Boom Myanmar By Aye Thu Online Shopping

Boom Myanmar By Aye Thu Online Shopping

Share

SkinCare By AyeThu

08/07/2025

Page name လေးချိန်းလို့မရတော့
ဒီpageလေးကို နှမြောလို့ အားလုံး အတွက် အကျိုးရှိမယ့်အရာလေးတွေ တင်ပေးပါမယ်

Photos from Pan Yaung Chel's post 03/11/2024

ချစ်လွန်းလို့😘😘😘

03/11/2024

❝ ကိုယ်ပိုင် ကိုယ်သင်းရနံ့နဲ့ မိမိကိုယ်ကိုယုံကြည်မှုကိုဖန်တီးပါ ❞

နေ့စဉ် 🚶🚶‍♀️ Society မှာသွားလာတွေဆုံနေကြရတဲ့သူများအတွက်
ကိုယ့်ရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ကိုယ် 🌸သင်းရနံ့ကောင်းမွန်နေဖို့က အရမ်းကိုအရေးကြီးလှပါတယ်။💯💯

ခန္ဓာကိုယ်ချွေးထွက်တဲ့အခါ 🫢 ချွေးနံ့၊ ဂျိုင်းနံ့ဆိုးရွားနေမယ်ဆိုရင်
လူအများကြား 🫣 အရှက်ရစရာတစ်ခုဖြစ်နေပါလိမ့်မယ်နော်။
🤷 ယခုလိုအရှက်ရစေမည့် 🧏‍♀️ ပြဿနာမျိုးနှင့်မကြုံရစေဖို့
🧼 BOOM Soap Plus ကိုရေချိုးသန့်စင်တဲ့အချိန်တိုင်း
သုံးပေးလိုက်ပါနော်။ 🌸🤗

💊 Gluthathione Plus ပါဝင်ပြီး 🌸 ရေမွှေးရနံ့ဖြင့် စီမံထုတ်လုပ်ထားသည့် 🧼 BOOM Soap Plus သည် ခန္ဓာကိုယ်မှ မကောင်းတဲ့ အနံ့အသက်များအားလုံးကိုဖယ်ရှားပေးသည်သာမက ✅ အသားအရေကိုလည်း ပိုမိုပန်းရောင်သန်းပြီး
ဖြူဝင်းလာစေမှာဖြစ်ပါတယ်။ ☁️😍

ဒါကြောင့် 🧼 BOOM Soap Plus ရဲ့
🌸 သင်းပျံ့လန်းဆန်းတဲ့ ကိုယ်သင်းရနံ့နဲ့ 😎
မိမိကိုယ်ကိုယုံကြည်မှုကို မြင့်တင်လိုက်ပါနော်…🌸

29/10/2024

အတိတ်ကို နှုတ်ဆက်နိုင်ရမယ်🖤

29/10/2024

✔✔✔

29/10/2024

ကျွန်တော် အွန်လိုင်းဆိုင်ဖွင့်တုန်းက တော်တော်လေး ရောင်းကောင်းခဲ့တယ်။

တစ်နေ့မှာ ကလေးမတစ်ယောက်က ကျွန်တော့်ကို ဖုန်းဆက်ပြီး ကျွန်တော့်အကောင့်ထဲ ယွမ်၄၀၀ လွှဲလိုက်ပြီ ... ပစ္စည်းအမြန်ဆုံးပို့ပေးဖို့ မျှော်လင့်ပါတယ်လို့ ပြောတယ်။

ထုံးစံအတိုင်း ပစ္စည်းတွေထုပ်ပိုးပြီး ပို့တဲ့အခါ ကလေးမရဲ့အော်ဒါကို တွေ့လို့ ပစ္စည်းပို့လိုက်ပြီဖြစ်ကြောင်း အမြန်ချောပို့ကို နေ့ချင်းစစ်ကြည့်ဖို့ သူ့ကို တမင်တကာ ကျွန်တော် မက်ဆေ့ပို့လိုက်တယ်။

