May Madi Online Shop

May Madi  Online Shop

Share

Nature My Skin Cosmetics

22/05/2026

အိမ်တစ်အိမ်ရဲ့ စွမ်းအင်ဟာ
ထိုအိမ်ရဲ့ အိမ်ရှင်မဆီကနေ မြစ်ဖျားခံလေ့ရှိပါတယ်။

ဇနီးဖြစ်သူ စိတ်ချမ်းသာပြီး တပြုံးပြုံးရှိနေတဲ့ အိမ်ဟာ
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အေးချမ်းပြီး နွေး
ထွေးတဲ့ အိုအေစစ်တစ်ခုလိုပါပဲ။

အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ဓာတ်က ကမ္ဘာမြေလိုပဲ
အရာရာကို အားဖြည့်ပေးနိုင်စွမ်း ရှိပါတယ်။

သူ ပျော်ရွှင်နေတဲ့အခါ ယောက်ျားဖြစ်သူကို ပိုပြီး စိတ်အေးချမ်းသာစွာနဲ့ အလုပ်အကျွေးပြုနိုင်တယ်။

သားသမီးတွေကို စိတ်ရှည်လက်ရှည်နဲ့ မေတ္တာပေးပြုစုပျိုးထောင်နိုင်တယ်။

အိမ်ဦးနတ်တွေအနေနဲ့ အပြင်မှာ
ဘယ်လောက်ပဲ ပင်ပန်းပါစေ...

အိမ်ပြန်ရောက်တဲ့အခါ ဆီးကြိုနေတဲ့ ဇနီးသည်ရဲ့
ပျော်ရွှင်တဲ့အပြုံးကို မြင်ရတာဟာ အမောပြေရုံတင်မက
ဘဲ ရှေ့ဆက်ဖို့ ခွန်အားတွေပါ ရစေပါတယ်။

ဒါကြောင့် အိမ်တစ်အိမ်ရဲ့ စီးပွားရေး၊ ကျန်းမာရေးနဲ့
အဖက်ဖက်က တိုးတက်အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်
ဟာ တခြားမှာမဟုတ်ပါဘူး။

ကိုယ့်အိမ်က ဇနီးသည်ကို
စိတ်ချမ်းသာအောင် ထားခြင်းကစတာပါ။

ဇနီးသည် စိတ်အေးချမ်းတဲ့အခါ အိမ်တွင်းရေး သာယာ
ပြီး အမျိုးသားဖြစ်သူက အပြင်လုပ်ငန်းခွင်မှာ အာရုံ
အပြည့်အဝစိုက်ထုတ်နိုင်လို့ စီးပွားရေး ပိုမိုအောင်မြင်
တတ်ပါတယ်။

မိခင်တစ်ယောက်ရဲ့ စိတ်အခြေအနေဟာ
သားသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကြီးထွားမှုကို တိုက်ရိုက်
သ-က်ရောက်စေပါတယ်မိခင်ပျော်ရင် ကလေးတွေလည်း
နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်နဲ့
ကြည့်ရှုကြီးပြင်းခွင့်ရပါတယ်။

ဒါကြောင့် မိသားစုကို အဖက်ဖက်က တိုးတက်ချင်တယ်
ဆိုရင် ဇနီးသည်ကို လေးစားပါ၊
တန်ဖိုးထားပါ၊
စိတ်ချမ်းသာအောင် ထားပေးပါ ။

အိမ်ရှင်မ ပျော်တဲ့အိမ်ဟာ
ရေရှည်မှာ ဘုန်းကြီးပြီး လာဘ်ပွင့်မှာ အမှန်ပဲဖြစ်ပါတယ်။

#ပြန်လည်မျှဝေပါသည်

12/05/2026

#ဘုရားတရားမြဲတဲ့ဇနီး

အိမ်ထောင်တစ်ခုမှာ ဇနီးသည်က သီလ၊ သမာဓိနဲ့ ပြည့်စုံ
ပြီး ဘုရားတရား မြဲနေမယ်ဆိုရင် များသောအားဖြင့် အိမ်တွင်းရေးဟာ အမြဲ
အေးချမ်းနေတတ်ပါတယ်။
သာယာနေတဲ့စံအိမ်လေးသဖွယ်ဖြစ်နေတတ်ပါတယ်။

#မိန်းမကောင်းတို့ရဲ့မေတ္တာနဲ့ဆုတောင်းပေးမှုဟာ
#ခင်ပွန်းသည်ရဲ့လောကီစီးပွား
#ဘုန်းကံတွေကိုမြင့်မားစေတဲ့အထောက်အပံ့ကောင်းတစ်ခုပါ။

ခင်ပွန်းသည်ရဲ့ အောင်မြင်မှုတွေနောက်ကွယ်မှာ
ကြည်လင်တဲ့ စိတ်ထားရှိတဲ့ ဇနီးကောင်း တစ်ယောက်ရဲ့ ပံ့ပိုးမှု
တွေ အမြဲရှိနေတတ်ပါတယ်။

ဇနီးက ဘုရားတရားမြဲပြီး မေတ္တာ
ပွားများနေမယ်ဆိုရင် အိမ်ထောင်ဖက်ရဲ့ ဘုန်းကံက
လည်း သိသိသာသာ တောက်ပလာမှာ အမှန်ပါပဲ။ဒါက ကျမတို့ ဗုဒ္ဓဘာသာဝင်အများစုယုံကြည်ထားတဲ့အရာပါ။
ဇနီးကဘုရားတရားမြဲပြီးတော့ကိုယ်ကိုတိုင်က ကားယားကယား ဖြစ်နေလို့လည်းမရပြန်ဘူးပေါ့၊ဇနီးနဲ့အတူ ဘုရားတရားလေး နေ့စဉ်တည်မြဲနေရင်ပိုကောင်းတာပေါ့။

အိမ်ထောင်ရှင်မတွေအတွက် ဘုရားတရားမြဲခြင်းဟာ
ကိုယ့်ကိုကိုယ် စိတ်အေးချမ်းသာရှိရုံတင်မကဘဲ မိသားစုနဲ့
ခင်ပွန်းသည်ရဲ့ ကံဇာတာကိုပါ မြှင့်တင်ပေးရာ အထောက်အပံ့တစ်ခုအဖြစ် ရောက်ပါတယ်။
အိမ်ထောင်ရှင်မတိုင်း ဘုရားတရားနဲ့ မကင်းဘဲ
အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ကြပါစေ။လင်ယောက်ျားတိုင်းတန်ဖိုးထားရတဲ့ဇနီးကောင်း၊အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ပါစေ။

Credit

30/04/2026

ခေတ်ကြီးကလဲမကောင်း
ငါကTaxiသမားကိုကြောက်
Taxiသမားက ငါ့ကိုပြန်ကြောက်
ငါကမိန်းမဆိုပေမဲ့ ကွန်ဖူးသင်တန်းတက်ထားတာဘာညာပြော
သူကလဲ အသက်ကြီးပေမဲ့ ၃ယောက်လောက်တော့အသာလေး ဆွဲစိနိုင်တယ် ပြန်ဖော
နှစ်ယောက်သား နေထူးနိုင်ကားထဲကလို တစ်လမ်းလုံး
အတွင်းအားတွေပြိုင်လာတာ🤭

25/04/2026

မင်္ဂလာပါရှင့် 🌸🌸🌼🌼🌺🌺

Photos from May Madi  Online Shop's post 25/04/2026

ရတနာရွှေငွေ ပေါကြွယ်ဝနိုင်ကြပါစေ။🍀💫👑👛💰💵

25/04/2026

စောင်ခြုံကြသေးလား😆

25/04/2026

ချမ်းသာဖို့ထက်
လက်ရှိနေထိုင်ရှင်သန် နေကြရတဲ့ အခြေအနေကနေ
ကျ ‘ မသွားအောင် ထိမ်းထား တောင့်ခံ ထားနိုင်ဖို့
ကြိုးစားကြရမယ်။
-
ချမ်းသာဖို့ မမျှော်လင့်နဲ့
အရမ်းခက်ခဲ သွားပြီ။
-
လက်ရှိအခြေအနေကို
တောင့်ခံ ထားနိုင်အောင် ဘယ်လိုကြိုးစားကြမလဲတွေး။
-
ဘယ်နှစ် နှစ်တောင့်ခံနိုင်မလဲ ကြိုးစား။
-
ဖြစ်ပျက်နေ တဲ့ ကုန်ဈေးနှုန်းဟာ တက်ပြီး ပြန်မကျဘူး ထပ်တက်ဖို့ပဲ ရှိတယ် ။
-
ငွေ ဝင်တဲ့လမ်း က အပေါက် ကျဉ်းသလောက်
အထွက်ပေါက် အရမ်းကျယ်တဲ့ ခုလိုကာလ မှာ
အားလုံး ဟာ ပို ပိုပြီး ခက်ခဲလာကြတာ တွေ့ရတယ်။
-
ကိုယ် ချမ်းသာဖို့ ကြိုးစားရင်းနဲ့
စိတ်ဆင်းရဲ လူဆင်း နေကြရတဲ့ ဘဝတွေဟာ
နောက်ဆုံးတော့ ရောဂါ ရပြီး လုံးပါး ပါးကုန်ကြရတယ်။
-
အကြွေးထူ လူ ပမ်းပြီး စရိတ်စက များလွန်းတဲ့
အခြေအနေကို အားလုံး လက်ပစ်ကူး နေကြရတယ်။
-
ဒါကြောင့်
အနေ အထိုင် အစားအသောက်
ဆင်ခြင် ကြပါ ။
မလိုအပ်တာ မဝယ်မိစေနဲ့။
-
ချမ်းသာ ဖို့ထက် ကျန်းမာဖို့ အရေးကြီးတယ်
ကျန်းမာအောင် နေကြ။ ချမ်းသာအောင်လုပ်ကြရတဲ့
သူအချို့မှာ ကျန်းမာအောင်နေဖို့ မေ့နေကြတယ်။
-
သေ ဘေး ကြုံခဲ့ကြပြီးပြီ။
ပထမ ၁ ခါ ကိုဗစ် ၊
ဒုတိယ ၁ ခါ ငလျင်- နှစ်ခု စလုံး ကံကောင်းလွန်းလို့
မသေခဲ့ကြဘဲ လွတ်လာကြတယ်။
-
တတ်နိုင်သလောက် ကောင်းမှု ကုသိုလ်လုပ်ကြ
စိတ်ကောင်းထား။ လောဘ မကြီးနဲ့။
အကြွေးကင်းအောင် နေ။
-
ကျန်းမာပြီး အကြွေး ကင်းနေသေးတယ် ဆိုရင်
သင် ချမ်းသာ ပါတယ် မိတ်ဆွေ။
-

18/03/2026

ချစ်စရာကောင်းလိုက်တဲ့ပုံလေး🥰🌺🌺🌺

18/03/2026

《အိမ်ရဲ့ အငွေ့အသက်က မိသားစုရဲ့ လားရာကို
ဆုံးဖြတ်ပေးတယ်》

တချို့အိမ်က အိမ်ထဲ ဝင်လိုက်တာနဲ့ စိတ်လက်ပေါ့ပါးသွားတယ်။

တချို့အိမ်က စကားတစ်ခွန်းပြောဖို့တောင် သတိထားနေရတယ်။

ကွာခြားချက်က အိမ်ရဲ့အရွယ်အစား မဟုတ်သလို ဘဏ်အကောင့်ထဲက စုငွေပမာဏလည်း မဟုတ်ပါဘူး။ အဲဒီနေရာလေးမှာ လူတွေ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဆက်ဆံကြလဲ ဆိုတာနဲ့ ဆိုင်ပါတယ်။

တချို့မိသားစုက အခက်အခဲကြုံရင်
အတူဆွေးနွေး တိုင်ပင်ကြတယ်။

တစ်ယောက် မောလာရင်
နောက်တစ်ယောက်က ဝင်လုပ်တယ်။

ဒီလိုပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာတဲ့ ကလေးတွေကလည်း ငြိမ်းချမ်းပြီး မျက်ဝန်းတွေက တည်ငြိမ်တယ်။

တချို့မိသားစုက အသေးအဖွဲကိစ္စမှာ ခဏခဏ ငြိတယ်။
ကိုယ် ပိုလုပ်ရရင် မကျေနပ်တော့ဘူး။
စကားတစ်ခွန်းအတွက်နဲ့ ရက်ပေါင်းများစွာ မျက်နှာရှစ်ခေါက်ချိုး နေတတ်တယ်။

ကြာလာတာနဲ့အမျှ အိမ်တွင်း အငွေ့အသက်က တင်းမာလာတယ်။

လူကို အမှန်တကယ် ပင်ပန်းစေတာက ငွေကြေးချို့တဲ့တာ မဟုတ်ဘဲ

အချင်းချင်းကြား ဆက်ဆံရေး ပျက်စီးယိုယွင်းလာလို့ဖြစ်တယ်။

အိမ်တစ်အိမ်ဟာ မကျေနပ်မှု၊
အမြင်စောင်းမှုတွေနဲ့ ပြည့်နေရင်
လူက သတိနဲ့ နေရပြီ၊
အချင်းချင်း ခိုင်းနှိုင်းကြပါပြီ။
ဘာအခွင့်အလမ်း ရှိရှိ ကြာရှည်မခံတော့ပါဘူး။

ကလေးတွေလည်း တဖြည်းဖြည်း တိတ်ဆိတ်လာပြီး
လူကြီးတွေက ပိုပင်ပန်းနွမ်းနယ်လာကြတယ်။

စိတ်အချင်းချင်း ဝေးကွာတဲ့အခါ
အိမ်ဘယ်လောက်ကြီးကြီး၊
ဘယ်လောက်ခမ်းနားလည်း ဗလာဖြစ်သလို ခံစားရပါတယ်။

မိသားစုတစ်ခုမှာ အမှန်တကယ် အရေးကြီးတာက အချင်းချင်း နားလည်ဖို့ ဆန္ဒရှိတာ၊
နောက်ဆုတ်ဖို့ ဆန္ဒရှိတာ၊
နည်းနည်း ပိုလုပ်လိုစိတ်ရှိတာ၊
ပင်ပန်းလာလည်း အိမ်ရောက်ချိန် စကားကောင်းကောင်း ပြောလိုစိတ်ရှိတာတွေ ဖြစ်ပါတယ်။

မိသားစုတစ်စုဟာ သူတို့ရဲ့စွမ်းအင်ကို
တူညီတဲ့ ဦးတည်ချက်ပေါ်မှာပဲ အာရုံစိုက်နိုင်ရင် နေ့ရက်တွေဟာ ရှေ့ကို လျှောလျှောရှုရှု ဆက်သွားပါလိမ့်မယ်။

အိမ်တစ်အိမ်ရဲ့နွေးထွေးမှုဟာ
မိသားစုတစ်စုရဲ့ ရေရှည်ကံကောင်းမှုပဲ ဖြစ်ပါတယ်။

--- မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ

12/12/2025

လောကမှာ အဆင်းရဲဆုံး အလုပ်အကိုင်က အိမ်မှာပဲနေပြီး အိမ်မှုကိစ္စလုပ်တဲ့ အိမ်ရှင်မအလုပ်ဖြစ်တယ်။

မင်္ဂလာဆောင်တဲ့အခါ " မင်းကို ငါရှာကျွေးမယ်" လို့ ယောက်ျားက စကားတစ်ခွန်းပြောပြီး ကိုယ့်ကို အရာရာ စွန့်လွှတ်ပြီး သူ့နောက်လိုက်ဖို့ ဆွဲဆောင်တယ်။

ကွာရှင်းပြတ်စဲတဲ့အခါ "မင်းကို ငါပဲ ရှာကျွေးခဲ့တာ" ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဆင်းရဲလွန်းလို့ သိက္ခာတောင် နင်းခြေခံရတယ်။

တစ်လောက သူငယ်ချင်းတစ်ယောက်က သူ့ယောက်ျား ကွာရှင်းခွင့်တောင်းတယ်လို့ ပြောပြတယ်။

သူက သိပ်သစ္စာရှိတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ အိမ်ထောင်မှု နိုင်နင်းသလို အချက်အပြုတ်လည်း ကောင်းသူပါ။ ကလေးတွေကိုလည်း ပြုစုစောင့်ရှောက်တတ်သလို ဝေယျာဝစ္စအားလုံး သေချာ စီမံခန့်ခွဲတတ်သူပါ။

ဒါကြောင့် သူ့ယောက်ျား ကွာရှင်းချင်တာကို သူ လက်မခံနိုင်ဖြစ်တယ်။

အိမ်ထောင်မပြုခင်က သူက လူဝင်ဆန့်သူတစ်ယောက်၊ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။

အိမ်ထောင်ကျပြီးနောက် သူဟာ ဆံပင် ရှုပ်ပွပွ၊ ခန္ဓာကိုယ်အချိုးအစား ပြောင်းသွားပြီး အသားဖြူဖျော့ဖျော့နဲ့ အဝတ်အစားလည်း လိုက်ဖက်မှု မရှိတော့ဘူး။

အမျိုးသမီးတွေ နားလည်ထားရမှာ တစ်ခုရှိပါတယ်။

ယောက်ျားတစ်ယောက် မိန်းမယူတယ်ဆိုတာ အိမ်ဖော်တစ်ယောက်ကို အိမ်ခေါ်ပြန်လာတာ မဟုတ်ပါဘူး။

ကိုယ့်အိမ်က ကြမ်းပြင်တွေကို ကိုယ့်မျက်နှာထက် ပိုတောက်ပြောင်အောင် မတိုက်ပါနဲ့။ ကိုယ့်ယောက်ျားက ကိုယ့်ပါးကို နမ်းချင်တာပါ... ကြမ်းပြင်ကို နမ်းချင်တာ မဟုတ်ဘူး မဟုတ်လား။

ဒီလောကမှာ လူတိုင်းဟာ အမြင်အာရုံပါတဲ့ သတ္တဝါတွေပါ။ မပြောင်းလဲတဲ့ လူသားဆန်မှုဆိုတာ မရှိပါဘူး။

"ဒီပုံနဲ့လည်း မင်းက လှနေပြီးသားပါ"

"မင်း ဘာမှ မလိမ်းလည်း လှပြီးသား"

"အသားအရေတွေ ဘာမှ ပြုပြင်ထိန်းသိမ်းစရာ မလိုဘူး"လို့ ပြောတဲ့ ယောက်ျားစကားကို မယုံပါနဲ့။

မင်းကို ငါတစ်သက်လုံး ရှာကျွေးမယ်ဆိုတဲ့ စကားကို ပိုတောင် မယုံပါနဲ့။

လက်တွေ့ဆန်တဲ့ လောကကြီးက ရက်စက် ကြမ်းကြုတ်ပါတယ်။ ထာဝရပျော်ရွှင်တဲ့ မင်းသား၊ မင်းသမီးဆိုတာ မရှိပါဘူး။

ဒါကြောင့် ဘဝကို ကောင်းကောင်းဖြတ်သန်းပါ။
ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံပါ။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။
ပိုလှအောင် ကြိုးစားပါ။
တခြားသူအပေါ် မျှော်လင့်ချက်နဲ့ လောင်းကြေး မထပ်ပါနဲ့။

အနည်းဆုံးတော့ အခြေခံ လေးစားမှုနဲ့ ပြောဆိုပိုင်ခွင့် ရှိတဲ့ ငွေရေးကြေးရေးအရ လွတ်လပ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါစေ။

((( ကျွန်မဖတ်ဖို့ .. ဖတ်ချင်သူတွေ ဝင်ဖတ်နိုင်တယ် 😄 )))

💌
#နိုင်းနိုင်းစနေ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon