ်ဆိုရင်💕💕
✅ အသားရည်နုတဲ့သူတွေ တစ်ရက်တစ်ခါဘဲ လိမ်းရမယ်
✅ ပုံမှန်အသားရည် ၁ ရက် ၂ ကြိမ်လိမ်းလို့ရတယ်
✅ စပ်စပ်ထိမခံ ထိလွယ်ရှလွယ် နီလွယ်မြန်းလွယ်ရင် ၁ ရက်ခြား ၁ ခါလိမ်းပါ
✅ ရေချိုးပီးတိုင်း ဂျိုင်းကို သန့်စင်စွာ ရေချိုးပေးပါ
တခြားနေရာတွေအတွက် လိမ်းမယ်ဆိုရင်တော့ ပုံမှန်အတိုင်းလိမ်းလို့ရပါတယ်
ဂျိုင်း Area ကနုတာမို့ အသားရည်အရမ်းနုသူတွေဆို လောင်တက်ပါတယ်နော်😊😊😊
09/05/2022
အနံ့ဆိုးပျောက် မဲညစ်ရာဖြူ စော်ကြည် ဘဲရ စေတဲ့ LORA Cream
အနံ့လေးကလဲ မွှေးပီး လန်းဆန်းစေတယ် Lotion သားလေးလိုအိညက်တယ်
Page ထဲ တစ်ဗူးဆီ ခဏခဏ လာပြန်ဝယ်တဲ့ သဲကလေးတွေ တစ်ခါတည်း ၃ ဗူးဝယ်နော် ပိုတန်တယ်
ဂျိုင်း / တံတောင်ဆစ် / ဒူး နဲ့ ဟိုကြားဒီကြားဖြူဖို့ လိမ်းမယ်ဆို ဒါလေးသာ သတိရနော်
Click here to claim your Sponsored Listing.
Website
Address
Yangon
MANDALAY