နောက်တစ်နေ့မှာ ကလေးမအမေဆီက မထင်မှတ်ဘဲ ဖုန်းလာတယ်။

"ကျွန်မသမီးဝယ်တဲ့ ပစ္စည်း ပို့လိုက်ပြီလား" လို့ သူမေးတယ်။

အဲဒီအခါကျမှ ကျွန်တော့်ဆီငွေလွှဲတဲ့ ကလေးမက အသက် ၁၄ နှစ်ပဲ ရှိသေးတယ်ဆိုတာ ကျွန်တော်သိရတယ်။

ပစ္စည်းပို့လိုက်တဲ့အချိန်နဲ့ ပြေစာနံပါတ်ကို ကျွန်တော်ပြောပြလိုက်တယ်။

ကလေးအမေက အမြန်ချောပို့ကို ဖုန်းဆက်ပြီးပြီ ပြေစာနံပါတ် ရှာမတွေ့ဘူး ပြောတယ်။ ပြောရင်း သူက .. "အမှန်အတိုင်းပြောပါနော်... ပစ္စည်း တကယ်ပို့လိုက်ပြီလား" မေးတယ်။

ကလေးအမေရဲ့ သံသယစိတ်ကြောင့် ကျွန်တော် ဒေါသထွက်ပြီး "ပစ္စည်းပို့လိုက်ပြီ... ပြေစာနံပါတ်ကလည်း အမှန်ပဲ။ ရှာမတွေ့တာတော့ ကျွန်တော်လည်း မတတ်နိုင်ဘူး" လို့ အော်ပြီး ဖုန်းချပစ်လိုက်တယ်။

ဖုန်းက ချက်ချင်း ပြန်ဝင်လာပြီး အရေးတကြီး တောင်းပန်တဲ့ လေသံနဲ့...

"ကလေးက ငယ်သေးတယ်.. အွန်လိုင်းမှာ ပထမဆုံးအကြိမ် ပစ္စည်းဝယ်ပြီး ပထမဆုံးအကြိမ် ငွေလွှဲတာပါ။ သူ အလိမ်ခံရမှာကို ကျွန်မ စိုးရိမ်ပါတယ်။ ပိုက်ဆံက အရေးမကြီးပေမယ့် လူလိမ်နဲ့ ကြုံရင် ကလေးဘဝတစ်သက်ကို ကြီးကြီးမားမား သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ ခံစားချက်ကို နားလည်ပေးပါနော်"

လမ်းလျှောက်စအရွယ်ကတည်းက မိဘတွေဟာ လက်နှစ်ဘက်ကမ်းပြီး ကိုယ့်သားသမီး ထိတွေ့နိုင်တဲ့ ဝန်းကျင်ကို အတတ်နိုင်ဆုံး အကာအကွယ် ပေးကြတယ်။

လူ့ဘောင်လူ့လောကထဲ လှမ်းဝင်မယ့် ဒီ ၁၄နှစ်အရွယ် ကလေးမလေးရဲ့ ပထမဆုံး ခြေလှမ်းမှာ ကျွန်တော်ဟာ ဒီလောက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါလား...

အမြန်ချောပို့ကုမ္ပဏီကို ကျွန်တော် ချက်ချင်း ဖုန်းဆက်လိုက်တယ်။ ရလဒ်က အတူတူပဲ... ပြေစာနံပါတ် ရှာမတွေ့ဘူး။ ဝန်ထမ်းအမျိုးသမီးက .. " ပြေစာစာရင်းမှတ်ဖို့ အချိန်မမီလိုက်တာလား ဒါမှမဟုတ် ကြားမှာ ပြဿနာတစ်ခုခု တက်သလား မသိပါဘူး" လို့ ပြောတယ်။

ကျွန်တော် ဖုန်းကောက်ကိုင်ပြီး လေးလံတဲ့စိတ်နဲ့ ကလေးအမေကို ပြေစာနံပါတ်ရှာ မတွေ့ကြောင်း၊ ပစ္စည်းကို အမှန်တကယ် ပို့လိုက်ပြီဖြစ်ကြောင်း မက်ဆေ့ပို့လိုက်တယ်။

မက်ဆေ့ပြန်မလာလို့ ကျွန်တော်ဖုန်းခေါ်ပြီး ထပ်ပြောလိုက်တယ်။

"မနက်ဖြန်မှာ ပစ္စည်းရောက်မလာသေးရင် ကျွန်တော်ငွေပြန်အမ်းမယ်" လို့လည်း အာမခံလိုက်တယ်။

"ကျွန်မက ကလေးကို မထိခိုက်စေချင်လို့ပါ။ ကျွန်မ ငွေထပ်လွှဲလိုက်မယ်။ ကျေးဇူးပြုပြီး ထပ်ပို့ပေးနိုင်မလား" လို့ အမေက ညင်ညင်သာသာ ပြောတယ်။

ည၁၀နာရီလောက်မှာ ကလေးအမေ ဖုန်းဆက်လာတယ်.. "ပစ္စည်းရပြီ... သမီးလေး သဘောကျနေတယ်... ကျေးဇူးတင်ပါတယ်နော်.. ရှင်က လူကောင်းပါ။ ရှင့်ကို ကျွန်မဆက်သွယ်တာ သမီးလေး မသိပါစေနဲ့နော်"

ကျွန်တော် လိုလိုလားလား ကတိပေးလိုက်တယ်။ ဒီကနေ့အထိ သူ့အမေ ကျွန်တော့်ဆီ တိတ်တိတ်လေး ဖုန်းဆက်ခဲ့မှန်း ကလေးမ မသိပါဘူး။ ကျွန်တော်တို့လုပ်သမျှက ကလေး မထိခိုက်ဖို့ ကာကွယ်တယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။

မူရင်း-- The Reader magazine

💌

#နိုင်းနိုင်းစနေ

22/10/2024

ဝန်ထမ်းဘဝမှာတုန်းကဆို ကိုယ့်အထက်လူကြီး မျက်နှာလောက်ပဲကြည့်ရတာ

လုပ်ငန်းပိုင်ရှင်ဖြစ်မှ အထက် အောက် ဘေးဘယ်ညာ 360 ဒီဂရီမှာရှိတဲ့သူတွေရဲ့ မျက်နှာကို လိုက်ကြည့်ပြီး အလုပ်လုပ်နေရတယ်

Customer တွေဆိုလဲ ဖူးဖူးမှုတ်ရ
ဝန်ထမ်းတွေကိုလဲ ပျော်အောင်ထားရ
Customer မဖြစ်သေးသူတွေကိုလဲ ဖြစ်လာမလားဆိုတဲ့ စိတ်နဲ့ မျက်နှာချိုသွေးရ
ပတ်ဝန်းကျင်နဲ့လဲ အဆင်ပြေအောင်နေရ
ဆိုင်ရာပိုင်ရာတွေကိုလဲ ပူဇော်ရနဲ့
အို အစုံ ပါပဲ …………

ဘယ်သူ့ကိုမှ သည်းမခံနိုင်တော့လို့ ဝန်ထမ်းဘဝက ထွက်ပြီး ကိုယ်ပိုင်လုပ်မယ်လို့တော့ လုံးဝ စိတ်မကူးလိုက်လေနဲ့

10 ဆ
10 ဆ
crd

Photos from Boom Myanmar By Aye Thu Online Shopping's post 22/10/2024

ဝိတ်ထိန်းချင်သူမျအတွက်

22/10/2024

Page Name ဘယ်လိုမှပြောင်းလို့မရတဲ့ page လေးပါကွယ်
Boost တုန်းက reject ထိဖူးလို့
ဇူဇူကlimitလုပ်ထားခံထိ😇

21/10/2024

စစ်မာန်ဝင့်ချီ ဗိဿနိုးဧကရီမလေး သဲစုငြိမ်းရဲ့ National Costume
" Warrior Spirit of Beikthano : Empress Panhtwar "
ခမ်းနားတဲ့ မြန်မာတို့ရဲ့ ရှေးဂုဏ်ရည် တစ်ခုဖြစ်တဲ့ ဗိဿနိုးခေတ်ရဲ့စ.စ်-ဘုရင်မ အလှထွဋ်ခေါင်ဒေဝီ ဧကရီမတစ်ပါး အနေနဲ့ ပန်ထွာဘုရင်မရဲ့ စ.စ်.ဝိဉာဏ်နဲ့အတူ၊ ရာဇဝင်အထက်ကစာတင်ဖွဲ့မကုန်တဲ့အလှတရားတို့ကို ဖော်ကျူးထားတဲ့ National Costume လေးပါတဲ့

National Costume by TK team

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon