Health , Beauty & Supplement Online Mart

Health , Beauty & Supplement   Online  Mart

Share

ကျန်းမာရေးဆိုင်ရာနှင့်အလှအပဆိုင်ရာproducts100%အစစ်များကို ရရှိနိုင်ပါတယ်ရှင့်။

20/05/2025

ပုလဲအကြောင်း ဗဟုသုတလေးပါ 💗💗

ပုလဲကို လွန်ခဲ့သောနှစ်ကာလများစွာကတည်းက အဖိုးတန်ရတနာတစ်မျိုးအဖြစ် လူသားတို့ကတန်ဖိုးထားသုံးစွဲခဲ့ကြပါသည်.
ပင်လယ်ပြင်များ၏ သဘာဝပါတ်ဝန်းကျင်များ ညစ်ညမ်းစေမူများ (Affect of Eco system) ကလည်း သဘာဝပုလဲ မွေးမြူထုတ်လုပ်ခြင်းများကို များစွာထိခိုက်ခဲ့ကြပါသည်.
ထို့ကြောင့် ကမ္ဘာပေါ်တွင် စီးပွါးဖြစ် " သဘာဝပုလဲ " ထုတ်လုပ်ခြင်းများ လုံးဝမရှိတော့ဘဲ သဘာဝပုလဲဟူသည်မှာ ရှေးဟောင်းလက်ဝတ်ရတနာများတွင်သာတွေ့ရှိရတတ်ပါသည်.
ရန်ဖန်ရန်ခါတွင်သာ သဘာဝအတိုင်းရရှိသည့်ပုလဲတို့ကိုတွေ့ရပါသည်.

ထိုအချိန်များမှစ၍ လူသားတို့သည် ပုလဲထုတ်ပေးသည့် မုတ်ကောင်များကို မွေးမြူသားပွါးစေပြီး ပုလဲထုတ်လုပ်ပေးနိင်သည့် ကျန်းမာသန်စွမ်းသော မုတ်ကောင်များကိုထုတ်လုပ်ကာ မွေးပုလဲများကို စတင်ထုတ်လုပ်လာခဲ့ကြပါသည်..

ဤသို့ဖြင့် သဘာဝပုလဲ ( Natural Pearl ) နှင့် ( Cultured Pearl ) မွေးပုလဲဟူ၍ ကွဲပြားခဲ့ကြသည့်အပြင်၊ ပုလဲထုတ်လုပ်ပေးသောမုတ်ကောင်များ ရှင်သန်ကျက်စားရာဒေသများ အလိုက် ရေငန်ပုလဲ (Salt water cultured pearl) နှင့် ရေချိုပုလဲ ( Fresh water cultured Pearl ) ဟူ၍ထပ်မံခွဲခြား သတ်မှတ်ကြပါသည်.

Natural Pearl - ( သဘာဝပုလဲ ) ထုတ်လုပ်ခြင်း မရှိတော့ပါ.
Culture Pearl - ( မွေးပုလဲ ) တွင်
A. ( Salt Water Cultured Pearl )
( ရေငန် မွေးပုလဲ )
B. ( Fresh Water Cultured Pearl ) ( ရေချို မွေးပုလဲ ) -
ဟူ၍ခွဲခြားသတ်မှတ်ကြပါသည်.

A.( Salt Water Cultured Pearl )
( ရေငန် မွေးပုလဲ )
ရေငန်ပုလဲအမျိုးအစားတွင် ပုလဲထုတ်လုပ်ပေးသည့်မုတ်ကောင်အမျိုးအစားများနှင့် ၎င်းတို့ရှင်သန်ကျက်စားရာ ဒေသများပေါ်တွင်မူတည်၍ ပုလဲအမျိုးအစား(၃)မျိုးခွဲခြားသတ်မှတ်ပါသည်.
၁ - ( Akoya Pearl ) ( ငွေရောင်ပုလဲ )
၂ - ( South Sea Pearl )
( တောင်ပင်လယ်ပုလဲ (သို့ ) မြိတ်ပုလဲ )
၃ - ( Tahitian Pearl )( ပုလဲနက် )
တို့ဖြစ်ကြသည်

၁ - ( Akoya Cultured Pearl )
Akoya Pearl ပုလဲတို့၏ အကောင်းဆုံးအရောင်မှာ ( Creamy Color ) ဖြစ်ပြီး၊ အရွယ်မှာ ( ၂ မှ ၈ မီလီမီတာ အထိ ) ဖြစ်ပါသည်.
( Pinctada fucata ) ဟု့ခေါ်သော Oyster မှထုတ်လုပ်ပေးပါသည်.
Japan, China, Australia နှင့် New Guinea ဒေသများတွင် ရှင်သန် ပေါက်ဖွါးကြပါသည်.

၂ - ( South Sea Cultured Pearl )
( တောင်ပင်လယ် မွေးပုလဲ (သို့ ) မြိတ်ပုလဲ )
( South Sea Pearl ) တို့တွင် ရွှေအိုရောင် ( Golden Yellow ) အရောင်မှာအကောင်းဆုံးအရောင်ဖြစ်ပါသည်.
အရွယ်မှာ ( ၈ မှ ၁၅ မီလီမီတာ ) ဖြစ်ပါသည်.
( Pinctada maxima ) ဟု့ခေါ်သော
နူတ်ခမ်းသားရွှေရောင်ရှိသည့် မုတ်ကောင် ( Gold-lipped Pearl oyster ) မှထုတ်လုပ်ပေးပါသည်.
ထွက်ရှိရာဒေသများမှာ Indonesia, Philippine တို့မှ Australia နိင်ငံအထိ, Southern Pacific, တောင်ပင်လယ်ဒေသတွင်တွေ့ရှိရပါသည်. ( မြန်မာနိင်ငံ မြိတ်ဒေသ ဝန်းကျင်မှလည်းထွက်ရှိပါသည်. )

၃ - (Tahitian Cultured Pearl)
( ပုလဲနက် )
တီဟီရန်မွေးပုလဲတို့၏အကောင်းဆုံးအရောင်မှာ ( Black and Gray ) အနက်နှင့်မီးခိုးရောင်အောက်ခံတွင် ( Iridescence )သက်တန့်ရောင် ရောင်ပြေးပြနေခြင်းဖြစ်ပါသည်.
အရွယ်မှာ ( ၁၂ မီလီမီတာအထိ ) ရှိနိင်ပါသည်.
( Pinctada margaritifera ) ဟု့ခေါ်သော နူတ်ခမ်းသား အနက်ရောင်ရှိသည့် ( Black-lipped Oyster ) မှရရှိပါသည်.
တွေ့ရှိရာဒေသများမှာ တောင်ပင်လယ်နှင့် ပြင်သစ် ပိုလီနီးရှားကျွန်းဒေသတို့ဖြစ်ပါသည်.

B ( Fresh Water Cultured Pearl )
( ရေချို မွေးပုလဲ )
ရေချို မွေးပုလဲ တို့၏အသွင်သဏ္ဏန်မှာ လုံးဝန်းမူ့နည်းပါးပြီး၊ ပုံမကျသော အသွင်သဏ္ဏန်ကိုအများဆုံးတွေ့ရတတ်ပါသည်.
အဓိကအားဖြင့် ဂျပန်နိင်ငံ ( Biwa Lake ) ဘိဝါရေကန်နှင့် တရုတ်ပြည်တို့မှထုတ်လုပ်ပါသည်.
တရုတ်ပြည်သည် ယနေ့ ကမ္ဘာပေါ်တွင် ရေချိုမွေးပုလဲ ထုတ်လုပ်မူ့အများဆုံးထုတ်လုပ်ပြီး၊ကမ္ဘာ့ပုလဲထုတ်လုပ်မူ့စုစုပေါင်း၏ (၁၀) ဆကျော်ကို စူးကျိုးမြို့ရှိ ပုလဲရောင်းဝယ်ရေးစင်တာကြီးမှတဆင့် နှစ်စဉ်ထုတ်လုပ် ရောင်းချလျက် ရှိပါသည်.

Reference - Gemological Institute of America (GIA)
Presented by - ဦးမျိုးနိူင်
( Yangon Gemological Institute and Laboratory, YGIL)
Crd to owner💛

Photos from Health , Beauty & Supplement   Online  Mart's post 12/02/2025

ကျီးပေါင်းခေါင်းအုံး/ကျန်းမာရေးခေါင်းအုံး(Qualityကောင်းSizeပြည့်ကြိုက်သူတွေအတွက်)
ကျီးပေါင်းသမားတွေအတွက်သာမကအိပ်စက်ရာမှာ ဦးခေါင်းအနေအထားမှန်ပြီး ဇက်မနာစေဖို့နဲ့အသက်ရှူလမ်းကြောင်းမှန်ကန်စေပြီး အိပ်လို့ပျော်စေရန် အထူးသင့်တော်တဲ့ အနိမ့်အမြင့်ပုံစံပါကျန်းမာရေးခေါင်းအုံးရပါပြီရှင့်။
မင်မင့်ကို ကျီးပေါင်းခေါင်းအုံးရလား လာလာမေးနေကြတဲ့သူတွေအတွက်Qualityကိုသေချာကြည့်ထားတဲ့ ဒီကျန်းမာရေးခေါင်းအုံးရပါပြီရှင့်❤️။
ဒီခေါင်းအုံးကိုသုံးပေးခြင်းဖြင့်
1.ကျီးပေါင်းပျောက်ကင်းသက်သာစေပြီးကောင်းမွန်စွာအိပ်ပျော်နိုင်စေခြင်း
2.ဇက်နာ ကျောနာခြင်းများပျောက်စေခြင်း
3.အသက်ရှူလမ်းကြောင်းကိုကောင်းမွန်စေခြင်း
4.အာရုံကြောအားနည်းသူများအိပ်၍မပျော်သူများအတွက်အလွန်သင့်တော်ခြင်း
5.ခေါင်းအုံခေါင်းခဲခေါင်းကိုက်များပျောက်စေခြင်း

ဦးခေါင်းအနေအထားမှန်စေခြင်းကြောင့်အသက်ရှူလမ်းကြောင်းမှန်စေတဲ့အတွက် ဟောက်တတ်သူများအတွက်လဲသင့်တော်ပါတယ်။

ခေါင်းအုံးကိုအနိမ့်အမြင့်ပုံစံထုတ်ထားတဲ့အတွက် အိပ်စက်ရာမှာ ဦးခေါင်းနဲ့ လည်ပင်းနဲ့ကျောရိုး အနေအထားမှန်စေတာကြောင့်အိပ်ရာကနိုးလာရင် ဇက်နာကျောနာကိုက်ခဲတာတွေကိုမဖြစ်စေပါဘူးရှင့်။ အနိမ့်အမြင့်ပုံစံပြေလျောတဲ့ပုံစံဖြစ်ပြီး မာတဲ့အသားနဲ့ထုတ်ထားတာမဟုတ်ပဲ 100%ဆီလီကွန်အသန့်သားအစစ်ကိုသုံးပေးထားသောကြောင့် နူးညံ့တဲ့အထိအတွေ့ကိုခံစားရစေမှာပါရှင့်။ အိပ်လိုက်ရင် ပျော့ပျော့အိအိကြီးမဟုတ်ပဲနူးညံ့ပြီးဦးခေါင်းအနေအထားမှန်စွာနဲ့အိပ်စက်ရစေမှာပါရှင့်💜။
ခေါင်းအုံးအသားကိုလဲ ဟိုတယ်သုံးလိုင်းစင်းချည်သားအစစ်ကိုသေချာလေးသုံးပေးထားပါတယ်ရှင့်။

ဒါတွေအပြင် အတွင်းထဲမှာ ဘက်တီးရီးယားပိုးမွှားတွေကိုဖယ်စေပြီးအသက်ရှူလမ်းကြောင်းကိုကောင်းမွန်စေသည့် ကျန်းမာရေးအထောက်အကူအစေ့လေးများနဲ့ ကျီးပေါင်းကိုပျောက်ကင်းစေပြီးသွေးလှည့်ပတ်မှုကိုကောင်းစေသည့်
တနိုင်းပယင်းစစ်စစ်ကိုထည့်ပေးထားပါတယ်ရှင့်(ခေါင်းနာခြင်းမရှိစေပါ၊အနံ့ပါဝင်မှုမရှိပါရှင့်)။

အိပ်စက်ရာမှာအိမ်မက်ကောင်းတေမက်စေပြီးကျန်းမာရေးအဆောင်အဖြစ်လဲလာဒ်ကောင်းစေပြီးအန္တရယ်ကင်းစေသည့်ကျွန်းနက်အစေ့ထည့်ပေးထားပါသေးတယ်ရှင့်။အကုန်ပြည့်စုံနေရော🧡...
ထုတ်ပိုးမှုအပိုင်းမှာလဲလက်ကိုင်းပါအိတ်လေးနဲ့ပါကင်ပိတ်ပေးထားပေးတာကြောင့် လူကြီးမိဘတွေကိုကန်တော့ရာနှင့် မိတ်ဆွေတွေကိုလက်ဆောင်ပေးရာတွင်လဲအသုံးဝင်စေပြီးမျက်နှာပန်းလှစေပါတယ်ရှင့်။

ကျီးပေါင်းသမားတွေအတွက်သာမက ကျန်းမာရေးအရလဲ
သင့်တော်စေသည့်ခေါင်းအုံးမလို့ စသုံးကြည့်ပြီးအဆင်ပြေစေရမယ်လို့ အာမခံပေးသည်အထိ သေချာထုတ်ထားတဲ့ပစ္စည်းဖြစ်ပါတယ်ရှင့်။

အပြင်ရောအတွင်းရော အသန့်သားအကောင်းသားတွေပဲသုံးပေးထားလို့စျေးကြီးမှာပဲလို့မတွေးလိုက်ပါနဲ့အုံးနော်...
ရိုးရိုးဆီလီကွန်ခေါင်းအုံးအသန့်သားကိုတောင်1သောင်းခွဲ2သောင်းဝန်းကျင်ပေးရတဲ့အချိန်မှာ ဆီလီကွန်အသန့်သားအပြင် အိပ်စက်ရာတွင်ဦးခေါင်းအနေအထားမှန်စေမည့်အနိမ့်အမြင့်ပုံစံပါပြီး အထဲမှာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများထည့်ပေးထားတာကိုမှ Sizeကြီးကို 28500
Sizeသေးကို27000ပါရှင့်။
ကျန်းမာရေးခေါင်းအုံးတွေ 5သောင်း1သိန်းဝန်းကျင်ဖြစ်နေတဲ့အချိန်မှာ သင့်တင့်တဲ့စျေးနဲ့Qualityကောင်းကိုထုတ်ပေးထားတာပါရှင့်🧡။

Size ကြီး အလျား18လက်မ၊အနံ 1ပေ၊အမြင့် 4လက်မ
အနိမ့်ပိုင်းဖက်3လက်မနီးနီး။
Size သေး အလျား 16လက်မ၊အနံ 11လက်မ
အမြင့်3လက်မ အနိမ့်ပိုင်းဖက် 2လက်မ။
လက်လီလက်ကားမှာယူနိုင်ပါတယ်ရှင့်🧡❤️။
မြို့ပေါင်း300ကျော်ကိုအိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးနေပါပြီရှင့်❤️🧡။

☎️09987207079ကိုလဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

Photos from Health , Beauty & Supplement   Online  Mart's post 12/02/2025

ကျီးပေါင်းခေါင်းအုံး/ကျန်းမာရေးခေါင်းအုံးSizeကြီး Qualityအပြည့်တွေရပါပြီရှင့်။
လက်လီလက်ကားရရှိနိုင်ပါပြီ❤️။

12/02/2025

၂၀၂၅ခုနှစ်ဖေဖော်ဝါရီ12ရက်နေ့မှာကျရောက်တဲ့၇၈ကြိမ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုအပ်ပါတယ်။

15/12/2024

#သဘာဝ၏ကျန်းမာရေးလက်ဆောင်
#ပယင်း

ပယင်းကောင်းကျိုး ကတော့
**********************

# #ဇာတ်ကြောတက် ခြင်း
# #ခေါင်းမူးခေါင်းကိုက်
# #နှလုံးသွေးကြောကျဉ်း
# #သွေးတိုး သွေးကျ
# #လေးဘက်နာအဆစ် မြစ်ကိုက်ခဲ
# #ကျီးပေါင်း
# #အာရုံကြောအားနည်းခြင်း
# #ညအိပ်မပျော်ခြင်း အစရှိသည့်‌ရောဂါများကို သက်သာပျောက်ကင်းစေပါသည်။

ဒါ့အပြင်သွေးလှည့်ပတ်မှုကိုကောင်းစေပါတယ်ရှင့်။

12/12/2024

ခေါင်းလျှော်မှားလျှင် လေဖြတ်နိုင်သည်
ဘာကြောင့်လဲဆ်ုတာ ရှင်းပြထားပေးတယ်နော်..

အစားမှား ရေချိုးမှားရှိသကဲ့သို့ ခေါင်းလျှော်မှားသူလည်းရှိပါသည်။ လေဖြတ်ရောဂါသည် လူ၏ အမှားကိုစောင့်၍ အလစ်ဝင်ရောက်တတ်သော ရောဂါဖြစ်သည်။ ဖြစ်သည်က တစ်ခနခံစားရသည်က တစ် ဘဝဖြစ်သည်။

စာရေးသူသည် လေဖြတ်သည့် လူနာများစွာကို ကုသပေးခဲ့ပြီး ထူးဆန်းသောအဖြစ်အပျက်များကို လည်း စာရေးလေ့ရှိသဖြင့် စာရေးသူထံရောက်လာသောသူများမှာ လူနာများအပြင် တစ်ခါတစ်ရံစာဖတ်သူ အချို့လည်း ရောက်ရှိလာလေ့ရှိသည်။

တစ်နေ့ ကျွန်တော့်ထံသို့ ရောက်ရှိလာသူမှာ မကွေးတိုင်းဒေသကြီးရှီ မြို့တစ်မြို့မှ မြို့နယ်ပညာ ရေးမှူးဆရာကြီးတစ်ဦးဖြစ်သည်။ သူက သူ့ကိုယ်သူ လေဖြတ်နိုင်ခြင်းရှိမရှိ စစ်လိုပါသည်ဟု ပြော သည်။

လေဖြတ်နိုင်သည်ရှေ့ပြေးလက္ခဏာများ
( ဥပမာ)- ပစ္စည်းကိုင်းလျှင် မကြာခန လွတ်ကျခြင်း၊ ခြေ လက်တို့တွင် ထုံကျင်ခြင်း၊ မကြာခန ဝမ်းချုပ်ပြီး ဗိုက်တွင် လေပွနေခြင်း၊ ဦးခေါင်းနောက်စေ့တွင် ခေါင်း ကိုက်ခြင်း၊ လမ်းသွားလျှင် ဖိနပ်ကျွတ်ကျန်ခဲ့ခြင်း၊ ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်း စသည်တို့ကို မေးမြန်း ပါသည်။ အားလုံးကင်းလွတ်ပါသည်။

သွေးပေါင်လည်း ချိန်ကြည့်ပါသည်။ ပုံမှန်နီးပါးကောင်းပါသည်။ သူ့ တွင် ကျွန်တော်၏ ပညာနှင့် စမ်းသပ်ရသလောက်တော့ လေဖြတ်မည့် ရှေ့ပြေးလက္ခဏာမရှိပါ။ ထို့ကြောင့် လတ်တလော အခြေအနေ စစ်ဆေးသုံးသပ်ချက်များ ကောင်းနေ၍ လေဖြတ်ခြင်း ရုက်တရက်တော့ မဖြစ် နိုင်ကြောင်း ပြောပြပါသည်။

ထိုကဲ့သို့ သုံးသပ်ချက် အဖြေကောင်းနေသည့် အကြောင်းပြောသော်လည်း ထိုဆရာကြီးမှာ ဘဝင် ကျသေးပုံမပေါ်ပဲ မေးခွန်းတစ်ခုထပ်မေးပါသည်။ ထိုမေးခွန်းမှာ လေဖြတ်တာ မျိုးရိုးလိုက်တတ်သလားဟု ဖြစ်ပါသည်။

အတော်ဖြေရကျပ်သော မေးခွန်းဖြစ်ပါသည်။ လေဖြတ်ခြင်းသည် မျိုးရိုးလိုက်ဖြစ်ကြသူများလည်း ရှိပါသည်။ သို့သော် တစ်ယောက်တလေသာ(အထူးသဖြင့် အရ.္က်မဆင်မခြင်သောက်၍) လေဖြတ်ပြီး ကျန် ညီအစ်ကိုမောင်နှမများ ဘာမှမဖြစ်သူများလည်း ရှိပါသည်။
သွေးတိုးနှင့် ဆီးချိုရောဂါ မျိုးရိုးလိုက်ရှိသူများ ပင် လူတိုင်းလေမဖြတ်ပါ။ အမှတ်တမဲ့ သွေးတိုး၊ ဆီးချိုတက်သွားခြင်းကြောင့် တစ်ဦးတစ်လေ လေဖြတ် သွားသော်လည်း အစားကိုပုံမှန်ဂရုတစိုက်စားသောက်ပြီး သွေးပေါင်ချိန်ကို အစဉ်ဂရုစိုက်နေသူများမှာသက် တမ်းစေ့နေပြီး လေမဖြတ်ပါ။ ထို့ကြောင့် မျိုးရိုးလိုက်သည်ဟူသော စကားသည် အမြဲတမ်းမမှန်ကန်ပါ။

ထိုဆရာကြီးက မျိုးရိုးလိုက်ခြင်းကို ဘာကြောင့်မေးသလဲ၊ သူဘာကို ကြောက်နေတာလဲဟု သွယ် ဝိုက်မေးမြန်းကြည့်မှ ---

သူ့မှာ အစ်ကိုတစ်ယောက်ရှိကြောင်း ယခုလေဖြတ်ထားပြီး သတိလစ်နေသည်မှာ တစ်လခွဲ နှစ်လခန့်ရှိပြီး ဆေးရုံပေါ်တွင်ပင် အသက်ဆက်ထားရကြောင်း COMA ရောဂါမျိုးဖြစ်နေကြောင်း ပြောပြပါသည်။

ဖြစ်ပုံမှာ သူ၏အစ်ကိုသည် သူကဲ့သို့ ပညာများစွာ မတက်သော်လည်း စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်သူဖြစ်သည်။ တစ်ဆင့်ထက် တစ်ဆင့်မြင့်လာရာ နိုင်ငံခြားကုမ္ပဏီကြီးတစ်ခု၏ မြန်မာနိုင်ငံဆိုင် ရာ ကိုယ်စားလှယ်တော်ကြီးအဆင့်အထိ အောင်မြင်ပြီး သူ၏ သားသမီးနှစ်ဦးမှာလည်း အမေရိကားတွင် တစ်ယောက်၊ အင်္ဂလန်နိုင်ငံတွင်တစ်ယောက် ပညာသင်ပို့လွှတ်နိုင်ခဲ့ပြီး ဒေါက်တာဘွဲ့များပင် ရရှိပြီးကြ လေပြီ။ အလွန်အမင်းချမ်းသာသူများပင် ဖြစ်သည်။ ညီဖြစ်သူဆရာကြီးမှာကား မြို့နယ်ပညာရေးမှူး ဘဝ ဝန်ထန်းထမ်းလစာဖြင့် ရိုးရိုးနေထိုင်သူ၊ အေးချမ်းစွာနေထိုင်သူ ဖြစ်လေသည်။

ဆရာကြီး၏ အစ်ကိုဖြစ်သူသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်အတူ အားလပ်ရက်၊ အားလပ် ချိန်များတွင် ဂေါက်သီး ရိုက်လေ့ရှိသည်။ ဂေါက်သီးရိုက်ခြင်းသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန် ပြီး လေကောင်းလေသန့်၊ ရှု့မျှော်ခင်း စိတ်ချမ်းသာမှုပေးနိုင်သည့် ကစားနည်းဖြစ်သည်။

အချို့ဂေါက်ကွင်းများတွင် စားသောက်ရန်၊ Restaurant Bar နှင့် ခေါင်းလျှော်ရင်းအနှိပ်ခံသည့် ဆိုင်များပါ ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်က မေလတွင် မိုးခေါင်ပြီး အပူလွန်ကဲချိန်
တွင် ဖြစ်သည်။ ဆရာကြီး၏ အစ်ကိုနှင့် မိတ်ဆွေတစ်စုသည် နေ့ ၂ နာရီခန့်တွင် အပူလွန်ကဲသည်ဟုဆိုကာ ဂေါက်ကွင်းထဲမဆင်းကြသေးဘဲ အချိန်စောင့်မည်ဆိုကာ အပန်းဖြေနားနေရာရှိ ခေါင်းလျှော်ဆိုင်သို့ အချိန်ဖြုန်းရန် ရောက်သွားကြသည်။

ခေါင်းလျှော်သူမိန်းကလေးများ၏ တာဝန်မှာ ခေါင်းလျှော်သူကို အိပ်ခိုင်းပြီး ခေါင်းကို ရှန်ပူများဖြင့် အကြိမ် ကြိမ်လျှော်သည့်အပြင် ဇက်၊ပုခုံးစသည်တို့ကို ပါနှိပ်ပြီး အကြောလျှော့ပေးတတ်ကြသည်။ ဂေါက်သီးကစား သူအားလုံး အချိန်ဖြုန်းရင်း နေပူလျှင် ခေါင်းလျှော်အနှိပ်ခံလေ့ရှိသည် ဆိုကြသော်လည်း ထိုဆရာကြီး၏ အစ်ကိုကတော့ ဒီတစ်ကြိမ်သာ ခေါင်းလျှော်စင်ပေါ်ရောက်ဖူးသည်။

သူသည် အသောက်အစားကင်းသူ လည်းဖြစ်သည်။ စီး.ကရက် တစ်နေ့တစ်ဘူးခန့် သောက်သည်ကလွဲ၍ အရ.္က်မသောက်တတ်ပါ။ ခေါင်း လျှော်စင်ပေါ်တွင် အိပ်လိုက်ပြီးနောက် ခေါင်းလျှော်ပေးမည့် မိန်းကလေးက သူ့လည်ပင်းကို ရေစိုခံသား ရေပတ်ဖြင့် ပတ်လိုက်သည်။ ထို့နောက် ဦးခေါင်းဆံပင်များကြားသို့ ရေပန်းဖြင့် ဖျန်းလိုက်သည်။

“အန်ကယ်အေးရင်ပြောနော်… ရရဲ့လား” ဟု မေးသည်။ ရုတ်တရက် နေပူထဲမျ လာသူဖြစ်သဖြင့် ခေါင်းထဲမှာတော့ အေးသွားသည်မှာ အမှန်ပင်။ သို့သော် “ရပါတယ်” ဟု ဖြေလိုက်ပြီး ငြိမ်ခံနေလိုက်ချိန် တွင် သူ့ခေါင်းပေါ်သို့ ရေအေးများဆက်တိုက်ကျလာပြီး ခေါင်းလျှော်ရည်များဖြင့် ပွတ်သပ်ပေးနေသည်ကို သိသည်။ ဆံပင်များကို ကုတ်လျှော်ပြီး နောက်တစ်ကြိမ်ရေအေးဖြင့် ဆေးကြောပြန်သည်။ သူ့ခေါင်းနောက် စေ့ထဲမှ ရုတ်တရက် ကျဉ်တက်သွားသလို ခံစားရသည်။ ထို့နောက် မိုက်ခနဲဖြစ်သွားသဖြင့် သူ့လက်ဖြင့် ခေါင်းကိုဆေနေသည့် ရေပိုက်ကို လှမ်းဖယ်လိုက်ရန် ကြိုးစားလိုက်စဉ်မှာပင် သူ့လက်ပြုတ်ကျသွားပြီး သတိလစ်သွားသည်။

(ထိုအဖြစ်အပျက်များ၏နောက်တွင် ------)

ဆရာကြီး၏ အစ်ကိုသည် ထိုနေ့မှာပင် ရန်ကုန်မြို့၏ နာမည်ကြီး အထူးကုဆေးရုံ ကြီးတစ်ခုသို့ ရောက်သွားသည်။ ဆေးရုံမှ ဓာတ်မှန်စစ်ဆေးချက်များအရ ဦးနှောက်သွေးကြောတစ်ခုပေါက် သွားကြောင်း တွေ့ရသည်။ သူ့တွင် ရန်ကုန်၌ ဆွေမျိုးသားချင်းမရှိ။ သူ့မိတ်ဆွေများကပင် ဆရာကြီးထံ အကြောင်းကြားသည်။ ဆရာကြီးရောက်သွားပြီးမှ အမေရိကားရှိ သူ့သမီးကြီးကို အကြောင်းကြားရသည်။ ရန်ကုန်မှ ဆရာဝန်ကြီးများ၏ စစ်ဆေးချက်အရ ဦးနှောက်ကို ခွဲစိတ်ကုသရမည်ဖြစ်သည်။
သားသမီးများ၏ ခွင့်ပြုချက်လိုသည်။ သားသမီးများကို ရန်ကုန်ကုမ္ပဏီရုံးချုပ်မှ လှမ်း၍ ခွင့်ပြုချက်တောင်းသည်။ သူ့တုိ့က ရန်ကုန်မှာ မခွဲစေချင်၍ ဘန်ကောက်ရှိ နာမည်ကြီးဆေးရုံတစ်ခုသို့ သယ်လာစေချင်သည်။ အမေရိကားမှ ဦးနှောက်ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးကို ဘန်ကောက်အထိပင့်လာပြီး ဘန်ကောက်တွင် ခွဲစိတ်မည်ဟုပြော သည်။

ချမ်းသာပြီး နိုင်ငံခြားကုမ္ပဏီ၏ ကိုယ်စားလှယ်လဲဖြစ်သဖြင့် လေယာဉ်ကို စင်းလုံးငှားဖို့ရန် စီစဉ်ကြ သည်။ လေယာဉ်စရိတ်မှာ သိန်းရာချီ၍ ပေးရသည်ဟု ပြောသည်။ ဘန်ကောက်တွင် ဦးခေါင်းခွဲစိတ်မှုပြု လုပ်ပြီး ဦးနှောက်ထဲမှ သွေးခဲများကို ဖယ်ရှားလိုက်ကြသည်။
သို့သော် သတိတော့ ပြန်လည်မလာပါ။ အချိန် ၆ နာရီခန့် နောက်ကျသွားသည်။ ဦးနှောက်အစိတ်အပိုင်းအချို့ သေသွားသည်။ ဆက်၍လည်း Coma ရသွားနိုင်သည်ဟု အမေရိကားမှ ပါရဂူကြီးက ပြောသည်။
လက်မလျော့သေးဘဲ တန်ဖိုးကြီးဆေ များသွင်းပြီး ကြိုးစားကြသေးသည်။
ထူးမလာ။ တစ်လကျော်ကြာပြီးနောက် လေယာဉ်စင်းလုံးငှားပြီး ရန်ကုန်သို့ ပြန်တင်လာကြသည်။ အသက်မဆုံးသတိလည်း ပြန်မရနှင့် ယခုအထိ ၂ လကျော်နေပြီ ဖြစ် ကြောင်း ဆရာကြီးက ပြောပြပါသည်။
ထိုအဖြစ်အပျက်သည်.....
Heat Stroke ခေါ် အပူလျှပ်၍ လေဖြတ်ခြင်းသည် ရုတ်တရက် နေပူထဲမှလာပြီး ခေါင်းကို ရေအေး ဖြင့် လျှော်ခြင်းကြောင့်ဖြစ်ပြီး လေဖြတ်သည့် မျိုးရိုးရှိခြင်းကြောင်းမဟုတ်ပါ။ အပူအအေးဆန့်ကျင် ဘက် တိုက်ပွဲကြောင့် ရတ်တရက်လေဖြတ်ရခြင်းဖြစ်သည်။

ထို့ကြောင့် ဆရာကြီးကိုလည်း ရှင်းပြနှစ်သိမ့်လိုက်ရပါသည်။ မိမိတို့ဆွေမျိုးညီအစ်ကိုမောင်နှမ အတွင်းတွင် တစ်ဦးတစ်ယောက်လေဖြတ်သည်နှင့် မျိုးရိုးလိုက်ပြီး ဖြတ်နိုင်သည်ဟု စိတ်အစွဲမထားရန်နှင့် လေ ဖြတ်သူ လုပ်ဆောင် ခဲ့သည်များကိုဆန်းစစ်ရမည်ဖြစ်ပါသည်။ ဤသင်ခန်းစာတွင် ခေါင်းလျှော်ဆိုင်သွား၍ ဘာမှ မဖြစ်နိုင်ပါ။ ခေါင်းလျှော်ခြင်း၊ အနှိပ်ခံခြင်းသည် ကောင်းသော၊ ကိုယ်လက်ပေါ့ပါး၍စိတ်ကြည်လင်စေသောကိစ္စဖြစ်ပါသည်။သို့သော် နေပူပြင်းလွန်းသောအချိန်တွင်ကားဦးနှောက်သွေးကြောပေါက်သည်အထိဖြစ်နိုင်ပေသည်။

လေဖြတ်လျှင် ငွေကြေးကုန်ကျအလွန်များပြီး ရာနှုန်းပြည့် ပြန်ကောင်းသူ အလွန်ရှားပါးပါသည်။ မိမိရှာဖွေထားသော စည်းစိမ်ဥစ္စာများမှာ လေဖြတ်ခြင်းကြောင့် ကုန်သွားနိုင်သည်။ လေဖြတ်ပြီး အသက် မဆံုးဘဲ ဆယ်နှစ်ကျော် အသက်ရှည်နေသူများကို တွေ့ဖူးပါသည်။ ကြာတော့ ပြုစုသူ သားသမီးများကပင် ငြိုငြင်လာကြပါသည်ကို တွေ့ရပါသည်။ ခေါင်းလျှော်ခြင်းကဲ့သို့ အသေးအဖွဲကိစ္စလေးကြောင့်ပင် လေဖြတ် ဦးနှောက်သွေးကြောပြတ်နိုင်သဖြင့် သတိပြု ဆင်ခြင်ကြဖို့ ရေးသားလိုက်ရပါသည်
တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
စာဖတ်သူမိဘပြည်သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေ

11/12/2024

သွေးတိုးရောဂါရှိသူများ ရေအေးချိုးလျှင် သတိထား

ရေချိုးခြင်းသည် တစ်ကိုယ်ရေသန့်ရှင်းမှုဖြစ်သဖြင့် လူတိုင်းနေ့စဉ် လုပ်ဆောင်ကြရမည်ဖြစ်ပါ သည်။ ရေမချိုးသည့်နေ့တွင် ကိုယ်လက်မအီမသာဖြစ်ခြင်း၊ စိတ်လက်မပေါ့ပါးခြင်း၊ မလန်းဆန်းခြင်းများ ဖြစ်နိုင်သည်။ ကိုယ်တွင်းငုပ်နေသော အခိုးအငွေ့များ အပြင်သို့ မထွက်ရသဖြင့် ကိုယ်တွင်းအဂါၤနှင့် ဦး ခေါင်း၊ မျက်နှာ၊ သွားနှင့် ခံတွင်း၊ မျက်စိများအထိပါ အခိုးများတက်ပြီး နေမကောင်းဖြစ်တတ်သည်။

လူတိုင်း နေ့စဉ် ရေချိုးသင့်သည်မှာ မှန်သော်လည်း အေးသောရာသီနှင့် ပူလွန်းသောရာသီများတွင် ရေချိုးမမှားဖို့ အထူးသတိပြု ဆင်ခြင်ရမည်ဖြစ်သည်။ သက်ငယ်ပိုင်းများအတွက်အရေမကြီးသော်လည်း သက်လတ်မှ လူကြီးပို်င်းများမှာ သတိပြုဆင်ခြင် ရေချိုးရမည်ဖြစ်သည်။ အထူးသဖြင့် အသက် ၅၀ နှစ်ကျော် သူများနှင့် သွေးတိုးရောဂါ ရှိသူများအတွက် ပို၍ သတိထားသင့်ပါသည်။

လွန်ခဲ့သောရက်ပိုင်းအတွင်းက စာရေးသူ၏ လူနာမိတ်ဆွေ အသက် ၅၈ နှစ် အရွယ် အမျိုးသမီး တစ်ဦးသည် အဲယားကွန်းဖွင့်ထားသော အခန်းတွင် ညဘက်အိပ်စက်ပြီး နံနက် စောစောအိပ်ရာထချိန်တွင် ရေချိုးခန်းဝင်ကာ ရေချိုးသည်။ ရေချိုးနေရင်း တစ်ကိုယ်လုံး လေးလံလာသဖြင့် ရေချိုးခန်းတံခါးကိုဖွင့်ပြီး အိမ်ရှေ့ခန်းတွင် ရှိနေသော ခင်ပွန်းဖြစ်သူကို လှမ်းခေါ်လိုက်သည်။
ခင်ပွန်းဖြစ်သူသည် သူမကို ပွေ့ယူပြီး အိပ်ရာပေါ်တွင် အသာချ၍ ရေစိုဝတ်များ လဲပေးနေစဉ်မှာ ပင် စကားမပြောနိုင်၊ ခေါ်မရ။ လုံးဝမလှုပ်ရှားတော့ဘဲ အသက်မရှူတော့။ လည်ပင်းသွေးကြောကို စမ်း သပ်ကြည့်ရာ သွေးမတိုး၍ မောင်နှမတော်သူများကို ဖုန်းဆက်ခေါ်လိုက်ရာ ရောက်လာပြီး ဆေးရုံပို့ရန် ကား စီစဉ်ကြသော်လည်း လုံးဝမလှုပ်ရှားတော့သဖြင့် သေဆုံးမှန်း သိရှိကြပြီး ဆေးရုံမပို့ဖြစ်တော့ဟု ဆိုသည်။

အမှန်မှာ အိပ်ရာထခိျန်တွင် အဲယားကွန်းခန်းမှ ထွက်လာပြီး ချက်ချင်း ရေချိုးသဖြင့် သေဆုံးခြင်း မဟုတ်ပါ။ သေသေချာချာ မေးမြန်းကြည့်မှ သိရသည်မှာ သူတို့နေသည်မှာ တိုက်ခန်းအသစ် ဖြစ်သည်။ မနေ့ကမှ ပြောင်းလာရာ တစ်ညအိပ်ပြီး နံနက်အိပ်ယာထတွင် သေဆုံးရခြင်းဖြစ်သည်။ နံနက်အိပ်ယာထ ပြီးနောက် အိမ်ရှေ့ခန်းတွင် တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်သည်။ ဘုရားခန်းတွင်လည်း သန့်ရှင်းရေး လုပ်သည်။ သောက်တော်ရေနှင့် ဘုရားပန်းများ လဲရန်ပြင်ဆင်ပြီးမှ ရေချိုးခန်းအတွင်းဝင်ပြီး ရေချိုးသည်။ ရေချိုးနေရင်းမှ နေမကောင်းဖြစ်လာသဖြင့် ခင်ပွန်းဖြစ်သူကို လှမ်းခေါ်ခြင်းဖြစ်သည်။

ရောဂါ၏ အခြေခံအကြောင်းလည်း ရှိသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ့တွင် ဆီးချိုရောဂါ ဝင်လာသည်။ ဆီးချိုအထူးကု ဆရာဝန်နှင့်လည်း ပြသည်။ ကုသမှုခံယူသည်။ ဆီးချိုကျဆေးသောက်နေ သည်။ သို့သော် သူ့အားနည်းချက်မှာ အစားမရှောင်၊ အစားမဆင်ခြင်ခြင်းဖြစ်သည်။ စားချင်ရာစားပြီး ဆေး သောက်လိုက်မည်ဟု အတွေးခေါ်မျိုး သူ့တွင်ရှိသည်။
သေဆုံးမည့်နံနက်က အိပ်ရာထချိန်တွင် မိမိဘာသာ လက်ထိပ်သွေးဖောက်ပြီး ဆီးချိုစစ်သည့် ကိရိယာဖြင့် စစ်ဆေးသည်။ အိုကေသည် ကောင်းသည်ဟုဆိုသည်။ သို့သော် သူသတိမထားမိသည်မှာ သွေးတိုးဖြစ်သည်။ အဲယားကွန်းဖွင့်ထားသော အအေးခန်းမှ ထွက်လာသူသည် အပူချိန်မတူသည့် ပြင်ပသို့ ရောက်လာလျှင် သွေးပေါင်တက်လာတတ်သည်။ ရုတ်တရက် ရေချိုးပြီး အအေးပတ်လျှင်လည်း သွေး ကြောများကျုံ့ပြီး ဦးနှောက်သို့ သွေးဆောင့်တိုးတတ်သည်။ သတိပြုသင့်သည့် အရာဖြစ်သည်။

တိတ်တဆိတ် လူသတ်သမား

ယခုအခါ ကမ္ဘာကြီး ပူနွေးလာခြင်းကြောင့်ဟုလည်း ဆိုကြသည်။ အသင့်စား ရယ်ဒီမိတ်အစားအ သောက်များကြောင့်ဟုလည်း ဆိုကြသည်။ လူအတော်များများတွင် သွေးတိုးရောဂါ (သွေးဖိအားတိုးရောဂါ) ဖြစ်ပွားလာသည်ကို လေ့လာတွေ့ရှိရသည်။ အနောက်တိုင်းပြဒါးတိုင်နှင့် သို့မဟုတ် ဖိညှစ်သောလေအား ဖြင့် လက်မောင်းမှစီးဆင်းသောသွေးကို သွေးပေါင်ချိန်ကိရိယာဖြင့် တိုင်းသောအခါ အပေါ်သွေးဖိအား ၁၂၀ mmHg နှင့် အောက်သွေး ၈၀ mmHg သည် လူကောင်းတစ်ဦးအတွက် ပုံမှန်သွေးဖိအားဖြစ်သည်။ ထို့ ထက်ပိုတက်လာလျှင် သွေးတိုးစလာပြီဟုဆိုနိုင်သည်။ အပေါ်သွေးဖိအား ၂၀၀ ကျော်လျှင်ရုတ်တရက် ဦး နှောက်သွေးကြောပေါက်ပြီး လေဖြတ်နိုင်သည်။ သွေးဖိအားများခြင်းကြောင့် သွေးကြောအတွင်းမှ သွေးခဲ အဆီခဲ အချို့ပြုတ်ပါသွားပြီး ဦးနှောက်တွင် သွားရောက်ပိတ်ဆို့လျှင်လည်း လေဖြတ်ခြင်းဖြစ်နိုင်သည်။

သွေးတိုးသည် တိတ်တဆိတ်လူသတ်သမား၊ အလစ်ချောင်းနေသော လူသတ်သမားဖြစ်သည်။ သတိရှိကြစေချင်သည်။

သွေးတိုး၊ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်၍ ရုတ်တရက် သေဆုံးရသူအများအပြား ရှိသည်။ အချို့ကလည်း ဝေဒနာမခံစားရဘဲ ရက်ရှည်လများ လေဖြတ်ပြီး ဒုက္ခိတမဖြစ်ဘဲ ယခုလိုသေသွားရခြင်းကို ကောင်းသည်ဟု ဆိုကြသူများလည်း ရှိသည်။

ယနေ့အစာ မနက်ဖြန်ရောဂါ

နံနက်စောစောအိပ်ယာထချိန်တွင် သွေးတိုးတက်ပြီး လေဖြတ်သူများကို လေ့လာကြည့်သောအခါ ညကအိပ်ချိန်တွင် အအေးပတ်ခြင်းအပြင် မနေ့ည အိပ်ရာမဝင်မီက စားသောက်ခဲ့သော အစားအသောက် ကြောင့် သွေးတိုးပြီး ဖြစ်ရသည်များလည်း ရှိသည်။
မနေ့က စားခဲ့သော အစာသည် နောက်တစ်နေ့ နံနက်တွင် အကျိုးပေးတတ်သည်ဟု ဆိုသည်။ ယနေ့အစာ မနက်ဖြန်ရောဂါ ဟုလည်း အဆိုရှိသည်။ မိမိစားသမျှ၏ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိခံစားရ မည်ဖြစ်သည်။ သွေးတိုးသောအစာကို စား၍ ချက်ချင်း သွေးတိုးတက်လာသည် မဟုတ်ပါ။ အနည်းဆုံး ၂ နာရီမှ ၇ နာရီခြားပြီး နှလုံးသွေးလှည့်အဖွဲ့သို့ ရောက်ရှိပြီး သွေးတိုးလာတတ်သည်။

ယမန်နေ့ညစာတွင် သွေးတိုးစေမည့် အစာများဖြစ်သည့် ဆားငန်သော အစာ၊ အထူးသဖြင့် ပုပ်၍ ငန်သော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပဲငါးပိစသည်များ၊ ငါးချဉ်၊ ပုဇွန်ချဉ်၊ မျှစ်ချဉ်၊ မုန့်ညှင်းချဉ်၊ မုန်လာ ချဉ် စသည်လက်လုပ်ချဉ်များ စားသုံးမိလျှင် နောက်တစ်ရက် နံနက်အိပ်ရာထတွင် သွေးတိုး၍ သွေးပေါင် ချိန် တက်နေလေ့ရှိသည်။ အချို့အိမ်များတွင် ဟင်းလျာကို နံနက်တစ်ကြိမ်သာ ချက်ပြီး ညဘက်အချို့အိမ် များတွင် ဟင်းလျာကို နံနက်တစ်ကြိမ်သာ ချက်ပြီး ညဘက်တွင် ပြန်နွှေးစားလေ့ရှိသည်။ ဤသို့ ပြန်နွှေးစား ခြင်းကြောင့် သွေးတိုးရောဂါဖြစ်စေနိုင်သည်။ ဟင်းအသိုးစားလျှင် အတွင်းမှ အချဉ်ပေါက်နေသော ဓာတ် သည် ‘ဓာတ်ပျက်’ ဟု ခေါ်သည်။ အငန်မဟုတ်ဘဲ သွေးတိုးစေနိုင်သည်။
ဟင်းများ ပြန်နွှေးစားလျှင် အချို့ဟင်းရည် ဆူသောအခါ အမြှုပ်ငယ်များ ထလာသည်ကို တွေ့ရ သည်။ အထူးသဖြင့် ပဲဟင်း၊ ချဉ်ပေါင်ဟင်းများသည် နေကျော်လျှင် သိုးလွယ်သည်။ ပြန်နွှေးသောအခါ အမြှုပ်ထလာသည်ကို တွေ့ရသည်။ မစားသင့်သော ဟင်းမျိုး ဖြစ်သည်။

လေစာစားလျှင် သွေးတိုးမည်

တိုင်းရင်းမြန်မာဆေးဆရာကြီးများ၏ အလိုအရ လေစာများစားမိလျှင်လည်း လေပွပြီး သွေးတိုး တက်သည်။ ရှေးဆရာကြီးများ၏ အယူအဆမှာ သွေးတိုးဟူသည် လေတိုးပင်ဖြစ်သည်။ ဝါယောဓာတ်၏ တွန်းကန်မှု့ကြောင့် မနီခေါ် နှလုံးသွေးကြောကြီးမှ သွေးများကို ခန္ဓာကိုယ်သို့ တွန်းပို့နေသည်ဟု ယူဆ သောကြောင့် ဖြစ်သည်။
လေစာဟူသည်မှာ များသောအားဖြင့် အခါအရသာရှိသော အစာများဖြစ်သည်။ “အခါးဟူသမျှ လေဓာတ်ကြွသည်” ဟု ဆေးပညာဥပဒေသက ဆိုသည်။ လေပွခြင်းကြောင့် သွေးဖိအားတိုးလာပြီး သွေး တိုးရောဂါ ဖြစ်လာနိုင်သည်။
ခါးသောအရသာရှိသော အစာများမှာ အိမ်ရှင်မများ မီးဖိုချောင်သုံး ဟင်းလျာများတွင် နေ့စဉ်ပါဝင် နေကျဖြစ်သော ခွေးတောက်ရွက်၊ တမာရွက်၊ တမာချဉ်၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းက စော့သီး၊ ဖန်ခါးသီး၊ တညင်းသီး စသည်များ ပါဝင်နေသည်ကို တွေ့ရသည်။

လေစာဖြစ်သော အသီးအနှံများကို သင့်ရုံစားလျှင် ချင့်ချိန်စားလျှင် ဘာမျှမဖြစ်နိုင်ပါ။ အချို့မှာ အခါးအလွန်ကြိုက်ပြီး အလွန်အမင်း စားမိတတ်သည်။ ထို့ကြောင့် သွေးတိုးရောဂါ ဖြစ်လာရသည်။ ဝက် သားဟင်းသည်လည်း လေစာဟုယူဆရသည်။ ကြက်ဟင်းခါး သီးကြော်နှင့် ဝက်သားဟင်းစားပြီး ဦးနှောက် သွေးကြောပြတ်သည်အထိ သွေးဆောင့်တိုးကာ အသက်သေဆုံးရသူကို ကိုယ်တွေ့တွေ့ဖူးသည်။ ပူသော ရာသီတွင် သွေးတိုးလွယ်သဖြင့် လေပူစာများကို ရှောင်ကြဉ်သင့်သည်။ လေပူထစေသော အစာဟူသည်မှာ အရက်၊ ဘီယာနှင့် အလွန်အေးအောင် စိမ်ထားသော အအေးဘူးများ၊ ပုလင်းများဖြစ်ပါသည်။ အအေးတစ် ပုလင်းသောက်ရုံဖြင့် သွေးတိုးပြီး ခေါင်းအုံ၊ ခေါင်းကိုက်လာတတ်သဖြင့် ပူသောရာသီတွင် အအေးသောက် ခြင်းကိုလည်း အထူသတိပြု ဆင်ခြင်သင့်ပါသည်။

မှန်ကန်သော ရေချိုးနည်း

ရေချိုးလျှင် သွေးတိုးပြီး ဦးနှောက်သွေးကြော မပြတ်စေရန် ကာကွယ်နိုင်သည့်နည်းကို တင်ပြလို ပါသည်။
ရေမချိုးမီ လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ပါ။ သို့မဟုတ် လမ်းလျှောက်ပါ။ ကြွက်သားနှင့် အာရုံကြော များ တစ်ညလုံးအိပ်ထားသဖြင့် ညောင်းနေသည်ကို လန်းဆန်းစေရန်ဖြစ်သည်။ ပြီးလျှင်ရေမချိုးမီ ရေအေး (ပုံမှန်အေးသောရေ)မတ်ခွက်တစ်ခွက်ခန့်သောက်ပါ။ ဝမ်းအတွင်းအစာအိမ်မှ အပူနှင့်လေပူများငြိမ်သွားမှ ရေချိုးလျှင် သွေးဆောင့်တိုးခြင်းမှ ကာကွယ်နိုင်ပါသည်။ ရေချိုးမမှားစေရန် သတိပြုဆင်ခြင်ဖို့လိုသည်။
ရေချိုးရမည့် အချိန်ကိုလည်း သတိထားသင့်သည်။ အထူးသဖြင့် အသက် ၅၀ ကျော်လူကြီးများ ပို၍ သတိထားသင့်သည်။ ရှေးပညာရှိတိုင်းရင်းဆေးသမားတော်ကြီးများ အဆိုအရ ရေချိုးရမည့် အချိန်မှာ ဥတုအလိုက်ခွဲခြားထားသည်။ ရေချိုးချိန်ကို လင်္ကာဖြင့် ဖော်ပြထားရာတွင် “နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း- တစ်ဆယ့်တစ်” ဟူ၍ ဖြစ်ပါသည်။ ဆိုလိုရင်းမှာ နွေဥတုရာသီတွင် နံနက် ၉ နာရီ၊ မိုးဥတုတွင် နံနက် ၁၀ နာရီ၊ ဆောင်းဥတုတွင် နံနက် ၁၁ နာရီ အချိန် ဝင်းကျင်တွင် ရေချိုးသင့်သည်ဟု ဆိုလိုပါသည်။
သွေးတိုးရောဂါရှိသူများသည် ရေချိုးလျှင် အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန်ချိုးပြီး အအေးမပတ်စေ ရန်အတွက် ရေများကုန်စင်အောင် တဘက်ဖြင့် သုတ်ပြီး နွေးထွေးသော အဝတ်ကို ဝတ်ဆင်ပါ။ အကယ်၍ အေးသောမိုးဥတု၊ ဆောင်းဥတုများဖြစ်လျှင် အအေးမိကာကွယ်စေရန်အတွက် ချင်းတက်ကို ပါးပါးလှီးထား ပြီး ရေနွေးမတ်ခွက်တစ်ဝက်တွင် ထည့်ပြီးအုပ်ထားပါ။ ရေချိုးပြီးသောအခါ အဆိုပါ ချင်းတက်စိမ်ထားသော ရေနွေးကို ပူပူလေးမှုတ်သောက်ပေးခြင်းဖြင့် အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည်။ ချင်းသည် သွေးကျဲစေ သော အာနိသင်ရှိသဖြင့် သွေးတိုးခြင်းကိုလည်း ကာကွယ်နိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ကြည်လွင်မြင့်(မုဒြာ)

Photo pinterest

Photos from Health , Beauty & Supplement   Online  Mart's post 26/05/2024

Hair removelစက်
အမွှေးကြမ်းမထွက်ချင်တဲ့သူ✅အသားအရေမဲညစ်မှာကြောက်တဲ့သူ ✅အရေပြားလောင်မှာကြောက်တတ်တဲ့သူတွေအတွက် all in one အဆင်ပြေစေမဲ့ အမွှေးရှင်းစက်ရှိတယ်နော်
ခဏခဏအမွှေးရှင်းရတဲ့ဒုက္ခကိုကင်းစေဖို့ အတွက်ဒီစက်လေးကိုအသုံးပြုပြီးရင် တော်တော်နဲ့ပြန်မထွက်စေတဲ့အပြင် အချိန်ကြာမှပြန်ထွက်လာတဲ့အမွှေးလေးတွေကလဲ အမွှေးကြမ်းတေမဟုတ်ပဲ အမွှေးနုလေးတွေထွက်စေပါတယ်ရှင့်။
ပုံမှန်သုံးပေးရင် အမွှေးထွက်နှုန်းနှင့်အမွှေးအရေအတွက်ကိုပါ နည်းစေပါတယ်ရှင့်❤️။

👉Laserပစ်ရမှာကြောက်တတ်တဲ့သူ
👉waxသုံးပြီးအရေးပြားလောင်မှာကြောက်တတ်တဲ့သူတေအတွက် ဒီစက်လေးကအသုံးပြုရသင့်တော်ပါတယ်ရှင့်။

ခြေ/လက်/ဂျိုင်းအမွှေးတွေသာမက ကိုယ့်အသုံးပြုလိုတဲ့နေရာကိုသေချာစွာဖြည်းဖြည်းချင်းသုံးပေးလို့ရပါတယ်ရှင့်။
သုံးတဲ့နေရာကိုရှင်းလင်းစွာမြင်ရဖို့ ဓာတ်မီးလေးလဲပါဝင်ပါတယ်ရှင့်။
ဓာတ်ခဲနဲ့အသုံးပြုရတာဖြစ်ပြီး ဓာတ်ခဲပါဝင်ပြီးသားဖြစ်ပါတယ်ရှင့်❤️။

အသုံးပြုပုံ👇👇

👉👉မိမိသုံးလိုတဲ့နေရာကိုသေချာသန့်စင်ပေးပါ
ပြီးလျှင်ရေခြောက်အောင်ထားပြီး သုံးလိုတဲ့နေရာကို စက်ဖြင့်ဖြည်းဖြည်းချင်းစသုံးပေးပါရှင့်။
စက်သုံးပြီးလျှင် ကိုယ်နှင့်သင့်တော်သည့် ရေဓာတ်ဖြည့်Cream (or) Lotion လိမ်းပေးထားပါရှင့်။

မင်မင်တို့စက်ကိုစမ်းပြီးမှပို့ပေးပါတယ်ရှင့်။deliလာပို့လျှင်လဲစက်ကိုစမ်းပြီးမှ ယူနိုင်ပါတယ်ရှင့်။
မင်မင်တို့ဘက်မှ စက်ရဲ့qualityနဲ့အသုံးဝင်မှုကိုအာမခံစွာဖြင့်ပို့ဆောင်ပေးနေပါတယ်ရှင့်။
☎️09987207079
မြို့ပေါင်း 300ကျော်ကို အိမ်ရောက်ငွေချေပို့ဆောင်ပေးနေပါပြီရှင့်။

13/05/2024

ဒီ hifuစက်လေး အရမ်းသိသာတာနော် သုံးပြီး ရင်းကိုအသားအရေက တင်းရင်းသွားတာ skincare effectကိုလဲ သိသိသာသာ အရေပြားထဲစိမ့်ဝင်စေတာမျိုးး
သောင်းဂဏန်းနဲ့ သုံးလို့အဆင်ပြေတာ အကြိုက်ဆုံးပဲ
ရေရှည်လဲခံသလို ဓာတ်ခဲအားကုန်ရင် ဓာတ်ခဲလဲပြီး ဆက်သုံးနေရုံပဲ။
တစ်နေ့တစ်ခါ skincareအပြီး ပုံမှန်သုံးပေးရင် 10ရက်လောက်မှာသိသိသာသာ smile line တွေ အရေးအကြောင်းထင်တာတွေ အသားအရေတွဲကျတာတွေသက်သာလာတာ
အသက်ကြီးမှသုံးပေးရတာမျိုးမဟုတ်ပဲ ငယ်တဲ့သူတွေလဲ အသားအရေတင်းရင်းချင်တာ/
smileline တွေမထွက်စေချင်တာ
အရေးအကြောင်းတွေမထင်စေချင်တာတွေအတွက်ကြိုတင်ကာကွယ်တဲ့အနေနဲ့သုံးပေးလို့ရပါတယ်။
ပြီးရင် သုံးနေကျ skin care effect ကိုသိသာစေချင်တာဆို င် hifu စက်နဲ့သာတွဲသုံးပေး သိကိုသိသာတယ်။

အလှအပတစ်ခုထဲအတွက်သာအသုံးဝင်တာမဟုတ်
မျက်နှာ/ ပါး ညောင်းတာတွေအတွက် exerciseလုပ်ပေးသလ်ုဖြစ်ပြီး အညောင်းအညာသက်သာစေပြီး အပူအောင်းနေရင်အပူထွက်စေပါတယ်နော်။

မင်လဲဟိုးးအရင်ထဲကသုံးနေတာဖြစ်သလို မင့်ဆီကမှာပြီးထပ်မှာကြတဲ့ customersတွေနဲ့ customers အသစ်တွေကိုလဲ တကယ်ကျေးဇူးတင်ပါတယ်နော်

boysတွေလဲသုံးပေးရတယ်နော် skinကောင်းချင်တဲ့သူ အရေးအကြောင်းမထင်ချင်တဲ့သူ အကုန်သုံးပေးလ်ု့ရတယ်ရှင့်။
စက်တွေဆင်တူရိုးမှားရှိလဲ မင်တို့ဘက်က စက်ရဲ့qualityရယ် စက်ကိုစမ်းပြီးမှသာပ်ု့ပေးပြီး deliလာပို့ရင်စစ်ပြီးစမ်းပြီးမှယူလို့ရတာရယ်
သေချာသုံးရင် တကယ်ထိရောက်တဲ့ရလာဒ်ရမှာရယ်ကိုသေချာအာမခံပေးထားပါတယ်ရှင့်❤️❤️❤️
❤️❤️❤️❤️❤️
Royal Express ရတဲ့ ဘယ်မြို့နယ်မဆို အိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင့်။

08/05/2024

ဒွင်းသီးး ကြိုက်သူတွေအတွက် ဒွင်းးသီးနဲ့မတည့်တဲ့ အစားအစာလေးတွေ သတိနဲ့ရှောင်ပြီး စားပေးကြပါရှင့်❤️။

တန်ဆေးလွန်ဘေးမို့ ကြိုက်တယ်ဆိုပြီးတအားအများကြီးနင်းကန်စားတာမျိုးရှောင်ပေးပါနော်❤️။
နေလဲပြင်းတာမလို့ အပြင်ထွက်တာဂရုစိုက်ကြပါ။
ရေလဲများများဖြည်းဖြည်းနဲ့သောက်ပေးကြပါနော်❤️❣️။

ဒွင်းးသီး = ဒူးးရင်းသီး

photo Crd❤️

Photos from Health , Beauty & Supplement   Online  Mart's post 05/05/2024

မင်မင့်လိုအသီးတွေကြိုက်တဲ့သူတွေရှိလားးးးး😍😋😋
အလှအပအတွက်ရော ကျန်းမာရေးအတွက်ရော အသီးတွေကိုမျှတအောင်စားပေးသင့်တယ်နော်

တချို့ဆိုတစ်ပါတ်တစ်ခါ အူရှင်းတဲ့အနေနဲ့ အသီးတွေသီးသန့်စားကြတယ်နော်❤️

လောလောဆယ်တော့ ဒူးရင်းသီးအရမ်းးစားချင်နေတယ်နော်😋😋

Photo Crd❤️

01/05/2024

စျေးနှုန်းသင့်ပြီးအရည်အသွေးထိမိတဲ့mini hifuစက်
နုပျိုမှုကိုရရှိဖို့skincare သုံးပေးသင့်သလို skincare အာနိသင်ပိုမိုရရှိစေဖို့ hifuစက်နဲ့တွဲသုံးပေးသင့်ပါတယ်ရှင့်။

✅အသားအရေတွဲကျတာတွေ အရေးအကြောင်းတွေအတွက်သောင်းဂဏန်းဝန်းကျင်နဲ့ ဖြေရှင်းပေးမဲ့mini hifuစက်လေးပြန်ရပါပြီရှင့်။
✅smile lineတွေ ချွေးပေါက်ကျယ် အသားအရေမညီတာတွေအတွက် မိမိသုံးနေကျ skin careသုံးပြီးနောက်hifu စက်ကိုတစ်နေ့ မိနစ် 20 ခန့်ပုံမှန်သုံးပေးခြင်းအားဖြင့် ကောင်းမွန်တဲ့အသားအရေကိုရရှိစေပါတယ်ရှင့်။
✅Skincareသုံးပြီးလျှင် အသားအရေကိုပင့်တင်ပြီးစက်ကိုသုံးပေးခြင်းဖြင့်အသားအရေတွဲကျခြင်းကိုကာကွယ်ပေးနိုင်ပါတယ်ရှင့်❤️။

✅မိမိသုံးနေကျskincare အာနိသင်ကိုအသားအရေထဲကောင်းစွာစိမ့်ဝင်စေဖို့ skincareသုံးပြီးလျှင်hifuစက်ကိုသုံးပေးသင့်ပါတယ်။

✅သုံးပြီးနှစ်ပါတ်ကြာလျှင် သိသာတဲ့ရလာဒ်ကိုရရှိစေပါတယ်ရှင့်။ရလာဒ်သိသာပြီးလျှင် နေ့စဥ် (or) 3ရက်တစ်ကြိမ်ပုံမှန်ဆက်သုံးပေးလို့ရပါတယ်ရှင့်❤️။

စက်ကကြာရှည်အသုံးခံပြီး ဓာတ်ခဲနဲ့အသုံးပြုရတဲ့ပုံစံဖြစ်ပါတယ်။ဓာတ်ခဲပါဝင်ပြီးသားပါရှင့်။ ဓာတ်ခဲအားကုန်လျှင် နီးစပ်ရာလျှပ်စစ်ဆိုင်မှာအလွယ်တကူဝယ်ယူပြီးဓာတ်ခဲလဲပေးလို့ရပါတယ်ရှင့်။

မင်မင့်ဆီမှာ မှာပြီး ထပ်မှာကြတဲ့ customersအဟောင်းတွေအပြင် ယုံယုံကြည်ကြည်နဲ့အားပေးကြတဲ့customersအသစ်တွေကိုလဲကျေးဇူးတင်ပါတယ်ရှင့်။

ပစ္စည်းပြတ်လွယ်လို့ မှာပြီးမရလိုက်တဲ့customersတွေအတွက် stockဖြည့်ထားသလို မင်မင်နဲ့မင်မင့်အမေအတွက်လဲအရေးအကြောင်းကင်းအောင်သုံးဖို့ hifu စက်သီးသန့်ဖယ်ထားရသေး😁😉။

❤️hifuစက်ကိုတစ်ခါထဲစမ်းပြီးမှသာပို့ပေးပါတယ်။deliလာပို့လျှင်စက်ကိုစမ်းပြီးမှယူပေးနိုင်ပါတယ်ရှင့်။

မြို့ပေါင်း300ကျော်ကိုအိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ပေးပါတယ်ရှင့်❤️။

စျေးနှုန်းမတည်ငြိမ်မှုကြောင့်စျေးနှုန်းကိုcommentမှာရေးထားပေးပါတယ်ရှင့်❤️။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon